အပိုင်း (၃၈၆) – စည်းမျဉ်းများနားလည်ရန် ပြန်သွားခြင်း
Vol. 004 Ch. 386
ရှီမာယူယူနှင့် တခြားသူများသည် အပေါက်ကို ဖြတ်ကာ အန်ယန်းမြို့တော်သို့ ရောက်လေသည်။ အဘိုး နတ်ဆိုးသည်လည်း ထိုနေရာအား ကောင်းကောင်းသိသည့်ပုံပင်။
“မင်းတို့ပြန်သွားသင့်ပြီ ဘိုင်ချွမ်းနဲ့ ငါပြန်တော့မယ် ယွန်ရိ မင်းက ဒီမှာနေခဲ့” အဘိုးနတ်ဆိုး ပြောလိုက် သည်။
“ဆရာ ကျွန်တော်တို့နဲ့ မလိုက်ဘူးလား” ရှီမာယူယူ မေးလိုက်သည်
“ဒီကကိစ္စကို ငါတို့ ကြားဝင်လို့မရဘူး၊ ဒီပြဿနာက မင်းတို့ထမ်းရမယ့် ပြဿနာပဲ” အဘိုးနတ်ဆိုး ပြော လိုက်သည်
“ဘာလို့လဲ” ရှီမာယူယူ နားမလည်ပေ။
“ဒါက အပေါ်ကချထားတဲ့ သဘောတူညီချက်ပဲ” အဘိုးနတ်ဆိုး ပြောလိုက်သည်။ “ငါတို့က လောက အနိမ့်က ကိစ္စကို ဝင်ပါလိုက်ရင် တခြားအင်အားရှိတဲ့သူတွေက တိုက်ခိုက်လိမ့်မယ်”
“အဲလိုမျိုး သဘောတူညီချက်ရှိတာလား”
“ရှိတာပေါ့ ငါတို့ လုပ်ချင်သလို ဝင်ပါလိုက်ရင် တစ်ကမ္ဘာလုံး ရှုပ်ယှက်ခတ်သွားမယ်.. အားနည်းတဲ့ သူတွေကို အမိန့်အာဏာနဲ့ ကာကွယ်ပေးထားတယ်” အဘိုးနတ်ဆိုးသည် မုတ်ဆိတ်မွေးကို သပ်လိုက်သည်။
“ပညာရှိစံအိမ်တော်က သူ့အင်အား ချုဲ့ထွင်တာကျရော”
“ပညာရှိစံအိမ်တော်က သူတို့အင်အားကို နေရာတိုင်းမှာ ချဲ့ထွင်ပေမယ့် အပေါ်ကလူတွေက အောက် က ကိစ္စတွေကို ဝင်ပါလို့မရဘူး၊ မှီခိုကင်းတိုင်းပြည်က ပညာရှိစံအိမ်တော် တစ်ခုခုဖြစ်တယ်ဆိုရင် တခြားနေရာ ကဝင်ပါလို့မရဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ အင်အားတိုးချဲ့တယ်ဆိုရင် သူတို့အင်အားများလာပြီး တခြား တိုင်းပြည်က ပညာရှိစံအိမ်တော်ကို တိုက်ရိုက်ဝင်လို့ရတာပဲ”
“ဆရာပြောချင်တာက ကျွန်တော်တို့က မှီခိုကင်းတိုင်းပြည်က ပညာရှိစံအိမ်တော်ကို ဖျက်ဆီးရင်တောင် သူတို့က ယွန်နဲ့ ဂေါင်မိသားစုကို ဖျက်ဆီးဖို့ လူလွှတ်လို့မရဘူးပေါ့” ရှီမာယူယူ သဘောပေါက်လာသည်။
“ဟုတ်တယ်” အဘိုးနတ်ဆိုး ပြောလိုက်သည် “တိုင်းပြည်တစ်ခုစီမှာ ကိုယ်ပိုင် အသက်ရှင်နိုင်တဲ့ စွမ်းရည်ရှိတယ် မင်းဒီကကိစ္စတွေကို ဖြေရှင်းရင်တောင် မင်းအတွက် ပြဿနာမရှိလောက်ဘူးလို့ ထင်တယ် နောက်လနည်းနည်းကြာရင် ငါလာပြီး အခြေအနေကြည့်မယ်၊ မင်းတို့ အသက်ရှင်သေးရင် ဒီကနေ ခေါ်ထုတ် သွားပေးမယ်၊ အခုတော့ သွားပြီ” ပြောပြီးသည်နှင့် အဘိုးနတ်ဆိုးသည် ရင်ဘိုင်ချွမ်းကို ခေါ်ကာ အပေါက် လုပ်ပြီး မျက်စိတစ်မှိတ်အတွင်း ထွက်သွားလေသည်။
ရှီမာယူယူသည် လက်ပြပြီးနောက် အပေါက်မပိတ်ခင် အော်လိုက်သည် “ကျွန်တော်တို့ကို မြန်မြန် လာခေါ်ပါ ဆရာ” အဘိုးနတ်ဆိုး သူမအား ပြန်ဖြေချိန်တွင် ပြန်ဖြေလိုက်ရာ သူမ ကြားသည် မကြားသည် ကိုတော့ မသေချာတော့ပေ။
“တောင်ကြားသခင်လေး သခင်လေးရဲ့ သေရေးရှင်ရေးမဟုတ်ရင် ကျွန်တော်လည်း ဝင်ပါလို့မရဘူး” ယွန်ရိသည် သူ့ရာထူးကို ဖော်ပြလိုက်သလိုပင်။
“ကောင်းပြီ” ရှီမာယူယူ ခေါင်းညိတ်လိုက်သည် “ငါ့ မိသားစု အိမ်သွားပြီး ကြည့်ရအောင်”
“အားလုံး အဆင်ပြေပါစေ ဆုတောင်းပါတယ်” ရှီမာယူရှင်းသည် စိုးရိမ်စွာ ပြောလေသည်။ သူတို့ ရှီမာ မိသားစုနေရာသို့ ရောက်သောအခါ အစောင့်များသည် သူတို့အား မြင်သောအခါ လန့်သွားကြသည်။ ထို သခင်လေး သခင်မလေးတို့သည် အိမ်မှ ထွက်သွားသည်မှာ ၁နှစ်လောက်ရှိပြီဖြစ်ကာ အချိန်ကိုက်ရောက်လာ မည်ဟု ထင်မထားပေ။
“သခင်လေး သခင်မလေး”
ရှီမာယူယူ သူတို့အား ခေါင်းညိတ်ပြပြီး မေးလိုက်သည် “ငါ့ အဘိုးရော”
“အိမ်တော်သခင်ကြီးက အိမ်မှာမရှိပါဘူး၊ အခု သခင်ကြီးက သူ့အစားကိစ္စကို ဖြေရှင်းလို့ရသွားပြီပေါ့” အစောင့်သည် ပြန်ဖြေသည်။ သခင်ကြီးသည် ရှီမာယူလင်း၏ အဖေဖြစ်ကာ ရှီမာတိုင် နိုးလာပြီးနောက်တွင် ထို ကဲ့သို့ အဆင့်သတ်မှတ်လိုက်သည်။ သည်လိုနှင့် ရှီမာယူလင်းတို့သည် သူ့အဖေကို သွားရှာကြလေသည်။ ရှီမာဂျင်ရန်သည် ရှီမာယူလင်းတို့ ပြန်လာသည်ကို တွေ့သည်နှင့် စိတ်လှုပ်ရှားကာ သူတို့ စွမ်းအားကို မြင်သော အခါ အံ့သြသွားပြီးနောက် ရှီမာယူယူတို့ကို ကျေးဇူးတင်လေသည်။
“အဖေ ဘာဖြစ်တာလဲ”
ရှီမာဂျင်ရန်သည် သက်ပြင်းချကာ ပြောလေသည် “ငါတို့ သမုဒ္ဒရာမှာ ဘာဖြစ်မလဲ စောင့်ကြည့်နေတာပဲ လွန်ခဲ့တဲ့၁လက ပင်လယ်သားရဲတွေက သူတို့စိတ်ဆိုးတာနဲ့ တက်လာပြီး လူတွေကို တိုက်ခိုက်တော့တာပဲ၊ လူတွေက အဲနေရာကို စောင့်ကြည့်နေလို့ သတိထားနိုင်လို့ တော်သေးတယ်”
“အခုရော ဘယ်လိုဖြစ်နေပြီလဲ”
“စွမ်းအားမတူတဲ့လူတွေလည်း လာနေရပြီ ဒီလိုအခြေအနေဆိုရင်တော့ ဘယ်သူမှ ချန်နေလို့မရဘူး” ရှီမာဂျင်ရန် ပြောလိုက်သည် “အဲဒါတင်မဟုတ်ဘူး ငါတို့က အခုပေါ်ယံတင်မြင်နေရတာ၊ သမုဒ္ဒရာ နယ်နိမိတ်က ဝိညာဉ်သားရဲတွေ အကုန်လာနေလိုပဲ”
“အဘိုးနဲ့ ကျန်တဲ့သူတွေရော ဘယ်သွားကြတာလဲ” ရှီမာယူလင်း မေးလိုက်သည်။
“မျိုးနွယ်တိုင်းက ဝိညာဉ်နယ်ရှင်အထက်လူတွေ သွားကြတယ်၊ ငါက ကျန်တဲ့သူတွေကို စီစဉ်ပေးဖို့ ကျန် နေခဲ့တာ” ရှီမာဂျင်ရန် ပြောလိုက်သည်။
“ကျွန်တော်တို့လည်း သွားမယ်” ရှီမာယူယန် ပြောလိုက်သည်။
ရှီမာဂျင်ရန်သည် အားလုံးအား အားနည်းသောကြောင့် အိမ်တွင်နေခိုင်းစေလိုသော်လည်း သူတို့ အင်အား များကို တွေးမိသောအခါ ခေါင်းညိတ်ပြီး ပြောလိုက်သည် “အဲဒါဆိုလည်း သွားကြတော့”
ထို့နောက် ရှီမာယူယူနှင့် ကျန်သောသူများသည် အိမ်သို့ တစ်နာရီကျော်လောက်ပြန်ပြီးနောက် သားရဲ ပျံများဖြင့် ပြန်ထွက်လာကာ သမုဒ္ဒရာနယ်နိမိတ်နှင့် နီးသော မြို့လေးဆီသို့ သွားကြလေသည်။ ရှီမာတိုင်၊ ရှီမာလင်းနှင့် တခြားလူကြီးတစ်ယောက်သည် မြို့တံတိုင်းပေးတွင် ရပ်နေကာ သမုဒ္ဒရာနယ်နိမိတ်မှ အခြေအနေ ကိုကြည့်ကာ ဖြစ်လာမည့် အခြေအနေကို အစီအစဉ်ဆွဲနေကြသည်။
“ပင်လယ်သားရဲတွေက ဒီမှာ ပိုပိုပြီးစုလာပြီ” ရှီမာလင်းသည် စိုးရိမ်စွာ ပြောလိုက်သည်။
“တခြားမိသားစုတွေက ရောဘာပြောလဲ” ရှီမာတိုင် မေးလိုက်သည်။
“တခြားမိသားစုတွေလည်း အတူတူပဲ၊ အထူးသဖြင့် နာလန်မိသားစုပဲ သူတို့ ထပ်ပြီး မတောင့်ခံနိုင်တော့ ဘူး” အကြီးအကဲတစ်ယောက်ပြောလိုက်သည်။
“တိုက်ပွဲကြီးဖြစ်လာပြီ..ပင်လယ်သားရဲတွေဘက်လည်း အများကြီးဆုံးရှုံးထားတယ် ထင်တယ် သူ တို့ နောက်မဆုတ်ပဲ တပ်ကူတွေပဲခေါ်လာတယ် အဲဒါ ကောင်းတဲ့လက္ခဏာတော့ မဟုတ်ဘူး” ရှီမာတိုင် ပြော လိုက်သည်။
“အံ့သြစရာအကောင်းဆုံးက အဲဒီ ပင်လယ်သားရဲတွေက ပင်လယ်ကနေထွက်လာပြီး ကမ်းစပ်မှာ လာ တိုက်နိုင်တာပဲ၊ အဲဒါ တကယ်ထူးဆန်းတယ်” ရှီမာလိုင် ပြောလိုက်သည်။
“မင်း သတိထားမိလား၊ ပင်လယ်သားရဲတစ်ကောင်ချင်းစီမှာ အနက်ရောင်မီးခိုးရှိနေတယ်၊ အဲမီးခိုးက သူတို့ကို လေထဲမှာ ပျံအောင်လုပ်ပေးထားတယ်ထင်တယ်” ရှီမာဂျွန် ပြောလိုက်သည်။
“ပင်လယ်သားရဲတွေကို ဘယ်ဟာက ဒီလိုဖြစ်အောင်လုပ်ထားလဲ ဆိုတာ ရှာရမယ်” ရှီမာမိသားစု၏ အကြီးအကဲတစ်ယောက်က အချိန်အတော်ကြာ တိတ်ဆိတ်ပြီးမှ ပြောလိုက်သည်။
သမုဒ္ဒရာနယ်နိမိတ်သည် အချိန်အတော်ကြာ တိတ်ဆိတ်ပြီးနောက် အခုဖြစ်ပျက်သမျှသည် တိုက်ဆိုက် မှုသက်သက်တော့ မဟုတ်နိုင်ပေ။ ပင်လယ်သားရဲများ ပြန်ဆုတ်ခွာပါက သူတို့သည် ထိုအခြေအနေတစ်ခုလုံး၏ အကြောင်းအရင်းအား ရှာဖွေရမည်။
“ငါတို့ စုံစမ်းဖို့ လူလွှတ်ထားတယ်၊ ဒါပေမဲ့ ငါတို့လွှတ်လိုက်တဲ့သူတွေ ပြန်မလာကြဘူး၊ ငါတို့ မိသားစု ဝင်တွေတင်မဟုတ်ဘူး၊ တခြားမိသားစုဝင်တွေလည်း အဲလိုပဲ” ရှီမာတိုင်သည် မျက်မှောင်ကြုတ်ကာ ပြောလိုက် သည် “မနေ့ကလည်း ငါတို့လူနှစ်ယောက်နဲ့ တခြားမိသားစုက လူတစ်စုနဲ့ စုံစမ်းဖို့ လွှတ်လိုက်သေးတယ်၊ သူတို့ အကြောင်းအရင်းကို မဖော်နိုင်ဘူးဆိုရင် ငါတို့ ကိုယ်တိုင်လုပ်ဖို့ပဲရှိတော့တယ်”
“ယူယူ အဲကလေးသာ ဒီမှာရှိရင်… သူ့မှာ အံ့ဖွယ်သားရဲရှိတယ်၊ သူဆိုရင်တော့ သေချာပေါက် အကြောင်း အရင်းကို ရှာနိုင်မှာပဲ” ရှီမာလင်း ပြောလိုက်သည်။
“ဒါပေမဲ့ အခု သူတို့က တခြားတိုင်းပြည်မှာလေ သူတို့ကို ဒီမှာရှိစေချင်ပေမယ့် မလွယ်ဘူး” ရှီမာတိုင် သက်ပြင်းချလိုက်သည်။
“ကျွန်တော်တို့ကို လွမ်းနေတာလား” ရှီမာယူယူ၏ အသံကြားလိုက်ရာ သူတို့အဖွဲ့သည် လန့်သွားကြ လေသည်။ ရှီမာယူယူနှင့် တခြားသူများသည် မြို့တော်တံတိုင်းဆီသို့ လျှောက်လာကာ ရှီမာတိုင်တို့အား မြင်သည်နှင့် ပြုံးပြီး အရိုအသေပေးလိုက်ကြသည်။
“မင်းတို့က တခြားတိုင်းပြည်မှာ မဟုတ်ဘူးလား၊ ဘယ်အချိန်တုန်းက ပြန်လာတာလဲ” ရှီမာလင်းသည် အံ့သြစွာ မေးလေသည်။
ရှီမာယူယူ ပြုံးပြီး ပြောလိုက်သည် “ကျွန်တော့်ဆရာက ဒီကိုပို့ပေးလိုက်တာ၊ ကျွန်တော်တို့ အိမ်ပြန်တော့ အဘိုးတို့က ဒီမှာရှိတယ်ဆိုလို့ ဒီကို လိုက်လာကြတာ”
“ယူလင်း မင်းအဖေကို တွေ့ပြီးပြီလား” ရှီမာတိုင် မေးလိုက်သည်။
“အဖေလည်း ကျွန်တော်တို့နဲ့လာတယ်၊ ဒါပေမဲ့ သူ လူတွေထပ်ခေါ်နေသေးတယ်” ရှီမာယူလင်း ပြော လိုက်သည်။
“မင်းရဲ့ စွမ်းရည်တွေ…” ရှီမာလင်းသည် ထိုလူများ၏ ကိုယ်ရောင်ကို ခံစားမိပြီး သူတို့အဖွဲ့အား ကြည့် လိုက်သည်။
အထူးသဖြင့် ရှီမာယူယူကိုတော့ သူမ ကိုယ်ရောင်ကို ခံစားလို့မရနိုင်ပေ။ ဒါဆိုရင် သူမက သူတို့အားလုံး ထဲမှာ အမြင့်ဆုံးအဆင့် ဖြစ်သွားတာလား။