အပိုင်း (၃၈၅) – ယိလင်းတိုင်းပြည်အတွင်း ဒုက္ခရောက်ခြင်း
Vol. 004 Ch. 385
ဒီလူက တောင်ကြားသခင်လေး ရင်ဘိုင်ချွမ်းလား…
ရှီမာယူယူ မယုံနိုင်သဖြင့် မေးလိုက်သည် “ယွန်ရိ ဒီလူက တကယ်ပဲ ရင်ဘိုင်ချွမ်းလား”
ယွန်ရိ ခေါင်းညိတ်လိုက်သည်။
“င့ါကို စီနီယာအစ်ကိုလို့ ခေါ်နိုင်ပါတယ်” ရင်ဘိုင်ချွမ်းသည် အေးစက်စွာ ပြောလေသည်။ သူသည် ရေခဲ အရည်အချင်းကို လေ့ကျင့်ထားသောကြောင့် အေးစက်ပုံပေါ်နေခြင်းလည်း ဖြစ်နိုင်သည်။
“ကျွန်တော့် စွမ်းအင်ကို စမ်းသပ်ချင်လို့ ဒီကိုလာတာတော့မဟုတ်ပါဘူးနော်” ရှီမာယူယူသည် သူ့အား မျက်ဖြူလှန်ပြီး ကြည့်လိုက်သည်။
“အံ့ဖွယ်နတ်ဆိုးတောင်ကြားရဲ့ တောင်ကြားသခင်လေး တစ်ယောက်အနေနဲ့ စွမ်းရည်အပြင် ပြန်တိုက် နိုင်တဲ့ စွမ်းအားကလည်း အားနည်းလို့မရဘူး” ရင်ဘိုင်ချွမ်း ပြောလိုက်သည် “စီနီယာ ဦးလေးက မင်းကို ချီးကျူး လွန်းလို့ မင်းကို စမ်းသပ်ဖို့လာခဲ့တာ”
“စီနီယာရဲ့ ဆရာက ဘယ်သူလဲ တောင်ကြားသခင်ကြီးလား” ရှီမာယူယူ ဆွံ့အသွားသည်။
“ဟုတ်တယ်” ရင်ဘိုင်ချွမ်း ပြောလိုက်သည် “ငါ စံတင်ဝိညာဉ်အားနဲ့ ကိုက်အောင် အားလျော့ထားရတာ မင်း လုပ်ဆောင်ချက်က မဆိုးပါဘူး” အရိုးသားဆုံးပြောရလျှင် သူမ စွမ်းအားသည် မဆိုးရုံလောက်မဟုတ်ပဲ သူ မျှော်လင့်ထားသည်ထက် သာလွန်သည်။ သူတို့သည် သိသာအောင် မပြသော်လည်း သူမ စွမ်းရည်၊ တုန့် ပြန်မှု၊ အမြန်နှုန်း၊ ရောင်ဝါနှင့် ပွင့်လင်းမှုသည် သူ့အား အံ့သြသွားစေသည်။ သူမသာ သူနှင့် မတွေ့ခဲ့လျှင် သူမ သည် သူမ ပုံစံနှင့် သူမရှိနေမည်။ သူသည် သူ့ကိုယ်သူ ဖုံးကွယ်ထားသော်လည်း သူမဖော်ထုတ်ရန် ကြိုးစားပုံ ကို အမှတ်ရသွားကာ မေးလိုက်သည်။ “မင်းက တည်ဆောက်မှုသခင်လား”
“ဟီး ဟီး” ရှီမာယူယူသည် ရင်ဘိုင်ချွမ်း သူမအရည်အချင်းအား စမ်းသပ်ခြင်းကို ဒေါသ ထွက်ခြင်းကြောင့် မေးခွန်းကို ရှောင်လွှဲလိုက်သည်။ သူမသည် ရှီမာမိသားစုများကို လက်ပြလိုက်ရာ သူတို့ ရောက်လာကြသည်။ ရှီမာယူယူ သူ့အားလျစ်လျူရှုသည်ကို ရင်ဘိုင်ချွမ်းတွေ့သောအခါ မျက်ခုံးသာ ပင့်ပြီးဘာမှမပြောပေ။
ရှီမာယူလင်းနှင့် တခြားသူများသည် ရှီမာယူယူ နှစ်ယောက်ချင်းတိုက်ပွဲမှ ရှောင်ရန် ထွက်သွားပြီးမှ ရှီမာယူယူ လက်ပြသည်ကို မြင်သောအခါ မီတာအနည်းငယ်အကွာမှ ထွက်လာကြသည်။
“ညီလေး ၅ အဆင်ပြေလား” ရှီမာယူလီသည် ဘေးတွင်ရှိနေသော ရင်ဘိုင်ချွမ်းကို စိတ်လှုပ်ရှားစွာ ကြည့်ပြီး သူတို့ဘာလို့ တိုက်ပွဲကို ရပ်လိုက်ခြင်းကို မသိတော့ပေ။ သို့သော် အဆိုးကြီးတော့ မဟုတ်ပေ၊ သူ့ဆီမှ အားကြီးမားမှုကို သူတို့ခံစားမိကြသည်။ အကယ်၍ သူတို့သာ ဆက်လက်တိုက်ခိုက်ပါက ရှီမာယူယူ အောင်နိုင် မည်မှာ မသေချာပေ။
“သူက အံ့ဖွယ်နတ်ဆိုးတောင်ကြားက တခြားတောင်ကြားသခင်လေးပါ” ရှီမာယူယူ ပြောလိုက်သည် “ဆရာက ကျွန်တောတို့ကို စောင့်နေတယ် သွားရအောင်”
“ကောင်းပြီ”
ဒါဆို သူက သူ့ကို စမ်းသပ်ဖို့လာတာပေါ့။
တစ်ဖွဲ့လုံးရောက်သွားရာ ယွန်ရိသည် အဘိုးနတ်ဆိုးနှင့် ယွန်ဂျင်ဝေတို့ စောင့်ဆိုင်းနေကြသော ဧည့် ခန်းဆောင်သို့ ရှီမာယူယူအား ခေါ်သွားလေသည်။ ရှီမာယူယူ ဝင်သွားရာ အဘိုးနတ်ဆိုးသည် အေးဆေးစွာ ထိုင်နေပြီး သစ်သီးတချို့စားနေကာ ဘေးတွင်ရပ်နေသော ယွန်ဂျင်ဝေသည် အဘိုးနတ်ဆိုးအား တီးတိုး ပြောနေ သည်။
“ဆရာ ဘာလို့လာတာလဲ” သူမ လျှောက်သွားကာ ထိုင်လိုက်သည်။
အဘိုးနတ်ဆိုးသည် ပျော်ရွှင်စွာ ပြုံးပြီး ဝင်လာသော ရင်ဘိုင်ချွမ်းအား ကြည့်ကာ မေးလိုက်သည် “ဘယ် လိုလဲ မဆိုးဘူးမလား”
“စီနီယာဦးလေးကတော့ တပည့်ကောင်းရလိုက်တာပဲ” ရင်ဘိုင်ချွမ်းသည် အရိုသားဆုံးပြန် ဖြေလေသည်။
“ဟား ဟား ငါမပြောဘူးလား၊ မင်းတို့နှစ်ယောက်သာ အဆင့်တူရင် သူ့ကို နိုင်မှာမဟုတ်ဘူး” အဘိုး နတ်ဆိုးပြောလိုက်သည်။ ရင်ဘိုင်ချွမ်းသည် အဘိုးနတ်ဆိုးပြောလိုက်သည်ကို စဉ်းစားရင်း တိတ်ဆိတ်စွာ ထိုင် လိုက်သည်။ သူတို့သာ တကယ်ပဲ အဆင့်တူရင် ဘယ်သူနိုင်မှာလဲ။ သူတို့နှစ်ယောက် တိုက်ခိုက်နေစဉ်တွင် အား တက်သရောမဟုတ်သော်လည်း သူ့တွင် မထုတ်ဖော်ရသေးသော လျှို့ဝှက်လက်နက်ရှိနေခြင်းကို သူ ခံစား မိနေသည်။
“မင်းက တည်ဆောက်မှုသခင်ဆိုတာကို ဆရာ့ကို မပြောရသေးဘူးလား” သူ ပြောလိုက်သည်။
“တည်ဆောက်မှုသခင်လား” အဘိုးနတ်ဆိုး အံ့သြသွားသည် “မင်းက တည်ဆောက်မှုတွေ အကြောင်း ကို သိတာလား”
“ဟုတ်ကဲ့” ရှီမာယူယူ ဝန်ခံလိုက်သည်။ ရင်ဘိုင်ချွမ်းသည် တကယ့်ကိုပင် ထက်မြက်သည်၊ သူမသည် ရိုးရှင်းသော အကွက်များကိုသာ သုံးလိုက်သော်လည်း တည်ဆောက်မှုသခင်ဖြစ်ကြောင်းကို သိသွားသည်။
“ငါ့ကို ဘာလို့မပြောခဲ့တာလဲ” အဘိုးနတ်ဆိုးသည် ခံပြင်းစွာ သူ့ကို ကြည့်လေသည်။ သူ့တပည့်က ဘယ် လိုလုပ် သူ့ကို လျစ်လျူရှုနိုင်ရတာလဲ။
“ဆရာမှ မမေးတာ” ရှီမာယူယူ ပခုံးတွန့်လိုက်သည်။
“မင်းဘာလုပ်နိုင်သေးလဲ” အဘိုးနတ်ဆိုး ပြောလိုက်သည်။
“သားရဲထိန်းကျောင်းတာ” သူမ ပြန်ဖြေလိုက်သည်။ ထို့နောက် သူမ သူ့အား ကြည့်ပြီး ပြောလိုက်သည် “ဒါကိုလည်း မသိဘူးလား”
အဘိုးနတ်ဆိုး နှုတ်ခမ်းကွေးတက်သွားသည်။ သူမ ဟာစွန်ကို ထိန်းကျောင်းတာ သူမြင်ဖူးတယ်လေ၊ အဲတော့ သူမက သားရဲထိန်းကျောင်းသူသခင်ဆိုတာ သိတာပေါ့။ မသိဘူးလားလို့ ဘာလို့မေးတာလဲ။
“ဘာရှိသေးလဲ”
“မရှိတော့ဘူး၊ အဲသုံးခုပဲ၊ အချိန်ရရင်တော့ လက်နက်ပညာကို လေ့လာရမယ်” သူမ ပြောလိုက်သည်။ ထိုသည်မှာ သူမ အစီအစဉ်ဖြစ်သော်လည်း ထိုအခွင့်အရေးရောက်လာမလား သူမ ထိုအတွက်အရည်အချင်း ရှိမလားဆိုသည်ကိုတော့ မပြောတတ်ပေ။
ရင်ဘိုင်ချွမ်းသည် သူမသည် သားရဲထိန်းကျောင်းသူ သခင်ဖြစ်မည်ဟု ထင်မထားပေ။ သူမသည် အဂ္ဂိရတ် ပညာရှင်နှင့် တည်ဆောက်မှုသခင်ဖြစ်သညကို ထည့်ပေါင်းလိုက်လျှင် သူမသည် အံ့ဖွယ်နတ်ဆိုးတောင်ကြား ၏ တောင်ကြားသခင်လေးဖြစ်ရန် ထိုက်တန်သည်။
“ဆရာ ဘာလို့လာလဲဆိုတာ ကျွန်တော့်ကို မပြောရသေးဘူးနော်” သူမ ပြောလိုက်သည်။
“မင်းကြောင့်လေ” အဘိုးနတ်ဆိုးသည် သူမအား စိုးရိမ်စွာ ကြည့်လိုက်သည် “ငါ တောင်ကြား ကိုပြန်ရောက်ခါရှိသေးတယ် မင်းက ပြန်မသွားနိုင်ပဲ ဒီရောက်နေတယ်ကြားလို့ မင်းကို ခေါ်ဖို့လာတာပဲ၊ ပြီးတော့ ယိလင်းတိုင်းပြည်မှာ အကြီးအကျယ်ပြောင်းလဲမှုတွေ ဖြစ်သွားတာ ပြောချင်လို့”
“ဘာပြောင်းလဲမှုလဲ” ရှီမာယူယူသည် သမုဒ္ဒရာနယ်နိမိတ်နှင့် သားရဲတစ်သောင်းတောင်တို့ အကြောင်းဟု ထင်မိလိုကသည်။ သားရဲတစ်သောင်းတောင်မှ သတ္တဝါသည် အလွန်ကြောက်ဖို့ကောင်းသော်လည်း ပတ်လည် ရှိ အတားအဆီးမှာ ပျက်ဆီးရန် အချိန်အတော်ကြာဦးမည်။ သမုဒ္ဒရာနယ်နိမိတ်ကို ဆိုလိုခြင်းဖြစ်မည်။ ဝူလင်းယူ သွားစစ်ဆေးသည်ကိုလည်း သူမ သတိရသွားကာ ထိုနေရာတွင် အမြင့်ပိုင်းဒေသများမှ အာရုံစိုက်မိသော တစ်စုံ တစ်ရာရှိမည်ဟု သူမ ခန့်မှန်းလိုက်သည်။
“သမုဒ္ဒရာနယ်နိမိတ် ပေါက်သွားလို့လား”
သူမ အချိန်ခဏအတွင်း ခန့်မှန်းနိုင်သည်ကို အဘိုးနတ်ဆိုးမြင်သည်နှင့် ပြန်ဖြေလိုက်သည် “ဟုတ်တယ် အံ့ဖွယ်နတ်ဆိုးတောင်ကြားက လူတွေ ယိလင်းတိုင်းပြည်ကို သွားပြီး မင်းတို့မိသားစုကို သတင်းသွားပေးတော့ တိုင်းပြည်ရဲ့ သမုဒ္ဒရာ နယ်နိမိတ်က ပိုပိုပြီးဆိုးလာတယ်၊ သူတို့ နည်းနည်းစီ ဖောက်လာတယ် ၊နောက်ဆုံး သတင်းအရ သမုဒ္ဒရာသားရဲတွေက ပြဿနာရှာလာပြီး လူတွေကို တိုက်ခိုက်နေကြတယ်ပြောတယ်”
ရှီမာယူယူ အံ့သြသွားသည်။ ထိုအရာမှာ သမုဒ္ဒရာသားရဲများကြောင့် မဟုတ်ပဲ ဟာစွန်တောင် ကြောက် ရသော ဝေဒနာမေ့ပျောက်ခြင်း ကျွန်းမှ သတ္တဝါ၏ လှုပ်ရှားမှုဖြစ်ရမည်ဟု သူမ ထင်သည်။
“ဆရာ သမုဒ္ဒရာနယ်နိမိတ်ကို အဲလိုဖြစ်အောင် ဘယ်ဟာက လုပ်နေတာလဲဆိုတာ သိလား”
“မင်း ပြန်ရောက်ရင် သိမှာပါ” အဘိုးနတ်ဆိုးသည် ရိုးရှင်းစွာ ပြောလေသည်။
“ကျွန်တော် သူတို့ကို ခေါ်လိုက်မယ်” သူမသည် မိခင်ကျောက်တုံးအား ထုတ်ပြီး ရှီမာယူလင်းနှင့် ကျန် သောသူများကို ဆက်သွယ်ကာ ယိလင်းတိုင်းပြည်တွင် ပြဿနာများဖြစ်နေသည်ကို ပြောလိုက်ရာ ပြေး လာကြသည်။
“သခင်ကြီးယွန် အဆင်ပြေမယ်ဆိုရင် သခင်ကြီးတို့ အစီအစဉ်ကို နောက်ဆုတ်လို့ရမလား၊ ကျွန်တော် တို့ အဲမှာ ဖြေရှင်းပြီးသွားရင် ကျွန်တော့်မိသားစုကို ဒီခေါ်ခဲ့ပါမယ်” ရှီမာယူယူသည် ယွန်ဂျင်ဝေကို ပြောလိုက် သည်။
“သွားလိုက်ပါ တောင်ကြားသခင်လေး၊ ကျွန်တော်တို့က စီစဉ်နေတုန်းပဲရှိသေးတယ်၊ သခင်လေး ပြန် လာရင် ကျွန်တော်တို့ မတိုက်ခိုက်ရသေးလောက်ပါဘူး” ယွန်ဂျင်ဝေ ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ်”
တိုက်ခိုက်ခြင်းတွင် ပါဝင်လိုသည်ထက် သူမသာ မပါဝင်ပါက သူမ မိသားစုကို ထိုနေရာသို့ ခေါ်လာရန် လုံခြုံမှုအပြည့်မရှိမည်ကို စိုးသောကြောင့်ဖြစ်သည်။
ရှီမာမိသားစုဝင်များသည် လျင်မြန်စွာ စုစည်းကြသည်။
“ဆရာ အားလုံးရောက်ပါပြီ”
“ဒါဆို ငါတို့သွားကြတာပေါ့” အဘိုးနတ်ဆိုး ပြောလိုက်သည် “ယွန်ရိ မင်းလည်း ငါတို့နဲ့ လိုက်ခဲ့၊ မင်းက အခုမှ အံ့ဖွယ်အဆင့်ရောက်တာ မင်းရဲ့ စွမ်းအားတွေကို စမ်းသပ်ဖို့ အခွင့်ရေးကောင်းပဲ”
“ဟုတ်ကဲ့ပါ ဒုတိယတောင်ကြားသခင်” ယွန်ရိ ပြန်ဖြေသည်။
ရှီမာယူယူသည် ယွန်ရိအား ကြည့်လိုက်ရာ လွန်ခဲ့သည့် ၁နှစ်အတွင်းတွင် သူ အံ့ဖွယ်အဆင့် အဖြစ် အဆင့်တက်သွားသည်ကို သိလိုက်သည်။ သူ လောကအသေးမှာ လေ့ကျင့်တာ သူ့အတွက်တော့ အကျိုးရှိတဲ့ ပုံပဲ။
အဘိုးနတ်ဆိုးသည် ကောင်းကင်တွင် ဝင်ပေါက်တစ်ခုပြုလုပ်ပြီး ပျံတက်သွားလေသည်။ ရင်ဘိုင်ချွမ်းနှင့် ရှီမာယူယူသည်လည်း ဝင်သွားကြသည်။ ဝင်ပေါက်သည် လျင်မြန်စွာ တုန့်ပြန်သည့်ပုံပင်၊ ရှီမာမိသားစုဝင်များ အားလုံးဝင်ပြီးသည်နှင့် ပိတ်သွားသည်။