အပိုင်း (၃၉၃) – ဝိညာဉ်စားသားရဲ
Vol. 004 Ch. 393
ယွန်ရီသည် တိမ်တိုက်အဝေးသို့ လွင့်သွားသည်ကို သတိထားမိကာ ပြောလိုက်သည် “အရင်ဆုံး လိုက် သွားရအောင် နောက်မှ ဘာလဲဆိုတာ ပြောပြမယ်”
“ကောင်းပြီ”
သားရဲပျံသည် အားလုံးကို တင်ဆောင်ကာ လွင့်သွားသော တိမ်တိုက်နောက်ကို လိုက်ခဲ့လေသည်။ ထို တိမ်တိုက်သည် မြန်မြန်လာကာ ရှီမာယူယူနှင့် တခြားသူများ လိုက်ရာတွင် လှုပ်ရမ်းနေလသည်။ တိမ်များသာ ရှင်းမနေပါက ထိုတိမ်တိုက်သည် သူတို့မျက်စိရှေ့မှ လျင်မြန်စွာ ပျောက်သွားနိုင်ကာ ဖမ်းမိနိုင်မည် မဟုတ်ပေ။
နာလန်အကြီးအကဲ့သည် ယွန်ရိ ကိုယ်ရောင်အား သိပ်မခံစားမိသဖြင့် သူ့အား သတိမထားမိပေ။ သူ သည် ဝေကျိရွှနှင့် တခြားသူများနှင့် လိုက်လာသည်ဖြစ်၍ သူ့အား ကြည့်ရုံသာကြည့်ပြီး ကျော်သွားခဲ့သည်။ အခု သူ့အားကြည့်ရာ သူမစိတ်ထဲမှ ကြောက်စိတ်များဖြစ်မိသည်။
“ယွန်ရိ အဲဒါဘာလဲ အခုပြောနိုင်ပြီလား” ရှီမာယူယူ မေးလိုက်သည်။
ယွန်ရိသည် တိမ်တိုက်အမည်းအား ကြည့်ပြီး သူ့မျက်နှာသည် လေးနက်လာကာ ပြောလိုက်သည် “ငါ ထင်တာမမှားဘူးဆိုရင် အဲဒါ ဝိညာဉ်စားသားရဲပဲ”
“ဝိညာဉ်စားသားရဲဟုတ်လား” သူတို့ ကြားလိုက်သောအခါ အားလုံး ကြောက်သွားကြသည်
“ဝိညာဉ်စားသားရဲက ဘာလဲ ငါအရင်က မကြားဖူးပါဘူး” ဖက်တီးကျူ မေးလိုက်သည်။
“ဝိညာဉ်စားသားရဲက အမှောင်ဝိညာဉ်သားရဲပဲ ပြီးတော့ သူတို့ကို နတ်ဆိုးလောကနဲ့ တစ္ဆေလောက မှာပဲ သုံးတယ်၊ ဒါပေမဲ့ ငါ ရှေးဟောင်းစာအုပ်တွေမှာ ဖတ်ဖူးတာတော့ ဝိညာဉ်စားသားရဲက နတ်ဆိုး လောကနဲ့ တစ္ဆေလောကမှာ ပျောက်သွားတာ ကြာပြီပဲ” ယွန်ရိ ပြောလိုက်သည်။
“သူတို့က နတ်ဆိုးလောကနဲ့ တစ္ဆေလောကမှာ မရှိတော့ဘူးဆိုရင် ဒီလို ဝိညာဉ်စားသားရဲက ဘယ်က ရောက်လာတာလဲ” ရှီမာယူယူ မျက်မှောင်ကြုတ်လိုက်သည်။ အခု နတ်ဆိုးလောကနှင့် တစ္ဆေလောက ပါ ပါဝင်လာပါက ထိုအခြေအနေသည် အလွန်ရှုပ်ထွေးသွားမည်။ တစ်ချိန်တည်းမှာပင် သူမ စိတ်ထဲမှ မိုရှားနှင့် ဆက်သွယ်ကာ သူ့အား ဝိညာဉ်စားသားရဲအကြောင်း မေးမိသည်။
“ဝိညာဉ်စားသားရဲလား” သူသည် ရှီမာယူယူ ပြောသည်ကို ကြားသောအခါ ပြောလိုက်သည် “လွန်ခဲ့တဲ့ ရာစုနှစ်တွေတုန်းက နတ်ဆိုးလောကမှာ ဝိညာဉ်စားသားရဲတွေ ရှိခဲ့တယ်၊ သူတို့က ဝိညာဉ်တွေကို စားတဲ့အတွက် အန္တရာယ်များလို့ နတ်ဆိုးလောကတစ်ခုလုံးက မျိုးစိတ်တစ်ခုလုံးကို ဖျက်ဆီးခဲ့ကြတယ်၊ အဲလိုနဲ့ နတ်ဆိုး လောကမှာ ဝိညာဉ်စားသားရဲကမရှိတော့တာပဲ၊ မင်း ဝိညာဉ်စားသားရဲအကြောင်းကို ဘယ်ကကြားလာတာ လဲ”
ရှီမာယူယူသည် သူမ ဝိညာဉ်များကို စုပ်ယူသော တိမ်တိုက်အမည်းကို မြင်ရကာ သူတို့ တိုက်ခိုက် ခံရ သည့်အကြောင်းများကို ပြန်ပြောပြလေသည်။ မိုရှားသည် ခဏတာမျှတိတ်ဆိတ်သွားပြီး ပြောလိုက်သည် “မင်း ပြောတာ ကြားရသလောက်တော့ အဲဒါ ဝိညာဉ်စားသားရဲအမှန်ပဲ ဒါပေမဲ့ ဝိညာဉ်စားသားရဲက ဘယ်လိုလုပ် ယိလင်းတိုင်းပြည်မှာ ပေါ်လာတာလဲ အရမ်းကြမ်းမယ့်ပုံပဲ”
“ဘာလို့လဲ”
“ဘာလို့လဲဆိုတော့ ဝိညာဉ်စားသားရဲက အလင်းကမ္ဘာမှာ အကြာကြီးအသက်မရှင်နိုင်ဘူး၊ ပြီးတော့ လူသား တွေနဲ့လည်း အတူမရှင်သန်နိုင်ဘူး၊ ဆိုလိုတာက ဒီဝိညာဉ်စားသားရဲက တခြားနေရာကလာတာပဲ နတ်ဆိုး လောကနဲ့ တစ္ဆေလောကက လောကတွေနဲ့ တိုင်းပြည်ကြားက အတားအဆီးကို မပယ်ဖျက်နိုင်ဘူးလေ” မိုရှား ရှင်းပြသည် “
အဲတော့ ဒီဝိညာဉ်စားသားရဲ ပေါ်လာတာက နောက်ကွယ်မှာ အားကောင်းတဲ့ လူရှိမှာပဲ” ရှီမာယူယူ ထိုစကားအားကြားသောအခါ စိုးရိမ်မှုများ ပြည့်သွားသည် “ပြီးတော့ အရေးအကြီးဆုံးက ဝိညာဉ်စား သားရဲက ဘာလို့ လူသားတွေရဲ့ ဝိညာဉ်တွေကို စားနေတာလဲ၊ အဲဒါရဲ့ ရည်ရွက်ချက်ကဘာလဲ ဒါက နတ်ဆိုး လောကနဲ့ တစ္ဆေလောကမှာ ဖြစ်တာတွေနဲ့ ဆက်စပ်နေလား” မိုရှား ထပ်ပြောသည်။
“အခုဘာဖြစ်နေတာလဲတော့ ငါလည်းမသိသေးဘူး၊ အခု ဝိညာဉ်စားသားရဲ ကိစ္စရှင်းရဦးမယ်” ရှီမာယူယူ ပြောလိုက်သည်။ “မင်း ဝိညာဉ်စားသားရဲကို နိုင်လား” ထိုအရာသည် အလွန်အန္တရာယ်များသည်။ တိမ်တိုက်သည် အသံထွက်လာသည်နှင့် သူတို့ဝိညာဉ်များကို ထိခိုက်အောင် လုပ်နိုင်သည်။
“မနိုင်ဘူး” မိုရှား ပြောလိုက်သည် “ငါ့မှာ ခန္ဓာကိုယ်ရှိရင် ပြဿနာမရှိဘူး ဒါပေမဲ့ အခု ငါက ဝိညာဉ်ပဲ ရှိသေးတာ၊ ဝိညာဉ်သားရဲက လာဘ်ပိတ်နေတဲ့ ဝိညာဉ်တွေပဲ သူတို့ဘယ်လောက်ပဲ အားကောင်းကောင်း ဝိညာဉ် သားရဲ လောက်ပဲရှိတာပဲ”
“ဒါဆို ဝိညာဉ်သားရဲတွေရဲ့ အားနည်းချက်ကဘာလဲ” သူတို့သည် မိုရှားအား အားကိုးလို့မရပါက အားနည်း ချက်ကို ရှာရမည်။
“တကယ်တော့ အမှောင်ဝိညာဉ်သားရဲတွေမှာ အားနည်းချက်နှစ်ခုရှိတယ်” မိုရှား ပြောလိုက်သည်။
“ဘာတွေလဲ”
“မီးနဲ့ အလင်း” မိုရှား ပြောလိုက်သည် “ငါ ဒီဝိညာဉ်စားသားရဲကို မရှင်းနိုင်ဘူး၊ ဒါပေမဲ့ မင်းနားက လူတစ်ယောက်ကတော့ လုပ်နိုင်တယ် သူ့ကို သွားရှာလိုက်” ထို့နောက်တွင် မိုရှားသည် အဆက်အသွယ်ဖြတ် ကာ ပြန်အိပ်ပျော်သွားလေသည်။ သူ ဘယ်သူ့ကို ပြောလဲဆိုသည်ကို သူမသိသည်.. ထိုသည်မှာ သူမအတွင်းရှိ မီးတောက်အမျိုးအစားများ၏ ဘုရင် ကြက်သွေးရောင် မီးတောက်ဖြစ်သည်။ သို့သော် သူမသည် နိုးနေသည်ကို ကြက်သွေးရောင်မီးတောက်ကို မမြင်ဖူးပေ။ ထိုလူသည် အမြဲတမ်းအိပ်နေသည်။ သူမသည် ဝိညာဉ်စားသားရဲကိစ္စ ရှင်းချင်လျှင် သူ့ကို နှိုးရမည်။
ရှီမာယူယူနှင့် မိုရှားအဆက်အသွယ် ပြတ်သွားသည်နှင့် မိုရှားပြောသမျှကို ယွန်ရိနှင့် တခြားသူများ ကို ပြောပြလေသည်။ “ဒီဝိညာဉ်စားသားရဲက ဝိညာဉ်သားရဲတွေရဲ့ လိပ်ပြာကို ထိန်းချုပ်နိုင်တယ်၊ ပြီးတော့ လူတွေကို သတ်ပြီးရင် လူတွေရဲ့ ဝိညာဉ်တွေကို ဝိညာဉ်စားသားရဲကို ပေးရမယ်”
“အဲဒီတိမ်တိုက်မည်းက တကယ်ပဲ ဝိညာဉ်စားသားရဲလား၊ သူ့ရဲ့ မူလ ပုံစံက ဘာလဲ” ဖက်တီးကျူ မေး လိုက်သည်။
“အဲဒါ သူ့ခန္ဓာကိုယ် မဟုတ်တာလည်း ဖြစ်နိုင်တယ်” ယွန်ရိ ပြောလိုက်သည် “ရှေးဟောင်း စာအုပ်တွေ မှာတော့ ဝိညာဉ်စားသားရဲတွေက ဝိညာဉ်တွေကို စုပ်ယူဖို့ သူတို့ခန္ဓာကိုယ်ကို ခွဲနိုင်ပြီး နောက်မှ ပြန်ဆက်တာတဲ့”
“ဒါဆို ဒီတိမ်တိုက်မည်းက သူ့ခန္ဓာကိုယ် တစ်ပိုင်းပဲရှိသေးတာကို ငါတို့ကို ဒဏ်ရာရအောင် လုပ်နိုင်တယ် အရမ်းအားကောင်းမယ့်ပုံပဲ” ဘေဂုံထန်သည် အံ့အားသင့်စွာ ပြောလေသည်။
“ဘယ်လောက် အင်အားကောင်းကောင်း ဒီနေရာ စည်းမျဉ်းတွေရဲ့ အောက်မှာပဲရှိတာပဲ၊ သူ့ စွမ်းအား ကစံတင်ဝိညာဉ်အောက်မှာပဲ ရှိလောက်တယ်၊ ကြောက်စရာကောင်းရုံပဲ” နာလန်အကြီးအကဲ လှောင်ပြောင် လိုက်သည်။
“နာလန်အကြီးအကဲ အဲလိုပြောတယ်ဆိုတော့ သူမက ယုံကြည်ချက်ရှိလို့နေမှာ၊ ဒါကို သူမကို ဖြေရှင်း ခိုင်းလိုက်မယ်လေ” ရှီမာယူယူ ပြုံးပြီး ပြောလိုက်သည်။
“ငါ…” နာလန်အကြီးအကဲသည် ရှီမာယူယူ ထိုကဲ့သို့ ပြောလိမ့်မည်ဟု ထင်မထားပေ။ သူမသည် ပြန်လည် တုန့်ပြန်လိုက်ရုံသာဖြစ်ရာ ဖက်တီးကျူတို့သည် ရယ်မောကြလေသည်။
“နာလန်အကြီးအကဲက အားကောင်းတယ်ဆိုရင်တော့ ငြင်းမှာမဟုတ်ပါဘူး” ဖက်တီးကျူသည် ပျော်ရွှင် စွာ ရယ်မောလေသည်။
“အင်း မင်းဘာသိလို့လဲ” နာလန်အကြီးအကဲသည် ဘာမှမပြောနိုင်ကာ ဖက်တီးကျူအား ကြည့်ကာ နှုတ်ဆိတ်နေလေသည်။ သူမထိုကဲ့သို့ လုပ်နေသည်ကို အားလုံးမြင်သောအခါ ကြိတ်ရယ်မိကြသည်။
သားရဲပျံသည် တိမ်တိုက်အမည်းနောက်သို့ ဆက်လိုက်လေသည်။ ရက်အနည်းငယ်အကြာတွင် သူတို့ သည် သမုဒ္ဒရာနယ်နိမိတ်ကို ကျော်လွန်ကာ တိမ်တိုက်အမည်းသည် ကျွန်းကို ဝင်သည်နှင့် ပျောက်ကွယ် သွား လေသည်။ ထိုကျွန်းသည် ရှီမာယူယူ ရောက်ဖူးသော ကျွန်းဖြစ်သည်။
“ဝေဒနာမေ့ပျောက်ခြင်းကျွန်း…” ရှီမာယူယူနှင့် ရှီမာယူလင်းတို့သည် နှစ်ယောက်လုံး ကျွန်းကို ကြည့်ကာ အံ့သြစွာ ပြောမိကြလေသည်။
“ဒါက ဝေဒနာမေ့ပျောက်ခြင်းကျွန်းလား” ဖက်တီးကျူနှင့် တခြားသူများသည် ကျွန်းကို ကြည့်ရာ ထူးခြား ခြင်းမရှိသည်ကို တွေ့လိုက်သည်။ သို့သော် ရှီမာယူယူ ပြန်ပြောခဲ့သည်များကို စဉ်းစားကြည့်ရာ အားလုံး သည် ထိုကျွန်းကို ကြောက်မိသည်။
နာလန်အကြီးအကဲသည် ကျွန်းကို ကြည့်ကာ မေးလိုက်သည် “ဒါက တကယ်ပဲ ဝေဒနာမေ့ပျောက်ခြင်း ကျွန်းလား”
“ဟုတ်တယ်” ရှီမာယူယူ ခေါင်းညိမ့်လိုက်သည်။
“ပြီးတော့ တိမ်တိုက်အမည်းက ကျွန်းထဲဝင်သွားတယ်”
“ကျွန်တော်တို့ ဝေးနေပေမယ့် အဲထဲမှာပျောက်သွားတာ မြင်လိုက်ရတယ်” ဝေကျိရွှီ ပြောလိုက်သည်။
“အဲတော့ ငါတို့ ကျွန်းထဲကို ဝင်ဖို့ တကယ်လိုလို့လား” ရှီမာယူလင်း မေးလိုက်သည်။
“အင်း ဘာလို့ဝင်မရရမှာလဲ၊ ငါတို့မဝင်ရင် အဲဒီ ဝိညာဉ်သားရဲကို ဘယ်လိုရှာတွေ့မလဲ” ရှီမာယူယူ ပြော လိုက်သည်။
“ဒါပေမဲ့ အဲဒီ ဝိညာဉ်စားသားရဲက အရမ်းအားကောင်းတယ် ငါတို့ အဲကျွန်းမှာနေရင် ငါတို့ကို လာ တိုက်ခိုက် နိုင်တယ်” နာလန်အကြီးအကဲသည် သဘောမတူစွာ ပြောလိုက်သည်။
“အဲတော့ ဘာလဲ ဒီဝိညာဉ်စားသားရဲက ကြောက်စရာမကောင်းဘူးဆို” ဖက်တီးကျူသည် ဂရုမစိုက်ပဲ ပြော လိုက်သည်။ သူပြောလိုက်သည့်စကားသည် နာလန်အကြီးအကဲသည် သားရဲပျံပေါ်မှ ခုန်ဆင်းချင်စိတ်ပေါက် သွား သည်။
“သွားကြမယ်” ရှီမာယူယူသည် ရှီမာယူလင်း၏ သားရဲပျံဖြင့် ဆက်စီးသွားကာ ဝေဒနာမေ့ပျောက်ခြင်း ကျွန်းဆီသို့ ဦးတည်လေသည်။
ထိုဝိညာဉ်စားသားရဲသည် ဒဏ်ရာရထားခြင်းဖြစ်နိုင်သည်ဟု မိုရှား ပြောခဲ့သည်။ ထို့ကြောင့် သူ့ခန္ဓာကိုယ်ဆီသို့ အလျင်စလိုသွားခြင်းဖြစ်မည်။ သူတို့ ဒီတစ်ကြိမ်တွင် ရှာတွေ့ပါက လျင်မြန်စွာ ဖျက်ဆီးပစ် နိုင်သည်။ သူတို့သည် အခွင့်အရေးကို ဒီလိုမျိုး လက်လွတ်မခံနိုင်ပေ။