← Chapters

အပိုင်း (၃၉၂) – တိမ်တိုက်အမည်းနှင့်တွေ့ဆုံခြင်းနှင့် ဒဏ်ရာရခြင်း

Vol. 004 Ch. 392

အပိုင်း (၃၉၂) – တိမ်တိုက်အမည်းနှင့်တွေ့ဆုံခြင်းနှင့် ဒဏ်ရာရခြင်း

Vol. 004 Ch. 392

နာလန်မျိုးနွယ်အကြီးအကဲသည် ရှီမာယူယူ လူအများရှေ့တွင် ထိုကဲ့သို့ ပြောလာမည်ဟု ထင်မထားခဲ့ ပေ။ ဒီလိုအခြေအနေမျိုးမှာ သူမ ဘယ်လိုလုပ် ငြင်းရမလဲ။ ငြင်းလို့မရဘူးလေ။ နာလန်မျိုးနွယ်က တိုင်းပြည် တစ်ခုလုံးအတွက် ရယ်စရာဖြစ်သွားလိမ့်မယ်။

“အဖွဲ့ခေါင်းဆောင်က အဲလိုပြောမှတော့ ဒီခရီးကို လိုက်ရမှာပေါ့”

“အကြီးအကဲ..” နာလန်ဂျီသည် ရှီမာယူယူအား ဒေါသဖြင့် ကြည့်လိုက်သည်။ သူမသည် နာလန်မျိုးနွယ် အကြီးအကဲကို သူမနှင့်အတူလိုက်ရန် မေးရဲသည်။ သူမ ဘာလို့အဲလောက်လွယ်လွယ်နဲ့ သဘောတူလိုက်တာ လဲ။

“အဖွဲ့ခေါင်းဆောင် ကျွန်တော်လည်း အကြီးအကဲနဲ့လိုက်ပါမယ်” နာလန်ဂျီသည် ပြောလိုက်သည်။

“မင်းလား” ရှီမာယူယူသည် သူ့အား သိမ်မွေ့စွာ ကြည့်ပြီး ပြောလိုက်သည် “ထားလိုက်တော့ မင်း စွမ်းရည်က အရမ်းအားနည်းသေးတယ်၊ မင်း ငါတို့နဲ့လိုက်ရင် သူ ငါတို့ကို မိသွားလိမ့်မယ်” နာလန်ဂျီသည် သူမ ပြောသောစကားတွင် အထိနာကာ ဘာမှမပြောနိုင်ပေ။ ထိုအချိန်တွင် သူ့ဘာသာ လက်လျော့ရုံအပြင် မရှိတော့ပေ။ တစ်နှစ်သာကြာကာ အားလုံးသည်လည်း ရှေ့ဆက်သွားချိန်တွင် မျက်စိတမှိတ်အတွင်း သူမသည် သူတို့ထက် မြင့်သော နေရာသို့ ရောက်သွားလေပြီ။

“ငါလည်း လိုက်ခဲ့မယ်” ရှီမာယူလင်း ပြောလိုက်သည်။

“ကောင်းပြီ” ရှီမာယူယူသည် သဘောတူကာ လူအုပ်ဘက်သို့ လှည့်ကာ ပြောလိုက်သည် “အခြေအနေ ကတော့ အရေးကြီးနေတယ်၊ ကျွန်တော် သူတို့နဲ့ အခြေအနေကိုသွားစစ်ဆေးမယ်၊ ဒီက အခြေအနေတွေ အားလုံးကို အပ်ခဲ့ပါတယ်”

“အဖွဲ့ခေါင်းဆောင် မစိုးရိမ်ပါနဲ့ အဘိုးတို့ သေချာဆွေးနွေးလိုက်ပါမယ်” ရှီမာတိုင် ပြောလိုက်သည်။ ရှီမာယူယူသည် ရှီမာတိုင်၏ စကားများကို နားလည်သည်။ နာလန်မျိုးနွယ်များ ထွက်သွားရန် မဖြစ်နိုင်တော့ပေ။

“နာလန်အကြီးအကဲ အချိန်မရှိတော့ဘူး သွားရအောင်” သူမ ပြောလိုက်သည်။ နာလန်အကြီးအကဲ သည် စိတ်မပါစွာ ထလိုက်သည်။ သူမသည် ချက်ချင်းထွက်ခွာရမည်ကို မသိသေးပဲ မလိုက်လိုသောကြောင့် ဆင်ခြင်ပေးရန် စဉ်းစားနေလေသည်။ သူမ အခု ဘယ်လိုဆင်ခြေပေးတော့မလဲ။ ရှီမာယူယူသည် နာလန် အကြီးအကဲ၏ အကြံကိုသိသောကြောင့် ချက်ချင်းသွားရန် ပြောလိုက်သည်။ သူမသည် မိခင်ကျောက်တုံး ထုတ်ကာ ဝေကျိရွှီနှင့် တခြားသူများနှင့်တွေ့ရန် ဆက်သွယ်ပြီးနောက် နာလန်အကြီးအကဲကို ခေါ်ကာ ထွက်သွား လေသည်။ သူတို့ မြို့အဝင်ဂိတ်သို့ ရောက်သောအခါ ဝေကျိရွှီတို့သည် ရောက်နှင့်ပြီးလေပြီ။ သူတို့ သည် နာလန်အကြီးအကဲကိုမြင်သောအခါ သိချင်သွားကြသည်။ သူမက ဘယ်လိုလုပ် ဒီအေးစက်တဲ့ အဘွား ကြီးကို ခေါ်လာရတာလဲ။

“အဲဒါ ဘယ်သူလဲ ယူယူ” ဖက်တီးကျူ မေးလိုက်သည်။

“သူက နာလန်မိသားစုရဲ့ အကြီးအကဲပါ၊ သူက ငါတို့နဲ့ သမုဒ္ဒရာ နယ်နိမိတ်ကို လိုက်လိမ့်မယ်” ရှီမာယူယူ ပြောလိုက်သည် “ပင်လယ်ကို သွားဖို့ ပြင်ရအောင်”

“ခဏလေး” နာလန်အကြီးအကဲသည် ကန့်ကွက်လေသည်။ သူမသည် ဝေကျိရွှီနှင့် ကျန်သော သူများကို ကြည့်ကာ ပြောလိုက်သည် “မင်းတို့လည်း သွားကြမှာလား”

“ဟုတ်ပါတယ်”

“ငါသဘောမတူဘူး” နာလန်အကြီးအကဲသည် ပေါ့ပေါ့ပင် ပြောလိုက်သည် “သူတို့ စွမ်းရည်တွေက အားနည်းနေသေးတယ်၊ သူတို့လိုက်မယ်ဆိုရင် ငါတို့ကို ဆွဲချသလိုဖြစ်လိမ့်မယ်” သူမသည် ရှီမာယူယူ လုပ်သကဲ့သို့ အခွင့်အရေးကို ဖျက်ဆီးလိုက်သည်။ ပင်လယ်သည် အန္တရာယ်များကာ သူတိုပသည် သူ့အား တစ်ချိန်လုံး မကာကွယ်နိုင်ပေ။ သို့သော် လူများလျှင် သူမ အစီအစဉ်အား အနှောင့်အယှက်ဖြစ်ရုံသာမက သူမ ကိုပင် အန္တရာယ်ကျအောင် လုပ်သလိုက်သလိုပင်။

ရှီမာယူယူ အေးစက်စွာ ရယ်မောကာ ပြောလိုက်သည် “အဘွားရဲ့ ထင်မြင်ချက်က ဘာပဲဖြစ်ဖြစ်ပါ မမေ့ပါနဲ့ ကျွန်တော်က မဟာမိတ်အဖွဲ့ခေါင်းဆောင်ပါ၊ ကျွန်တော်တို့ အားလုံးရဲ့ မျက်ကွယ်ရောက်တာနဲ့ အဘွား က ကျွန်တော့်အမိန့်ကို ဖီဆန်ချင်တာလား”

“မဟာမိတ်အဖွဲ့ခေါင်းဆောင်လား” ဖက်တီးကျူသည် အဖြစ်အပျက်များကို မသိထားသဖြင့် သူ့အား ကြည့်လိုက်သည်။ ပင်လယ်သားရဲအကောင်သေများကို ရှင်းလင်းရေးလုပ်နေသော ဝိညာဉ်သခင်များသည်လည်း အလွန်သိချင်သွားသည်။ နာလန်အကြီးအကဲသည် ထိုလူများအား ကြည့်လိုက်ရာ အားကောင်းသော စံတင် ဝိညာဉ်ရောင်ဝါများ ထွက်ပြီးနောက် ဖြေးညင်းစွာ ပြန်ကျသွားသည်ကို တွေကလိုက်ရသည်။ သူမသည် ရှီမာယူယူ အားကြည့်ကာ ပြောလိုက်သည် “အဖွဲ့ခေါင်းဆောင်က စိတ်အားထက်သန်နေမှတော့ တစ်ခုခုဖြစ်လာရင် ကျွန်မ ကို အပြစ်မတင်ပါနဲ့”

“မလိုပါဘူး” ရှီမာယူယူသည် သူမအား ဂရုမစိုက်ပဲ ငှက်လေးခေါ်ကာ ပင်လယ်သို့သွားလေသည်။ သူတို့ ထွက်သွားပြီးသည်နှင့် ဝိညာဉ်သခင်များသည် သူတို့အားကြည့်ကာ ပြန်လာမည့်လမ်းကို သက်ပြင်းချမိလေသည်။ ငှက်လေးပျံသည်နှင့် ကိုယ်မှ ကြောက်သည့်ကိုယ်ရောင် ထွက်လာသည်၊ ပင်လယ်သားရဲအနိမ့်များသည် ထွက်လာ ရဲသဖြင့် သူတို့သည် ညမှပင် လုံခြုံစွာ ပျံနိုင်ကြသည်။ သို့သော် ထိုသည်မှာ အစပင်ရှိသေးသည်။ သူတို့ သမုဒ္ဒရာ နယ်နိမိတ်ကို နက်သထက်နက်သွားသည်နှင့် ငှက်လေးသည် စိတ်အားငယ်လာသည်။ ထိုနေရာတွင် အထွတ် အထိပ်သားရဲများ အများအပြားရှိကာ သူသည် ကိုယ်ရောင်ကိုယ်ဝါကို အခန့်မသင့်ပဲ ထုတ်လွှတ်မိပါကာ သူတို့အား ပိုဆွဲဆောင်သွားစေမည်။ အရင်ကဆိုလျှင် ရှီမာယယူ ဂရုမစိုက်ပေ အဘယ့်ကြောင့်ဆိုသော ပင်လယ် သားရဲများ သည် ရေထဲတွင်သာနေကာ သူတို့အား ဒုက္ခမပေးနိုင်ပေ။ သို့သော် အခု သူတို့ပျံနိုင်လျှင်တောင် အန္တရာယ် များလွန်းသည်။

“ဟိုမှာ တိမ်တိုက်အမည်း” ဘေဂုံထန်သည် ကောင်းကောင်အား ညွှန်ပြရင်းပြောလေသည်။ ကောင်း ကင်သည် ကြည်လင်ကာ တိမ်ကင်းစင်နေသောကြောင့် ထိုတိမ်တိုက်အမည်းသည် ထင်းနေသည်။

“သွားကြည့်ရအောင်” ရှီမာယူယူသည် ငှက်လေးအား အမိန့်ပေးလိုက်သည်။  သူတို့သည် တိမ်တိုက် အမည်းဆီသို့ လျင်မြန်စွာ ရောက်သွားလေသည်။ သူတို့တွက်ထားသည့်အတိုင်းပင် ထိုတိမ်တိုက်အမည်းသည် သာမန်တိမ်တိုက်နှင့် ကွဲပြားသည်

“ဒါဆို တိမ်တိုက်ထဲသွားကြည့်ကြမလား” ဖက်တီးကျူ အကြံပေးလိုက်သည်။

“ကောင်းတယ်” ရှီမာယူယူလည်း ထိုကဲ့သို့ စဉ်းစားသည်

“ခဏလေး” တစ်ချိန်လုံးတိတ်နေသော ယွန်ရိသည် ရုတ်တရက် ပြောလိုက်သည်။

“ဘာဖြစ်လို့လဲ ယွန်ရိ” ရှီမာယူယူ မေးလိုက်သည်။

“ဒီတိမ်တိုက်ကို အရင်တိုက်ခိုက်ကြည့်ဦး” ယွန်ရိ ပြောလိုက်သည် ရှီမာယူယူ နားမလည်သော်လည်း သူ ပြောသည့်အတိုင်းသွားကာ တိမ်တိုက်အား ကိုယ်ရောင် ထုတ်လွှတ်လိုက်သည်။

ရွှီး…

သူမ တိုက်ခိုက်မှုသည် တိမ်တိုက်သို့ဝင်သွားကာ တိမ်တိုက်သည် ကွဲသွားခြင်းမရှိပေ။ သူမ စွမ်းအင်များ ကို တိမ်တိုက်မှ ဝါးမြိုသွားကာ ထူးဆန်းသော အသံပင်ထွက်လာသည်။ ထိုအသံသည် စူးရှသည်သည့် အပြင် သူတို့ ဆံပင်ပါထောင်သွားရသည်

“ဒီတိမ်တိုက်က ဘာလဲ ထူးဆန်းလိုက်တာ” ဖက်တီးကျူ ညည်းညူလိုက်သည်။

“ထူးဆန်းတယ်” ဝူရန်ဖေလည်း အံ့သြသွားသည်။

“ထပ်ကြည့်ရအောင်” ရှီမာယူလင်း ပြောလိုက်သည်

“ကောင်းပြီ” ရှီမာယူယူသည် ငှက်လေးအား စီးကာ တိမ်တိုက်နှင့် ပိုနီးအောင်သွားပြီး အားကောင်းသော တိုက်ခိုက်မှု တစ်ခု ပစ်လိုက်သည်။

ရွှီး….

ထိုတိမ်တိုက်သည် စူးရှသောအသံထွက်လာကာ သူတို့နားများပင် မခံနိုင်ကြပေ။

“မဖြစ်ဘူး” ဟာစွန်သည် တိုးညင်းစွာရေရွတ်ပြီး လျင်မြန်စွာ ထိုးဆင်းကာ သူတို့အား ကာပေးလိုက် သည်။ သူတို့သည် အသံမှကာလိုက်သော်လည်း ငှက်လေးနှင့် တချို့သည် ရေသို့ ကျသွားလေသည် ရှီမာယူလင်းသည် လျင်မြန်စွာ သူ့သားရဲပျံကို ခေါ်ထုတ်ပြီး ဖမ်းလိုက်လေသည်

သူတို့ သားရဲပျံကျောပြင်ပေါ် ရောက်သွားသောအခါ သူတို့ခန္ဓာကိုယ်များသည် အားနည်းနေကာ ခေါင်း ကိုက်နေကြသည်။ အချိန်အတော်ကြာသောအခါ ရှီမာယူယူ အရင်ဆုံးထလာသည်။ သူတို့အဖွဲ့အားနည်းနေ သည်ကို တွေ့သည်နှင့် ဆေးထုတ်ကျွေးလိုက်သည်။ ထိုဆေးများသည် ဝိညာဉ်အရည်ပါကာ ဝိညာဉ်ဒဏ်ရာများ အတွက် ကုသရာတွင် သက်ရောက်စေသော ဆေးများဖြစ်သည်။ ထိုစူးရှသော အသံသည် သူတို့ အကြားအာရုံ ကို ထိခိုက်သွားကာ သူတို့ဝိညာဉ်ကိုလည်း ထိုးဖောက်ပြီး နာကျင်မှုကို ခံစားစေသည်။ သူတို့ ဆေးစားပြီးနောက် သက်သာလာကာ သူတို့ထိုအတွေ့အကြုံအား ကြောက်ရွံ့မိသည်။

“အဲဒါဘာကြီးလဲ” နာလန်အကြီးအကဲသည် အသက်အကြီးဆုံးဖြစ်ကာ သူမ ဒဏ်ရာသည် အဆိုး ဆုံးဖြစ်သည်။ သူမသည် ရှီမာယူယူ၏ ဆေးကို သောက်ပြီးသော်လည်း အားနည်းနေသေးသည်။

ရှီမာယူယူသည်လည်း နားမလည်နိုင်တော့ပေ။ အဲဒါက တိမ်တိုက်အမည်းပဲမလား..ဘာလို့ ပြန်တိုက် ခိုက်နိုင်တာလဲ။

သူသည် အခြေအနေအား ခန့်မှန်းမိပုံရသော ယွန်ရိအား ကြည့်ကာ မေးလိုက်သည် “ယွန်ရိ မင်း ဘာသိတာရှိလဲ”

All Chapters