← Chapters

အတားအဆီးများ (၁)

Vol. 20 Ch. 273

အတားအဆီးများ (၁)

Vol. 20 Ch. 273

ပကတိနေမင်းနန်းတော်က သူတို့ကိုယ်သူတို့ နေမင်းရောင်ဝါနန်းတော်၏ အမွေဆက်ခံသူများအဖြစ် ခံယူထားကြသည်။

ထို့ကြောင့် ဟန်မူယဲ့က နေမင်းရောင်ဝါနန်းတော်ဟောင်းကို အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏အပိုင်အဖြစ် ကြေညာလိုက်သောအခါတွင် ပကတိနေမင်းနန်းတော်တစ်ခုလုံး ထိတ်လန့်သွားကြသည်။

တခြားလူများက မလှုပ်ရှားရဲသည့်တိုင် ယုလုံရှန့်ကတော့ ယုံကြည်ရသောလက်အောက်ငယ်သားများကိုခေါ်၍ ဟန်မူယဲ့ဆီသို့ ရောက်လာခဲ့သည်။

‘သူက ဓားအင်မော်တယ်ဆိုရင်ရော ဘာဖြစ်လဲ’

‘သူ့နောက်မှာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရှိနေရင်ရော ဘာဖြစ်လဲ’

‘သူက မျိုးဆက်သစ်ရဲ့ နံပတ်တစ်ကျွမ်းကျင်သူဖြစ်နေရင်ရော ဘာဖြစ်လဲ’

ဒေါသထွက်နေသော ယုလုံရှန့်ကိုကြည့်လိုက်ပြီး ဟန်မူယဲ့၏မျက်နှာထားက ပြောင်းလဲမသွားပေ။ သူက တည်ငြိမ်စွာပြောလိုက်သည်။

“ကျုပ် စိတ်မကောင်းပါဘူး။ ကျုပ်က မင်းတို့ရဲ့ ပကတိနေမင်းနန်းတော်ကို ထည့်မစဉ်းစားလိုက်မိဘူး”

ထိုစကားကို ကြားလိုက်ရသောအခါတွင် ယုလုံရှန့်၏မျက်နှာထားက အနည်းငယ်ကောင်းမွန်လာသည်။

သူက ဟန်မူယဲ့ကိုစိုက်ကြည့်လိုက်ပြီး အေးစက်စွာပြောသည်။

“နေမင်းရောင်ဝါနန်းတော်က မိုင်သုံးသောင်းပတ်လည်ကို ပိုင်ဆိုင် ....”

သူ့စကားမဆုံးသေးမီ ဟန်မူယဲ့၏အသံ ထွက်ပေါ်လာသည်။

“အနာဂတ်မှာ ဒီနေရာနဲ့ မိုင်သုံးသောင်းအကွာမှာ နေပါ။ မဟုတ်ရင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို ရန်စနေတယ်လို့ မှတ်ယူရလိမ့်မယ်”

‘မိုင်သုံးသောင်းအကွာမှာ နေရမယ်တဲ့လား’

ယုလုံရှန့်နှင့် သူ့နောက်တွင်ရှိသော ပကတိနေမင်းနန်းတော်၏ ဂိုဏ်းသားများက ကြောင်အသွားကြသည်။

‘ဒါက စော်ကားလိုက်တာပဲ’

ယုလုံရှန့်၏မျက်နှာထားက မည်းမှောင်သွားပြီး သူ့ခန္ဓာကိုယ်ထဲမှ ထက်မြက်သောဓားချီတစ်ခု ထွက်ပေါ်လာသည်။

“အင်မော်တယ်ဟန်က ကိုယ့်ကိုယ်ကိုယ် အင်မော်တယ်နတ်ဘုရားဝင်စားတယ်ထင်ပြီး ကျုပ်ကို အရေးမပါသလိုဆက်ဆံနေတာလား”

သူ့လက်ထဲတွင် ရွှေရောင်ဓားတစ်လက်ပေါ်လာပြီး ဓားအလင်းများ လှည့်ပတ်နေသည်။

“မင်းရဲ့ဓားတာအိုက ဘယ်လောက်သန်မာသလဲ ငါကြည့်ပါရစေ”

“ကျုပ်ကို စိတ်မပျက်စေနဲ့”

ထိုသို့ဖြင့် ဓားအလင်းပေါ်ထွက်လာသည်။

လုယုံရှန့်၏လက်ထဲတွင်ရှိသောဓားသည် ထက်ရှသောအလင်းကိုထုတ်ပေးပြီး ဟန်မူယဲ့၏ခေါင်းဆီသို့ တိုးဝင်လာသည်။

ထိုဓားချက်က လောင်ကျွမ်းနေသောအငွေ့အသက်ကို သယ်ဆောင်ထားသည်။

ထိုတိုက်ကွက်သည် နေမင်းရောင်ဝါနန်းတော်၏ အမွေအနှစ်နှင့် ပတ်သတ်နေသည်။

ဟန်မူယဲ့က မျက်လုံးများမှေးကျဉ်းလျက် ဓားအလင်းကိုကြည့်သည်။

“သားမိုက်၊ ပေါက်ကရတွေ ....”

အဝေးတစ်နေရာမှ အော်သံတစ်သံထွက်လာသည်။

လုယုံရှန့်၏ဓားချက်က ရပ်တန့်မသွားဘဲ ဟန်မူယဲ့၏ခေါင်းဆီသို့ တိုးဝင်လာသည်။

လုယုံရှန်၏နောက်တွင်ရှိသော လူများ၏မျက်လုံးထဲတွင် အေးစက်မှုများရှိနေကြသည်။

အဝေးတွင် ရှိနေသောပုံရိပ်က ပျံသန်းမလာနိုင်ခင်မှာ ယုလုံရှန့်က ထိုဓားချက်ဖြင့် ဟန်မူယဲ့ကို သတ်ပစ်နိုင်သည်။

ယနေ့မှာ ယုလုံရှန့်က ဟန်မူယဲ့ကို ဒဏ်ရာရသွားအောင်လုပ်နိုင်လျှင် ပကတိနေမင်းနန်းတော်၏ သခင်လေးနာမည်သည် အနောက်ဘက်နယ်စပ်ကုန်းမြေတခွင်၌ ပျံ့နှံ့သွားပေမည်။

ထိုအရာများအားလုံးကို ကြိုမြင်နိုင်သည်။

ယနေ့က လုယုံရှန့် နာမည်ကြီးလာမည့်နေ့ဖြစ်သည်။

“နေမင်းရောင်ဝါနန်းတော်ရဲ့ လွင့်မျောနေမင်းဓားနည်းစနစ်ပဲ”

ဟန်မူယဲ့က ညင်သာစွာပြောလိုက်ပြီး လက်မြှောက်သည်။ အစိမ်းရောင်ကံကြမ္မာဓားသည် သူ့လက်ထဲ၌ ပေါ်လာ၏။

ဓားအလင်းသည် အခိုးအငွေ့များမရှိဘဲ ကြည်လင်နေသည်။

“လူတွေဖန်တီးထားတဲ့ဓားနည်းစနစ်က ချို့ယွင်းချက်ရှိတယ်လို့ ကျုပ် အမြဲခံစားရတယ်”

“ဒါ့ကြောင့် ခွန်အားနဲ့ တိုက်ရိုက်ချိုးဖျက်လိုက်တာက ပိုကောင်းတယ်”

ထိုအသံထွက်ပေါ်လာသောအခါတွင် ဟန်မူယဲ့မှာ နေရာမှ ပျောက်ကွယ်သွားပြီဖြစ်သည်။

ယုလုံရှန့်က မျက်မှောင်ကြုတ်လိုက်ပြီး ဓားဖြင့် ခုတ်ချသည်။

“လွင့်မျောနေမင်းဓားနည်းစနစ်မှာ ဓားချက်ဟာ တိမ်တိုက်ကိုခုတ်ချလိုက်ပြီး မိုင်တစ်ထောင်လေပြင်းတွေ တိုက်ခတ်လာတယ်”

ဟန်မူယဲ့၏အသံက ထပ်မံထွက်ပေါ်လာပြီး လုယုံရှန့်၏လက်ထဲတွင် ရှိနေသောဓားကို ရပ်သွားစေသည်။

ဟန်မူယဲ့က လုယုံရှန့်အသုံးပြုသောဓားကွက်ကို ပြောပြနေသည်။

ဟန်မူယဲ့က သူ့ဓားချက်ကို နားလည်နေသည်။

‘ဓားကွက်ပြောင်းလိုက်မယ်’

သူက ဓားကွက်ပြောင်းရန်သာ တတ်နိုင်သည်။

သို့သော်လည်း သူက ဓားကို လှည့်လိုက်သောအချိန်၌ ဟန်မူယဲ့၏အသံက ထပ်မံထွက်ပေါ်လာသည်။

“မိုင်တစ်သောင်းလေပြင်းက ပြောင်းလဲသွားရင် နောက်ကနေ ဓားချက်လိုက်လာတယ်။ အသင့်တော်ဆုံးနည်းလမ်းက ဓားနဲ့သုံးချက်ခုတ်ဖို့ပဲ”

“ဓားခုတ်ချက်၊ မိုင်တစ်သောင်းလေပြင်းဓားကွက်၊ နေမင်းဖျက်ဆီးခြင်းနဲ့ ဖရိုဖရဲနေမင်းဓားကွက်တို့ကလည်း ကောင်းမွန်တဲ့ရွေးချယ်မှုပဲ”

လုယုံရှန့်၏ဓားက ရပ်တန့်သွားပြီး သူ့မျက်နှာက ဖြူဖျော့နေသည်။

သူက ဓားချက်ကိုပြောင်းလဲရန် နည်းလမ်းမရှာနိုင်တော့ပေ။

ယခုအချိန်တွင် အသင့်တော်ဆုံးဓားကွက်များကို ဟန်မူယဲ့က ထုတ်ပြောခဲ့သည်။

သူအသုံးပြုမည့်ဓားကွက်များကိုပင် အသေအချာစီစဉ်ထားသေးသည်။

‘သူက ဟန်မူယဲ့ပြောတဲ့ဓားကွက်အတိုင်း လိုက်လုပ်သင့်လား။ ဒါမှမဟုတ် ဓားကွက်ပြောင်းလဲရမလား’

သူက အသုံးပြုရမည့်ဓားကွက်ကို မသိတော့ပေ။

“ဓားကျင့်ကြံသူ၊ အခုအချိန်မှာ မင်းယုံကြည်နိုင်တဲ့ တစ်ခုတည်းသောအရာက မင်းလက်ထဲမှာရှိနေတဲ့ ဓားပဲ”

ဟန်မူယဲ့၏အသံသည် လုယုံရှန့်၏နောက်က သုံးပေအကွာမှ ထွက်ပေါ်လာသည်။

ထိုဖြစ်ရပ်ကြောင့် လုယုံရှန့်က ဆံပင်မွှေးများထောင်ထသွားသည်။

ဓားကျင့်ကြံသူ၏ နောက်ကျောမှာရှိသော သုံးပေအကွာကို ကျူးကျော်ခံရလျှင် ဓားကျင့်ကြံသူ၏ရှင်သန်မှုက ထိန်းချုပ်မှုအောက်တွင် မရှိတော့ပါ။

သူက မသိစိတ်အလျောက် ဓားကို ရေပြင်ညီအတိုင်းလှုပ်ရှားပြီး လက်မောင်းအောက်မှတစ်ဆင့် နောက်ကျောကို ထိုးချလိုက်သည်။

“ဒါက အဆင်ပြေပါတယ်။ ကျုပ်မှာ ဓားတာအို၊ ဓားလမ်းစဉ်နဲ့ ဓားလမ်းကြောင်းအသိစိတ်ရှိတယ်”

“မင်းက ဓားကိုမလှုပ်ရှားဘဲ ရှေ့ကိုခုန်တက်လိုက်ရင် ကျုပ်က မင်းကို သတ်ပစ်နိုင်လိမ့်မယ်”

“ဓားကျင့်ကြံသူတစ်ယောက်က တိုက်ခိုက်ဖို့အသိစိတ်မရှိရင် ဓားကို မကျင့်ကြံသင့်ဘူး”

လုယုံရှန့်က နောက်သို့ လှည့်ကြည့်သည်။ ဟန်မူယဲ့သည် သူ့နောက် ဆယ်ပေခန့်အကွာတွင် ရပ်နေသည်။

“လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အင်မော်တယ်ဟန်။ စိတ်မပူပါနဲ့။ အနာဂတ်မှာ ကျုပ်က နေမင်းရောင်ဝါနန်းတော်ရဲ့ ပေသုံးသောင်းအကွာကို မကျူးကျော်တော့ပါဘူး”

ယုလုံရှန့်၏ဘေးတွင် လူတစ်ယောက်ရောက်လာသည်။ ထိုလူသည် သက်လတ်ပိုင်းအရွယ် ကျင့်ကြံသူဖြစ်ပြီး လုယုံရှန့်နှင့် ၇၀%တူညီသည်။

“ယုရမ်ဟယ်က အင်မော်တယ်ဟန်ကို နှုတ်ဆက်ပါတယ်”

ထိုကျင့်ကြံသူက လက်သီးဆုပ်လိုက်ပြီး ဟန်မူယဲ့ကို နှုတ်ဆက်သည်။ ထို့နောက် ဘေးတွင် ရှိနေသော ယုလုံရှန့်ကို ကြည့်သည်။

“မင်းက အင်မော်တယ်ဟန်ကို တောင်းပန်ပြီး မင်းကိုမသတ်ခဲ့တဲ့အတွက် ကျေးဇူးမတင်သေးဘူးလား”

ဟန်မူယဲ့က သူ့အသက်ကို ချမ်းသာပေးခဲ့သည်။

ယုလုံရှန့်က မတိုက်ခိုက်သေးမီက ဟန်မူယဲ့၏ပြိုင်ဘက် မဖြစ်နိုင်လျှင်ပင် ဓားချက်အနည်းငယ်ဖြင့် ဖိနှိပ်နိုင်လိမ့်မည်ဟု ထင်ထားခဲ့သည်။

သူ့အဖေရောက်လာပြီး စကားလုံးအနည်းငယ်နှင့် ရန်ပွဲကို ဖြေရှင်းပြီးသွားလျှင် သူက ဟန်မူယဲ့ကို ဖိနှိပ်နိုင်ခဲ့သည်ဟု သတင်းဖြန့်နိုင်သည်။ ထိုအချိန်မှာ အနောက်ဘက်နယ်စပ်ကုန်းမြေတစ်ခုလုံး တုန်ခါသွားပေမည်။

သို့သော်လည်း သူတိုက်ခိုက်လိုက်သောအခါတွင် ဟန်မူယဲ့က တိုက်ကွက်မထုတ်ခဲ့ပေ။ သို့သော်လည်း သူက သေဆုံးလုနီးပါး ဖြစ်သွားခဲ့သည်။

ဓားကို အသုံးမပြုနိုင်သော အရှက်ရမှုမျိုးက အင်မတန်ထိတ်လန့်စရာကောင်းသည်။

ယုလုံရှန့်က ဟန်မူယဲ့ကို မော့ကြည့်လိုက်ပြီး တစ်ကိုယ်လုံးတုန်ခါသွားသည်။

သူက ဟန်မူယဲ့‌ရှေ့တွင် ဓားဆွဲထုတ်ဖို့ သတ္တိမရှိတော့ပေ။

“ကျေးဇူးပါ။ လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အင်မော်တယ်ဟန်”

ဟန်မူယဲ့က သူ့ကို မသတ်နိုင်ခြင်းမဟုတ်ဘဲ သတ်ရန် ဂရုမစိုက်ခြင်းဖြစ်သည်။ သူက အနည်းငယ် လမ်းညွှန်ပေးလိုက်သေးသည်။

“သခင်လေးယုရဲ့ ဓားတာအိုပါရမီက အတော်လေးကောင်းပါတယ်။ အနာဂတ်မှာ မင်းက အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ ဓားလမ်းစဉ်နဲ့ပတ်သတ်ပြီး‌ နေရာတစ်ခုရလာလိမ့်မယ်”

ဟန်မူယဲ့က လက်မြှောက်လိုက်ပြီး ပြုံးသည်။

“ကျုပ်က သခင်လေးယုလိုမျိုး လက်ရွေးစင်တွေနဲ့ အနာဂတ်မှာ ပိုပြီးဆက်သွယ်နိုင်ဖို့ မျှော်လင့်မိတယ်”

ထိုအချိန်တွင် သူက ယုရမ်ဟယ်ကို ကြည့်သည်။

“ဂိုဏ်းချုပ်ယု၊ အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ ဂိုဏ်းကိုးဂိုဏ်းကို ပြန်လည်စီစဉ်တဲ့နေရာမှာ သခင်လေးယုကို လေ့ကျင့်ခိုင်းလို့ရတယ်”

ဂိုဏ်းကိုးဂိုဏ်းကို ပြန်လည်စီစဉ်ခြင်းက အနောက်ဘက်နယ်စပ်ကုန်းမြေ၏ အဓိကဖြစ်ရပ်နှစ်ခုထဲမှ တစ်ခုဖြစ်သည်။

နောက်တစ်ခုကတော့ တောင်ပိုင်းကုန်းမြေနှင့် ငြိမ်းချမ်းရေးဆွေးနွေးခြင်းဖြစ်သည်။

အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ဂိုဏ်းကိုးဂိုဏ်းပြိုင်ပွဲ၌ ယုလုံရှန့်ကို ပါဝင်ခိုင်းသော ဟန်မူယဲ့၏စကားကို ကြားလိုက်ရသောအခါတွင် ယုရမ်ဟယ်က ခေါင်းညိတ်လိုက်သည်။

“ကောင်းပါပြီ။ ကျုပ်က လုရှန့်ကို ဝင်ပါခိုင်းလိုက်ပါ့မယ်”

ဟန်မူယဲ့က ဖိတ်ခေါ်လာသောကြောင့် ယုရမ်ဟယ်က သဘောတူလိုက်သည်။

ယုရမ်ဟယ်၏စကားကို ကြားလိုက်ရသောအခါတွင် ယုလုံရှန့်က ပျော်ရွှင်သွားသည်။

အစပိုင်းမှာ ပကတိနေမင်းနန်းတော်က ပြိုင်ပွဲမှာဝင်ပါရန် အစီအစဉ်မရှိကြောင်း သူကြားခဲ့ရသည်။

ဂိုဏ်း၏ မျိုးဆက်သစ်ကျွမ်းကျင်သူများက အတော်လေးနောင်တရနေကြသည်။

ဟန်မူယဲ့က ဘာမှဆက်မပြောတော့ပေ။ သူက လက်သီးဆုပ်၍ နှုတ်ဆက်လိုက်ပြီး ပြုံးသည်။ သူ့ပုံရိပ်က လှုပ်ရှားသွားပြီး တိမ်တိုက်နဂါးဓားသည် သူ့ခြေထောက်အောက်သို့ ရောက်လာသည်။ ထို့နောက် သူသည် အဝေးသို့ပျံသန်းသွားသည်။

ယုရမ်ဟယ်က တိမ်တိုက်နဂါးဓားကို မြင်လိုက်ရသောအခါတွင် တစ်ကိုယ်လုံးတုန်ခါသွားသည်။ သူ့မျက်လုံးထဲတွင် ထိတ်လန့်မှုများဖြင့် ပြည့်နေပြီး လက်မောင်းများက ဆက်တိုက်တုန်ခါနေသည်။

ဟန်မူယဲ့က အဝေးသို့ရောက်သွားသောအခါတွင် သူက ဖြည်းဖြည်းချင်းတည်ငြိမ်လာသည်။

“အင်မော်တယ်ဟန်က တကယ်သန်မာတာပဲ ....”

ယုလုံရှန့်က ရှုပ်ထွေးနေသောမျက်နှာထားဖြင့် တီးတိုးရေရွတ်သည်။

ယုရမ်ဟယ်က လေးနက်သောမျက်နှာထားနဲ့ သူ့ကိုစိုက်ကြည့်လိုက်ပြီး ပြောသည်။

“သူက သန်မာရုံပဲလို့ မင်းထင်လား”

ယုလုံရှန့်က ကြောင်အသွားသည်။

‘သူက သန်မာတာပဲ မဟုတ်ဘူးလား’

‘ကောလဟာလတွေအတိုင်း ဓားလမ်းစဉ်မှာ အရမ်းပါရမီရှိတယ်’

‘ဘာရှိသေးလို့လဲ’

သူက သူ့အဖေ၏ရှေ့မှာ နှိမ့်ချတတ်ပြီး သဘောထားကြီးသောလူတစ်ယောက်ဖြစ်သည်။

ယုလုံရှန့်၏ ကြောင်အနေသောမျက်နှာထားကို မြင်လိုက်ရသောအခါတွင် ယုရမ်ဟယ်က တီးတိုးပြောလိုက်သည်။

“သူက အစစ်အမှန်ဓားကျင့်ကြံသူပဲ။ သူ့တာဝန်က ဓားတာအိုနဲ့ဓားလမ်းစဉ်ကို ကာကွယ်ဖို့ပဲ”

“သူက ကိုယ်ပိုင်လမ်းစဉ်ကို ရှာတွေ့သွားပြီ”

‘ကိုယ်ပိုင်တာအိုကို ရှာတွေ့သွားပြီလား’

ယုလုံရှန့်က မျက်မှောင်ကြုတ်လိုက်ပြီး သူ့အဖေကို မယုံကြည်နိုင်စွာကြည့်သည်။

“ဒါက ဖြစ်နိုင်လို့လား။ ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူတွေကတောင် အဲဒီလိုမပြောရဲဘူး ....”

ယုရမ်ဟယ်က ခေါင်းခါလိုက်ပြီး လှည့်ထွက်သွားသည်။ ယုလုံရှန့်က နားထဲတွင် အသံကြားလိုက်ရသည်။

“အင်မော်တယ်ဟန်မှာ ဓမ္မရတနာနဲ့ သူ့ကိုယ်သူကာကွယ်ဖို့ ဓားတစ်လက်ရှိတယ်။ ငါက သူ့ဆီကဓားတစ်ချက်ကိုတောင် တောင့်ခံနိုင်မှာမဟုတ်ဘူး”

“သူက မင်းကို ဓားနည်းစနစ်အကြောင်း သင်ပေးသွားရုံတင်မကဘဲ ငါ‌တို့ပကတိနေမင်းနန်းတော်ကို ခက်ခဲအောင်မလုပ်ဘဲ ထွက်သွားခဲ့တယ်”

“အဲဒီလိုလူမျိုးက အနာဂတ်မှာ အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ ဓားတာအို၊ ဓားလမ်းစဉ်၊ ဓားဘုရင်ဖြစ်လာမှာပဲ”

ဓမ္မရတနာဓား…

သူ့အဖေက ဟန်မူယဲ့၏ဓားတစ်ချက်ကို မခုခံနိုင်…

သူက အနာဂတ်မှာ အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ ဓားတာအို၊ ဓားလမ်းစဉ်၊ ဓားဘုရင်ဖြစ်လာမယ်…

ထိုစကားလုံးများက ယုလုံရှန့်၏နားထဲမှာ ပေါက်ကွဲသွားပြီး သူ့ကို ကြောင်အသွားစေသည်။

ဟန်မူယဲ့၊ ဓားအင်မော်တယ်ဟန်က ထိုလူမျိုးဖြစ်သည်။

သူက ဟန်မူယဲ့ကို ဖိနှိပ်ရန် စီစဉ်ခဲ့ကြောင်း တွေးမိသောအခါတွင် ယုလုံရှန့်က မနေနိုင်တော့ဘဲ ဖျော့တော့စွာပြုံးမိသည်။

သူက တစ်ဖက်လူ၏ရှေ့မှာ ဓားတစ်လက်နှင့် ဆော့ကစားနေသော ကလေးတစ်ယောက်သာ ဖြစ်သည်။

ဟန်မူယဲ့က သူ့ကိုသတ်ရန် စိတ်ဝင်စားခြင်းမရှိသောကြောင့် ကံကောင်းသွားခြင်း ဖြစ်သည်။

တစ်ဘက်လူက သူ့ကို အထင်သေးခဲ့သည်။

“ဓားတာအို၊ ဓားလမ်းစဉ်၊ အင်မော်တယ်လမ်းစဉ် ....”

ယုလုံရှန့်က ညင်သာစွာသက်ပြင်းချလိုက်ပြီး ထွက်ခွာသွားသည်။

All Chapters