← Chapters

ရှေးဟောင်းအဆင့် ဟွင့်သွမ့်သားရဲ

Vol. 96 Ch. 1329

ရှေးဟောင်းအဆင့် ဟွင့်သွမ့်သားရဲ

Vol. 96 Ch. 1329

ဝုန်း...

ကျန်းရီက မီးတောက်နတ်ဘုရားဒိုင်းကို ဖန်တီးပြီးလျှင်ပြီးချင်းမှာပင် ဧရာမဓားကြီးက သူ့အပေါ်သို့ ပြင်းထန်စွာ ကျဆင်းလာလေသည်။ စွမ်းအားကြီး နတ်ဘုရားဒိုင်းက ရုတ်ခြည်း အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားသည်။ မီးတောက်များကလည်း အရပ်မျက်နှာအနှံ့သို့ လွင့်ပျံသွားသည်။ ထို့နောက် ဓားကြီးက ကျန်းရီ၏ ပခုံးပေါ်သို့ ပြင်းထန်စွာ ကျဆင်းလာသည်။ ၎င်းဓားကြီးသည် မိုးမြေကိုပင် နှစ်ခြမ်းခွဲပစ်နိုင်လောက်သည်ဟု ထင်ရပေသည်။ သို့သော် ထိုအခိုက်တွင် ကျန်းရီ၏ အနီရောင်ဓားက ထိုနတ်ဘုရားဓားကို တားလိုက်လေသည်။

ထန်း...

သတ္တုချင်း ထိခတ်သံတစ်သံ ထွက်ပေါ်လာ၏။ ကျန်းရီသည် ချော်ရည်ကန်ထဲသို့ လွင့်ထွက်သွား၏။ ကြီးမားသော အားတစ်ခုက သူ့ခန္ဓာကိုယ်ကို ဖြတ်သွားပြီး သူ့ကို တောင်တစ်လုံးနှင့် အဖိခံလိုက်ရသလို ခံစားသွားရစေသည်။ သူ့အရိုးများ ကျိုးသွားပြီး သူ့ကိုယ်တွင်းအင်္ဂါများလည်း ဒဏ်ရာရသွားသည်။ ထို့ပြင် သွေးလည်းအန်သွားလေသည်။

“ဟားဟားဟား...”

ကျန်းရီ၏မျက်နှာက နာကျင်မှုကြောင့် ရှုံ့တွနေသော်လည်း ကျန်းရီ၏ရင်ထဲတွင် ပျော်ရွှင်မှုများ ပြည့်နှက်နေသည်။ မီးနဂါးဓားက အမှန်တကယ် ထိပ်တန်းအဆင့် နတ်ဘုရားလက်နက်တစ်ခုပင်။ ဦးလေးလူ၏ နတ်ဘုရားဓားက သူ၏မီးနဂါးဓားကို ကျိုးမသွားစေခဲ့ပေ။ ထို့ပြင် သူ၏နတ်ဘုရားချပ်ဝတ်နှင့် သူ့ခန္ဓာကိုယ်ကိုလည်း အစိတ်စိတ်အမွှာမွှာ ဖြစ်မသွားစေနိုင်ခဲ့ချေ။ ကျန်းရီသည် သူက ထိုဓားချက်ကို ခုခံနိုင်ခဲ့ပြီဖြစ်၍ ထိုနတ်ဘုရားဘုရင်က သူ့အား ထပ်မံ တိုက်ခိုက်နိုင်တော့မည် မဟုတ်ဟု ယုံကြည်ပေသည်။

“အာ...”

ဦးလေးလူ၏ မျက်ဝန်းများထဲတွင် အံ့အားသင့်မှုများ ပြည့်နှက်သွားသည်။ သူသည် မယုံနိုင်သော မျက်ဝန်းများဖြင့် ကျန်းရီ၏ မီးနဂါးဓားကို စိုက်ကြည့်လိုက်သည်။ ကျန်းရီက သာမန်နတ်ဘုရားအဆင့်သာ ရှိသေးသည့် ပမွှားလေးတစ်ယောက်ဖြစ်သည်။ အဘယ်သို့ သူက ထိုသို့သော ထိပ်တန်းအဆင့် နတ်ဘုရားလက်နက်တစ်ခုကို ရခဲ့ခြင်းနည်း။ ထိုထိပ်တန်းအဆင့် နတ်ဘုရားလက်နက်က အဖိုးမဖြတ်နိုင်ပေ။ လော့ထင်သည်ပင် ထိုသို့သော လက်နက်မျိုးကို မပိုင်ဆိုင်နိုင်ချေ။ ထို့ပြင် ဦးလေးလူသည်ပင် ပြီးခဲ့သောနှစ်များအတွင်း တိုက်ပွဲအမှတ်များစွာ မစုဆောင်းခဲ့လျှင် လော့မျိုးနွယ်က သူ့အား ထိပ်တန်းအဆင့် နတ်ဘုရားလက်နက်တစ်ခု ချီးမြှင့်ခဲ့မည် မဟုတ်ပေ။

“ကောင်းတယ်... ကောင်စုတ်လေး... အခု မင်းရဲ့ နတ်ဘုရားလက်နက်က ငါ့ဟာဖြစ်တော့မှာပဲ”

ဦးလေးလူ၏ မျက်ဝန်းများထဲတွင် လိုချင်တပ်မက်မှုများ ပြည့်နှက်သွားသည်။ နတ်ဘုရားလက်နက်၏ အဆင့်က မြင့်လေလေ၊ တန်ဖိုးကြီးလေလေဖြစ်သည်။ အဆင့်နိမ့် နတ်ဘုရားအသုံးအ‌ဆောင်များက တစ်ပြားပင် မတန်ချေ။ သို့သော် အလယ်အလတ်အဆင့် နတ်ဘုရားအသုံးအဆောင်များက အနည်းဆုံး နတ်ဘုရားအမြစ်တစ်သောင်းတန်ပြီး ထိပ်တန်းအဆင့် နတ်ဘုရားအသုံးအဆောင်များက အနည်းဆုံး နတ်ဘုရားအမြစ်တစ်သောင်း တန်ပေသည်။ ဦးလေးလူသည် လော့ထင်ကို ကာကွယ်ရမည့် တာဝန်နှင့် ဤနေရာသို့ ရောက်နေခြင်းဖြစ်သည်။ ထို့ကြောင့် ထိုကဲ့သို့ ထိပ်တန်းအဆင့် နတ်ဘုရားလက်နက်တစ်ခုကို ရလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။

ယခုတွင်မူ ဦးလေးလူတစ်ယောက် ပို၍ တက်ကြွလာပေပြီ။ လော့ထင်က ဘေးမှ ဝင်အမိန့်ပေးမနေလျှင် ကျန်းရီကို သတ်ပစ်နိုင်လိမ့်မည်ဟု သူ ယုံကြည်မှု ရှိသည်။ သူသည် မီးနဂါးဓားကို လိုချင်နေပေပြီ။

ဟိန်း...ဟိန်း...ဟိန်း...

သို့သော် ဦးလေးလူက ကျန်းရီကိုသတ်၍ မီးနဂါးဓားကိုယူရန် အရှေ့သို့ ပျံသွားဖို့ ဟန်ပြင်လိုက်ချိန်တွင် အရပ်မျက်နှာအနှံ့မှနေ၍ ဟွင့်သွမ့်သားရဲများ၏ ဟိန်းသံများ ထွက်ပေါ်လာသည်။ ဟိန်းသံများက အရှေ့ဘက်ရှိ မီးတောင်ထဲမှ စတင်ထွက်ပေါ်လာခဲ့ခြင်းပင်။ ဟွင့်သွမ့်သားရဲခြောက်ကောင်က ကျယ်လောင်စွာဟိန်းကာ မီးတောင်ထဲမှနေ၍ ထွက်လာကြသည်။ ထို့နောက် မီးကန်ထဲတွင် ချော်ရည်များ လှိုင်းထလာပြီး ဟွင့်သွမ့်သားရဲများ တစ်ကောင်ပြီးတစ်ကောင် ထွက်လာသည်။ ၎င်းတို့အများစုက ဦးလေးလူကိုသာ ကြည့်နေကြသည်။ သားရဲနှစ်ကောင်သည်သာ ကျန်းရီထံသို့ ဦးတည်သွားသည်။

“ထွက်သွားကြစမ်း...”

ဦးလေးလူက ဒေါသတကြီး အော်လိုက်သည်။ သူ့မျက်စိရှေ့တွင် ထိပ်တန်းအဆင့် နတ်ဘုရားလက်နက်တစ်ခု ရှိနေသည်ဖြစ်ရာ သူက ၎င်းကို လုယူနိုင်မည့် အခွင့်အရေးကို မည်သို့ လက်လွတ်ခံနိုင်ပါမည်နည်း။

ဦးလေးလူသည် သုံးကီလိုမီတာရှည်သော သူ၏နတ်ဘုရားဓားကို အရပ်မျက်နှာအနှံ့သို့ ဝှေ့ယမ်းလိုက်၏။ ဟွင့်သွမ့်သားရဲများ တစ်ကောင်ပြီးတစ်ကောင် လွင့်ထွက်သွားကြသည်။ သူ၏ ထိပ်တန်းအဆင့် နတ်ဘုရားဓားက အမှန်ပင် စွမ်းအားကြီးပေသည်။ ၎င်းဓားသည် ဟွင့်သွမ့်သားရဲအချို့ကို နက်ရှိုင်းစွာ ခုတ်ဖြတ်နိုင်လိုက်၏။ ထို့ကြောင့် ယင်းဟွမ့်သွမ့်သားရဲများ၏ အရိုးများကို မြင်နေရလေသည်။ ဦးလေးလူက ထိပ်တန်းအဆင့် နတ်ဘုရားလက်နက်တစ်ခုကို ပိုင်ဆိုင်ထားသည့် နတ်ဘုရားဘုရင်တစ်ပါးပင်။ ထို့ကြောင့် သူသည် ရှေးဦးအဆင့် ဟွင့်သွမ့်သားရဲများကို အလွယ်တကူ ယှဉ်နိုင်ပေသည်။

ဝုန်း...

ဟွင့်သွမ့်သားရဲနှစ်ကောင်က ကျန်းရီကို ခက်ထန်စွာ စတင်တိုက်ခိုက်လိုက်ကြသည်။ ကျန်းရီသည် မီးကန်ထဲတွင် အနောက်သို့သာ ဆုတ်နေရ၏။ အကယ်၍ အလယ်အလတ်အဆင့် နတ်ဘုရားချပ်ဝတ်ကသာ သူ့ကို မကာကွယ်ပေးထားလျှင် သူ အပိုင်းပိုင်းပြတ်သွားသည်မှာ ကြာလောက်ပေပြီ။

“မျိုးမစစ်ကောင်...”

ယခုတွင် ဦးလေးလူတစ်ယောက် အလွန်ဒေါသူပုန်ထနေပြီဖြစ်သည်။ မီးကန်ထဲမှ ချော်ရည်များက သူ၏ကောင်းကင်စိတ်အာရုံကို နှောင့်ယှက်နေသည်။ သူသည် ချော်ရည်အနက် ဆယ်ကီလိုမီတာအထိသာ အာရုံခံနိုင်ပေသည်။ ထိုအခိုက်တွင် ကျန်းရီက သူအာရုံခံနိုင်သည့် အကန့်အသတ်နေရာအထိ ရောက်နေပြီဖြစ်သည်။ ဟွင့်သွမ့်သားရဲနှစ်ကောင်က ကျန်းရီကို ဆက်တိုက်ခိုက်နေရာ ကျန်းရီသည် သူ့အာရုံထဲမှ ထွက်သွားတော့ပေမည်။ မီးကန်က မည်မျှနက်ကြောင်း သူ မသိပေ။ နောက်တွင် သူ ကျန်းရီကို ရှာမတွေ့တော့သည်မျိုးလည်း ဖြစ်လာနိုင်သည်။

“မျိုးနွယ်ခေါင်းဆောင်ငယ်ကို ကာကွယ်ပြီး ပြေးကြတော့။ ငါ အဲ့ကောင်စုတ်လေးကို သတ်ပစ်မယ်”

ဦးလေးလူက အော်ပြောလိုက်သည်။ နတ်ဘုရားစစ်သူကြီးအားလုံးက နတ်ဘုရားလှေပေါ်သို့ ပြန်ရောက်နေကြပြီဖြစ်သည်။ သူတို့သည် ဦးလေးလူ၏ အမိန့်ကို တုံ့ဆိုင်းခြင်းမရှိ နာခံလိုက်ကြသည်။ လော့ထင်သည်လည်း အခြေအနေ၏ အတိမ်အနက်ကို နားလည်ပေသည်။ ထိုနေရာတွင် ဟွင့်သွမ့်သားရဲများစွာ ရှိနေသည်။ နတ်ဘုရားစစ်သူကြီးများက ထိုဟွင့်သွမ့်သားရဲများကို ယှဉ်နိုင်ရန် ခက်ခဲပေလိမ့်မည်။ ထို့ပြင် ဦးလေးလူက ကိုယ်တိုင်ဝင်ပါရန် ဆုံးဖြတ်လိုက်ပြီဖြစ်၍ လော့ထင် စိုးရိမ်နေရန် မလိုတော့ပေ။

ထို့ကြောင့် လော့ထင် အော်ပြောလိုက်သည်။

“အားလုံး လှေထဲရောက်ပြီဆိုရင် နောက်ကို အနည်းဆုံး ကီလိုမီတာငါးထောင် ပြန်ဆုတ်လိုက်”

ဝုန်း...

ဦးလေးလူက သူနှင့်အနီးဆုံးရှိ ဟွင့်သွမ့်သားရဲနှစ်ကောင်ကို အဝေးသို့ လွင့်ထွက်သွားအောင် တိုက်ခိုက်လိုက်သည်။ သူသည် နတ်ဘုရားလှေ၏ တံခါးက ပြန်ပိတ်သွားကြောင်း တွေ့လိုက်ရသောအခါ စိတ်အေးသွားဟန် သက်ပြင်းချလိုက်သည်။ ထို့နောက် သူ မီးကန်ဆီသို့ ဦးတည်သွားလိုက်လေသည်။ ကျန်းရီကို သတ်ရမည်။ ထိုမီးနဂါးဓားက သူ့အပိုင် ဖြစ်ရမည်။

ကျန်းရီက ဒဏ်ရာအပြင်းအထန် ရထားပြီး ဟွင့်သွမ့်သားရဲနှစ်ကောင်၏ အဆက်မပြတ် တိုက်ခိုက်မှုကို ခံနေရသည်။ ထို့ကြောင့် သူက ချော်ရည်ထဲ လျင်မြန်စွာ နစ်မြုပ်နေခြင်းပင်။ ယခုတွင် သူသည် ဦးလေးလူ၏ ကောင်းကင်စိတ်အာရုံထဲမှ လွတ်သွားပြီဖြစ်သည်။ သို့သော် ဦး‌လေးလူက မီးကန်ထဲ တစ်ကီလိုမီတာ ငုပ်ပြီးသောအခါ သူ့ကောင်းကင်စိတ်အာရုံထဲတွင် ကျန်းရီ ပြန်ပေါ်လာသည်။

ဦးလေးလူ၏ ကိုယ်ပေါ်ရှိ ရွှေရောင်စစ်ချပ်ဝတ်က တောက်ပနေပြီး ချော်ရည်များကို ကာပေးထားသည်။ သို့သော် ယင်းချပ်ဝတ်က ထိပ်တန်းအဆင့် မဟုတ်ဘဲ အလယ်အလတ်အဆင့်သာ။ ဦးလေးလူက အလွန်စွမ်းအားကြီး၍သာ ချော်ရည်ပူဒဏ်ကို ခံနိုင်ခြင်းဖြစ်သည်။ ထိုအပူချိန်က သူ့အတွက် မပြောပလောက်ပေ။ သူ့အနောက်တွင် ဟွင့်သွမ့်သားရဲဆယ်ကောင် လိုက်လာသည်။ သို့သော် သူက ၎င်းတို့ကို အရေးမစိုက်ချေ။ ရှေးဦးအဆင့် ဟွင့်သွမ့်သားရဲများက သူ့ကို သတ်နိုင်မည် မဟုတ်ပေ။

သုံးဆယ်ကီလိုမီတာ၊ ဆယ့်ငါးကီလိုမီတာ... ဆယ်ကီလိုမီတာ...

ဦးလေးလူက အလွန်လျင်မြန်စွာ ကူးခတ်နေ၍ ကျန်းရီနှင့် တဖြည်းဖြည်း နီးကပ်လာသည်။ ထို့နောက် သူသည် သူ့လက်ထဲရှိ လင်းလက်နေသော ထိပ်တန်းအဆင့် နတ်ဘုရားဓားဖြင့် ကျန်းရီကို အားကုန်ခုတ်ချလိုက်သည်။ သို့သော် ဓားချက်က ကျန်းရီကို မထိဘဲ ကျန်းရီအရှေ့ရှိ ဟွင့်သွမ့်သားရဲနှစ်ကောင်ကို ထိသွားသည်။ ထိုဟွင့်သွမ့်သားရဲနှစ်ကောင်က အလွန်ကြီးမားသဖြင့် ကျန်းရီကို ကွယ်ထားသလို ဖြစ်နေပေသည်။

ဟူး...ဟူး...

ပတ်ပတ်လည်မှ ချော်ရည်ပူများက လည်ပတ်သွား၏။ နတ်ဘုရားဓားချက်က ဟွင့်သွမ့်သားရဲတစ်ကောင်၏ နောက်ကျောထဲကို နက်ရှိုင်းစွာ နစ်ဝင်သွားသည်။ ထိုသားရဲသည် ဓားချက်အဟုန်ကြောင့် လွင့်ထွက်သွား၏။ ထို့နောက် ဦးလေးလူသည် ဓားကို လိမ်ကာ ဘေးသို့ ယမ်း၍ အခြားဟွင့်သွမ့်သားရဲကို ခုတ်လိုက်သည်။ ထိုဟွင့်သွမ့်သားရဲလည်း လွင့်ထွက်သွားသောအခါ ကျန်းရီက ထီးထီးကြီး ပေါ်လာလေသည်။ ယခုတွင် ကျန်းရီသည် ကျားသနားမှ နွားချမ်းသာမည့်အဖြစ်သို့ ရောက်သွားပေပြီ။

‘လောချင်းယန်... မင်း ပြောတဲ့ ရှေးဟောင်းအဆင့် ဟွင့်သွမ်သားရဲက ဘယ်မှာလဲ။ ဘာလို့ အဲ့သားရဲက အခုထိ ထွက်မလာသေးတာလဲ။ အဲ့ကောင်က အခု ပေါ်မလာဘူးဆိုရင် ငါ သေရတော့မယ်’

ကျန်းရီသည် ဟွင့်သွမ့်သားရဲနှစ်ကောင်က သူ့အား မည်သို့ တိုက်ခိုက်ပါစေ ပြန်မတိုက်ခိုက်ခဲ့ပေ။ ယင်းမှာ ရည်ရွယ်ချက်နှင့်ဖြစ်သည်။ သူသည် မီးကန်ထဲသို့ နက်နိုင်သမျှနက်နက် နစ်သွားလိုသည်။ သူက မီးကန်ထဲ နစ်မြုပ်နေရင်း လွတ်လမ်းတစ်ခုကို တွေးတောရမည်ဖြစ်သည်။ သို့သော် နတ်ဘုရားဘုရင်က သူ့ကို လျင်မြန်စွာ မီလာလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။ ယခုတွင် သူသည် သေခြင်းတရား၏ အငွေ့အသက်ကို အနံ့ခံမိနေပေပြီ။ သူက အလွန်အားနည်းလွန်းနေသည်။ ထိုနတ်ဘုရားဘုရင်က သူ့ကို အနည်းဆုံး နည်းလမ်းပေါင်းတစ်ရာနှင့် အလွယ်တကူ သတ်ပစ်နိုင်ပေလိမ့်မည်။

ဝုန်း...

ရုတ်တရက် အရှေ့ဘက်မှနေ၍ ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာ၏။ ရုတ်ခြည်းပင် ချော်ရည်လှိုင်းများ ထသွားသည်။ ဦးလေးလူက သူ၏ တိုက်ခိုက်မှုကို ရပ်တန့်လိုက်၏။ သူ့မျက်နှာပေါ်တွင် တုန်လှုပ်သော အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားသည်။ ထိုပေါက်ကွဲသံက မီးတောင်ဆီမှ ထွက်ပေါ်လာခြင်းပင်။ ‌လော့ထင်တို့က ပြန်ဆုတ်သွားပြီဖြစ်သည်။ သို့ဆိုလျှင် မီးတောင်ကို တိုက်ခိုက်လိုက်သူက မည်သူနည်း။

“ဝူး...ဝူး...”

ကြောက်မက်ဖွယ် အော်သံကြီးတစ်သံ ထွက်ပေါ်လာ၏။ ကျန်းရီနှင့် ဦးလေးလူတို့က မီးကန်၏ အနက်ပိုင်းသို့ ရောက်နေသော်လည်း ထိုအသံကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ ထို့နောက် အလွန်အားကောင်းသည့် ဖိအားတစ်ခုက သူတို့နှစ်ယောက်စလုံးကို ဖိနှိပ်လာသည်။ ကျန်းရီ၏ တစ်ကိုယ်လုံး တောင့်တင်းသွား၏။ ဦးလေးလူသည်လည်း မျက်လုံးများ ပြူးသွားသည်။

‘ရှေးဟောင်းအဆင့် ဟွင့်သွမ့်သားရဲ.. သွားပြီ... ဒါက ထောင်ချောက်တစ်ခုပဲ။ မျိုးနွယ်စုခေါင်းဆောင်ငယ် အန္တရာယ်ရှိနေပြီ’

ဝှစ်...

ဦးလေးလူသည် ကျန်းရီကို အရေးမစိုက်နိုင်တော့ပေ။ သူ၏ တာဝန်က လော့ထင်ကို ကာကွယ်ရန်ဖြစ်သည်။ အကယ်၍ လော့ထင် သေသွားလျှင် လော့မျိုးနွယ်က သူ့မိသားစုကို သက်ညှာမှုမရှိ သတ်ပစ်ပေလိမ့်မည်။ လော့ထင်က မျိုးနွယ်စုခေါင်းဆောင်ငယ် မဟုတ်ပါလား။ ထို့ကြောင့် သူသည် ကျန်းရီထံမှ မီးနဂါးဓားကို မလုနိုင်တော့ဘဲ မီးကန်အထက်သို့ လျင်မြန်စွာ ကူးခတ်သွားလိုက်လေသည်။

‘တကယ်ပဲ အနားမှာ တစ်ယောက်ယောက် ရှိနေတာပဲ။ အရာအားလုံးကို ဟာကွက်မရှိ စီစဉ်ထားတာပဲ’

ကျန်းရီသည် ရင်ထဲမှ အလုံးကြီး ကျသွားသကဲ့သို့ ခံစားလိုက်ရ၏။ လောချင်းယန်ဆိုသော အမျိုးသမီးက အထင်ကြီးဖွယ်ပင်။ အစောက သူကြားခဲ့ရသော ပေါက်ကွဲမှုမှာ တစ်စုံတစ်ယောက်က မီးတောင်ကို တမင်တကာ နှောင့်ယှက်ရန် ကြိုးစားခြင်းဖြစ်မည်။ သူတို့က မီးတောင်ထဲမှ ရှေးဟောင်းအဆင့် ဟွင့်သွမ့်သားရဲကို အပြင်သို့ ခေါ်ထုတ်လိုခြင်းပင်။ ဦးလေးလူက သူ့အနောက်သို့ လိုက်လာခဲ့၏။ ထိုအချိန်တွင် ရှေးဟောင်းအဆင့် ဟွင့်သွမ့်သားရဲတစ်ကောင် အပြင်ထွက်လာပါက ၎င်း၏ ပထမဆုံးပစ်မှတ်မှာ နတ်ဘုရားလှေ ဖြစ်ပေလိမ့်မည်။ နတ်ဘုရားလှေ ပျက်စီးသွားလျှင် လော့ထင်လည်း အဆုံးသတ်သွားမည်ဖြစ်သည်။

‘သွားမယ်...’

ဟွင့်သွမ့်သားရဲနှစ်ကောင်က ဦးလေးလူကြောင့် အဝေးသို့ လွင့်သွားပြီဖြစ်၍ ယခုတွင် ကျန်းရီအတွက် လုံးဝလုံခြုံသွားပြီဖြစ်သည်။ သူသည် သူ့နောက်ကျောမှ စူးရှသော နာကျင်မှုကို အရေးမစိုက်ဘဲ ကန်အောက်ခြေသို့ ဆက်ကူးသွားလိုက်သည်။ ဤတစ်ကြိမ်တွင် လွတ်မြောက်သွားသော်လည်း အ‌ရှေ့တွင် အန္တရာယ်များ ရှိနေသေးကြောင်းကို သူ သိပေသည်။ အကယ်၍ သူက အထက်မှ ရှေးဟောင်းအဆင့် ဟွင့်သွမ့်သားရဲနှင့် ထိပ်တိုက်တိုးလျှင် သေချာပေါက် သေရမည်ဖြစ်သည်။ ထို့ပြင် ထိုနတ်ဘုရားဘုရင်ကိုလည်း ရှောင်ရပေမည်။

အရေးအကြီးဆုံးမှာ လောချင်းယန်ဆိုသော အမျိုးသမီးပင်။ သူမက အရာအားလုံးကို ဟာကွက်မရှိ ပြင်ဆင်ထားခဲ့သည်။ ယင်းမှာ သူမသည် ကျန်းရီကို ဤနေရာမှ အသက်ရှင်လျက် ထွက်သွားခွင့်ပြုမည်မဟုတ်ဟူသော အဓိပ္ပာယ်ပင်။ အကယ်၍ ကျန်းရီက စစ်နတ်ဘုရားစံအိမ်မှ လော့မျိုးနွယ်၏လက်ထဲသို့ ရောက်သွားလျှင် ဤကိစ္စအားလုံးအတွက် တာဝန်ရှိသူမှာ တိရှစံအိမ်၏ ‌လောမျိုးနွယ်ဖြစ်ကြောင်း ခိုင်မာသော သက်ရှိသက်သေ ရှိသွားပေလိမ့်မည်။

***

All Chapters