← Chapters

အပိုင်း (၃၈၉) – ထူးဆန်းသော အနက်ရောင် တိမ်တိုက်

Vol. 004 Ch. 389

အပိုင်း (၃၈၉) – ထူးဆန်းသော အနက်ရောင် တိမ်တိုက်

Vol. 004 Ch. 389

ထိုအနက်ရောင် တိမ်တိုက်သည် ထူးဆန်းသည်ဟု ခံစားရသည်။

ပင်လယ်ပြင်တွင် မိုးကြိုးတိမ်တိုက်များ ဖြစ်ပေါ်သည်မှာ သဘာဝဖြစ်သာ်လည်း ဒီတိမ်တိုက် အမည်း သည်လည်း သာမန်သာဖြစ်သည်။ သို့သော် ထိုအနက်ရောင်တိမ်တိုက်များကို သူမ ကြည့်လိုက်တိုင်းတွင် ထို တိမ်တိုက်များသည် ပင်လယ်သားရဲများနှင့် အတူလာသည်ဟု ခံစားမိသည်။

“အဲဒီတိမ်တိုက်က ထူးဆန်းတယ်” သူမ ပြောလိုက်သည်။

တခြားသူများသည် တိမ်တိုက်ကို လှည့်ကြည့်သော်လည်း ဘာမှ မခံစားရပေ။

“သူတို့ ရောက်လာကြပြီ”

ထိုတိမ်တိုက်များကို အဖြေရှာမရခင်တွင် ဝေလငါးများသည် သူတို့နားရောက်လာသည်။ သူတို့သည် ဒွိဟ ဖြစ်ခြင်းများကို ဘေးချိတ်ကာ မြို့တံတိုင်းတစ်လျှောက် တိုက်ခိုက်ကြသည်။

“ငါ မြင်တာ ဟုတ်ရောဟုတ်ရဲ့လား၊ သူတို့က စံတင်ဝိညာဉ်တွေလား”

“သေစမ်း တကယ်ပဲဟ”

“သူတို့အားလုံး စံတင်ဝိညာဉ်တွေပဲ”

“သူတို့ အသက်ဘယ်လောက် ရှိသေးလို့လဲ”

“ဘုရားရေ မယုံနိုင်စရာပဲ”

“အားလုံး ကိုယ့်တိုက်ပွဲကိုယ် အာရုံစိုက်ကြ ဝေလငါးတွေ အစားခံနေရမယ်”

တစ်စုံတစ်ယောက်သည် သူတို့အား သတိပေးလိုက်မှပင် အကြည့်များကို ပြန်ရုတ်သိမ်းပြီး ပြန် တိုက်ခိုက်ကြသည်။ သို့သော် သူတို့အကြည့်များသည် တစ်ခါတစ်ရံ ရှီမာယူယူနှင့် တခြားသူများဆီသို့   ရောက်ရောက်သွားကြသည်။

ရှီမာယူယူနှင့် အဖွဲ့သည် စံတင်ဝိညာဉ်များဖြစ်သည်မှန်သော်လည်း တစ်ဖက်မှာလည်း အဆင့် ၅အထက် ရှိသော အံ့ဖွယ်သားရဲအုပ်ဖြစ်သည်။ သူတို့သည် သူတို့ စာချုပ်သားရဲများကို ခေါ်ရတော့သည်။

ယွန်ရိသည် အစကတည်းက လှုပ်ရှားခြင်းမရှိပေ။ အားလုံးသည် ရပ်နေကြသော်လည်း ဝေလငါးများ သည် သူ့အား လာရောက်တိုက်ခိုက်ခြင်းမရှိပေ။ သူသည် လုံးဝ မရှိသည့်အတိုင်းပင်။

သူတို့သည် သန်မာကြသော်လည်း အသေအပျောက်တော့ ရှိဆဲပင်။ ရှီမာယူယူသည် ထိုတိမ်တိုက် အမည်းဆီသို့ လူတစ်ယောက်ပျံတက်သွားသည်ကို မြင်လိုက်ရသည်။

“အဲဒါဘာလဲ” သူမသည် တိမ်တိုက်အမည်းဆီသို့ ပျံတက်သွားသော ထိုအရိပ်အားကြည့်ရင်း အံ့သြ သွားသည်။ သူမသည် အံ့သြလွန်းဖြင့် ဝေလငါးနှင့် တိုက်ခိုက်နေဆဲဆိုသည်ကိုပင် မေ့လျော့သွားသည်။ ငှက်လေးနှင့် တခြားသူများ လျင်မြန်စွာ ပြေးလာပြီး သူမကို ဆွဲလိုက်လို့တော်သေးသည်။

“ယူူယူ ဂရုစိုက်ဦး” ဘေဂုံထန်သည် သူမဘေးရှိ ဝေလငါးကို သတ်ပြီးနောက် ရှီမာယူယူကို အော် လိုက်သည်။

“အင်း” ရှီမာယူယူသည် ငှက်လေးပေါ် ပျံတက်လိုက်သည်။ သူမသည် ဝေလငါးကို မတိုက်တော့ပဲ ဘေး သို့ပျံလာကာ တိမ်တိုက်အမည်းကို အာရုံစိုက်လိုက်သည်။

ထိုဝေလငါးသည် ဘာကိုမှ သတိမထားပဲ ရှီမာယူယူ မည်မျှသန်မာသည်ကိုလည်း မသိကာ သူမအား တိုက်ခိုက်လေသည်။

“အာ…”

ဝိညာဉ်သခင်တစ်ယောက်သည် အသတ်ခံလိုက်ရပြန်သည်။ သူမ ထိုလူဆီသို့ သွားရာ ပုံရိပ်တစ်ခုသည် ထိုလူထံမှ ထွက်လာကာ တိမ်တိုက်အမည်းဆီသို့ ပျံတက်သွားလေသည်။

သူမသည် ထိုလူ၏ မျက်နှာမှ အကြောက်တရားနှင့် သနားစဖွယ်လူးလွန့်နေသည်ကို တွေ့လိုက်ရသည်။ ထိုတိမ်တိုက်ကို ကြောက်ရွံ့မှုဆိုပါက သူ ထွက်ပြေးလိုသော်လည်း ပြေးမရပေ။

လျင်မြန်စွာပင် ထိုလူ၏ ပုံရိပ်သည် တိမ်တိုက်အတွင်း စုပ်ယူခံလိုက်ရသည်။ ရှီမာယူယူသည် တိမ်တိုက်သို့ ဝင်သွားချိန်တွင် ထိုလူ၏ မျက်နှာကို မြင်လိုက်ရသည်။

ဒါဘာတွေဖြစ်ကုန်တာလဲ။

သူမသည် တိမ်တိုက်ကို စောင့်ကြည့်ပြီးနောက် မျက်နှာသည် ပိုခက်ထန်လာသည်။

“ယူယူ ဘာတွေကြည့်နေတာလဲ” ဘေဂုံထန် ပျံလာသည်။ သူမသည် အမှန်တကယ်ပင် စိုးရိမ်နေသည်။

“အဲလူရဲ့ ပုံရိပ်က တိမ်တိုက်ထဲ ဝင်သွားတာ မတွေ့လိုက်ဘူးလား” သူမသည် ဘေဂုံထန်အား ကြည့်ပြီး မေးလိုက်သည်။

“ပုံရိပ်.. ဘာပုံရိပ်လဲ” ဘေဂုံထန်သည် ရှီမာယူယူအား ကြည့်နေသော်လည်း သူမ ဆိုလိုသည်ကို နားမလည်ပေ။

“နင် မမြင်ဘူးလား” သူမသည် အလွန်ရှုပ်ထွေးသွားသည်။ ဒါက သူမတစ်ယောက်ပဲ မြင်နေရတာလား။

“အား…”

နောက်လူတစ်ယောက် သေသွားကာ တူညီသော ဖြစ်စဉ်ဖြစ်ပွားလေသည်။

“ကြည့် အဲပုံရိပ်” သူမသည် ဘေဂုံထန်လက်မောင်းကို ဆွဲကာ ထိုလူ၏ ပုံရိပ်ကို ညွှန်ပြရင်း အော်လေ သည်။

ဘေဂုံထန်သည် သူမ ညွှန်ပြသော နေရာကို ကြည့်သော်လည်း ဘာမှမတွေ့ရပေ။

ဖက်တီးကျူသည် သူ့ရန်သူကို တိုက်ပြီးနောက် ရှီမာယူယူဘေးတွင် လာရပ်ရာ သူ့ကိုလည်း ထိုပုံရိပ်ကို မြင်ရလားဟု မေးလေသည်။

“ငါဘာမှ မမြင်ရဘူး ယူယူ ငါ့ကို ဘာပြချင်တာလဲ” သူ့အဖြေသည် ဘေဂုံထန်လိုပင်။ ဘာမှ မထူးခြားပေ။

ရှီမာယူယူသည် ထိုပုံရိပ်ကို သူမတစ်ယောက်တည်း မြင်ရသည်မှာ သေချာနေပြီ။

ထိုအားကောင်းသော ဝေလငါးအုပ်သည် ရှီမာယူယူနှင့် အဖွဲ့နှင့် စာချုပ်သားရဲများကြောင့် ပြိုကွဲ သွားလေသည်။ တိုက်ပွဲသည် လျင်မြန်စွာ ပြီးဆုံးသွားကာ ပင်လယ်တွင် သွေးများ စီးသွားလေသည်။ အဆင့်နိမ့် ပင်လယ်သတ္တဝါများသည် စုဝေးနေရာမှ အဝေးသို့ ရောက်သွားလေသည်။ သူတို့သည် အနားကပ် မလာရဲ တော့ပေ။

ထို့အပြင် ထိုတိမ်တိုက်သည်လည်း ဖြေးညင်းစွာ လာရာလမ်းအတိုင်း နောက်ဆုတ်သွားလေသည်။ သူတို့မှလွဲ၍ မည်သူမှ သတိမထားမိလိုက်ပေ။

ရှီမာယူယူသည် ထိုတိမ်တိုက်အား ကြည့်ကာ သူမ မျက်နှာမှာ လေးနက်နေသည်။

“ယူယူ အခု နင်ဘာမြင်လိုက်တာလဲ” ဘေဂုံထန်သည် ရှီမာယူယူ၏ အပြုအမူကို မြင်သောအခါ သူမသည် သူတို့အား ခြောက်လန့်မည်မဟုတ်ကိုတော့ သိသည်။ ဘယ်သူမမှ မမြင်နိုင်သောအရာကို သူမ မြင်လိုက်သည်မှာ သေချာသည်။

“ငါတို့ ပြန်ရောက်ရင် ပြောပြမယ်” ရှီမာယူယူ ပြောလိုက်သည်။

သူမသည် ယွန်ရိအား ကြည့်ရာ သူသည်လည်း ထိုတိမ်တိုက်ကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူ့မျက်လုံးများ အရောင်တောက်သွားသည်။

သူတို့သည် သစ်ရွက်မြို့တော်မှ တည်းခိုဆောင်ကို ပြန်ကြလေသည်။ ဆန်းချောင်လီသည်လည်း ရှီမာယူယူမြင်ခဲ့သောအရာကို သိချင်သောကြောင့်လိုက်လာသည်။

ရှီမာတိုင်သည် တိုက်ပွဲတွင် ဝင်မပါပေ။ ရှီမာယူယူ ရှိနေသရွေ့တော့ ဘာမှဖြစ်ဘူးဆိုသည်ကို သူ သိသည်။ သို့သော် သူသည် ရှီမာယူယူနှင့် တခြားသူများကို အဝေးမှ စောင့်ကြည့်နေခဲ့သည်။

ရှီမာယူယူနှင့် တခြားသူများ ပြန်လာသည့်အခါ သူအရင်ဆုံးပြောသည်မှာ “တစ်ခုခုသတိထားမိတာ ရှိလား”

သူတို့ အတူအကွမရှိသော်လည်း ရှီမာတိုင် တစ်ခုခုကို ပိုင်းခြားနိုင်မည်ဟု ရှီမာယူယူ ထင်မထားပေ။ သူမ ခေါင်းညိတ်ကာ ပြောလိုက်သည် “ဟုတ်တယ် တိုက်ပွဲတိုက်နေတုန်း လူတစ်ယောက် သေသွားတော့ သူ့ ပုံရိပ်က ပျံတက်သွားတာကို တွေ့လိုက်တယ်၊ အဲပုံရိပ်ကို တိမ်တိုက်က စုပ်ယူသွားတယ်”

“ဘာ” အားလုံး မှင်တက်သွားကြသည်။

သူတို့က ဘာလို့အဲပုံရိပ်ကို မမြင်ကြတာလဲ။

“အဲပုံရိပ်တွေက တိမ်တိုက်ထဲဝင်သွားတာလို့ မင်းပြောချင်တာလား” ရှီမာတိုင် မေးလိုက်သည်။

“ဟုတ်တယ်” ရှီမာယူယူ အခိုင်အမာပြောလိုက်သည် “အဲပုံရိပ်တွေက တိမ်တိုက်ကိုကြောက်ပြီး တွန့်လိမ်သွားတယ်၊ ဒါပေမဲ့ သူတို့လည်း စုပ်ယူခံလိုက်ရတာပါပဲ”

“အဲပုံရိပ်တွေက ဘာတွေလဲ လူလိပ်ပြာတွေလား” ဖက်တီးကျူ ခန့်မှန်းလိုက်သည်။

“ဖြစ်နိုင်တယ်”

“ဒါဆို ဘာလို့ အဲတိမ်တိုက်အမည်းတွေက လိပ်ပြာတွေကို စုပ်ယူတာလဲ”

သူတို့ မည်မျှပင် စဉ်းစားစေကာမူ ဘယ်သူမှ နားမလည်နိုင်ပေ။ ဘာတွေဖြစ်နေလဲဆိုသည်ကို ခန့်မှန်း နိုင်ရုံပင်။

“ယွန်ရိ တစ်ခုခုသိတာရှိလား” ရှီမာယူယူသည် ထိုအချိန်က သူ့မျက်နှာကို ပြန်တွေးမိလိုက်သည်။ သူ တစ်ခုခုသိမည်ဟု သူမ ထင်သည်။

“ငါလည်း မသေချာပါဘူး၊ ငါဆက်သွယ် မေးမြန်းပြီးမှ ဆုံးဖြတ်နိုင်မယ်” ယွန်ရိ ပြောလိုက်သည် “ဒါပေမဲ့ ငါလည်း မင်းပြောတဲ့ပုံရိပ်ကို မမြင်ရတာကို ပိုသိချင်တယ်၊ ဘာလို့ မင်းတစ်ယောက်ပဲ မြင်နေရတာလဲ”

ရှီမာယူယူလည်း ပြန်တွေးမိသည်။ ဟုတ်သားပဲ။ ဘာလို့ သူမ တစ်ယောက်တည်း မြင်နေရတာလဲ။

“မင်းတောင်မမြင်ရတာ ငါဘာလို့ မြင်နေရတာလဲ၊ မင်းက ငါ့ထက် ပိုသန်မာတာကိုပဲ”

သူမသည် လူဝင်စားထားသူဖြစ်သောကြောင့် မြင်ရတာလား။

“ဒါက မင်းနဲ့ တစ်ခုခုတော့ရှိလိမ့်မယ်” ရှီမာတိုင် ပြောလိုက်သည် “ငါတို့ မြန်မြန် ဖော် ထုတ်နိုင်ရင် ကောင်းတာပဲ”

“မျိုးနွယ်ခေါင်းဆောင် ကျွန်တော့်ကို သွားစုံစမ်းခွင့်ပြုပါ” ရှီမာယူယူ ပြောလိုက်သည် “တကယ်လို့ ကျွန်တော် တစ်ယောက်တည်း မြင်ရတယ်ဆိုရင် ကျွန်တော်သွားဖို့ အသင့်တော်ဆုံးပဲ”

သို့သော် ထိုတိမ်တိုက်အမည်းသည် ထိုသတ္တဝါများနှင့် ဘာလုပ်မည်ကိုတော့ မည်သူမှ မသိကြပေ။

ထိုအချိန်တွင် အစောင့်တစ်ယောက်သည် တံခါးခေါက်ကာ ဝင်လာပြီး ပြောလေသည် “မျိုးနွယ် ခေါင်းဆောင် နာလန်မျိုးနွယ်က လာဖို့ စကားပါးလိုက်ပါတယ်၊ သူတို့ အစည်းအဝေး ကို ရှေ့တိုးချင် နေတယ်”

ဒီနေ့ အဖြစ်အပျက်ကို နာလန်မျိုးနွယ်က ပိုကြောက်သည်နှင့်တူသည်။ သူတို့သည် အခြေအနေကို ချက်ချင်း ပြောင်းချင်နေသည်။

ရှီမာတိုင် မတ်တတ်ရပ်ကာ ပြောလိုက်သည် “ငါတို့ကို ဖိတ်မှာတော့ သွားရမှာပေါ့၊ ယူယူ ယူလင်း မင်းတို့ နှစ်ယောက်လိုက်ခဲ့”

All Chapters