အပိုင်း (၃၉၁) – မဟာမိတ်ခေါင်းဆောင်ရာထူးအား လုယူခြင်း
Vol. 004 Ch. 391
ရှီမာယူယူသည် မဟာမိတ်ခေါင်းဆောင်ရာထူးအား စိတ်ဝင်စားမှုမရှိပေ။ သို့သော် သူမသည် နာလန် မျိုးနွယ်ကိုတော့ ခေါင်းဆောင်အဖြစ်မခံလိုပါ။ မဟုတ်လျှင် ရှီမာမျိုးနွယ် အန္တရာယ်ရှိနိုင်သည်။
သူမသည် နာလန်မျိုးနွယ်ခေါင်းဆောင်၏ မေးခွန်းကို ကြားသောအခါ ပြန်လည်ချေပ လိုက်သည် “ကျွန်တော့်မှာ ဟာစွန်ရှိနေသရွေ့တော့ အတွေ့အကြုံ ရှိတာ မရှိတာက အရေးမကြီးပါဘူး”
သူမ ပြောပြီးနောက်တွင် ဟာစွန်ကိုပါ ခေါ်ထုတ်လိုက်သည်။ ဟာစွန်ပေါ်လာသည်နှင့် သူ၏ အထွတ် အထိပ်သားရဲကိုယ်ရောင်အား ခန်းမတစ်ခုလုံးကို ဖြန့်ကျက်လိုက်သည်။
နာလန်မျိုးနွယ်ဝင်များသည် ဟာစွန်ကို မြင်လိုက်သောအခါတွင် မျက်နှာများမည်းသွားလေသည်။ သူ ပေါ်လာသည်နှင့် သူတို့ မဟာမိတ်ခေါင်းဆောင် ရာထူးမှာ ရရန် မသေချာတော့ပေ။
ရှီမာယူယူသည် နာလန်မျိုးနွယ်ဝင်များ ဖြစ်သွားပုံကိုကြည့်ပြီး သွားဖြဲပြကာ ပြောလေသည် “ပြီးတော့ ကျွန်တော် မဟာမိတ်အဖွဲ့ခေါင်းဆောင်ဖြစ်လာရင် အားလုံးရဲ့ ထင်မြင်ချက်ကို နားထောင်ပေးမှာပါ၊ ကျွန်တော် တစ်ယောက်တည်း ဆုံးဖြတ်ချက်နဲ့ မလုပ်ပါဘူး”
ပြောပြီးနောက်တွင် သူမသည် လီမျိုးနွယ်ခေါင်းဆောင်ကို ကြည့်လိုက်သည်။
လီမျိုးနွယ်ခေါင်းဆောင်သည် နှာရှုပ်ကာ ပြောလိုက်သည် “ကျွန်တော်တို့ မိတ်ဆွေလေး ယူယူကို ထောက်ခံပါတယ်”
“ကျွန်တော်တို့လည်း မိတ်ဆွေလေး ယူယူကို ထောက်ခံပါတယ်” ဆန်းမျိုးနွယ်ခေါင်းဆောင် အခိုင်အမာ ပြောလိုက်သည်။
ဟူမျိုးနွယ်သည်လည်း ရှီမာယူယူကို ထောက်ခံသည့် အနေအထားပြသည်။
“ကျွန်တော်တို့လည်း ယူယူကို ထောက်ခံပါတယ်” အမြဲတမ်းတိတ်နေတတ်သော တောင်နေကြတ် ဘုရင် အသံထွက်လာသည်။
“ကျွန်တော်တို့ရောပဲ” လအနောက်တော်ဝင် မိသားစုက ပြောလိုက်သည်။
အစောက နာလန်မျိုးနွယ်ကို ထောက်ခံသူများသည် နာလန်မျိုးနွယ်မှ အစကတည်းက စီစဉ် ထားပြီး ဖြစ်လေသည်။ ထိုအင်အားစုများသည် သူတို့နှင့် ရင်းနှီးသူများဖြစ်ကြသည်။ အရေးကြီးသော အင်အားစု များသည် စကားတစ်ခွန်းမှ မပြောခဲ့ပေ။
အခုတော့ အားလုံးသည် တစ်သားတည်း ရှီမာယူယူအား ထောက်ခံကြသည်။ ထိုအဖြစ်ကြောင့် နာလန် မျိုးနွယ်များ မျက်နှာပျက်ကြသည်။
ထိုသည်မှာ သူတို့မျက်နှာကို ဖြတ်ရိုက်သလိုပင်။
တခြားသော မျိုးနွယ်ကြီးများသည် အပြန်အလှန် ဆက်သွယ်နေကြသောကြောင့် အကြီးအကဲများ သည် ထောက်ခံကြသောအခါ ကျန်သောသူများလည်း ရှီမာယူယူအား ထောက်ခံကြတော့သည်။
ရှီမာယူယူသည် နာလန်မျိုးနွယ်ခေါင်းဆောင်၏ မျက်နှာသည် နီရဲကာ ပေါက်ထွက်မတတ်ဖြစ်နေ သည်ကို တွေ့လိုက်ရသည်။ သူမ ပြောလိုက်သည် “တစ်ဝက်ကျော်တော့ သဘောတူတယ်ငထ်တယ်၊ ဒီလို ဆိုရင်တော့ ကျွန်တော်က လေးလေးစားစားနဲ့ လက်ခံပါတယ်၊ ကျွန်တော် ဒီတစ်ခါ မဟာမိတ်အဖွဲ့ခေါင်းဆောင် လုပ်ပေးပါမယ်”
“မဟာမိတ်အဖွဲ့ခေါင်းဆောင်ကို နှုတ်ဆက်ပါတယ်” တချို့သည် သူမအား နှုတ်ဆက်ကြသည်။ ဟူနှင့် ဆန်းမျိုးနွယ်မှ ခေါင်းဆောင်များပင် သူမကို ခေါင်းညိတ်ကာ အသိအမှတ်ပြုလေသည်။ ထိုသည်မှာ သူမ လက်ရှိ ရာထူးအား လက်ခံသည့်သဘောဖြစ်သည်။
နာလန်မျိုးနွယ်သည် ထပ်ငြင်းသော်လည်း အားလုံး၏ ရွေးချယ်မှုကို မကျော်လွှားနိုင်ပေ။ သူတို့သည် သူမအား အသိအမှတ်ပြုရတော့သည်။
“အဖွဲ့ခေါင်းဆောင်က ယိလင်းတိုင်းပြည်ကို ပြန်ရောက်တာ မကြာသေးဘူးလို့ ကြားပါတယ်၊ အခု လက်ရှိ အခြေအနေကို နားမလည်သေးဘူးထင်ပါတယ်၊ ဒီအင်အားတွေကို ဘယ်လိုစီစဉ်မလဲ” နာလန်မ မျိုးနွယ် ခေါင်းဆောင်သည် သူမအား ခက်ခဲသော မေးခွန်းကို မေးလိုက်သည်။
“ကျွန်တော်လည်း အဲဒါပြောမလို့ပါ နာလန်မျိုးနွယ်က မေးတော့ အဲအကြောင်းကို စိုးရိမ်နေတယ် ထင်တယ်” ရှီမာယူယူ ပြုံးပြီး ပြောလိုက်သည် “နာလန်မျိုးနွယ်ခေါင်းဆောင် ပြောခဲ့သလိုပဲ မဟာမိတ် အဖွဲ့ခေါင်းဆောင်ဖြစ်တာက ဟာစွန်ရှိတာက လွဲပြီး ကျွန်တော့်မှာ အတွေ့အကြုံ နှစ်၁၀၀မရှိပါဘူး အဲဒါကြောင့် အားလုံးကို စီစဉ်မယ့် ကိုယ်စားလှယ်ခေါင်းဆောင် ထားဖို့ စီစဉ်ထားပါတယ်၊ ကျွန်တော် မရှိတဲ့အချိန်ကို သူကပဲ အားလုံး ဆုံးဖြတ်ပါလိမ့်မယ်”
ရှီမာတိုငသည် သူမ ပြောသည်ကို ကြားသောအခါ တစ်စုံတစ်ရာလွဲနေသည်ဟု ခံစားလိုက်ရသည်။
ထင်ထားသည့်အတိုင်းပင် ရှီမာယူယူ၏ နောက်ပြောလိုက်သော စကားများသည် သူမှန်းထားသည့် အတိုင်းပင်။
“ကျွန်တော့် မျိုးနွယ်ခေါင်းဆောင်က သန်မာပြီး ကိုယ့်စကားကို တာဝန်ယူရဲပါတယ်၊ အဲတော့ သူ့ကို ခေါင်းဆောင်ခန့်မလို့ပါ၊ ဘယ်သူမှ မကန့်ကွက်ဘူးလို့ထင်ပါတယ်” ရှီမာယူယူ ပြောလိုက်သည်။
အားလုံးသည် ကန့်ကွက်လိုပါသော်လည်း မဟာမိတ်ခေါင်းဆောင် ရာထူးသည် ရှီမာမျိုးနွယ် ရပြီးသား ဖြစ်လေသည်။ ဒါက လက်ဝါးကြီး အုပ်လိုက်ပြီမဟုတ်လား။
သို့သော် သူမ ဘေးမှ ဟာစွန်အား ကြည့်ကာ သူတို့သည် ပြောမည့်စကားလုံးများကို မြိုသိပ်လိုက် ကြသည်။ သူတို့သည် စကားများမပြောကြသော်လည်း ကန့်ကွက်မှုမရှိသည့် အမူအရာများ ဖြစ်သွားကြသည်။
“ဒီလိုဆိုရင် အဲလိုပဲ ဆုံးဖြတ်လိုက်ပါမယ်၊ ဟာစွန်က မဟာမိတ်ခေါင်းဆောင် ရာထူးကို ယူပါလိမ့်မယ်၊ သူစီစဉ်တာကို နားမထောင်ရင် သူ ဒေါသထွက်ပါလိမ့်မယ်” ရှီမာယူယူ ပြောလိုက်သည် “ပြီးတော့ မဟာမိတ် အဖွဲ့ခေါင်းဆောင်က စီစဉ်မှုအားလုံကို တာဝန်ယူပါမယ်၊ သူက ကျွန်တော်မရှိတဲ့အချိန်ကို ကျွန်တော့်အာဏာကို ရပါလိမ့်မယ်၊ အားလုံး အဆင်ပြေမယ်ထင်ပါတယ်”
“ဟုတ် ဟုတ် ပြေပါတယ် ပြေပါတယ်”
ရှီမာယူယူသည် လှည့်ပတ်ကြည့်ပြီး အသေးစိတ်ပြောပြလေသည် “အားလုံးရှေ့မှာပဲ ကျွန်တော် ရက်စက်တဲ့ စကားပြောပါမယ်၊ တစ်ယောက်ယောက်က မဟာမိတ်အဖွဲ့ ခေါင်းဆောင်ရဲ့ ညွှန်ကြားချက်ကို မလိုက်နာလို့ ဖြစ်လာမယ့် ဒုက္ခကို ကျွန်တော့်ကိုလာပြီး အစအဆုံးအပြစ်မတင်ကြပါနဲ့ ဟာစွန်နဲ့ ကျွန်တော်က တစ်ခုခုဖြစ်လာရင် စိတ်ကောင်းရှိတဲ့ သူတွေမဟုတ်ပါဘူး၊ ကျွန်တော် အပြစ်ပေးမှ ကျွန်တော်တို့ကို အပြစ်မတင် ပါနဲ့”
“…..”
အားလုံး ဆွံ့အသွားကြသည်။ ထိုသည်မှာ ခြိမ်းခြောက်မှုပင်။ သူမက မဟာမိတ်အဖွဲ့ ခေါင်းဆောင် တစ်ယောက်အနေနဲ့ စကားကိုလှအောင် ပြောလို့မရဘူးလား။
“အဖွဲ့ခေါင်းဆောင်ပြောချင်တာကို ကျွန်တော်တို့ နားလည်ပါတယ်” နာလန်မျိုးနွယ်ခေါင်းဆောင်သည် မပျော်ရွှင်စွာ ပြောလေသည် “ဒါပေမဲ့ အားလုံးက ဒီကိုလာပြီး အဲဒီပင်လယ်သားရဲတွေအကြောင်းကို လာဆွေးနွေး ကြတာ၊ အဖွဲ့ခေါင်းဆောင်အနေနဲ့ ဘာအစီအစဉ်များရှိဦးမလဲ”
“နာလန်မျိုးနွယ်ခေါင်းဆောင် အဖွဲ့ခေါင်းဆောင်က အဲဒီအစီအစဉ်ကို အဖွဲ့ခေါင်းဆောင်ကပဲ လုပ်မယ် လို့ ပြောပြီးပြီလေ၊ အခုမေးတာက အဖွဲ့ခေါင်းဆောင်ကို အကြပ်ရိုက်စေတယ်၊ မဟုတ်ရင် အဖွဲ့ခေါင်းဆောင်ရဲ့ ညွှန်ာကားချက်ကို နားမထောင်ချင်တာလား” ဟူမျိုးနွယ်ခေါင်းဆောင် မေးလိုက်သည်။
“သူဘာပြောတယ်ဆိုတာ ကျွန်တော် ဘယ်လိုလုပ်မကြားလိုက်ရမှာလဲ၊ အဖွဲ့ခေါင်းဆောင် ပိုပြီး အသေး စိတ်ရှင်းပြမယ်ဆို ပိုကောင်းမယ်ထင်လို့ပါ၊ သူက ဒီရာထူးကို ယူထားပေမယ့် ဖြစ်နေတဲ့အခြေအနေတွေကို မသိသေးဘူးလေ၊ ဘယ်လိုလုပ် တခြားဝိညာဉ်သခင်တွေကို ယုံကြည်စေမှာလဲ” နာလန်မျိုးနွယ်ခေါင်းဆောင် ချေ ပ သည်။
ရှီမာယူယူ ပြုံးကာ ပြောလိုက်သည် “နာလန်မျိုးနွယ်ခေါင်းဆောင် ပြောတာ မှန်ပါတယ်၊ ဒါပေမဲ့ ကျွန်တော် ဘာမှမသိတာတော့မဟုတ်ပါဘူး”
“ဒါဆို အဖွဲ့ခေါင်းဆောင် ဘယ်လောက်သိထားလဲ”
“မထင်မှတ်ပဲနဲ့ ပင်လယ်မူမမှန်တာကို ကျွန်တော်တစ်ယောက်ပဲ မြင်ခဲ့တယ်” ရှီမာယူယူ ပြောလိုက် သည် “လွန်ခဲ့တဲ့ ၃နှစ်က ကျွန်တော့်အဘိုးနဲ့ ကျွန်တော်နဲ့ မျိုးနွယ်ကို ပြန်လာခဲ့တယ်၊ ပြီးတော့ ကျွန်တော်တို့ ဆေးဖက်ဝင်ပစ္စည်းတွေရှာဖို့ ဝေဒနာမေ့ပျောက်ခြင်းကျွန်းကို သွားခဲ့ကြပြီး အဲမှာ ဒီလိုအခြေအနေနဲ့ တွေ့ခဲ့ ရတယ်…”
သူမသည် ဖြစ်ပျက်ခဲ့သမျှကို ပြန်ပြောရာ အားလုံးသည် အနက်ရောင်အလင်းတန်း၏ စွမ်းအားကို ကြောက်ရွံ့သွားကြသည်။
“အဲမတော်တဆမှုကြောင့် ဒီလိုဖြစ်တယ်ဆိုရင် ရှီမာမျိုးနွယ်က ပင်လယ်ပြင်မှာ မငြိမ်းချမ်းတော့ဘူး ဆို တာ သိတာ နည်းနည်းကြာပါပြီ၊ ကျွန်တော့် မျိုးနွယ်ခေါင်းဆောင်က ဒီအကြောင်းကို ပြောနိုင်မယ်လို့ ယုံကြည် ပါတယ်” ရှီမာယူယူ ဆက်ပြောလေသည်။
“ဟုတ်ပါတယ်” ရှီမာတိုင် ဆက်ပြောလေသည် “အဲတုန်းက အခြေအနေတွေက အရမ်းကြောက် ဖို့ ကောင်းလို့ မပြောခဲ့တာပါ၊ အားလုံး ကြောက်မှာစိုးလို့ ကျွန်တော်တို့ လွယ်လွယ်မပြောရဲခဲ့ဘူး”
“ဒါဆို ဘာလို့ အုခမှပြောလဲ” တစ်စုံတစ်ယောက် မေးလိုက်သည်။
“ဘာလို့လဲဆိုတော့ မဟာမိတ်အဖွဲ့ခေါင်းဆောင် ပြန်လာလို့ပါ” ရှီမာတိုင်သည် အားလုံးကို ကြည့်ပြီး ပြောလိုက်သည် “တကယ်လို့ အဖွဲ့ခေါင်းဆောင် ပြန်မလာခဲ့ရင် ကျွန်တော်တို့မှာ သူ့ရဲ့ အထွတ်အထိပ် သားရဲမရှိခဲ့ရင် ဘယ်သူက ဒီလိုဝင်ပါရဲမှာလဲ”
သူတို့ စဉ်းစားကြည့်လျှင်လည်း မှန်သည်။ သူတို့သည် ဝေဒနာမေ့ပျောက်ခြင်းကျွန်းဆိုသည်မှာ ဝေးစွ ပင်လယ်ထဲသို့ မိုင်ပေါင်း တစ်သောင်းကိုပင် မသွားဖူးပေ။
“ဒါပေမဲ့ ဘယ်အကြောင်းကြောင့် ပင်လယ်သားရဲတွေ ဒေါသထွက်ထွက် ကျွန်တော်တို့ ထပ်ပြီး ရှာဖွေ ရဦးမယ်” ရှီမာယူယူ ပြောလိုက်သည် “ပင်လယ်က အမြဲတမ်း တည်ငြိမ်နေတာ၊ ဒါပေမဲ့ ဒီလိုအခြေအနေဖြစ် လာတာ အကြောင်းတော့ရှိရမယ်၊ အကြောင်းအရင်းကို ရှာတွေ့တာနဲ့ ဖြေရှင်းလို့ရမှာပါ၊ ပင်လယ်ပြင်ကို စုံစမ်း ဖို့ ဟာစွန်ကို ကျွန်တော်ခေါ်သွားဖို့ ဆုံးဖြတ်ပါတယ် လူကြီးမင်းတို့အားလုံးက ပင်လယ်ပြင်ကို စောင့်ကြပ်ရပါမယ် ကျွန်တော်တို့ ပြန်လာတာနဲ့ ဒီနေရာ ပျောက်သွားမယ့်အဖြစ်မျိုး မလိုချင်ပါဘူး”
“အဖွဲ့ခေါင်းဆောင် စိတ်ချပါ၊ ကျွန်တော်တို့ အစွမ်းကုန် ဒီတိုင်းပြည်ကို ကာကွယ်သွားမှာပါ” တစ်စုံ တစ်ယောက် ပြောလိုက်သည်။
“အဖွဲ့ခေါင်းဆောင်က အန္တရာယ်တွေအများကြီးနဲ့ တွေ့နိုငတယ်၊ ဘယ်သူ့ကို ခေါ်သွားမလဲဆိုတာ သိချင်ပါတယ်” ဆန်းချောင်လီ မေးလိုက်သည်။
“သွားရမယ့်လမ်းက အန္တရာယ်များတယ် ကျွန်တော် တတ်နိုင်သလောက် လူနည်းနည်းပဲ ခေါ်သွားပါ မယ်” ရှီမာယူယူသည် စဉ်းစားပြီးနောက် ပြောလိုက်လေသည် “အစတုန်းက ကျွန်တော် တစ်ယောက်တည်း သွားမလို့ပဲ ဒါပေမဲ့ အခု နာလန်မျိုးနွယ်အကြီးအကဲကို တွေ့တော့ သူမ ကျွန်တော်နဲ့ လိုက်ချင်မလား မေးချင် ပါတယ်၊ ဒီအခြေအနေ စုံစမ်းဖို့အတွက် အကြီးအကဲက တစ်စိတ်တစ်ပိုင်းပါဝင်ချင်လား မေးချင်ပါတယ်”