အပိုင်း (၃၉၀) – အရည်ထူသော နာလန်မျိုးနွယ်
Vol. 004 Ch. 390
ရှီမာယူယူနှင့် တခြားသူများသည် နာလန်မျိုးနွယ်အိမ်သို့ လိုက်လာရာ ထိုအိမ်သည် သစ်ရွက်မြို့တော် တစ်ခုလုံးတွင် အကြီးဆုံးအိမ်တော်ဖြစ်သည်။ အခုတော့ နာလန်မျိုးနွယ်၏ အိမ်တော်ဖြစ်နေလေသည်။
“ရှီမာမျိုးနွယ်ခေါင်းဆောင် တခြားမျိုးနွယ်ခေါင်းဆောင်တွေ ရောက်နေပါပြီ၊ ကျွန်တော်တို့ မျိုးနွယ် ခေါင်းဆောင်က အားလုံးကို အထဲမှာ စောင့်နေပါတယ်” အစောင့်သည် သူတို့အား ပြောပြီးခေါ် သွားလေသည်။
ရှီမာတိုင်တို့သည် ဖြေးဖြေးချင်းလာသည့်အပြင် သူတို့နေသော နေရာသည် အဝေးတွင် ရှိသောကြောင့် တခြားအင်အားကြီးများသည် အရင်ရောက်နှင့်ကာ သူတို့အား စောင့်နေကြလေသည်။
“ရှီမာမျိုးနွယ်ခေါင်းဆောင်က တွေ့ဖို့ ပိုပိုခက်လာတာပဲ အားလုံးရောက်နေပြီး ခင်ဗျားတစ်ယောက် ထဲကိုပဲ စောင့်နေရတယ်”
သူတို့ ခန်းမကြီးသို့ ဝင်သည့်အချိန်တွင် ထူးခြားသော အသံတစ်သံထွက်လာသည်။
ရှီမာယူယူသည် အသံလာရာကို ကြည့်လိုက်ကြသည်။ အသက်အကြီးဆုံးဖြစ်သော အကြီးအကဲ အမျိုးသမီးတစ်ဦးသည် အလယ်တွင် ထိုင်နေလေသည်။ သူမ သူတို့အား ကြည့်သောအကြည့်သည် အလွန် အေးစက်နေသည်။
“အဲဒါ ဘယ်သူလဲ” သူမသည် ရှီမာယူလင်းကို တိုးတိုးလေးမေးလိုက်သည်။
“နာလန်မျိုးနွယ်က အကြီးအကဲဖြစ်မှာပေါ့” ရှီမာယူလင်းသည် သူမ ထိုင်နေသော နေရာကို အခြေခံကာ ခန့်မှန်းလိုက်သည်။
ဒီပြဿနာသည် တိုင်းပြည်တစ်ခုလုံးအတွက် အရေးကြီးသော ကိစ္စဖြစ်သဖြင့် တိုင်းပြည်မှ အကြီးအကဲ များ အားလုံးထွက်လာကြသည်။
ရှီမာတိုင်သည် ထိုစီနီယာအမျိုးသမီးကြီးပြောသည်ကို စိတ်ထဲတွင် မထားကာ ပြန်ဖြေလေသည် “ကျွန်တော်တို့ နေတဲ့ တည်းခိုဆောင်က ဝေးလို့ပါ၊ ကျွန်တော့် မြေးလေးကလည်း ဒီနေ့လည်က တိုက်ပွဲမှာ ဝင် တိုက်ထားတော့ သူတို့ အဆင်ပြေဖို့ အချိန်နည်းနည်းယူရလို့ပါ နောက်ကျသွားလို့ တောင်းပန်ပါတယ်”
သူ ထိုကဲ့သို့ ပြောသော်လည်း စိတ်ထဲမှ မပါလှပေ။
“ဒီနေ့လည်က တိုက်ပွဲကို ပြောရင်းနဲ့ ဒါက အဲဒီဝေလငါးတွေ ပေါ်လာတာ ပထမဆုံးအကြိမ်ပဲမလား” တစ်စုံတစ်ယောက်သည် တိုက်ပွဲအကြောင်းကို စကားလမ်းကြောင်း လွှဲလိုက်သည်။
“အဲဒါတင်မဟုတ်ဘူး ဒီတစ်ခေါက် အံ့ဖွယ်သားရဲတွေအများကြီးပဲ၊ ရှီမာမျိုးနွယ်က မိတ်ဆွေလေးတွေနဲ့ သူတို့ စာချုပ်သားရဲတွေကြောင့်သာ မဟုတ်ရင် ကျွန်တော်တို့ တစ်မြို့လုံး အန္တရာယ်ရှိနိုင်တယ်”
ထိုစကားမှာ သူတို့အဖွဲ့နှင့် သားရဲများသည် စံတင်ဝိညာဉ်အဆင့်ရှိသည်ကို ပြန်သတိပေးလိုက်သည့် သဘောပင်။
တိုက်ပွဲအတွင်းမှ သူတို့်အင်အားများကို စဉ်းစားလိုက်သောအခါ အားလုံးသည် သူတို့နောက်ကျသည်ကို စိတ်ထဲမထားတော့ပေ။
နာလန်မျိုးနွယ်ခေါင်းဆောင်သည် အကြီးအကဲအမျိုးသမီးကြီးလေးတွင် ထိုင်ကာ ပြောလေသည် “အားလုံးလဲ မြင်တဲ့အတိုင်းပဲ ဒီနေ့အခြေအနေက တော့ အန္တရာယ်အများဆုံးပဲ၊ သတိမထားမိလိုက်တဲ့အတွက် ကျွန်တော်တို့ဘက်က အားနည်းသွားတယ် ကျွန်တော်တို့ တပ်ဖွဲ့တစ်ခုလုံး ဆုံးရှုံးလိုက်ရတော့မလို့”
“ဒီနေ့ အခြေအနေက တော်တော်ဆိုးတာတော့ အမှန်ပဲ” အားလုံး သဘောတူကြသည်။
နာလန်မျိုးနွယ်ခေါင်းဆောင်သည် အားလုံး၏ တုန့်ပြန်မှုကို သတိထားမိကာ ပြုံးပြီး ပြောလိုက်သည် “ဒီလိုအခြေအနေမျိုးက တခြားနေရာတွေမှာလည်းဖြစ်ဖို့ အနှေးနဲ့ အမြန်ပဲ၊ အနားကလူတွေ သတင်းရလို့ ပြေး လာပြီဆိုရင် ဒဏ်ရာအကြီးအကျယ်ရတော့တာပဲ၊ အားလုံး သေကုန်ရင် ကျွန်တော်တို့ အင်အားတွေလည်း လျော့်သွားနိုင်တယ်၊ ဒါက ကျွန်တော်တို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပဲ ဒါပေမဲ့ ဒီအခြေနေကို တားလို့ ရပါတယ်”
“ဘယ်လိုလဲ” တစ်စုံတစ်ယောက် လိုက်ပြောလေသည်။
“ကျွန်တော်တို့်အားလုံး အင်အားတွေ ပေါင်းစည်းလိုက်ရင် အင်အားမရှိလို့ မရှုံးနိုင်စရာမရှိဘူး” နာလန် မျိုးနွယ်ခေါင်းဆောင် ပြောလိုက်သည်။
“နာလန်မျိုးနွယ်ခေါင်းဆောင် ပြောချင်တာက ကျွန်တော်တို့ မဟာမိတ်အဖြစ် ပူးပေါင်းပြီး ခေါင်းဆောင်တစ်ယောက် ရွေး မယ်လို့ ပြောချင်တာလား” ဟူမျိုးနွယ် ခေါင်းဆောင် မေးလိုက်သည်။
“ကျွန်တော် ဆိုလိုချင်တာ အဲဒါပဲ” နာလန်မျိုးနွယ် ခေါင်းဆောင် ခေါင်းညိတ်သည်။
“မဟာမိတ်… ကျွန်တော်တို့ ဟူမျိုးနွယ်က အားတက်သရော သဘောတူပါတယ်” ဟူမျိုးနွယ် ခေါင်းဆောင် ပြောလိုက်သည်။
“ဆန်းမျိုးနွယ်ကလည်း သဘောတူပါတယ်” ဆန်းမျိုးနွယ်ခေါင်းဆောင် ပြောလိုက်သည်။
“ကျွန်တော်တို့ရောပါ” လီမျိုးနွယ် ခေါင်းဆောင် ပြောလိုက်သည်။
အားလုံး၏ အကြည့်များသည် ရှီမာတိုင်အပေါ်ရောက်လာသည်။ မျိုးနွယ် ၅ခုသည် ထိုအကြံကို ထောက် ခံကြကာ ကျန်သော အင်အားကြီးများကလည်း ဘာငြင်းဆိုချက်မှ မပြုပေ။၏
“ကျွန်တော့်ကို ဘာလို့အားလုံး ကြည့်ကြတာလဲ” ရှီမာတိုင်သည် ထိုင်ခုံနောက်မှီကို မှီကာ “ဒါက လူတွေ အားလုံး ပါနေတဲ့ကိစ္စပဲ ကျွန်တော်တို့ ရှီမာမျိုးနွယ်ကလည်း သဘောတူရမှာပေါ့”
ရှီမာတိုင် သဘောတူပြီးသည်ကို နာလန်မျိုးနွယ်ခေါင်းဆောင် မြင်သောအခါ သံသယဝင်သွားသည်။ သို့သော် ခဏကြာသောအခါ ပြောလိုက်သည် “ကျန်တဲ့သူတွေရော ဘယ်လိုလဲ”
“သဘောတူပါတယ်”
“သဘောတူပါတယ်”
နေရာရှိ အားလုံးသည် တခြားထင်မြင်ချက်မရှိပဲ သဘောတူကြသည်။
“ကောင်းပါပြီ” နာလန်မျိုးနွယ်ခေါင်းဆောင်သည် လက်ခုပ်တီးလိုက်သည်။ အားလုံးသည် ငြိမ်ကျသွား ကာ သူ ဆက်ပြောလေသည် “အားလုံးက မငြင်းဘူးဆိုတော့ အခုခေါင်းဆောင်ရွေးပါမယ်၊ သူက ပင်လယ် သားရဲတွေကို တိုက်ခိုက်တဲ့နေရာမှာ အားလုံးကို ဦးဆောင်ပါလိမ့်မယ်”
“ကောင်းပါတယ်” အားလုံး ခေါင်းညိတ်ကြသည်။
“ကျွန်တော်တို့် မဟာမိတ်ခေါင်းဆောင် ဖြစ်ချင်တဲ့သူ ရှိလားမေးပါရစေ” နာလန်မျိုးနွယ် ခေါင်းဆောင် ပြောလိုက်သည်။
“ပုံမှန်ဆိုရင် အင်အားအကောင်းဆုံးသူက ဒီကြီးတဲ့တာဝန်ကို ယူတာဖြစ်သင့်တယ်” တစ်စုံတစ်ယောက် အော်လိုက်သည်။
“ဒါဆို ကျွန်တော်တို့ နာလန်မျိုးနွယ်အကြီးအကဲ အလိုက်ဖက်ဆုံးပဲ”
“ဟုတ်တယ် ကျွန်တော်တို့ နာလန်မျိုးနွယ်အကြီးအကဲက အသန်မာဆုံးပဲ သူမက မဟာမိတ်အဖွဲ့ ရဲ့ ခေါင်းဆောင်ဖြစ်သင့်တယ်” တခြားတစ်ယောက်သည် ထောက်ခံလေသည်။
“ဟုတ်တယ်”
နာလန်မျိုးနွယ်ဝင်များ အားလုံး ပြုံးလိုက်ကြသည်။ တခြားသော မျိုးနွယ်များ၏ အကြီးအကဲများသည် ဒီလိုကဲ့သို့ အစည်းအဝေးကို မပါသည်ကို သိသဖြင့် သူတို့အကြီးအကဲကို တက်ခိုင်းထားသည်။ ထိုအကြောင်းပြ ချက်နှင့် မဟာမိတ်အဖွဲ့ခေါင်းဆောင်နေရာသည် သူတို့နာလန်မျိုးနွယ်ဆီသို့ အလိုလို ရောက်လာမည်။
သူတို့ မဟာမိတ်အဖွဲ့ခေါင်းဆောင်ဖြစ်လာပါက သေချာပေါက် ရှီမာမျိုးနွယ်အား ရှေ့တန်းပို့မည်။ သူတို့အား တိုက်ပွဲအရသာကို ခံစားခိုင်းမည်။
ထိုအကြီးအကဲ ပြုံးကာ ပြောလိုက်သည် “ဒီအဘွားကြီးက အသက်ကြီးနေပါပြီ ဘယ်လိုလုပ် ဒီတာဝန် ကိုယူနိုင်တော့မှာလဲ”
“နာလန်အကြီးအကဲ အနိမ့်ချပါနဲ့ မဟာမိတ်အဖွဲ့ခေါင်းဆောင်နေရာနဲ့ အကြီးအကဲက အလိုက်ဖက်ဆုံး ပါ”
“ဟုတ်ပါတယ်”
“နာလန်အကြီးအကဲ ဒီရာထူးကို ယူသင့်ပါတယ်”
နာလန်မျိုးနွယ် အကြီးအကဲသည် အားလုံး ထိုကဲ့သို့ ပြောနေကြသဖြင့် ခက်ခဲစွာ ပြောလေသည် “အားလုံးက ဒီလိုပြောနေကြတော့ ငါ့အတွက် ဂုဏ်ယူစရာပဲ…”
“ကျွန်တော်တို့ အင်အား အသန်မာဆုံးလူကို ပြောရမယ်ဆိုရင် ရှီမာမျိုးနွယ်က ရှီမာယူယူဖြစ်သင့်တာ မလား”
နာလန်မျိုးနွယ် အကြီးအကဲသည် စကားဖြတ်အပြောခံလိုက်ရသဖြင့် ပြောမည့်စကားကို မြိုသိပ်လိုက် ရသည်။
“ရှီမာယူယူက ဘယ်သူလဲ” တစ်စုံတစ်ယောက်က မေးလိုက်သည်။
နာလန်အကြီးအကဲ၏ အပြုံးမှာ ရပ်တန့်သွားသည်။ သူမသည် ထိုစကားပြောသော လူကို ကြည့်လိုက်ရာ ထိုလူသည် ဆန်းချောင်လီဖြစ်နေသည်။
“ရှီမာယူယူက ယူ မျိုးဆက်ကပဲမလား ရှီမာမျိုးနွယ်ရဲ့ အငယ်ဆုံးမျိုးဆက်ပဲ” သူမသည် နာလန်မျိုးနွယ် ခေါင်းဆောင်ကို ကြည့်ပြီးမေးလိုက်သည်။
“ဟုတ်ပါတယ်” နာလန်မျိုးနွယ်ခေါင်းဆောင် ပြန်ဖြေသည်။
“ငယ်ငယ်လေးပဲ ရှိသေးတာ သူက ဘယ်နနှစ်ကျင့်ကြံပြီးပြီလဲ အဲလိုလူက ဘယ်လိုလုပ် သန်မာလာ နိုင်မလဲ၊ လူငယ်ဆိုလည်း တွေ့ကရာမပြောသင့်ဘူး၊ ကလေးတစ်ယောက် ထွေရာလေးပါး ပြောတယ်လို့ပဲ မှတ်ယူလိုက်ပါ” တစ်စုံတစ်ယောက်သည် မကျေနပ်စွာ ပြောလေသည်။
ရှီမာယူယူသည် ဆန်းချောင်လီ သူမ နာမည်အား ပြောလိမ့်မည်ဟု ထင်မထားပဲ လွင့်နေသော သူမ စိတ်များ ဆန်းချောင်လီဆီသို့ ရောက်သွားလေသည်။
သူမ တစ်ယောက်တည်းသာ မဟုတ်ပေ။ အားလုံးသည် သူ့အား ကြည့်လိုက်ကြသည်။
ဆန်းချောင်လီသည် ဒေါသမထွက်ပေ။ သူ ရှင်းပြသည် “လူကြီးမင်းတို့ ပြောတာက အသန်မာဆုံး လူကို ပြောတာလေ သူမကျင့်ကြံခြင်းနဲ့ ဆုံးဖြတ်မယ်လို့ မပြောပါဘူး၊ ဒီရှီမာယူယူက လူကြီးမင်းတို့ထက် အားနည်းချင်နည်းပါမယ် ဒါပေမဲ့ သူမ စာချုပ်သားရဲနဲ့ ပေါင်းလိုက်ရင် လူကြီးမင်းတို့အားလုံးထက် ပိုသန်မာပါတယ်”
“အထွတ်အထိပ်သားရဲ”
“ဟုတ်ပါတယ် ကျွန်တော်တို့ တိုင်းပြည်မှာ အထွတ်အထိပ်သားရဲပေါ်လာပြီး တစ်စုံတစ်ယောက်နဲ့ စာချုပ် ချုပ်လိုက်တယ်ဆိုတာ ကျွန်တော်ကြားခဲ့ရပါတယ်၊ အဲလူက ရှီမာမျိုးနွယ်က လူငယ်လေးဖြစ်မယ်မှန်း မထင်ခဲ့ ပါဘူး”
ယိလင်းတိုင်းပြည်သည် ကြီးမားကာ ရှီမာယူယူမည်သူ ဖြစ်သည်ကို အားလုံးမသိနိုင်ပေ။ အခု သူမတွင် အထွတ်အထိပ် စာချုပ်သားရဲရှိသည်ဟု ကြားသည်နှင့် အားလုံး အတွေးများပြောင်းသွားလေသည်။
ဒီလိုဆိုရင် သူမက အသန်မာဆုံးပဲ။ သူမ အထွတ်အထိပ်သားရဲသည် ထိုနေရာရှိ လူအားလုံးကို ပြားပြား ဝပ်အောင်လုပ်နိုင်သည်။
နာလန်မျိုးနွယ်များသည် သူတို့အစီအစဉ် အလှည့်အပြောင်းဖြစ်သွားမည်ကို ထင်မထားကြပေ။ မဟာမိတ်အဖွဲ့ခေါင်းဆောင်နေရာသည် သူတို့လက်ထဲရောက်ခါမှ အပိတ်ခံလိုက်ရသည်။
“ဒီရှီမာယူယူက ငယ်လွန်းတယ် သူ့ကို အဲရာထူးပေးလိုက်ရင် အတွေ့အကြုံရှိမှာမဟုတ်ဘူး” နာလန် မျိုးနွယ်ခေါင်းဆောင်သည် မျက်နှာကြီးမည်းကာ ပြောလေသည်။