နတ်ဘုရားဘုရင် ဝိညာဉ်ကျွန်
Vol. 96 Ch. 1334
“ကျွန်တော် ကျန်းရီ ကောင်းကင်ဘုံဧကရာဇ်ကို တိုင်တည်ပြီး ကျိန်ဆိုပါတယ်။ ကျွန်တော်က ဂူမူကို ငါးနှစ်ပဲ ကျွန်အဖြစ် ထားပြီး ငါးနှစ်ပြည့်တာနဲ့ လွတ်လပ်ခွင့် ပြန်ပေးပါမယ်။ တကယ်လို့ ကျွန်တော် သစ္စာကို ချိုးဖျက်ခဲ့ရင်...”
ဂူမူ၏ တိုင်ပေးမှုအောက်တွင် ကျန်းရီသည် လက်သုံးချောင်းထောင်၍ ပေါက်ကရများ လိုက်ပြောနေရသည်။ သူ့အတွက် ကျိန်ဆိုခြင်းဆိုသည်မှာ အပိုအလုပ်သာဖြစ်သည်။ နတ်ဘုရားဝိညာဉ်များက သေမျိုးများကို အမှန်တကယ် အပြစ်ပေးနိုင်ပါ၏လော။
ထို့ပြင် သေမျိုးများအတွက် ကျန်းရီတို့က မိုးမြေကို ဖျက်ဆီးပစ်နိုင်သည့် စွမ်းအားများ ပိုင်ဆိုင်ထားသော နတ်ဘုရားများ မဟုတ်ပါလော။ သို့ဆိုလျှင် သူတို့က သူတို့ကိုယ်သူတို့ ပြန်အပြစ်ပေးရမည်လော။ သူတို့ တိုင်တည်၍ ကျိန်ဆိုနေသည့် ကောင်းကင်ဘုံဧကရာဇ်ဆိုသည်မှာရော မည်သူနည်း။ သူက အမှန်ပင် အနန္တတန်ခိုးရှိပါသလော။
“ဟုတ်ပြီ... အနားကို တိုးခဲ့ပါ။ ငါ့ရဲ့ ဝိညာဉ်မျိုးစေ့က အားနည်းတယ်။ ချော်ရည်ပူရဲ့ အပူချိန်က အဲ့ဒါက ပျက်စီးသွားစေလောက်တယ်”
ဂူမူက ကျန်းရီထံသို့ အသံပို့လွှတ်လိုက်သည်။ ထို့ကြောင့် ကျန်းရီ ပို၍ သတိရှိသွားသည်။ သူသည် မျက်မှောင်သာကြတ်လိုက်ပြီး အနားသို့ တိုးမသွားလိုက်ပေ။ အကယ်၍ ဂူမူက မသေခင် နောက်ဆုံးတစ်ချက် တိုက်ခိုက်လိုနေလျှင် မည်သို့လုပ်မည်နည်း။ ကျန်းရီသည် ခေတ္တမျှတွေး၍ ပြောလိုက်သည်။
“ခင်ဗျားရဲ့လက်စွပ်ပေါ်က ဝိညာဉ်အမှတ်အသားကို ဖျက်ပြီး လက်စွပ်ကို ကျွန်တော့်ဆီ ပစ်ပေးလိုက်”
“...”
ဂူမူ ဆွံ့အသွားသည်။ ကျန်းရီက အတော်လေး သတိကြီးနေသည် မဟုတ်လော။ ဂူမူ၏ သွေးကြောအားလုံးက မီးလောင်ကျွမ်းထားပြီဖြစ်သည်။ ထို့ကြောင့် သူ ကောင်းကင်စွမ်းအားကို မလှည့်ပတ်နိုင်တော့ပေ။ သို့ဖြစ်ရာ သူက ကျန်းရီကို မည်သို့ တိုက်ခိုက်နိုင်ပါမည်နည်း။ မည်သို့ပင်ဖြစ်စေ ကျန်းရီ စိတ်အေးသွားစေရန် သူ့လက်စွပ်ပေါ်မှ ဝိညာဉ်အမှတ်အသားကို ဖျက်၍ သူ့ကိုယ်တွင်း၌ ကျန်နေသေးသော အင်းအားအကုန်သုံးကာ လက်စွပ်ကို ကျန်းရီထံ ပစ်ပေးလိုက်သည်။
“အရမ်းကောင်းတယ်...”
နောက်ဆုံးတွင် ကျန်းရီ စိတ်အေးသွားပေပြီ။ ဂူမူ၏ လက်နက်များနှင့် အဖိုးတန်ပစ္စည်းအားလုံးက လက်စွပ်ထဲတွင် ရှိနေသည်။ ထို့ပြင် သူက အလယ်အလတ်အဆင့် နတ်ဘုရားချပ်ဝတ်ကို ဝတ်ဆင်ထားသဖြင့် ဂူမူက သူ့အား အလွယ်တကူ တိုက်ခိုက်နိုင်မည် မဟုတ်ချေ။ အနည်းဆုံးတော့ ဂူမူက သူ့ကို သတ်နိုင်မည် မဟုတ်ပေ။ ယင်းတို့အပြင် သူက ပေါင်းစည်းမီးတောက်များကို ဆင့်ခေါ်လိုက်သည်နှင့် ဂူမူက မီးလောင်သေဆုံးသွားမည်ဖြစ်သည်။ ထို့ကြောင့် ဂူမူက သူ့ကို မရှုပ်ဝံ့လောက်ဟု ကျန်းရီ ယုံကြည်ပေသည်။
ကျန်းရီသည် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်၍ ဂူမူ၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေသည်။ သူက ရုတ်ရုတ်ရက်ရက် လုပ်သည်နှင့် ချက်ချင်း သတ်ပစ်လိုက်မည်ဖြစ်သည်။ ကျန်းရီက သတိကြီးကြီးထား၍ ဂူမူနှင့် မီတာသုံးဆယ်အကွာအထိ ကပ်သွားလိုက်သည်။ ဂူမူက မည်သည့်မှ မလုပ်သေးပေ။ ကျန်းရီ လေသံတိုးတိုးဖြင့် မေးလိုက်သည်။
“ခင်ဗျားရဲ့ ဝိညာဉ်မျိုးစေ့က ဘယ်မှာလဲ”
ရွှီး...
ဂူမူ၏ ဦးခေါင်းက လင်းလက်လာပြီး ရွှေရောင်အစေ့တစ်ခု ထွက်ပေါ်လာသည်။ ယင်းမှာ ကော်းကင်ကြယ်တာရာနယ်နမိတ်ရှိ ဝိညာဉ်ချိပ်စည်းကဲ့သို့ ဖြစ်သည်။ ကျန်းရီသည် ခေတ္တမျှ တွေးတောလိုက်ပြီး စွန့်စားရန် ဆုံးဖြတ်ကာ ထိုဝိညာဉ်မျိုးစေ့ကို ယူလိုက်သည်။ သူ ထိုသို့လုပ်လိုက်ခြင်းမှာ ဝိညာဉ်မျိုးစေ့က စိတ်ဝိညာဉ်တိုက်ခိုက်မှုတစ်ခုနှင့် မတူ၍ပင်။
ဝိညာဉ်မျိုးစေ့သည် နတ်ဘုရားချပ်ဝတ်ကို ဖြတ်ကာ ကျန်းရီ၏ခန္ဓာကိုယ်ထဲသို့ ဝင်သွားသည်။ ထို့နောက် ၎င်းသည် ကျန်းရီ၏ စိတ်ဝိညာဉ်ဆီသို့ ဖြည်းဖြည်းချင်း ရွေ့လျားသွားသည်။ ကျန်းရီသည် ၎င်းမျိုးစေ့ကို အာရုံစိုက်ထားသော်လည်း မည်သည့်အန္တရာယ်အငွေ့အသက်ကိုမှ မခံစားရပေ။ ထို့ကြောင့် သူ စိတ်အေးလာပြီး ၎င်းကို ထုံးစံအတိုင်း ကိုင်တွယ်ရန် ဟန်ပြင်လိုက်၏။ သူသည် ထိုဝိညာဉ်မျိုးစေ့ကို သူ၏မူလစိတ်ဝိညာဉ်နှင့် ပေါင်းစည်းရန် ဆုံးဖြတ်လိုက်သည်။ ထိုမှ သူ၏ အတွေးတစ်ချက် တွေးလိုက်သည်နှင့် ဂူမူ၏ စိတ်ဝိညာဉ်က ပျက်စီးသွားမည်ဖြစ်သည်။
ရွှေရောင်ဝိညာဉ်မျိုးစေ့က ကျန်းရီ၏ စိတ်ဝိညာဉ်ပင်လယ်ထဲ ဝင်သွားပြီး သူ့မူလစိတ်ဝိညာဉ်ထံသို့ ဖြည်းဖြည်းချင်း ဦးတည်ရွေ့လျားသွားသည်။ ထိုအချိန်အထိ မည်သည့်ပြဿနာမှာ ပေါ်မလာသေးပေ။ ကျန်းရီ၏ မူလစိတ်ဝိညာဉ်က လင်းလက်လာပြီး ဂူမူ၏ ဝိညာဉ်မျိုးစေ့ကို ဝါးမျို၍ ထိန်းချုပ်ရန် အသင့်ပြင်လိုက်သည်။
ထိုအခိုက်တွင် ထူးဆန်းသော ကိစ္စတစ်ခု ဖြစ်ပေါ်လာသည်။
ရွှေရောင်ဝိညာဉ်မျိုးစေ့က လင်းလက်သွားပြီး ဂူမူအသေးစားလေးအဖြစ် ပြောင်းလဲသွားသည်။ ဂူမူသည် ကျန်းရီ၏ မူလစိတ်ဝိညာဉ်ကို ကြည့်၍ ခြောက်ကပ်ကပ် ရယ်လိုက်သည်။
“ဟားဟားဟား... အရူး... မင်းက ဒီလိုအားနည်းတဲ့ စိတ်ဝိညာဉ်နဲ့ ငါ့ရဲ့ ဝိညာဉ်မျိုးစေ့ကို ထိန်းချုပ်ချင်သေးတာလား။ အမြစ်မဲ့ရေစင်က မင်းစိတ်ဝိညာဉ်ရဲ့ စွမ်းအားကို တိုးမြှင့်ပေးထားပေမဲ့ မင်းက အားနည်းနေတုန်းပဲကွ။ ကောင်စုတ်လေး... သွားသေလိုက်တော့။ ယမမင်းက မင်း ဘယ်လိုသေခဲ့တာလဲလို့ မေးတဲ့အခါကျရင် တုံးအလို့ သေခဲ့တာလို့ ဖြေလိုက်ပေါ့”
ဝှစ်...
ဝိညာဉ်မျိုးစေ့မှ ဖြစ်တည်လာသော ဂူမူအသေးစားလေးသည် ကျန်းရီ၏ မူလစိတ်ဝိညာဉ်ထံသို့ ပျံသန်းသွားလိုက်သည်။ သူ့ထံမှနေ၍ ကြီးမားသော အားတစ်ခု ထွက်လာသည်။ သို့သော် သူက ဂူမူ၏ဝိညာဉ်မျိုးစေ့သာ ဖြစ်ပြီး စိတ်ဝိညာဉ်တိုက်ခိုက်မှုတစ်ခု မဟုတ်ပေ။ ဂူမူက အဆင့်မြင့် နတ်ဘုရားဘုရင်တစ်ပါးဖြစ်သည်။ ထို့ကြောင့် သူ၏စိတ်ဝိညာဉ်က အလွန်သန်မာပေသည်။
“ဒါက...”
ကျန်းရီသည် ဂူမူက ထိုကဲ့သို့ ကြံစည်ထားလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ ကြီးမားသော အားတစ်ခုက သူ၏ မူလစိဝိညာဉ်ကို လွှမ်းခြုံလိုက်သောအခါ သူ တုန်ယင်သွားသည်။ သို့သော် သူက သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင် လုပ်လိုက်သည်။ ထို့နောက် ရူးသွပ်သောလေသံဖြင့် အော်ပြောလိုက်သည်။
“အမည်မဲ့ကျင့်စဉ်.. မင်းကိုပဲ အားကိုးရတော့မှာပဲ”
ရွှီး...
ကျန်းရီ၏ မီးနဂါးဓားပုံစံ မူလစိတ်ဝိညာဉ်ပေါ်ရှိ မီးနဂါးရုပ်ပုံ သုံးခုက စတင်ရွေ့လျားလာပြီး တံဆိပ်စာလုံးများ တစ်လုံးပြီးတစ်လုံး ထွက်ပေါ်လာ၏။ ထိုတံဆိပ်စာလုံးများမှနေ၍ ပြိုင်ဘက်ကင်း အရှိန်အဝါတစ်ခု ထွက်သွားသည်။ ထိုအရှိန်အဝါသည် မိစ္ဆာမှန်သမျှကို နှိပ်နင်းနိုင်သော မြင့်မြတ်သည့် အရှိန်အဝါတစ်ခုကဲ့သို့ပင်။
“ဒါ... ဒါ... ဒါက... တိရှဘုံမှာ ရှိနိုင်တဲ့ဟာမျိုး မဟုတ်ဘူး။ ကောင်စုတ်လေး.. မင်းက ဘယ်ကလဲ”
ဂူမူအသေးစားလေးသည် စတင် တုန်ယင်လာ၏။ သူ၏ဝိညာဉ်မျိုးစေ့သည် ဝိညာဉ်စွမ်းအင်များစွာ ပိုင်ဆိုင်ထားသော်လည်း ထိုအရှိန်အဝါနှင့် ရင်ဆိုင်ရသောအခါ မလှုပ်ရှားနိုင်တော့ပေ။ ယင်းအပြင် ထိုတံဆိပ်စာလုံးများကပင် သူ့ဝိညာဉ်မျိုးစေ့ကို အလွယ်တကူ ဖျက်ဆီးသွားနိုင်သည်ဟု သူ ခံစားနေရပေသည်။
“သေပေတော့...”
ကျန်းရီ၏ စိတ်ဝိညာဉ်က ဒေါသတကြီး အော်ပြောလိုက်သည်။ တံဆိပ်စာလုံးများက ဂူမူ၏ ဝိညာဉ်မျိုးစေ့ဆီသို့ ပျံသန်းသွားပြီး ဝိညာဉ်မျိုးစေ့ကို အဆက်မပြတ် တိုက်ခိုက်လိုက်ကြသည်။ ၎င်းတို့ ထိတိုက်သွားတိုင်း ဂူမူ၏ ဝိညာည်မျိုးစေ့က ထိန်းမနိုင်သိမ်းမရ တုန်ယင်သွားကာ အရွယ်အစား ကျုံ့သွားလေသည်။ ဝိညာဉ်မျိုးစေ့အတွင်းရှိ ဝိညာဉ်စွမ်းအင်ကလည်း တဖြည်းဖြည်း အားနည်းလာသည်။ တိုက်ခိုက်မှုတစ်ချီ ပြီးသွားသောအခါ ဝိညာဉ်မျိုးစေ့၏အရွယ်အစားက မူလကထက် တစ်ဝက်ကျုံ့သွားသည်။ ယခုတွင် ဝိညာဉ်မျိုးစေ့၏ စိတ်ဝိညာဉ်အရှိန်အဝါကလည်း အလွန်သနားစဖွယ်ကောင်းနေပြီဖြစ်သည်။
“မလုပ်ပါနဲ့... ဆက်မတိုက်ခိုက်ပါနဲ့တော့။ အခု ငါ တကယ်ကို အညံ့ခံပါပြီ။ ငါ မင်းဆီမှာ ကျွန်ခံချင်ပါတယ်။ ငါ ထပ်ပြီးတော့ မရှုပ်တော့ပါဘူး”
ဂူမူ၏ ဝိညာဉ်မျိုးစေ့က ကျန်းရီထံသို့ အဆက်မပြတ် အသံပို့လွှတ်နေသည်။ သို့သော် ကျန်းရီက လုံးဝ အရေးမစိုက်ပေ။ သူသည် တံဆိပ်စာလုံးများကို ထိန်းချုပ်၍ ဂူမူ၏ ဝိညာဉ်မျိုးစေ့က ကွဲအက်လုနီးပါး ဖြစ်သွားသည်အထိ တိုက်ခိုက်နေသည်။ ပြီးမှ သူ၏မူလစိတ်ဝိညာဉ်ကို ထိန်းချုပ်ကာ ဝိညာဉ်မျိုးစေ့ကို ဝါးမျိုစေလိုက်လေသည်။
‘အဲ့ဒါက အရမ်းအန္တရာယ်များတာပဲ’
ကျန်းရီ၏ မူလစိတ်ဝိညာဉ်က ဂူမူ၏ ဝိညာဉ်မျိုးစေ့တစ်ခုလုံးကို ဝါးမျိုးပစ်လိုက်ပြီး ဂူမူ၏ စိတ်ဝိညာဉ်နှင့် ချိတ်ဆက်လိုက်သည်။ ထိုအခါမှ ဂူမူက ယခုတွင် သူ၏ ဝိညာဉ်ကျွန် ဖြစ်သွားပြီဖြစ်ကြောင်း ကျန်းရီ သေချာသွားပြီး သက်ပြင်းချလိုက်သည်။ အကယ်၍ သူ့တွင် အမည်မဲ့ကျင့်စဉ် မရှိခဲ့လျှင် ယခုလောက်ဆို ပြဿနာတက်နေလောက်ပြီဖြစ်သည်။
‘အမည်မဲ့ကျင့်စဉ်က တိရှဘုံက မဟုတ်ဘူးလား။ ကောင်းကင်ဘုံကများလား... မီးနဂါးဓားထဲက ဆန်းကြယ်တဲ့ အဘိုးအိုက ဘယ်ကလဲ’
ကျန်းရီသည် ထိုအရာအားလုံးက ဆန်းကြယ်သည်ဟု ခံစားနေရ၏။ သို့သော် ဆန်းကြယ်သော အဘိုးအို ပြောခဲ့သည့် စကားများကို သူ ပြန်အမှတ်ရသွားသည်။ သူက အမည်မဲ့ကျင့်စဉ်၏ နဝမအဆင့်အထိ တက်လှမ်းနိုင်ပြီး မီးနဂါးဓား၏ အစိတ်အပိုင်းအားလုံးကို စုစည်းနိုင်လိုက်လျှင် တမလွန်ဘုံကိုပင် ယှဉ်နိုင်မည့် စွမ်းအားကို ပိုင်ဆိုင်မည်ဖြစ်သည်။ ကျန်းရီ ဆက်၍ မအံ့ဩတော့ပေ။ ထိုဆန်းကြယ်သော အဘိုးအိုသည် အသက်ရှိစဉ်က ကောင်းကင်ဘုံမှ စွမ်းအားကြီး သိုင်းသမားတစ်ယောက် ဖြစ်နိုင်သည်။ သူက မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရားအဆင့်ကဲ့သို့သော အဆင့်သို့ပင် ရောက်ခဲ့နိုင်သည်။
ကျန်းရီသည် မျက်လုံးဖွင့်လိုက်ပြီး ဂူမူကို အေးစက်စက် ကြည့်လိုက်သည်။ ဂူမူက သူ့ကို ရှုံ့တွသော မျက်နှာထားဖြင့် ကြည့်ကာ တရိုတသေ ပြောလိုက်သည်။
“သခင်... ဂူမူ အမှားကျူးလွန်ခဲ့မိပါတယ်။ ကျွန်တော်က သခင့်ကို သတ်ဖို့ ကြံစည်ခဲ့မိပါတယ်။ သခင့်မှာ အဲ့လိုတော်ဝင်နောက်ခံမျိုး ရှိလိမ့်မယ်လို့ ကျွန်တော် မထင်ခဲ့မိပါဘူး။ သခင့်မှာ အဖိုးတန်ရတနာတစ်ခု ရှိတယ်.. ပြီးတော့ သခင့်ရဲ့စိတ်ဝိညာဉ်ထဲမှာ တံဆိပ်စာလုံးတွေ ရှိတယ်။ သာမန်တိထျန်းအဆင့် သိုင်းသမားတွေတောင် သခင့်ရဲ့ စိတ်ဝိညာဉ်ကို ထိခိုက်အောင် မလုပ်နိုင်လောက်ဘူးလို့ ကျွန်တော် ထင်ပါတယ်”
“တိထျန်းတွေလား...”
ကျန်းရီ အတန်ငယ် အံ့အားသင့်သွားသည်။ တိထျန်းဆိုသည်မှာ တိရှစံအိမ်တွင် သုံးနှုန်းသော အဆင့်အမည်တစ်ခုဖြစ်သည်။ မိစ္ဆာသတ်ဖြတ်စံအိမ်တွင်ဆိုလျှင် ထိုအဆင့်က မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရားအဆင့်ဖြစ်သည်။ သူ့စိတ်ဝိညာဉ်ထဲမှ တံဆိပ်စာလုံးများက ထိုမျှပင် ကြောက်မက်ဖွယ်ကောင်းသည်လော။ သာမန်မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရားများ၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုများကပင် သူ၏စိတ်ဝိညာဉ်ကို ထိခိုက်အောင် မလုပ်နိုင်သည်လော။
ကျန်းရီသည် လျှို့ဝှက်ချက်များကို ထုတ်မပြောလိုသဖြင့် စကားလမ်းကြောင်းလွှဲလိုက်သည်။
“အပိုတွေ ပြောမနေနဲ့တော့။ ဒီအနီးနားမှာ ခင်ဗျားအပြင် တခြားဘယ်သူတွေ ရှိသေးလဲ။ အခု ကျွန်တော်တို့က အန္တရာယ်ထဲမှာလား။ ကျွန်တော်သေရင် ခင်ဗျားလည်း သေရမယ်ဆိုတာကို နားလည်လား”
“ဒါပေါ့ ကျွန်တော် နားလည်ပါတယ်။ သခင့်ရဲ့အသက်က ကျွန်တော့်ရဲ့ အသက်ပါပဲ”
ဂူမူက ကျန်းရီထံသို့ တရိုတသေဖြင့် အသံပို့လွှတ်လိုက်၏။ သူသည် ခေတ္တမျှ တွေးတောပြီးနောက် ဆက်ပြောသည်။
“အခုလောလောဆယ်တော့ ကျွန်တော်တို့ အန္တရာယ်မရှိနိုင်ပါဘူး။ ဒီနေရာတစ်ဝိုက်မှာ တိရှစံအိမ်ရဲ့ လောမျိုးနွယ်က လူဆိုလို့ ကျွန်တော်တစ်ယောက်ပဲ ရှိတာပါ။ အခု လော့လူနဲ့ လော့ထင်တို့က သေသွားပါပြီ။ ကျွန်တော်တို့နောက်ကို လိုက်နေတဲ့ နတ်ဘုရားစစ်သူကြီးနည်းနည်းတော့ ရှိလောက်ပါသေးတယ်။ ဒါပေမဲ့ သူတို့က ဒီမီးကန်ထဲကို ဝင်မလာရဲပါဘူး။ သခင်... အရင်ဆုံး သခင် ဒဏ်ရာတွေကုသလိုက်ပါ။ သခင်ရဲ့ ဒဏ်ရာတွေ ပြန်ကောင်းသွားတာနဲ့ ကျွန်တော် သခင့်ကို အပြင်ခေါ်သွားပေးပါမယ်”
“ကောင်းပြီ”
ကျန်းရီက ခေါင်းညိတ်လိုက်ပြီး အားဖြည့်ဆေးလုံးနှစ်လုံး ထုတ်လိုက်၏။ သူသည် ဂူမူကိုလည်း အားဖြည့်ဆေးလုံးအချို့ မျှဝေပေးလိုက်သည်။ သူတို့နှစ်ယောက်သည် မီးကန်ထဲတွင် တင်ပျဉ်ခွေထိုင်၍ သူတို့ကိုယ်သူတို့ ကုသနေလိုက်ကြသည်။ သူတို့၏ မျက်နှာထားများက တည်နေကြသည်။ သို့သော် ကျန်းရီသည် ရင်ထဲတွင် အလွန်စိတ်လှုပ်ရှားနေပေသည်။
နတ်ဘုရားဘုရင်တစ်ပါးကို ကျွန်အဖြစ် ရရှိထားလျှင် ကျန်းရီသည် ဓားတောင်ကိုကျော်၍ မီးပင်လယ်ဖြတ်နိုင်ပြီဖြစ်သည်။ ကောင်းကင်တွင် ငှက်တစ်ကောင်ကဲ့သို့ ကျက်စားကာ ပင်လယ်တွင် ငါးတစ်ကောင်ကဲ့သို့ ကူးခတ်နိုင်ပေပြီ။ ကျန်းရှောင်နူကိုလည်း အလွယ်တကူ ပြန်ခေါ်နိုင်ပေလိမ့်မည်။ ထို့ပြင် သူသည် ဂူမူကို ကောင်းကင်ကြယ်တာရာနယ်နမိတ်က တမလွန်ဘုံ၏ လက်ထဲမှ လွတ်မြောက်နိုင်မည့် နည်းလမ်းတစ်ခုကိုလည်း စဉ်းစားခိုင်းနိုင်သည်။ ထိုအရာအားလုံး ပြီးသွားလျှင် သူသည် သူတော်စင်ဝိညာဉ်ဘုံသို့ သွားနိုင်မည့် နည်းလမ်းတစ်ခုကို ရှာကာ ရီဖျောင်ဖျောင်ကို သွားရှာနိုင်ပေသည်။
ကျန်းရီသည် တိရှဘုံထဲ ရောက်လာခဲ့ကတည်းက ထွက်လမ်းမရှိတော့ဟု ခံစားနေခဲ့ရသည်။ အဆုံးသတ်တွင် ကောင်းကင်ကြယ်တာရာနယ်နမိတ်က ပျက်သုဉ်းသွားလိမ့်မည်ဟု သူ တွေးခဲ့သည်။ ယခုတွင်မူ ဖြေရှင်းနည်းတစ်ခုက မျက်စိရှေ့တွင် ရှိလာပြီဖြစ်သည်။ အနည်းဆုံးတော့ နတ်ဘုရားဘုရင်တစ်ပါးက သူ၏ဝိညာဉ်ကျွန် ဖြစ်နေပြီဖြစ်သည်။ နောက်ဆုံးတွင် သူ မျှော်လင့်ချက်အနည်းငယ်ကို ခံစားလာရပေပြီ။
***