← Chapters

အပိုင်း (၃၉၅) – မင်းက ငါပိုင်ဆိုင်မှုထဲက တစ်ခုပဲ

Vol. 004 Ch. 395

အပိုင်း (၃၉၅) – မင်းက ငါပိုင်ဆိုင်မှုထဲက တစ်ခုပဲ

Vol. 004 Ch. 395

“ဟုတ်တယ် ကျွန်တော် ဒီဝိညာဉ်စေတီကို ပိုင်တယ်၊ ပြီးတော့ အဲထဲမှာနေပြီး ဆေးဖက်ဝင် အပင်တွေကို ပျိုးထောင်ပေးပါ” ရှီမာယူယူ ခေါင်းညိမ့်ကာ ပြောလိုက်သည်။

“ဒီလိုရတနာတွေကို ဘယ်လိုရလာတာလဲ” နာလန်အကြီးအကဲသည် စိတ်လှုပ်ရှားမှုကို မထိန်းချုပ် နိုင်ကာ သူမ မျက်နှာမှ အရေးအကြောင်းများသည် ပြုံးလိုက်သောကြောင့် တွန့်သွားလေသည်။

“အဲဒါ အဘွားနဲ့ မဆိုင်ပါဘူး” ရှီမာယူယူသည် နာလန်အကြီးအကဲအား ကြည့်ပြီး အေးစက်စွာ ရယ်မော လေသည်။ ဒီတောင်သူအဖွားကြီးက အကြံထုတ်နေတာလား။ သူမသည် သူမအား အထဲတွင်ထားကာ ပြန်ထုတ် မပေးမည်ကို မသိသောကြောင့်ဖြစ်မည်။

“ကောင်းပြီ ငါမမေးတော့ပါဘူး” နာလန်အကြီးအကဲသည် ရယ်မောကာ ပြောလေသည်။ သူမသာ ထိုနေရာကို ရပါက ဘယ်သူ့နေရာဖြစ်ခဲ့သည်မှာ ကိစ္စမရှိတော့ပေ။ သူမ ပြုံးလိုက်သည့် အပြုံးအား မြင်သည့် သူရှိပါက သူမ ရည်ရွယ်ချက်ကို ပြောနိုင်မည်ဖြစ်သည်။

“နာလန်အကြီးအကဲ ဒီရတနာတွေကို ယူဖို့ နည်းလမ်းရှာနေတာတော့ မဟုတ်ပါဘူးနော်” ဖက်တီးကျူ သည် သူမ၏ အရေတွန့်နေသော မျက်နှာအားကြည့်ကာ သံသယဖြင့် မေးလိုက်သည်။

“မဟုတ်ပါဘူး ဘယ်လိုလုပ် အဲလိုပြောနိုင်ရတာလဲ၊ ငါက ဘယ်လိုလုပ် အဲဒီရတနာတွေကို ယူရဲမှာလဲ” နာလန်အကြီးအကဲသည် လျင်မြန်စွာ ငြင်းဆန်လေသည်။ သူတို့တွင် အထွတ်အထိပ်သားရဲရှိသောကြောင့် သူမ အတွင် အကြံအစည်ရှိလျှင်တောင် အောင်မြင်အောင် လုပ်နိုင်မည်  မဟုတ်ပေ။

“တကယ်တော့ အဲလိုစိတ်ရှိလည်းရပါတယ်” ရှီမာယူယူ ရယ်မောကာ ပြောလေသည်။ နာလန် အကြီးအကဲ၏ ရင်များခုန်လာသည်။ ရှီမာယူယူသည် သူမ ထင်ထားသည့်အတိုင်း ပြောလာသည်။ “အဘွားမှာ အဲလိုစိတ်ရှိလည်း ကိစ္စမရှိဘူး၊ အခု အဘွားဝင်သွားတော့ ပြန်ထုတ်ပေးဖို့ စိတ်ကူးမရှိဘူး၊ အဲတော့ အဲအကြောင်းကို ဒီနေ့အထိပဲ တွေးနိုင်လိမ့်မယ်” ရှီမာယူယူသည် သူမအား ကြောက်မက်ဖွယ် အကြည့်နှင့် ကြည့် လိုက်သည်။

နာလန်အကြီးအကဲသည် ရှီမာယူယူအား ကြည့်ပြီး ပြောလေသည် “မင်း ငါ့ကို သတ်မလို့လား၊ ငါက နာလန်မိသားစုရဲ့ အကြီးအကဲဆိုတာ မမေ့ပါနဲ့ မင်းက ငယ်ပါသေးတယ်၊ မင်းက ငါ့ကို ဆန့်ကျင်ရဲရင် နာလန် မျိုးနွယ်က ထိုင်နေမှာမဟုတ်ဘူးဆိုတာ မမေ့နဲ့ အဲကျရင် တိုင်းပြည်တစ်ခုလုံးကို မင်းဘယ်လိုဖြေရှင်းမလဲဆိုတာ ကြည့်ရတာပေါ့”

“အရေးကြီးတာကို ပြောတတ်တာပဲ” ဖက်တီးကျူ လှောင်ပြောင်လိုက်သည်။

“ကျွန်တော်တို့ ရှာနေတုန်းက ဝိညာဉ်စားသားရဲအစားခံလိုက်ရတယ်ဖြစ်ဖြစ် မဟုတ်ရင် ဝိညာဉ်သားရဲ တိုက်ခိုက်လို့ သေသွားတယ်လို့ ပြောလို့ရတယ်” ရှီမာယူယူ ပြောလေသည် “ကျွန်တော် ပြောတာကို နာလန်မျိုးနွယ်က သံသယဝင်မယ်ထင်လား”

နာလန်အကြီးအကဲသည် ရှီမာယူယ ပြောလိုက်သည်များကို ကြားသောအခါ ခြေလှမ်းများ နောက်ဆုတ် သွားလေသည်။ “ငါက မဟာမိတ်အဖွဲ့ခေါင်းဆောင် ဖြစ်ချင်ပေမယ့် မင်းကို အားလုံးက မဲပေးတဲ့အခါမှာ ငါ ဘာမှ မပြောခဲ့ဘူး ဘာလို့ငါ့ကို သတ်ချင်နေတာလဲ၊ မင်းမှာ ဒီလို ရတနာတွေရှိတယ်ဆိုတာကို တခြားသူတွေကို မသိစေချင်လို့လား”

“ဟုတ်တယ် မသိစေချင်ဘူး” ရှီမာယူယူသည် စိတ်ရှည်စွာ ရှင်းပြလေသည် “ယေဘုယျ ပြောရမယ် ဆိုရင် ကျွန်တော်က ရတနာတွေကို ကြွားချင်တာမဟုတ်ဘူး၊ အခု အဘွားက သိသွားပြီဆိုတော့ အဲကြောင်း တွေ ကို ဘယ်သူ့ကိုမှ အပြောမခံနိုင်ဘူး”

“ဒါပေမဲ့ သူလည်း ဝင်လာတာပဲ” သူမသည် ယွန်ရိအား ညွှန်ပြလေသည်။

“ယွန်ရိက ကျွန်တော့လူပဲ၊ သူ့ကို ယုံလို့ ဒီနေရာကို ပေးဝင်တာ” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ အဘွားကမတူဘူး အဘွားက ကျွန်တော့်ရန်သူပဲ ဘယ်လိုလုပ် အသက်ရှင်လျက်ပေးထွက်မလဲ”

“ရှီမာယူယူ မင်းအဲလောက် နှလုံးသားမရှိမှန်းမသိခဲ့ဘူး” နာလန်အကြီးအကဲသည် ဒေါသဖြစ်စွာ  အော်လေသည်။

“နှလုံးသားမရှိဘူးလား” ရှီမာယူယူသည် ဒေါသမဖြစ်ပဲ သဘောကျကာ “ကိုယ့်ရန်သူကို အဲလိုဆက်ဆံ တာ မဟုတ်သေးဘူး၊ သူတို့က အဘွားကို ကိုက်ဖြတ်လိုက်ရင် ဘယ်လိုလုပ်မလဲ၊ ပြီးရင် အဘွားတို့ မိသားစုက ကျွန်တော့်ကို သတ်ဖို့မကြိုးစားခင် ဒီလိုဖြစ်မှာကို သိနေမှာပဲ”

နာလန်အကြီးအကဲသည် နှစ်မြောသွားသည်။ ရှီမာယူယူ ထိုကဲ့သို့ ပြုမူသည်ကို ကြည့်ရင်းနှင့် ဒီနေ့သည် သူမအား တွေ့သည့် အဆုံးသတ်ဖြစ်မည်ဟု တွေးနေမိသည်။ နာလန်မိသားစုသည် ရှီမာယူယူအား သတ်ရန် စီစဉ် စဉ်က သူမသည် အစီအစဉ်လုပ်ပြီးမှပင် သိခဲ့ရသည်။ သို့သော် ရှီမာယူယူ ရောက်မလာသဖြင့် သူတို့  အစီအစဉ်မှာ ပျက်သွားရသည်။ ထိုအရာကို သူမ အငြိုးထားမည်ဟု သူတို့ထင်မထားပေ။ သူမ လှည့်ပတ်ကြည့် ရာ ဒီနေရာမှ ဘယ်လိုထွက်ရလဲဆိုသည်ကို မသိသောကြောင့် အလွန်စိုးရိမ်လာသည်။

“အခု အဘွားကဒီနေရာရောက်နေပြီဆိုတော့ ထွက်ပြေးဖို့ မကြိုးစားပါနဲ့တော့ ဝိညာဉ်လေး သူ့ကို ဟိန်းသံ ထောင်ချီနဲ့ ဆော့ဖို့ ခေါ်သွားပေးလိုက်” ရှီမာယူယူ အမိန့်ပေးလိုက်သည်။ ဝိညာဉ်လေးသည် လေ တွင် ပေါလောပေါ်နေကာ လက်ဖျောက်တီးလိုက်သည်နှင့် နာလန်အကြီးအကဲသည် ပျောက်သွားလေသည်။ သိပ်မကြာခင်တွင် ကြောက်မက်ဖွယ်အော်သံကို ကြားလိုက်ရသည်။

ရှီမာယူယူသည် ယွန်ရိဘာလှည့်ကာ ပြောလိုက်သည် “ယွန်ရိ မင်းဒါကို တခြားသူတွေကို မပြောဘူး မလား”

ယွန်ရိ ပျင်းရိစွာ ပြုံးကာ ပြောလိုက်သည် “မင်းပြောတာ့ ငါက မင်းလူဆို မင်းရဲ့ စည်းမျဉ်းတွေကို လိုက်နာ ရမှာပေါ့” သူသည် ကြောက်လန့်ဖွယ်ပြောသော်လည်း ကတိကိုထိန်းမည်ဟု ရှီမာယူယူသိသည်။

မိုရှားသည် နတ်ဆိုးညွှတ်လက်ကောက်မှ နေ၍ ပြောစကားများကို နားထောင်နေရာ မျက်ခုံး ပင့်မိ သည်။ သူမ ပိုင်ဆိုင်မှုထဲက တစ်ယောက်လား။ ဒီအကြောင်းသည် သူ့အား နေရခက်စေကာ ယွန်ရိအား ရုတ်တရက် ဒေါသထွက်သွားစေသည်။

“ဘယ်လိုလုပ် တောင်ကြားသခင်လေး ပြောတာကို နားမထောင်ပဲ နေရဲမလဲ” ယွန်ရိသည် အဝေးရှိ အိမ်များကို ကြည့်ကာ ပြောလေသည် “ဒီမှာ နားတဲ့နေရာရှိလား၊ ငါ့ကိုလည်း နားဖို့ နေရာရှာပေးပါဦး” သူ ထိုသို့ ပြောပြီးနောက် အိမ်များဆီသို့ လျှောက်သွားကာ နားရန် အခန်းရွေးလိုက်သည်။

“ငါ သွားကြည့်လိုက်မယ်၊ မဟုတ်ရင် မင်းအခန်းတွေယူသွားဦးမယ်” ဖက်တီးကျူ သူ့နောက် လိုက်ကာ ပြောလိုက်သည်။

ဘေဂုံထန်သည် ရှီမာယူယူဘေးလာလိုက်ကာ အိမ်များကို ကြည့်ပြီး ပြောလိုက်သည် “နင်သေချာလား”

“ငါ သူ့ကိုယုံတယ်” ရှီမာယူယူ ပြောလိုက်သည် “ငါတို့ အဝေးကြီးရောက်လာပြီဆိုတော့ အရင်သွားနား ရအောင်”

“ကောင်းပြီ”

အားလုံးသည် တစ်ရက်နားကာ နောက်ရက်တွင် သားရဲစားဝိညာဉ်အကြောင်းကို စုပြီး ဆွေးနွေးကြ လေ သည်။ အပြင်တွင် တစ်ရက်သည် ဝိညာဉ်စေတီအတွင်းတွင် ဆယ်ရက်ဖြစ်သည်ကို သိသောအခါ ယွန်ရိ အလွန် အံ့သြသွားသည်။ ထို့ကြောင့် သူတို့သည် တစ်နှစ်ခွဲအတွင်းကို ဒီလောက် အင်အားကြီးလာသည်မှာ မထူးဆန်း တော့ပေ။ သူတို့သည် ကောင်းကင်ကို ဆန့်ကျင်သော နည်းစနစ်တစ်ခု ရှိနေသောကြောင့်ပင်။ ထို့ကြောင် သူသည် တောင်ကြားသခင်လေးနှင့် ရင်းနှီးအောင်နေရန် ဆုံးဖြတ်လိုက်သည်။ သည်လိုမှပင် သူသည် ထိုနည်းလမ်းအတိုင်းပင် သူ့အရည်အချင်းများ တိုးတက်နိုင်မည်။

သူတို့သည် ဝိညာဉ်စားသားရဲမည်မျှ သန်မာကြောင်းကို မသိသဖြင့် သူတို့အား ဝိညာဉ်စေတီအတွင်း စောင့် ဆိုင်းစေကာ အရင်ဆုံး ဟာစွန်၊ ဟိန်းသံထောင်ချီနှင့် ယွန်ရိနှင့် လိုအပ်ပါက တခြားသူများကို ခေါ်သွားရန် ရှီမာယူယူ ဆုံးဖြတ်လိုက်သည်။ အားလုံးသည် အပြင်တွင် စွမ်းအားများ အသုံးမဝင်သောကြောင့် ဝိညာဉ်စေတီ အတွင်းစောင့်နေရန် သဘောတူကြသည်။

ရှီမာယူယူနှင့် လူနည်းစုသည် ဝိညာဉ်စေတီအတွင်းမှ ထွက်လာကြသည်။ သူတို့သည် အထဲတွင် တစ် ရက်နေခဲ့သော်လည်း အပြင်တွင် နာရီပိုင်းသာ ကြာသည်။

“သွားရအောင် ဒီကျွန်းမှာ ဘာတွေဖြစ်လာလဲဆိုတာ ကြည့်ရမယ်” သူမသည် နီရဲပျားဆီမှ ရလာသော မှတ်ဉာဏ်များကို ပြန်တွေးကာ ကျွန်းအနက်ပိုင်းသို့ သွားလိုက်သည်။ ဝိညာဉ်စားသားရဲ၏ တိုက်ခိုက်ခြင်းရန်မှ  ရှောင်ရှားနိုင်ရင် သူတို့သည် ခြေကျင်လျှောက်ကြသည်။

သူတို့ ကျွန်းသို့ဝင်သည်နှင့် နီရဲပျားများမြင်ခဲ့ရသော မည်းနက်နေသော မြင်ကွင်းအား မြင်ခဲ့ရသည်။ အပင်များအားလုံးသည် ပျက်ဆီးနေပြီ။ ဆွေးမြည့်သည်ဆိုသည်ထက် အားလုံး မည်းနက်နေကာ အမြစ်ကို နှုတ်ယူလိုက်လျှင်လည်း အနက်ရောင်ဆေးခြယ်ထားသလိုပင် ဖြစ်နေမှာပင်။

“တစ်ခုလုံး ဒီလိုပဲ” ရှီမာယူယူ လှည့်ပတ်ကြည့်လိုက်သည်။ ထိုနေရာသည် တောမဟုတ်တော့ပဲ အနက်ရောင် မြင်ကွင်းဖြစ်နေသည်။

ယွန်ရိသည် ထိုင်ချကာ ပိုးလက်ကိုင်ပုဝါကိုထုတ်ပြီး မြက်ပင်ကို ဆွဲနှုတ်လိုက်သည်။ သူမ ထိလိုက်သည် နှင့် အနက်ရောင်အမှုန့်များ လေထဲတွင် ပျံ့သွားလေသည်။ ထိုအနက်ရောင်အမှုန့်များသည် ပန်းများအပါအဝင် တခြားသော အသက်ရှိများအားလုံးနှင့် ကျွန်းတစ်ခုလုံးကို ဖုံးထားကာ မြေပြင်တွင် ထူထဲသော အလွှာ ဖြစ်နေ သည်ထင်သည်။

All Chapters