အပိုင်း (၃၈၇) – နာလန်မျိုးနွယ် ထောင်ချောက်မိခြင်း
Vol. 004 Ch. 387
သူတို့သည် ရှီမာယူလင်း ပြောသည်ကို ကြားသောအခါ အားလုံးသည် ကိုယ်ရောင်ကို အာရုံစိုက် ကြည့်ရာ စံတင်ဝိညာဉ်အဆင့်အဖြစ် တက်လာသည်ကို တွေ့လိုက်ရသည်။
“မင်းတို့”
အားလုံး မှင်တက်သွားကြသည်။ သူတို့သည် တစ်နှစ်မျှသာ ထွက်သွားသော်လည်း အားလုံးသည် ဝိညာဉ် နယ်ရှင် သူတော်စင်ဝိညာဉ်မှ စံတင်ဝိညာဉ်များအဖြစ်သို့ အဆင့်တက်ကြသည်။
သူတို့ ထွက်သွားတော့ ဘာတွေဖြစ်ခဲ့တာလဲ။
အပြင်လောကမှာ တကယ်ပဲ ကျင့်ကြံဖို့ လွယ်နေတာလား။
“ကျွန်တောတို့ မတော်တဆတွေ အများကြီးနဲ့တွေ့ပြီးတော့ အဆင့်မြန်မြန်တက်သွားတာပါ” ရှီမာယူလင်း ရှင်းပြသည်။
“အဘိုး” ရှီမာယူမင်နှင့် တခြားသူများသည် ရှီမာလိုင်ဆီ လျှောက်လာပြီး ပြုံးပြကြလေသည်။
ရှီမာလိုင်သည် သူ၏ မြေးဖြစ်သူများမှာ အဆင့်တက်သွားကြသည်ကို မြင်သောအခါ အလွန်ပျော်ရွှင် လေသည်။ သူသည် ဘာမှမပြောသော်လည်း ဂုဏ်ယူနေလေသည်။
ထိုနှစ်များအတွင်းတွင် သူသည် ရှီမာယူယူ၏ အကူအညီဖြင့် အင်အားများ ကြီးလာခဲ့သည်။ သို့သော် သူ သည် စံတင်ဝိညာဉ်အဆင့်ကို မထိုးဖောက်နိုင်ပေ။
“မျိုးနွယ်ခေါင်းဆောင် အခု ကျွန်တော့်အကြောင်း ပြောနေတာ ကြားလိုက်ပါတယ်” ရှီမာယူယူသည် သူမ ထိုနေရာတွင်ရှိစဉ်က သူမကို မည်မျှချီးကျူးခဲ့ကြောင်းကို မေ့မရပေ။
“ဟုတ်တယ်” ရှီမာတိုင် ပြောလိုက်သည် “ပင်လယ်ကို ကြည့်လိုက်ကြ”
အခုချိန်သည် ပင်လယ်ကမ်းရိုးရှိ မြို့တံတိုင်းပေါ် တွင်ဖြစ်ကြသည်။ မြို့၏ နံရံများသည် ကမ်းရိုးကို ကာ ထားကာ လှိုင်းလုံးများသည် တံတိုင်းအောက်ခြေကို လာရိုက်ခတ်ကြသည်
ရှီမာယူယူနှင့် ကျန်သောသူများသည် ပင်လယ်ဘက်ကြည့်လိုက်ရာ ပင်လယ်သားရဲများဖြင့် ပြည့်နေသည် ကို တွေ့လိုက်ရသည်။ ကြည့်လိုက်ရုံနှင့်ပင် အပြာရောင်ပင်လယ်သည် အနက်ရောင်ဖြစ်သွားလေသည်။
ထို့အပြင် ထိုသည်မှာ တံတိုင်းဘက်အခြမ်းတွင်သာ မဟုတ်ပေ ကမ်းရိုးတန်းတစ်ခုလုံး ပြည့်နေသည်။
“အဆိပ်ရှိတဲ့ အကောင်တွေဘာလို့ အဲလောက်များတာလဲ” ရှီမာယူယူနှင့် ကျန်သောသူများလည်း အံ့သြ သွားကြသည်။ သူတို့သည် အခြေအနေကို သည်လောက်ပြင်းထန်မည်ဟု ထင်မထားကြပေ။
“ဒါပေမဲ့ ပင်လယ်သားရဲတွေက ရေပဲကူးတတ်တာမလား ကျွန်တောတို့ ရေထဲမသွားရင် ရတယ်မလား” ဖက်တီးကျူ မေးလိုက်သည်။
“ဒါပေမဲ့ တကယ်တော့ အဲလိုဖြစ်မနေဘူး” ရှီမာလင်း ပြောလိုက်သည်။
“သူတို့ ပျံနိုင်တယ်လို့ ပြောလိုက်တာလား”
ဖက်တီးကျူသည် အပြောင်အပျက်ပြောလိုက်သော်လည်း သူတို့ ခေါင်းညိတ်မည်ဟု ထင်မထားပေ။
“သေစမ်း သူတို့ တကယ်ပျံနိုင်တယ် ဟုတ်လား”
“အင်း” ရှီမာတိုင် ခေါင်းညိတ်သည် “ဘာလို့လဲတော့ ငါတို့လည်း မသိဘူး၊ ဒါပေမဲ့ အဲဒီအံ့ဖွယ်သားရဲတွေ အကုန် ပျံနိုင်ကြတယ်၊ သူတို့ ခန္ဓာကိုယ်တွေမှာ အနက်ရောင် မျဉ်းကြောင်းတွေ့တယ် အဲဒါကြောင့်လို့ပဲ ထင် တာပဲ”
“ဒါဆို အဲအနက်ရောင်မျဉ်းကြောင်းတွေ ဘာလို့ပေါ်လာလဲဆိုတာရော သိပြီးပြီးလား” ရှီမာယူယန် မေး လိုက်သည်။
“မသိရသေးဘူး”
“အဲပင်လယ်သတ္တဝါတွေ ဘာလို့ ဒေါသထွက်နေကြလဲဆိုတာ ငါတို့ သွားစုံစမ်းပေးမယ့် အကြောင်း အရင်းကို ရှာမတွေ့ခဲ့ဘူး၊ ငါတို့လွှတ်လိုက်တဲ့ လူတွေက နှစ်ရက်ကြာရင် ပျောက်သွားကြတာပဲ”
“သူတို့ အသတ်ခံရတယ်လို့ထင်တယ်၊ မင်းသာ ရှိရင် မင်းမှာ အထွတ်အထိပ်သားရဲရှိတော့ အကြောင်း အရင်းလောက်တော့ ရှာတွေ့မှာပဲလို့ ငါတို့ ပြောနေကြတာ”
“အကြောင်းအရင်းကို ရှာမတွေ့ရင် ဒီဂယက်ကြီးက ဘယ်လောက်ကြာအောင် ဖြစ်မလဲဆိုတာ မသိနိုင် ဘူး”
ရှီမာယူယူ သူတို့ပြောသည်ကို ကြားသောအခါ သူမ မျက်မှောင်ကြုတ်လိုက်သည်။ ထိုအကြောင်းမှာ ဝေဒနာမေ့ပျောက်ခြင်းကျွန်းနှင့် ပတ်သတ်ရမည်ဟု သူမထင်သည်။
ထိုအချိန်တွင် အစောင့်တစ်ယောက်သည် တံတိုင်းဆီသို့ ပြေးလာသည်။ သူသည် ဘယ်ညာကြည့်ကာ ရှီမာတိုင်နှင့် တခြားသူများကို မြင်သောအခါ ပြေးသွားလေသည်။
“မျိုးနွယ်ခေါင်းဆောင် ဆန်မျိုးနွယ်က လူလွှတ်လိုက်ပါတယ် ဒီတစ်ခါ အစီအစဉ်ကလည်း ကျရှုံး ပြန်ပြီ တဲ့၊ ဒါပေမဲ့ ဒီတစ်ခေါက်တော့ ပင်လယ်သားရဲက အလောင်းကို ပြန်ပို့လိုက်တယ်လို့ ပြောပါတယ်” အစောင့်သည် လက်အုပ်ချီကာ သတင်းပို့လေသည်။
“ရက်စက်လိုက်တာ” အကြီးအကဲသည် လက်သီးဆုပ်ကာ ဒေါသထွက်သဖြင့် မျက်မှာမှာ ရဲလာသည်။
“နောက်ထပ် အစီအစဉ်အတွက် မျိုးနွယ်သုံးခုပေါင်းပြီး စဉ်းစားရမှ ရမယ်လို့လဲ အဲလူပြောပါတယ်” ထို အစောင့်သည် ဆက်ရှင်းပြလေသည် “ပြီးတော့ ဆန်းမျိုးနွယ်ခေါင်းဆောင်ကလည်း စာတစ်စောင်ပို့လိုက်ပါ တယ်”
“ငါ့ကိုပေး” ရှီမာတိုင် ပြောလိုက်သည်။
အစောင့်သည် စာကို ထုတ်ပြီး ရှီမာတိုင်ကို ပေးသောအခါ လျင်မြန်စွာ ဖောက်ဖတ်လေသည်။
“မျိုးနွယ်ခေါင်းဆောင် သတင်းက ဘာတဲ့လဲ” အကြီးအကဲက မေးလိုက်သည်။
“ဒီတစ်ခေါက် အစည်းအဝေးရဲ့ အချိန်နဲ့ နေရာနဲ့ပါ” ရှီမာတိုင် ပြောလိုက်သည် “နာလန်မျိုးနွယ်က အရင် ဆုံးလုပ်ဖို့ ပြောတာတဲ့ နာလန်မျိုးနွယ်က ဒီတစ်ခါ ဆုံးရှုံးမှုကြီးပြီး တစ်ခုခုပြန်လုပ်ချင်တယ်”
“နာလန်မျိုးနွယ်မှာ ဆုံးရှုံးမှုများတယ်ဟုတ်လား သူတို့လူဘယ်နယောက်သေသွားတာလဲ” ရှီမာယူယူ မေးလိုက်သည်။
“ဟုတ်တယ်” ရှီမာတိုင်ပြုံးကာ သူတို့ဆုံးရှုံးမှုကို ကျေနပ်စွာပြောလေသည် “ငါတို့ မျိုးနွယ်ကြီးလေးခု က တခြားမျိုးနွယ်တွေကို ခေါ်တုန်းက လီမျိုးနွယ်က ဆေးထုတ်လုပ်ရေးပိုင်းကို တာဝန်ယူတယ်၊ ပင်လယ်မှာ နေရာ လေးခုရှိပြီး အဲနေရာတွေရဲ့ အခြေအနေတွေကိုလည်း ငါပြောပြတယ်၊ ပြီးတော့ နေရာတစ်ခုက တခြား နေရာတွေရဲ့ အခြေအနေထက်စာရင် ကောင်းတယ်လို့လဲပြောရော နာလန်မျိုးနွယ်ခေါင်းဆောင်က ချက်ချင်း ပဲ နေရာရွေးပြီးသွားတော့တာပဲ၊ ပြီးတော့ သူရောက်သွားတဲ့အချိန်မှာ အဲနေရာအခြေအနေက ထင်ထားတာထက် ပိုဆိုးနေတယ် အဲနေရာက အခြေအနေအဆိုးဆုံးပဲ လူတွေတော်တော်များများလည်း ဆုံးရှုံးလိုက်ရတယ်”
“ဒါဆိုရင် သူတို့က အဘိုးကို ပြဿနာလာမရှာကြဘူးလား” ရှီမာယူယူသည် နာလန်မျိုးနွယ် ဒီလိုမျိုး ကိစ္စမျိုးတွင် မြိုသိပ်မထားသည်ကို သိသည်။ ဒါသည် ထောင်ချောက်ဖြစ်သည်မှာ ထင်ရှားသည်။
“သူတို့ ဘာပြဿနာရှာနိုင်မှာလဲ သူတို့ သွားတဲ့နေရာက တကယ်ပဲ အလွယ်ဆုံးနေရာပဲ.. နောက်မှ အဆိုးဘက်ရောက်သွားတာ အဲလိုဖြစ်သွားတယ်ဆိုတာကို မပြောလိုက်ရရုံပဲရှိတာ၊ သူတို့ ဘာပြောနိုင်မှာလဲ”
“မြေခွေးအိုကြီးကတော့” ရှီမာယူယူ ရေရွတ်လိုက်သည်။
သူသည် ထိုနေရာသည် အလွယ်ကူဆုံးဖြစ်မည်ကိုလည်း သတိထားမိသလို ပိုဆိုးလာမည်ကိုလည်း သိ နေသည်။ သို့သော် သူသည် လက်ရှိအခြေအနေကိုသာ ပြောပြကာ နေရာရွေးစေသည်။ နာလန်မျိုးနွယ်သည် ချက်ချင်းပင် ထိုနေရာသည် အဆိုးဆုံးဖြစ်မည်ဟု ထင်မထားပဲ ရွေးလိုက်လေသည်။
တကယ်တော့ နာလန်မျိုးနွယ်သည် နောက်ပိုင်းတွင် ရှီမာမျိုးနွယ်နှင့် မပတ်သတ်တော့သောကြောင့် ရှီမာမျိုးနွယ်သည်လည်း သူတို့အား မသိခဲ့ပေ။ ထို့အပြင် ထိုစဉ်က အခြေအနေသည် အလွယ်ကူဆုံးဖြစ်ကာ သူတို့သည် ထိုနေရာအား လုယူခဲ့သည်။ ရှီမာမျိုးနွယ်နှင့် ဘာမှမဆိုင်ပေ။
နာလန်မျိုးနွယ်သည် အံကြိတ်ရုံသာ တတ်နိုင်တော့သည်။ ရှီမာမျိုးနွယ်သည် သူတို့ကို ထောင်ချောက် ဆင်လိုက်သည်ကို သိသော်လည်း ဘာမှပြန်မလုပ်နိုင်ပေ။ သူတို့သည် ထိုနေရာတွင် ဆက်နေရတော့သည်။
အခု အခြေအနေမှာ ပိုဆိုးလာသောကြောင့် ဆက်မနေချင်တော့ပေ။ ထို့ကြောင့် သူတို့သည် ထိုအစည်း အဝေးကို ကမ်းလှမ်းခြင်းဖြစ်သည်။ သူတို့သည် အားလုံးကို တစ်ညီတစ်ညွှတ်တည်း ဖြစ်စေချင်သည်ဟု ရှီမာယူယူ ထင်မိသည်။
“ဒီတစ်ခေါက် အစည်းအဝေးက ဘယ်တော့လဲ” ရှီမာမျိုးနွယ်၏ အကြီးအကဲက မေးလိုက်သည်။
“နာလန်မျိုးနွယ်ရဲ့ နေရာ သစ်ရွက်မြို့တော် မှာ နောက် ၅ရက်ကြာရင် လုပ်တော့မှာ” ရှီမာတိုင် ပြန်ဖြေလေသည်။
“ဒါဆို မင်း ဘယ်သူ့ကို ခေါ်သွားမှာလဲ” အကြီးအကဲပြောလိုက်သည်။
“ယူယူနဲ့ ယူလင်းအပြင် ကိုယ်ရံတော်နှစ်ယောက်ကို ခေါ်သွားမယ် ဒါပဲ” ရှီမာတိုင် ပြောလိုက်သည် “ကျန်တဲ့သူတွေက ဒီမှာနေပြီး အခြေအနေကို စောင့်ကြည့်ရမှာပေါ့”
သူပြောပြီးသည်နှင့် ရှီမာယူယူနှင့် ရှီမာယူလင်းတို့ကို သူနှင့်အတူခေါ်သွားလေသည်။ ရှီမာယူယူတွင် အထွတ်အထိပ်သားရဲရှိသည်ကို သိကြသဖြင့် တခြားသူများသည် စောဒကမတက်တော့ပေ။ သူတို့က ဘာလို့ နာလန်မျိုးနွယ်ကို စိုးရိမ်နေရမှာလဲ။
သို့သော် သူတို့နောက်ဆုံးစုလိုက်ရာ ဘေဂုံထန်အပါအဝင် လူဆယ်ယောက်ဖြစ်သွားသည်။
ရှီမာယူယူ ဘယ်သွားသွား သူတို့ရှိရမည်။
သူတို့အခုရောက်နေသော နေရာနှင့် မြို့လေးကြားတွင် ဖြတ်လမ်းတည်ဆောက်မှုမရှိပေ။ ထို့ကြောင့် အားလုံးသည် သားရဲပျံများစီးကာ လေးရက်အကြာ ပင်လယ်အား ဖြတ်ကာ ပျံသန်းပြီးနောက် သစ်ရွက်မြို့တော် သို့ရောက်လေသည်။
နာလန်မျိုးနွယ်သည် ဂိတ်ဝတွင် လူများ အစောင့်ချထားသည်။ သူတို့ရောက်သည်နှင့် နာလန်မျိုးနွယ် များ သိကြသည်။
သို့သော် ရှီမာတိုင်သည် နာလန်မျိုးနွယ်ဝင်များကို သွားမတွေ့ပေ။ သူသည် ရှီမာယူယူနှင့် တခြားသူများ ကို ခေါ်ကာ တည်းခိုဆောင်ငှားပြီး နားရန် နေရာရှာလိုက်သည်။ ထိုအရာမှာ နာလန်မျိုးနွယ်ကို မလေးစား ခြင်း ဖြစ်သည်။
တခြားအင်းအားစုများ သိသောအခါ ပြုံးမိကြသည်။ ဒီရှီမာမျိုးနွယ်ကတော့ တကယ်ပဲ…
သို့သော် မျိုးနွယ်နှစ်ခုကြားမှ ကိစ္စများကို သိကြသဖြင့် ရှီမာမျိုးနွယ်လုပ်သည်မှာ မျှတသည်ဟု ထင်မိ ကြသည်။
သစ်ရွက်မြို့တော်သည်လည်း ရေနှင့် ဆက်စပ်နေသော မြို့တော်ဖြစ်သည်။ နောက်နေ့တွင် ရှီမာယူယူ သည် လုပ်စရာမရှိသဖြင့် ဘေဂုံထန်နှင့် တခြားသူများနှင့်အတူ ပင်လယ်အခြေအနေအား ကြည့်ရန် သွားလေ သည်။ ထိုနေရာရှိ ပင်လယ်သားရဲများသည် တခြားနေရာထက်ပိုများသည်ကို သိလိုက်ရသည်။ ပိုအန္တရာယ်များ လာသည်။
“ယူယူ ကြည့် အဲဒီပင်လယ်သားရဲတွေက ထူးခြားနေသလိုပဲ” ဘေဂုံထန်သည် ပြောရင်းနှင့် ပင်လယ် ရှိ ထူးခြားသော အကောင်များကို ညွှန်ပြလေသည်။