← Chapters

အပိုင်း (၃၈၈) – ပင်လယ်သားရဲများ ဝင်ရောက်တိုက်ခိုက်ခြင်း

Vol. 004 Ch. 388

အပိုင်း (၃၈၈) – ပင်လယ်သားရဲများ ဝင်ရောက်တိုက်ခိုက်ခြင်း

Vol. 004 Ch. 388

ရှီမာယူယူနှင့် တခြာသူများလည်း ပင်လယ်တွင် ထူးခြားနေသည်ကို သတိထားမိသောကြောင့် ခေါင်း ညိမ့်ကာ ပြောလိုက်သည် “ဒါ ပင်လယ်သားရဲတွေ တကယ်ပဲ တစ်ခုခုမှားနေပြီ၊ သူတို့ မျက်လုံးတွေက ရီဝေနေ သလိုပဲ”

“သူတို့ အထိန်းချုပ်ခံထားရတာများလား၊ သားရဲတစ်သောင်းတောင်က အကောင်လိုမျိုးလေ” ဖက်တီးကျူ ခန့်မှန်းသည်။

“ဖြစ်နိုင်တယ်” ဝေကျိရွှီ ခေါင်းညိတ်လိုက်သည်။

“ဒါ ပြီးခဲ့တဲ့တစ်ခေါက်က ယူယူပြောတဲ့ ဝေဒနာမေ့ပျောက်ခြင်းကျွန်းက သတ္တဝါများလား” ဝူရန်ဖေ မျက်မှောင် ကြုတ်သွားသည်။

“အဲဒါဆိုရင်တော့ တကယ်ပြဿနာပဲ” ဘေဂုံထန် ပြောလိုက်သည်။

“ဟုတ်တယ်” ရှီမာယူယူ သက်ပြင်းချလိုက်သည်။ တကယ်၍ ထိုကဲ့သို့ ဖြစ်ပါက ဒီပြဿနာသည် တကယ့် ပြဿနာပင်ဖြစ်သည်။

ဟာစွန်သည် အရင်ကတည်းကပြောဖူးသည်…. ထိုသတ္တဝါသည် သားရဲတစ်သောင်းတောင်မှ သတ္တဝါနှင့် နှိုင်းယှဉ်၍မရသော်လည်း သူပင် မခံနိုင်လောက်အောင် ဖိအားပေးနိုင်သည်။

သူမသည် အရင်တစ်ခေါက်က ကျွန်းပေါ်တွင် ကြုံခဲ့ရသော အနက်ရောင်မြူခိုးလုံး ကိုပြန်စဉ်းစား ကြည့် လျှင် ကြောက်လန့်မိသည်။

ထိုအချိန်က အတွေ့အကြုံကို ကြုံတွေ့ခဲ့ရသဖြင့် အခုအချိန်တွင်လည်း စိုးရိမ်မိသည်။

ဒီတစ်ကြိမ်တွင် လူတစ်စုသည် သူတို့အပေါ်မှ ပျံသွားကာ သူတို့အား ကမ်းစပ်တွင် တွေ့လေသည်။ သူတို့သည် ရပ်လိုက်ကြကာ သူတို့ထဲမှ တစ်ယောက်သည် ရောက်လာသည်။ တခြားလူများသည် သစ်ရွက် မြို့တော်သို့ ဆက်လက်ပျံသန်းသွားကြသည်။

“ညီအစ်ကိုယူလင်း” ဆန်းချောင်လီသည် မြေပေါ်ဆင်းသက်ကာ ရှီမာယူလင်းအား ခေါင်းညိတ်ပြ လိုက် သည်။ ထို့နောက် ရှီမာယူယူအား ကြည့်ကာ ပြောလိုက်သည် “မင်းကို ရှာနေတာကြာပြီ နောက်မှ မင်း ယိလင် တိုင်းပြည်ကထွက်သွားတယ်ဆိုတာ ကြားတာ”

ရှီမာယူယူ တွေဝေသွားသည်။ သူမကို ရှာတာလား။

“မင်း သန်မာလာတာပဲ” ဆန်းချောင်လီသည် ရှီမာယူယူ၏ ကိုယ်ရောင်ကို ခံစားမိကာ ပြောလိုက်သည် “မင်း အရင်ကထက် ပိုသန်မာလာတယ်၊ စံတင်အဆင့်တောင် ရောက်နေပြီလား”

ရှီမာယူယူ ခေါင်းညိတ်သည်။

ဒီလူသည် သူမနှင့်ယှဉ်ပြိုင်ရန် စိန်ခေါ်သော်လည်း သူမ ငြင်းခဲ့သည်ကိုပင် သတိရသွားသည်။ သူသည် သူမနှင့် ယှဉ်ပြိုင်ရန် နောက်ထပ်အခွင့်အရေးကို ရှာနေသည့်ပုံပင်။

ဆန်းချောင်လီသည် ရှီမာယူယူ ဝန်ခံသည်ကို မြင်သည်နှင့် အနည်းငယ် တုန်လှုပ်သွားသည်။ သို့သော် သူ ထင်သာအောင် မပြပေ။

“အစ်ကိုချောင်လီက ပင်လယ်ကိုလာနေကျလား” ရှီမာယူယူ မေးလိုက်သည်။

“ဟုတ်တယ် ပင်လယ်သားရဲတွေ သောင်းကျန်းကတည်းကဆိုပါတော့” ဆန်းရှောင်လီ ပြောလိုက်သည်။

“ဒါဆို ဘာတွေသိရပြီလဲ” ရှီမာယူယူ မေးလိုက်သည်။

ဆန်းချောင်လီသည် ရေထဲရှိ ပင်လယ်သားရဲများကို ကြည့်ကာ ပြောလိုက်သည် “သူတို့ကို တစ်ခုခုက ထိန်းချုပ်ထားသလိုပဲ၊ သူတို့ကို ထိန်းချုပ်ထားတာ ဘာလဲဆိုတာ သိအောင်လုပ်ရမယ်၊ ဒါပေမဲ့ ငါတို့ လွှတ်လိုက် တဲ့လူတွေတောင် ဘာမှမသိရတဲ့အပြင် ပြန်တောင်မလာနိုင်ကြဘူး၊ ဒီတစ်ခါတော့ အလောင်းကိုတောင် ငါတို့ ဆီကို ပစ်ပေးလိုက်ကြသေးတယ် သူတို့သေတာတော့ ရက်စက်လွန်းပါတယ်”

ဆန်းချောင်လီ၏ အသံသည် အနည်းငယ်တုန်ယင်လေသည်။ ထိုသည်မှာ သူ ဒေါသထွက်နေသည်မှာ ထင်ရှားနေလေသည်။

“ဒါဆို အဲဒီပင်လယ်သားရဲတွေက ဘယ်လောက်သန်မာကြလဲ၊ သူတို့က အရမ်းသန်မာကြတာလား” ရှီမာယူယူ မေးလိုက်သည်။

သူမ မှတ်မိသေးသည်။ သားရဲတစ်သောင်းတောင်မှ သားရဲအကြောင်းကို ကျောက်စိမ်းပြောစဉ်က သူတို့ သည် သာမန်ထက် အဆင့်တစ်ဆင့် ပို၍သန်မာသည်။ ဝိညာဉ်သားရဲများ၏ စွမ်းရည်များသည် သားရဲများကို ဖိနှိပ်ခြင်းမှ ရလာခြင်းဖြစ်သည်။

“အဲဒီ ပင်လယ်သားရဲတွေကို တိုက်ခိုက်တဲ့သူတွေ ပြောတာတော့ အများကြီးမသာဘူးလို့ ပြောတယ်” ဆန်းချောင်လီသည် ရှီမာယူယူ၏ အကြည့်ကို နားလည်သောကြောင့် ပြန်ဖြေလိုက်သည်။

“တော်သေးတာပေါ့” ရှီမာယူယူ ပြောလိုက်သည်။

“အခုတော့ အရေးအကြီးဆုံးက အဲဒီဝိညာဉ်သားရဲတွေကို ဘာက ထိန်းချုပ်ထားတာလဲဆိုတာ သိအောင် လုပ်ရမယ်” ရှီမာယူလင်း ပြောလိုက်သည် “ငါတို့ ထင်သလိုမဟုတ်ပါစေနဲ့ ဆုတောင်းပါတယ်”

“ဘာထင်တာလဲ ညီအစ်ကို ယူလင်းက တစ်ခုခုများ သိထားလား” ဆန်းချောင်လီ ပြောလိုက်သည်။

ရှီမာယူလင်းသည် ရှီမာယူယူအား ကြည့်ရာ သူမ မငြင်းသည်ကို တွေ့သည်နှင့် ဝေဒနာမေ့ပျောက်ခြင်း ကျွန်းမှ အဖြစ်အပျက်များကို ပြောပြလေသည်။

သည်လိုဆိုလျှင် ရှီမာမျိုးနွယ်သည် ဒီတစ်ခေါက် အစည်းအဝေးတွင် ဒီအကြောင်းကို  ပြောလာ နိုင်သောကြောင့် သူ အနည်းငယ် အရိပ်အမြွက်ပေးလိုက်သည်။

“ဒါပေမဲ့ ကျွန်တော့်အဘိုးပြောတာတော့ ဝေဒနာမေ့ပျောက်ခြင်းကျွန်းကို သွားတဲ့သူတွေက တစ်ယောက်မှ ပြန်မလာနိုင်ဘူးတဲ့” သူ ပြန်ပြောလေသည်။

“ရေထဲကို ဝင်သွားတဲ့သူတစ်ယောက်မှကို အသက်ရှင်လျက် ပြန်မလာနိုင်ဘူး” ဆန်းချောင်လီ ပြော လိုက်သည်။ ထို့နောက် သူ ရှီမာယူယူဘက်လှည့်ကာ ပြောလိုက်သည် “ဒါပေမဲ့ မင်းမှာ အထွတ်အထိတ် သားရဲ ရှိတာပဲ အဲလိုဆိုရင် ဖြစ်နိုင်ချေရှိပါတယ်”

အစပိုင်းတွင် သူတို့အားလုံးသည် ရှီမာယူယူကို မျှော်လင့်ချက်ထားခဲ့သည်။ သို့သော် သူမ တိုင်းပြည်မှ ထွက်သွားသည်မှာ တစ်နှစ်ကျော်ပြီကာ သူမသည် အံ့ဖွယ်နတ်ဆိုးတောင်ကြား အဖွဲ့ဝင်ဖြစ်သွားသည်ကိုပင် သိ သွားကြသည်။ သို့သော် သူမသည် တောင်ကြားသခင်လေးဖြစ်သွားသည်ကိုတော့ ထိန်ချန်ထားကြသည်။ ထို့အပြင် သူမ တိုင်းပြည်မှ ထွက်သွားခြင်းသည် အံ့ဖွယ်နတ်ဆိုးတောင်ကြားကို ကူညီရန်ဖြစ်သည်ကိုလည်း မပြောပြကြပေ။

အခု သူမ ပြန်လာသည်ကို အားလုံးသိသောအခါ ထိုအခြေအနေအား စစ်ဆေးရန် သူမအား အားကိုး ကြသည်။

သူတို့ စကားပြောနေချိန်တွင် ပင်လယ်တစ်ခုလုံးသည် ဂယက်များထနေလေသည်။ အဆင့်နိမ့် ပင်လယ် သားရဲများသည် အတူတကွစုစည်းနေရာမှ ပြန့်ကျဲသွားသည်။ ထို့နောက်တွင် အံ့ဖွယ်သားရဲအုပ်စု တစ်စုသည် အဝေးမှ လာလေသည်။ သူတို့သည် ကမ်းစပ်သို့ ရောက်တော့မည် အလုပ်တွင် လေတွင် ရုတ်တရက် ပျံလိုက် ကြသည်။

“မကောင်းတော့ဘူး ဝေလငါးအုပ်” ဆန်းချောင်လီသည် ပျံလာသော အုပ်စုအား မြင်သည်နှင့်  အော် လိုက်သည်။

ထိုအချိန်တွင် သစ်ရွက်မြို့တော်မှ အချက်ပေးသံ ရှည်လျားစွာ ထွက်လာသည်။ အချက်ပေးသံမြည် အပြီးတွင် လူများသည် တံတိုင်းပေါ်တွင် တစ်ယောက်ပြီးတစ်ယောက် ပေါ်လာသည်။

ပင်လယ်သားရဲများသည် တိုက်ခိုက်ရန် အသင့်ဖြစ်နေသည်ကို တွေ့သည်နှင့် တံတိုင်းပေါ်မှ လူများ၏ အကြည့်များ ပြောင်းသွားကြသည်။

ထိုဝေလငါးများသည် အရိုင်းများဖြစ်ကြသည်။ သူတို့အမြီးများသည် အလွန်သန်မာ၍ သူတို့၏ ချွန်မြသော သွားများသည် လူတစ်ယောက်၏ နှလုံးကို ဖောက်ထုတ်ဖို့ အလွယ်လေးပင်။

“ဝေလငါးတွေ ဘယ်လိုရောက်လာတာလဲ အဲဒီပင်လယ်သားရဲတွေက ပေါ်လာခဲတယ်မလား” တစ်စုံ တစ်ယောက် အော်လိုက်သည်။

“ပြီးတော့ ဒီလောက်အများကြီး ငါတို့မှာ လူမလောက်ဘူး ငါတို့ မြို့ထဲမှာ ရောက်နေကြတယ်”

“ငါတို့ မလုပ်နိုင်လောက်ဘူး ဒီတစ်ခါ အရမ်းများတယ်၊ ငါတို့အကြာကြီး တောင့်ခံနိုင်မှာမဟုတ်ဘူး”

“ဒါဆို အသေအပျောက်မများခင် ပြေးဖို့ပဲ ရှိတော့တာပဲ”

“မရဘူး သေချာပေါက် နည်းလမ်းတော့မရှိမှာပဲ”

“ဒီမှာ ဘာနည်းလမ်းရှိမှာလဲ၊ အံ့ဖွယ်သားရဲတွေ အများကြီးပဲ ပြီးတော့ အများစုက အဆင့် ၅ အထက်တွေ ချည်းပဲ သူတို့က စံတင်ဝိညာဉ်စွမ်းရည်နဲ့ အံ့ဖွယ်သားရဲတွေပဲ၊ ဒါပေမဲ့ ငါတို့မှာ စံတင်ဝိညာဉ်ဘယ်နယောက် ရှိလဲ ကြည့်လိုက်”

အံ့ဖွယ်သားရဲရာချီနှင့် တွေ့ရသောအခါ ထိုလူများသည် ပြာသွားကြလေသည်။

“အဲဒီ လူငယ်တွေက အဲမှာရပ်ပြီးဘာလုပ်နေကြတာလဲ” တစ်စုံတစ်ယောက်သည် ရှီမာယူယူနှင့် တခြား သူများကို သတိထားမိသွားသည်။

အားလုံးသည် ကြည့်လိုက်ရာ လူတချို့သည် ထိုနေရာတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူတို့သည် နီးကပ်လာသော ဝေလငါးများကို တည့်တည့်ကြည့်ရာ တုန်လှုပ်နေတုန်းပင်ထင်သည်။

“သူတို့ပဲ” တစ်စုံတစ်ယောက်သည် ရှီမာယူယူတို့ကို မှတ်မိသွားကာ ပျော်ရွှင်စွာ အော်လေသည် “ဟာဟား ငါတို့အတွက် မျှော်လင့်ချက်ရှိသွားပြီ အဲမှာ မျှော်လင့်ချက်ပဲ”

“မင်းရူးနေလား၊ သူတို့က ဘယ်နယောက်ရှိလို့ အဲလောက် ပျော်နေရတာလဲ”

ရှီမာယူယူအား မှတ်မိသောလူများသည် မျှော်လင့်ချက်ကိုတွေ့သည့် အတိုင်းပင် ပြောကြသည် “အဲဒါ ရှီမာမျိုးနွယ်က ရှီမာယူယူဆိုတာ သူပဲ” ထိုစကားပြောသူသည် သူတို့အား ငတုံးဆိုသည့် သဘောနှင့် ကြည့် လိုက်သည်။

“မင်းက ငတုံးပဲ အဲဒါ ရှီမာယူယူပဲ သူ့ဘေးမှာ အထွတ်အထိပ်သားရဲရှိတယ်၊ အထွတ်အထိပ်သားရဲနဲ့ ဆိုရင် ငါတို့ စိတ်ချရပြီ” ထိုလူက ရှင်းပြသည်။

“ငါမှတ်မိပြီ ရှီမာမျိုးနွယ်မှာ အထွတ်အထိပ်သားရဲရှိတဲ့ လူငယ်တစ်ယောက်ရှိတယ်၊ ပြီးတော့ သူက ဒီ တိုင်းပြည်ကနေထွက်သွားတယ်လို့လည်း ကြားတယ်၊ သူ ပြန်လာမယ်လို့ ဘယ်သူထင်မှာလဲ၊ ငါတို့တောက ဒီတစ်ခါ အသက်ရှင်ပြီ”

“အံ့သြဖို့ကောင်းလိုက်တာ”

တံတိုင်းပေါ်မှ လူများသည် အလွန်စိတ်လှုပ်ရှားနေကြသည်။ ဝေလငါးအုပ်ကို ကြည့်ရာတွင် သူတို့ မျက်လုံးမှ အကြောက်တရားများ မရှိတော့ပေ။

ရှီမာယူယူသည် ကမ်းပါးတွင် ရပ်ကာ ပျံလာသော ဝေလငါးများကို ကြည့်နေလေသည်။ သူမ တစ်စုံတစ်ရာကို လေ့လာလျှင် သေချာစွာ လေ့လာသည်။

ရှီမာတိုင်နှင့် တခြားသူများ ပြောသကဲ့သို့ပင်။ ဝေလငါးများ၏ ခန္ဓာကိုယ်ပေါ်တွင် အနက်ရောင် မျဉ်းဖျော့ဖျော့လေး ရှိသည်။ သူတို့သည် ပင်လယ်အနက်ပိုင်းသို့ ဆွဲငင်ခြင်းခံရသည်နှင့် တူသည်။ သို့သော် ထိုသည်မှာ သူတို့အား ထိန်းချုပ်နိုင်လောက်သည်အထိ မဖြစ်နိုင်ပေ။

ထို့နောက်တွင် သူမအကြည့်များသည် ကောင်းကင်တွင် ထူထပ်လာသော အနက်ရောင် တိမ်တိုက်များ ကို အကြည့်ရောက်သွားသည်။ အကြောင်းမဲ့ပင် သူမသည် ထိုအနက်ရောင် တိမ်တိုက်များကို ထူးဆန်းသည်ဟု ခံစားမိသည်။

All Chapters