← Chapters

အပိုင်း (၃၉၄) – နီရဲပျားများ အထိန်းချုပ်ခံရခြင်း

Vol. 004 Ch. 394

အပိုင်း (၃၉၄) – နီရဲပျားများ အထိန်းချုပ်ခံရခြင်း

Vol. 004 Ch. 394

ရှီမာယူယူနှင့် ကျန်သောသူများ သွားသည်ကို မြင်သည်နှင့် နာလန်မျိုးနွယ် အကြီးအကဲလည်း ရွေးချယ် ရန်မရှိတော့ပဲ လိုက်သွားရလေသည်။ သူမသာ တစ်ယောက်တည်းသာလာလျှင် ဝိညာဉ်စားသားရဲသည် အား ကောင်းလွန်းသောကြောင့် ကြောက်စရာကောင်းတာ တစ်ခုခုဖြစ်လာနိုင်သည်။ သူတို့နှင့်လိုက်သွားသည် မှာ အကောင်းဆုံးဖြစ်မည်၊ အနည်းဆုံးတော့ အထွတ်အထိပ်သားရဲရှိနေသေးသည်။

ရှီမာယူယူနှင့် အဖွဲ့သည် ကျွန်းသို့ရောက်လာရာ ထိုနေရာသည် သူတို့ ပထမဆုံးအကြိမ်သွားခဲ့ သည့် နေရာပင်ဖြစ်လေသည်။ သူမ ကြီးမားသော ကျောက်တုံးကို မြင်လိုက်ချိန်တွင် ရွှမ်းယွမ်ဆိုင်က ဂျွန်လင်း ကိုပင် အမှတ်ရသွားသည်။ ထိုအချိန်က သူတို့သည် ထိုနေရာတွင် တွေ့ခဲ့ကာ သူ့ဆီမှအသံကြားသောကြောင့် ရပ်တန့်ခဲ့သည်။ အခုတော့ သူဘယ်ရောက်နေလဲ ဒါမှမဟုတ် တစ်နေရာရာမှာ အပိတ်ခံထားရပြီလား။

“ယူယူ ငါတို့ ဝိညာဉ်စားသားရဲကို ဘယ်မှာသွားရှာကြမလဲ” ဖက်တီးကျူ မေးလိုက်သည်။

“အရင်ဆုံး စုံစမ်းဖို့ လူရှာရမယ်” ရှီမာယူယူသည် ဝေဒနာမေ့ပျောက်ခြင်းကျွန်း အတွင်းနက်သည် အထိ လျှောက်မသွားရဲပေ။ ထို့ကြောင့် သူမသည် နီရဲပျားအနည်းငယ်ထုတ်ကာ သူတို့အား ကျွန်းအနှံ့ စေလွှတ်  ပြီး ရှာခိုင်းကာ သူတို့သည် ကမ်းစပ်တွင်ပင် စောင့်နေလေသည်။ ဝိညာဉ်စားသားရဲရှိနေသရွေ့ တခြားသော ဝိညာဉ်သားရဲများလည်း ရှိနိုင်သည်။ သူတို့ လက်လွတ်စပယ် လျှောက်မသွားတာ ကောင်းသည်။

“ယူယူ ဒီနေရက ပြီးခဲ့တဲ့တစ်ခေါက်နဲ့ မတူဘူးလို့ မထင်ဘူးလား” ရှီမာယူလင်းသည် လှည့်ပတ်ကြည့် ကာ မေးလိုက်သည်။

“ငါလည်း ခံစားမိတယ်…” ရှီမာယူယူ ပြောလိုက်သည်။

“ဘာတွေ ကွာသွားတာလဲ” ဖက်တီးကျူသည် ဘေးကင်းရာရှာရင်း ရှီမာယူယူဘေး ပြေးသွားလေ သည်။

“အသံတွေ” ရှီမာယူယူ ပြောလိုက်သည်။

“အသံတွေလား” ဖက်တီးကျူ နားမလည်ပေ။ အသံက ဘာကွာသွားနိုင်မှာလဲ။

“အရမ်းတိတ်ဆိတ်နေတာ ထူးဆန်းတယ်” ဘေဂုံထန် ပြောလိုက်သည်။

“ပင်လယ်လှိုင်းက ကမ်းစက်ကို ရိုက်တဲ့အသံကိ လွဲပြီး တခြားဘာမှမကြားပါဘူး” ဝူရန်ဖေ ပြောလိုက် သည်။

“ပြောရင်းနဲ့.. ဒီမှာ ဘာသက်ရှိမှ မရှိဘူးပဲ” ဝေကျိရွှီ အံ့အားသင့်လေသည်။

ရှီမာယူယူနှင့် ရှီမာယူလင်းတို့သည် အပြန်အလှန်ကြည့်မိကြသည်။ အလွန်ထူးဆန်းနေပြီ။

“အဲဒါက… မင်းပြောတဲ့ အဲဒီအနက်ရောင်အလင်းတန်းက ဒီက သက်ရှိတွေအားလုံးကို စားပလိုက်တာ လား” ဖက်တီးကျူ ပြောလိုက်သည်။

“ငါတော့ အဲလိုမထင်ဘူး” ရှီမာယူယူ ခေါင်းရမ်းလိုက်သည်။ “ငါတို့ အနက်ရောင် အလင်းတန်းကို တွေ့တုန်းက ဝိညာဉ်သားရဲနည်းနည်းလောက်ကိုပဲ စားတာ တခြားသက်ရှိတွေကို မစားဘူး၊ ဒါပေမဲ့ ဒီမှာ ပန်းတွေရော တိရစ္ဆာန်တွေရော ဘာမှမရှိဘူး”

“ဒါဆိုရင် တစ်ခုခုကလာပြီး သက်ရှိတွေအားလုံးကို သတ်သွားတာလား” ဘေဂုံထန် မေးလိုက်သည်။

“ဝိညာဉ်စားသားရဲလား” ဝေကျိရွှီ ခန့်မှန်းလိုက်သည်။

“ဖြစ်နိုင်တယ်” ရှီမာယူလင်း ပြောလိုက်သည်။

“နီရဲပျားတွေ ပြန်လာပြီး ပြောတာကိုစောင့်ကြည့်ရအောင်” ရှီမာယူယူ ပြောလိုက်သည်။

သို့သော် အချိန်ကြာသွားသည်အထိ နီရဲပျားတစ်ကောင်မှ ပြန်မလာပေ။ ရှီမာယူယူသည် နီရဲပျားဘုရင်မ ကိုခေါ်ထုတ်ပြီးမေးရာ တခြားသော နီရဲပျားများနှင့် ဆက်သွယ်မှုပြတ်တောက်သွားသည်ဟု ပြောလေသည်။ လွှတ်လိုက်သည်မှာ နီရဲပျား အကောင်၁၀၀လောက်ရှိကာ သူတို့ ကြောက်မက်ဖွယ်တစ်စုံတစ်ရာနှင့် တွေ့သည် ဆိုပါက သူတို့ ကျွန်းအတွင်းဝင်လာချိန်တွင် သူတို့ဆီမှ အသံမကြားရသည်မှာ မဖြစ်နိုင်ပေ။

“သူတို့အားလုံး သေသွားပြီလား” ရှီမာယူယူ မေးလိုက်သည်။

“မဟုတ်ဘူး” နီရဲပျားဘုရင်မ ပြောလိုက်သည်။ “သူတို့ အသက်သွေးကြောကို ခံစားလို့ရသေးတယ်၊ ဒါပေမဲ့ သူတို့ကို ဆက်သွယ်လို့မရဘူး၊ ကြည့်ရတာ တစ်ယောက်ယောက်က ငါတို့ကြားက အဆက်အသွယ်ကို ဖြတ်လိုက်ပြီထင်တယ်”

“ဝိညာဉ်စားသားရဲပဲ ဖြစ်ရမယ်” ရှီမာယူလင်း ပြောလိုက်သည်။

“သူတို့ အထိန်းချုပ်ခံလိုက်ရတာဖြစ်မယ်” ဘေဂုံထန် ပြောလိုက်သည်။

“ငါတို့ ဘာလုပ်ကြမလဲ”

အားလုံးသည် သူမ ဆုံးဖြတ်ချက်အား စောင့်ဆိုင်းသည့်သဘောနှင့် ရှီမာယူယူအား ကြည့်လိုက်သည်။ ခဏအကြာတွင် သူတို့သည် အဝေးမှ အသံများကြားရလေသည်။ သူတို့ကြည့်လိုက်ရာ ရာပေါင်းများစွာသော နီရဲပျားများသည် သူတို့ဆီပျံသန်းလာကာ တိုက်ခိုက်သောကြောင့် သူတို့အားလုံး ပြေးကာ ပုန်းလိုက်ရတော့ သည်။ ပျားတစ်ကောင်ချင်းစီ၏ မျက်လုံးများတွင် အနက်ရောင်များဖြစ်နေကာ အားလုံးသည် ထိန်းချုပ်ခံထားရ သည်နှင့် တူသည်။

နာလန်အကြီးအကဲသည် နီရဲပျားများ သူမဆီသို့ ပျံသန်းလာသည်ကို တွေ့သည်နှင့် ဝိညာဉ်စွမ်းအင်များ ထုတ်ကာ တိုက်ခိုက်ရန် ဟန်ပြင်တော့သည်။ သို့သော် သူမ စွမ်းအင်မထုတ်ခင်တွင် ပတ်ဝန်းကျင် အခြေအနေ ပြောင်းသွားကာ သူတို့သည် ရုတ်တရက်ပင် ကျွန်း၏လွင်ပြင်နေရာသို့ ရောက်သွားလေသည်။

“ငါတို့ ဘယ်ရောက်သွားတာလဲ” သူမသည် အံ့သြသွားကာ လှည့်ပတ်ကြည့်လိုက်သည်။ သူမအား ပြန် ဖြေသည့်သူမရှိပေ။ သူတို့သည် နီရဲပျားများ ဝိုင်းနေသော ဘေးရှိ ရှီမာယူယူအား ကြည့်လိုက်ကြသည်။ နီရဲပျား များ စတင်တိုက်ခိုက်သည်နှင့် သူမသည် ပျားများနှင့်အတူ နာလန်အကြီးအကဲကိုပါ ဝိညာဉ်စေတီအတွင်း ထည့်လိုက်သည်။ နီရဲပျားများဝင်သွားသည်နှင့် ရှီမာယူယူသည် သူတို့အား ထိုးထွင်းမြင်ရသော အလုံးတစ်လုံး အတွင်းသို့ ထည့်လိုက်သည်။ သူတို့သည် ထိုအလုံးအတွင်း တွန်းကန်ကာ သူတို့မျက်လုံးများသည် ဒေါသများ အမုန်းတရားများဖြင့် ပြည့်နေကာ ပုံမှန်အကြည့်များနှင့် လုံးဝကွာခြားလေသည်။

“ဝိညာဉ်လေး သူတို့နဲ့ အပြင်ရဲ့ အဆက်အသွယ်ကို ဖြတ်လိုက် ပြီးတော့ အပြင်က ရောင်ဝါကိုလည်း ဖြတ် လိုက်” ရှီမာယူယူ အမိန့်ပေးလိုက်သည်။

“ကောင်းပြီ” ဝိညာဉ်လေးသည် အသံတစ်သံလုပ်လိုက်ရာ နီရဲပျားများသည် ငြိမ်ကျသွားကာ တွန်းကန်  ခြင်းနှင့် သူတို့မျက်လုံးမှ အမုန်းတရားများ ပျောက်သွားလေသည်။

“တောင်းပန်ပါတယ် သခင် ကျွန်တော်တို့ အပြုအမူအတွက် တောင်းပန်ပါတယ်” နီရဲပျားခေါင်းဆောင် သည် ရှီမာယူယူအား နောင်တအပြည့်ဖြင့် တောင်းပန်လေသည်။ သူတို့ ဘယ်လိုများ ကိုယ့်သခင်ကိုယ် တိုက် ခိုက်ဖို့ အိပ်မက်မက်ရတာလဲ။ ဒါသည် စာချုပ်ဝိညာဉ်သားရဲများ အတွက် စိတ်ကူးမရနိုင်သော အရှက်ရစရာ အပြုအမူဖြစ်သည်။

“မင်းတို့ ထိန်းချုပ်ခံထားရတာကိုး” ရှီမာယူယူသည် သူတို့အား အပြစ်မတင်ပေ။ သူမသည် နီရဲပျား ဘုရင်မဘက်လှည့်ကာ ပြောလိုက်သည် “သူတို့ဘာကြုံခဲ့လဲဆိုတာ မင်းကြည့်လို့ရလား”

“ရပါတယ်” နီရဲပျားဘုရင်မသည် သူတို့အလယ်သို့ ပျံသွားကာ တချို့ကိုရွေးပြီး သူတို့ ဥမင်ကို ကိုင်ကာ သူတို့ အသိဉာဏ်အတွင်းဝင်ကာ မှတ်ဉာဏ်များကို ကြည့်လေသည်။ တစ်ချိန်တည်းမှာပင် ရှီမာယူယူသည် နီရဲပျားဘုရင်မ မြင်ရသည်များကို ကြည့်ရန် မျက်လုံးမှိတ်လိုက်သည်။

နီရဲပျားများသည် သူတို့ဆီမှ ထွက်သွားကာ ကျွန်းဆီသို့ ပျံသန်းသွားသည်နှင့် ရှီမာယူယူတို့ ပြောသလို ပင် ကျွန်းတွင် သက်ရှိများ မမြင်ရကာ မီးလောင်ပြင်များနှင့် စိတ်ရူးပေါက်ပြီး တိုက်ခိုက်ထားသောကြောင့် အလောင်းများကိုသာ တွေ့ရလေသည်။ သူတို့ ဆက်ပျံသန်းကာ ရုတ်တရက် အနက်ရောင် မြူခိုးထဲသို့ ဝင်သွား လေသည်။ မြူခိုးသည် ထူထဲကာ လှိမ့်နေပြီး အနက်ရောင်မြူအကြားတွင် နီရဲသော မျက်လုံးတစ်စုံပွင့်လာကာ သူတို့ပျံသန်းလာသည်ကို စိုက်ကြည့်နေလေသည်။ ထိုသွေးလွှမ်းသော မျက်လုံးတစ်စုံသည် ရှီမာယူယူအား ကြောက်သွားစေသည်။ ရုတ်တရက်ပင် အနက်ရောင်မြူခိုးလုံးသည် ခွဲထွ်ကလာကာ သူတို့အား လွှမ်းခြုံလိုက် သည်။ ထိုအချိန်မှစ၍ သူတို့သည် မည်းနက်သော အမှောင်ထုကိုသာ မြင်ရတော့သည်။ နီရဲပျားဘုရင်မ ထွက် လာသည်။ သူတို့ ထိန်းချုပ်ခံရပြီးနောက် ဘာမှ ပြန်ကြည့်လို့မရတော့ပေ။

ရှီမာယူယူ မျက်လုံးဖွင့်ပြီး ကျန်သောသူများကို ပြောပြလိုက်သည်။

“အဲအနက်ရောင်မြူခိုးက ဝိညာဉ်စားသားရဲပဲဖြစ်ရမယ်” ရှီမာယူလင်း ပြောလိုက်သည် “နီရဲပျားတွေလည်း ပင်လယ်ဝိညာဉ်သားရဲတွေလိုပဲနေမှာ၊ ပင်လယ်ဝိညာဉ်သားရဲတွေလည်း ဝိညာဉ်စားသားရဲရဲ့ ထိန်းချုပ်တာကို ခံရတာပဲ”

“အဲဒီဝိညာဉ်စားသားရဲက အရင်တစ်ခေါက် ရှီမာယူယူတွေ့ခဲ့တဲ့ အနက်ရောင်အလင်းတန်းကို ထုတ်တဲ့ သူပဲလား” ဝူရန်ဖေ မေးလိုက်သည်။

“ငါတော့ မထင်ဘူး” ရှီမာယူယူ ခေါင်းရမ်းလိုက်သည် “ရောင်ဝါတွေ မတူဘူး၊ ခံစားချက်ကလည်း ကွဲ တယ်၊ အဲဒါ ဝိညာဉ်သားရဲလို့မထင်ဘူး”

“ငါတို့ ဝိညာဉ်စားသားရဲ ဘာလို့ဒီရောက်နေလဲဆိုတာ သိချင်ရင် အဲဒါနဲ့ တွေ့ပြီးမှပဲ သိနိုင်မယ်” ရှီမာယူလင်း ပြောလိုက်သည်။

“ငါလည်း အဲလိုပဲထင်တယ်” ရှီမာယူယူ ပြောလိုက်သည် “အခု ငါတို့ ဝိညာဉ်စားသားရဲဘယ်မှာလဲ ဆိုတာ သိပြီဆိုတော့ အချိန်ရတုန်း သွားရှာကြမယ်”

“သူမကိုရော ဘယ်လိုလုပ်မှာလဲ” ဘေဂုံထန်သည် ဝိညာဉ်စေတီအတွင်း ဆွဲသွင်းခံရသော နာလန် အကြီးအကဲအားကြည့်လိုက်သည်။

နာလန်အကြီးအကဲသည် သူမအား ကြည့်နေကြသော မျက်လုံးများကို ခံစားမိပြီး လှည့်ပတ် ကြည့် ပြီးနောက် အကြည့်ပြန်ရုတ်သိမ်းကာ ကြောက်ရွံ့မှုအပြည့်ဖြင့် မေးလိုက်သည် “ဒါဘယ်နေရာလဲ”

“ကျွန်တော့်နေရာပါ” ရှီမာယူယူ ပြောလိုက်သည်။

“မင်းနေရာဟုတ်လား” နာလန်အကြီးအကဲမျက်လုံး တောက်ပသွားသည်။ သို့သော် သူမ သည် သူမမျက်လုံးမှ အားကျကာ လောဘတက်သော အကြည့်များကို ဖုံးကွယ်ရန် ခေါင်းငုံ့လိုက်သည်။

All Chapters