← Chapters

အပိုင်း (၃၈၄) – စမ်းသပ်ခြင်း

Vol. 004 Ch. 384

အပိုင်း (၃၈၄) – စမ်းသပ်ခြင်း

Vol. 004 Ch. 384

ဆွေးနွေးမှုအတွင်းတွင် ရှီမာယူယူသည် ဘာမှမပြောပဲ တိတ်ဆိတ်စွာ နားထောင်ကာ အစောပိုင်း ချထားသော အစီအစဉ်များကို ထင်မြင်ချက်မပေးသော်လည်း တိုက်ပွဲအတွက် အစီစဉ်ကိုတော့ ဝင်ပြောသည်။ သူတို့သည် တစ်နေကုန် ဆွေးနွေးပြီးနောက်တွင် နိဂုံးချုပ်နောက်ရာ နောက်ဆုံးအစီအစဉ်သည် ညပိုင်းတွင် ပြီး သွားလေသည်။

ဆွေးနွေးမှုပြီးချိန်တွင် သူမသည် နတ်ဘုရားဆေးနှစ်လုံးကို ခေါင်းဆောင်များအားပေးပြီး သူမ  နေသော ခြံဝန်းသို့ပြန်ကာ ရှီမာမိသားစုဝင်များအား ရှီမာမျိုးနွယ်ကို ခေါ်ယူမည့် အစီအစဉ်ကို ပြောပြလေသည်။

ရှီမာယူယူ၏ အစီအစဉ်ကို ကြားသည်နှင့် အားလုံးသဘောတူကြသည်။ သူတို့သည် အပြင်လောက ကိုထွက်လာပြီးသည့်နောက်တွင် အမြင်ကျယ်လာကြသည်။ ယိလင်းတိုင်းပြည်သည် နေရန် မသင့်တောဟု သူတို့လည်း ခံစားမိသည်။ သူတို့သာ ရှီမာမျိုးနွယ်ကို ခေါ်ထုတ်လာနိုင်ပါက အကောင်းဆုံးဖြစ်မည်။

အစောပိုင်းအစီအစဉ်များသည် ရှီမာယူယူနှင့်တခြားသူများအတွက် မလိုအပ်သေးသဖြင့် လေ့ကျင့်ရန် နီးစပ်ရာ တောင်ကြားသို့သွားကြလေသည်။ သူတို့မသွားခင်တွင် သူတို့အား ဆက်သွယ်ရန်နှင့် အလွယ်တကူ ခြေရာခံနိုင်ရန်တွက် ယွန်ှဂျင်ဝေအား မိခင်ကျောက်တုံးပေးပြီး အရေးမကြီးပါက မရှာရန် ပြောထားခဲ့လေသည်။ ယွန်ဂျင်ဝေသည် နှစ်တစ်ရာအထက် နေလာသည်ဖြစ်၍ ရှီမာယူယူဆိုလိုသည်ကို နားလည်ပြီး မိခင်ကျောက်တုံး မှာလည်း အရေးကြီးကိစ္စများမှပင် အသုံးပြုရန်ဖြစ်သည်ကို သိသည်။

ထို့ကြောင့် ရှီမာယူယူသည် ရှီမာမိသားစုဝင်များကို တောင်ဆီသို့ခေါ်သွားပြီး ဟာစွန်ကို အစောင့်အဖြစ် ထားခဲ့ကာ ဝိညာဉ်စေတီအတွင်း ဝင်ခဲ့ကြသည်။ အပြင်လောကတွင် တစ်ရက်သည် ဝိညာဉ်စေတီတွင် ဆယ်ရက် ဖြစ်သောကြောင့် သူတို့သည် သာမန်လောက၏ အချိန်ကို လိုက်တွက်နေရန်မလိုပေ။

နေ့များသည် တစ်ရက်ချင်းစီကုန်ဆုံးကာ အပြင်လောကတွင် နှစ်တစ်ဝက်ကုန်သွားချိန်တွင် ဝိညာဉ်စေတီ အတွင်းတွင် အချိန် ၅နှစ် ကုန်သွားလေသည်။ ထို၅နှစ်အတွင်းတွင် တစ်ဦးချင်းစီသည် အဆက်မပြတ် တိုးတက် လာကာ အားလုံး၏ တိုးတက်မှုသည် ပြောစရာ စကားလုံးမဲ့လောက် အောင်ပင်ဖြစ်သည်။

ယွန်မိသားစုသည် သူတို့ရှိနေရာနှင့်မနီးမဝေးတွင် ရှိနေကာ ရှီမာယူယူဘက်မှ ကိစ္စများ ပြီးလောက်သည့် အချိန်ရောက်ပြီဟု ထင်မိသည်။ တချို့နေ့များတွင် အလင်းတန်းသည် ကောင်းကင်သို့ ထိုးဖောက်သည်ကို မြင် ခဲ့ရသည်။ နောက်ရက်များတွင် အလင်းတန်းထိုးဖောက်သည်ကို မြင်ရသော်လည်း ယွန်မိသားစုသည် မ အံ့သြ တော့ပေ။ ထိုထူးဆန်းသောလူများသည် နေ့တိုင်းတွင် တစ်ယောက်ပြီးတစ်ယောက် အဆင့်တက် လာသော်လည်း သူတို့အများကြီးတော့ မတက်လောက်ဘူးမလား။

ထိုနေ့တွင် ရှီမာယူယူသည် တောင်ကြားတွင် တည်ဆောက်မှုများနှင့် ပတ်သတ်ပြီး လေ့ကျင့်နေရာ မိခင်ကျောက်တုံးမှ လှုပ်ရှားမှုကို ခံစားမိလိုက်သည်။ သူမ ထုတ်ကြည့်လိုက်ရာ ယွန်ဂျင်ဝေ၏ အသံကို ကြား လိုက်ရသည်။

“တောင်ကြားသခင်လေး သခင်လေးကို လူတစ်ယောက်က ရှာနေတယ်” ယွန်ဂျင်ဝေ ပြောလိုက် သည်။

“ကျွန်တော့်ကိုလား” ရှီမာယူယူ အံ့သြသွားသည်။ “ကျွန်တော့်ကို ဘယ်သူရှာတာလဲ”

“အံ့ဖွယ်နတ်ဆိုးတောင်ကြားကလူတွေပါ”

ယွန်ရိ စကားဆုံးသည်နှင့် အဘိုးနတ်ဆိုး၏ အသံကြားလိုက်ရသည် “ကောင်စုတ်လေး အခုထွက် လာခဲ့တော့”

“ဆရာလား ဘာလို့ ဒီရောက်နေတာလဲ” ရှီမာယူယူသည် အဘိုးနတ်ဆိုး၏ အသံကြားမည်ဟု ထင် မထားသောကြောင့် အလွန်အံ့သြသွားလေသည်။

“အရင်ထွက်လာခဲ့ ပြီးမှ စကားပြောမယ်” အဘိုးနတ်ဆိုး ပြောပြီးနောက် ကျောက်တုံးကို ပိတ်လိုက် သည်။ ထို့နောက် သူ့ဘေးမှ အမျိုးသားတစ်ယောက်ဆီသို့ လှည့်ကာ ပြောလိုက်သည် “ပြောချင်တာ ရှိတယ်လို့ ပြောတယ်မလား ပြောပါ”

“ဗွေမယူပါနဲ့” ထိုအမျိုးသား၏ အသံမှာ လေးနက်ပြီး သူခေါင်းမော့လိုက်သောအခါ သူ့မျက်နှာသည် အလွန်ငယ်ရွယ်သည်ကို တွေ့လိုက်ရသည်။ အဘိုးနတ်ဆိုးကို ကြည့်သော သူ့အကြည့်မှာ လေးနက်ပြီး သူ၏ ရောင်ဝါတစ်ခုလုံးကို ဖြန့်ထားလေသည်။

“ဟင် ငါက ဘာလို့ဗွေယူရမှာလဲ” အဘိုးနတ်ဆိုးပြောလိုက်သည်။

“ကျွန်တော် စွမ်းအားတွေကို ထုတ်လိုက်လို့ပါ” ထိုလူသည် ပြောပြီးနောက် ပျံသွားလေသည်။

ယွန်ရိသည် သူထွက်သွားသည်ကို ကြည့်ကာ စိုးရိမ်စွာ ပြောလိုက်သည် “ဒုတိယတောင်ကြားသခင်  တောင်ကြားသခင်လေးက စံတင်ဝိညာဉ်ဖြစ်ခါစ ရှိသေးတယ် သူ့စွမ်းအင်ကို အခုစမ်းသပ်လိုက်ရင် အန္တရာယ် မများဘူးလား”

“မစိုးရိမ်နဲ့ အဲကောင်လေးက ကံကောင်းမှုတွေရှိတယ်” အဘိုးနတ်ဆိုးသည် ထိုင်ခုံတွင်ထိုင်ကာ သက်တောင့်သက်သာ ခြေချိတ်လိုက်သည်။

“သခင်က ကြည့်မလို့တော့ မဟုတ်လောက်ပါဘူးနော်” ယွန်ရိ အနည်းငယ်စိုးရိမ်မိသည်။

“မင်းတို့ စိုးရိမ်တယ်ဆိုရင် သွားလိုက်.. သူတို့ တိုက်ခိုက်ပြီးချိန်ကို ပြန်လာခဲ့ကြ” အဘိုးနတ်ဆိုး ပြော လိုက်သည်။

ယွန်ရိသည် သေချာစွာ စဉ်းစားပြီးနောက် အဘိုးနတ်ဆိုးအား နှုတ်ဆက်ကာ ထွက်သွားလေသည်။ “ဆရာ့တပည့်ကို သွားခွင့်ပြုပါဦး” ထို့နောက် သူသည် ရှီမာယူယူရှိရာ တောင်ကြားသို့ လိုက်သွားလေသည်။

“မင်းတို့က ငါ့လက်သင်လေးကို အထင်သေးကြတာလား” အဘိုးနတ်ဆိုးသည် လှောင်ပြောင် သရော် ကာ ရှီမာယူယူအပေါ်ထားသော သူ၏ ယုံကြည်ချက်ကို ပြသလိုက်သည်။ ရှီမာယူယူသည် တောင်ကြားမှ ထွက် လာပြီး မကြာခင်တွင် လေထဲတွင် တစ်စုံတစ်ယောက် ပျံလာသည်ကို တွေ့လိုက်ရသည်။ သူသည် လက်ကို နောက်ပစ်ထားကာ ဆံပင်များသည် လေတွင် ပျံဝဲကာ သူတို့ဆီသို့ တည့်တည့် စိုက်ကြည့်နေလေသည်။

“ယူယူ အဲလူက တိုက်ခိုက်ဖို့လာတာထင်တယ်” ဘေဂုံထန် ပြောလိုက်သည်။

“ငါလည်း အဲလိုထင်တယ်” ရှီမာယူယူနှင့် အဖွဲ့သည် ရပ်ကာ ထိုလူအား မျက်နှာချင်းဆိုင်လိုက်သည်။

“ခင်ဗျားက ရှီမာယူယူလား” ထိုလူသည် သူမအား အေးစက်သော အကြည့်ဖြင့် ကြည့်လေသည်။

“ခင်ဗျားကဘယ်သူလဲ ဘာလို့ လမ်းမှာလာပိတ်နေတာလဲ” ရှီမာယူယူသည် ထိုလူ မည်သူဖြစ်သည်ကို မစဉ်းစားတော့ပဲ ကြည့်လိုက်သည်။

“ကျုပ်နဲ့ တိုက်ပါ၊ ခင်ဗျား ကျုပ်ကို နိုင်ရင် သွားလို့ရတယ်” ထိုလူသည် ပြောရင်းနှင့် ချက်ချင်းပင် ရှီမာယူယူအား တိုက်ခိုက်လေသည်။

“နောက်ဆုတ်ကြ” ရှီမာယူယူသည် အားလုံးအား အော်လိုက်ပြီး ထိုလူဆီသို့ ပြေးသွားလေသည်။

ဘုန်း

သူတို့ နှစ်ယောက် လေထဲတွင် တိုက်ခိုက်သည်နှင့် ပေါက်ကွဲသံထွက်လာသည်။ ကျန်သောသူများ သည် အဝေးသို့ ပြေးကြလေသည်။

“အဆင့် ၆စံတင်ဝိညာဉ်” ထိုလူသည် ရှီမာယူယူအား မယုံနိုင်စွာဖြင့် ငဲ့စောင်းကြည့်လေသည်။ သူ၏ နောက် တိုက်ကွက်အား တိုက်ရင် လက်နှစ်ဖက် ပူးလိုက်ပြီး “ဆန်းကြယ်ရေခဲ….” သူ လက်နှစ်ဖက် ဆက် ထားသည့်နေရာမှ ရေခဲတုံးများ ထွက်လာပြီး ရှီမာယူယူဆီသို့ ပျံသွားလေသည်။ ထိုအရည်အချင်းကို ရှီမာယူယူ အစက ထင်မထားကာ ရေခဲတုံးများကို တိုက်ခိုက်ရန် မီးတံတိုင်းလုပ်ကာ ကာကွယ်လိုက်သည်။

သာမန်မီးတံတိုင်းများသည် ကာကွယ်ရန် မကောင်းမွန်သော်လည်း ရှီမာယူယူ၏ မီးတံတိုင်းသည် ရှေ့သို့တိုးကာ ပြန်လည် တိုက်ခိုက်လေသည်။ သူမ မီးတံတိုင်းကို ဆွဲလိုက်ရာ သူမဆီသို့ ပျံလာသော ရေခဲ တုံးများသည် အရည်ပျော်သွားလေသည်။

သူမ နောက်ထပ် အသက်မရှုရသေးခင်မှာပင် ပို၍ သန်မာပြီး ချွန်မြသော ရေခဲအပိုင်းသည် သူမ ဆီသို့ လာရာ ထိုရေခဲ လာသည်နှင့် အေးမြခြင်းကို သူမ ခံစားလိုက်ရသည်။ သို့သော် သူမ စွမ်းရည်များသည်လည်း တိုက်ခိုက်ရန် အသင့်ဖြစ်နေကာ မီးတောက် ဓားကို ဝေ့ရမ်းကာ ရေခဲတုံးအား ဖြိုခွဲလေသည်။

“မီးတောက် တိုက်ခိုက်မှု..” ရေခဲတုံး ခွဲပြီးနောက် သူမ ဓားရှည်အား မကာ ထိုလူအား ရေခဲအကြေများ ကို ပစ်လိုက်လေသည်။

“ရေခဲဒိုင်းကာ” ကြီးမားသော ရေခဲဒိုင်းကာ ထွက်လာကာ သူမ မီးတောက်ကို ကာကွယ်လိုက်သည်။ ရှီမာယူယူသည် ရေခဲဒိုင်းကာမှ ထွက်လာသော ရေခဲစွမ်းရည်ကို ခံစားမိပြီး ရှုပ်ထွေးသွားသည်။ ဒီရေခဲ ဒိုင်းကာ သည် သာမန်မဟုတ်သော အားရှိသည်။ ဘယ်လိုလပ် ဒီရေခဲဒိုင်းကာက မီးတောက်ကို ကာကွယ် နိုင်တာလဲ။

ရေခဲဒိုင်းကာသည် မီးတောက်ကို မာကျောစွာ ခုခံကာ ထိုလူသည် ရေခဲဒိုင်းကာ နောက်သို့ ပျောက် ကွယ်သွားလေသည်။ ထိုအရာသည် ရှီမာယူယူအား အံ့သြသွားစေသည်။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

သူမသည် မျက်စိမှိတ်ကာ ပတ်ဝန်းကျင်အား ခံစားကြည့်သည်။ သူမ အနောက်မှ လှိုင်းတစ်ခုသည် လှုပ်ရှားနေကာ သူမဆီသို့ လာနေသော အန္တရာယ်အား ခံစားမိလိုက်သည်။

“ဒီမှာပဲ” သူမ စိတ်ထဲတွင် ပြောပြီးနောက် သူမ ခန္ဓာကိုယ်သည် တုန်ယင်သွားကာ လေထဲသို့ စွမ်းအင် ကို ပစ်ပေါက်လိုက်သည်။

ဘုန်း

နောက်ထပ် စွမ်းအင်တစ်ခုကိုလည်း ခံစားမိချိန်တွင် တစ်ဖက်လူသည် တစ်ချက်ထိသွားသည်။ အလွန် သန်မာခြင်းမရှိသော်လည်း ထိုလူ ရေခဲများအကြားမှ ပေါ်လာသည်။ ထိုလူသည် ထပ်မတိုက်ခိုက်ပဲ ရှီမာယူယူ အား ကြည့်ရုံသာကြည့်ကာ ပြောလိုက်သည် “တကယ်ပဲ တစ်ခုခုတော့ ရှိနေတယ်”

ထိုအချိန်တွင် ယွန်ရိသည် ပျံလာသည်။ နှစ်ဖက်လုံး ထိခိုက်မှုမရှိသည်ကို တွေ့သောအခါ သက်ပြင်းချ ကာ မေးလိုက်သည် “မင်းတို့ တိုက်ပြီးကြပြီလား”

“မင်း သူ့ကို သိတာလား” ရှီမာယူယူသည် ယွန်ရိအား ကြည့်ကာ ပြောလိုက်သည် “မင်း သူ့ကိုသိရင် ငါသူ့ကို မသတ်ဘူး၊ ဒါပေမဲ့ ကောင်းကောင်းလေးတော့ ဆော်ပေးမယ်၊ င့ါကို ပြဿနာလာရှာတဲ့သူတော့ လွယ်လွယ်နဲ့ လွှတ်မပေးဘူး” ပြောပြီးသည်နှင့်  နောက်ထပ် တိုက်ရန် ပြင်လိုက်သည်။

ယွန်ရိသည် ရှီမာယူယူ၏ ကြမ်းတမ်းသော စကားလုံးများကို ကြားသောအခါ ဆွံ့အသွားသော်လည်း  ပြောသည် “တောင်ကြားသခင်လေးက မင်းရဲ့ စွမ်းရည်ကို စမ်းသပ်ချင်လို့ပါ မင်းကို ပြဿနာရှာတာ မဟုတ်ပါ ဘူး”

ရှီမာယူယူသည် ရပ်တန့်ကာ ထိုလူအား ကြည့်ပြီးနောက် ယွန်ရိအား ပြောလိုက်သည်။

“တောင်ကြားသခင်လေးဟုတ်လား”

All Chapters