← Chapters

ခွေးရူး

Vol. 96 Ch. 1340

ခွေးရူး

Vol. 96 Ch. 1340

“နောက်ဆုတ်ကြ...”

အထွတ်အထိပ်အဆင့် နတ်ဘုရားဘုရင်က လောချင်းယန်၏ စကားကို နာခံလိုက်သည်။ သူက လောချင်းယန်၏ အသက်ကို ရင်း၍ မစွန့်စားလိုခြင်းလည်း ဖြစ်မည်။ သူ လက်ဝှေ့ယမ်းလိုက်ရာ လေထဲမှ အခြားနတ်ဘုရားဘုရင် ကိုးယောက်က ချက်ချင်း နောက်ဆုတ်သွားလိုက်ကြသည်။ သို့သော် သူတို့သည် ဝေးဝေးသို့ ဆုတ်မသွားကြဘဲ မီတာခြောက်ရာလောက်သာ နောက်ဆုတ်သွားကြသည်။ တစ်ချိန်တည်းမှာပင် အထွတ်အထိပ်အဆင့် နတ်ဘုရားဘုရင်က အခြားသူများကို အသံပို့လွှတ်၍ အနောက်ဘက်ခြံဝန်းကို ပိတ်ဆို့ထားရန် အမိန့်ပေးလိုက်သည်။ ဤသတင်းက အပြင်ကို ပေါက်ကြားသွား၍ မဖြစ်ပေ။ မဟုတ်လျှင် တိရှစံအိမ် လောမျိုးနွယ်မှ အခြားသူများအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားပေလိမ့်မည်။ အကယ်၍ ရန်သူက ထိုအခွင့်အရေးကို အသုံးချလိုက်မည်ဆိုလျှင် တိရှစံအိမ် လောမျိုးနွယ် အဆုံးသတ်သွားမည်ဖြစ်သည်။

ဝှစ်...

ဂူမူက ကျန်းရီ၏ အနောက်သို့ ပျံသန်းသွားလိုက်၏။ ထိုမှ ကျန်းရီ၏ ရင်ထဲရှိ အလုံးကြီး ကျသွားသည်။ အစောတွင် ဂူမူသည် အထွတ်အထိပ်အဆင့် နတ်ဘုရားဘုရင်ကို တားမထားလျှင်၊ လောချင်းယန်က တိုက်ပွဲအတွေ့အကြုံ ပိုရှိခဲ့လျှင် ယခုလောက်ဆို သူ အလောင်းဖြစ်နေလောက်ပေပြီ။

ဘေးတွင် ဂူမူရှိနေလျှင် တိရှစံအိမ် လောမျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားများက မဆင်မခြင် လှုပ်ရှားဝံ့တော့မည် မဟုတ်ပေ။ ဂူမူသာ အလိုရှိလျှင် လောချင်းယန်ကို တစ်ချက်တည်းဖြင့် သတ်ပစ်နိုင်သည် မဟုတ်ပါလား။ လောချင်းယန်သည် ဂူမူကို ခြေဆုံးခေါင်းဆုံး ကြည့်၍ ဝမ်းနည်းစွာ ပြောလိုက်သည်။

“ကျန်းရီ... ကျွန်မက ဒီအစီအစဉ်ကို ခေါင်းထဲမှာ အကြိမ်ဆယ်နဲ့ချီအောင် အစအဆုံး တွေးထားခဲ့တာ။ ဒီအစီအစဉ်က ပြီးပြည့်စုံပြီး ဟာကွက်ကင်းတယ်လို့ ကျွန်မထင်ခဲ့တယ်။ ဒါပေမဲ့ ရှင်က ဂူမူကို ထိန်းချုပ်နိုင်လိမ့်မယ်လို့ ကျွန်မ တစ်ခါမှ မတွေးခဲ့မိဖူးဘူး။ ရှင် ဘယ်လိုပဲ လုပ်ခဲ့တာဖြစ်ဖြစ် ကျွန်မ ချင်းယန် ရှင့်ကို လေးစားပါတယ်။ ရှင်က တကယ့်ကို ထူးခြားတာပဲ”

“ဟင်းဟင်း”

ကျန်းရီက ခပ်လှောင်လှောင် ရယ်လိုက်သည်။

“သခင်မလေးလော... သခင်မလေးက အရမ်းကြင်နာတတ်တာပဲ။ သခင်မလေးက အဆင့်အတန်းမြင့်တဲ့သူတစ်ယောက်ပါ။ ကျွန်တော်တို့လို ပမွှားလေးတွေက ရှင်သန်ဖို့ လုပ်ရတဲ့ အရာတွေကို သခင်မလေး ဘယ်တော့မှ နားလည်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ အသက်တွေက တန်ဖိုးမရှိတော့ ကျွန်တော်တို့က ကိုယ့်အသက်ကို သိပ်ဖက်တွယ်နေမှာ မဟုတ်ဘူး။ ဥပမာအနေနဲ့ ဒီအခြေအနေကို ကြည့်ပါ။ ကျွန်တော်က သခင်မလေးကို ဓားစာခံလုပ်လိမ့်မယ်လို့ သခင်မလေး မထင်ခဲ့ဘူးမလား”

“ဟုတ်တယ်...”

ကျန်းရီက လောချင်းယန်၏ လည်ပင်းကို တင်းတင်းညှစ်ထားသဖြင့် သူမ၏ မျက်နှာက နီရဲနေသည်။ သို့သော် သူမက တည်တည်ငြိမ်ငြိမ်ပင် ပြန်ပြောလေသည်။

“ကျွန်မက ရှင်ထွက်ပြေးလိမ့်မယ်လို့ပဲ ထင်ထားတာ။ ရှင်က ကျွန်မရဲ့ စံအိမ်ထဲဝင်လာပြီး ကျွန်မကို တိုက်ခိုက်လိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး။ ရှင်က သတ္တိလည်းရှိသလို ဉာဏ်လည်းကောင်းတယ်။ အဲ့ဒါက ရှင့်ကို ရှားပါးတဲ့ပါရမီရှင်တစ်ယောက် ဖြစ်စေတာပဲ။ ကျွန်မတို့က ရန်သူတွေ ဖြစ်နေတာ နှမြောစရာပါပဲ”

“ဟားဟားဟား...”

ကျန်းရီ ကျယ်လောင်စွာ ရယ်လိုက်သည်။ သို့သော် သူ၏မျက်နှာထားက ချက်ချင်း ပြန်တည်သွားပြီး သူ အေးစက်စက် လေသံဖြင့် ပြန်ပြောလိုက်သည်။

“အပိုတွေ ပြောမနေနဲ့တော့။ သခင်မလေးလောက ကျွန်တော်နဲ့အတူ ခရီးတစ်ခု လိုက်ခဲ့ပါ။ သခင်မလေးက ကျွန်တော့်ကို ခြင်္သေ့ပြာမြို့အထိ ခေါ်သွားပေးမယ်ဆိုရင် ကျွန်တော် သခင်မလေးကို ဘေးကင်းကင်းနဲ့ ပြန်လွှတ်ပေးလိုက်မှာပါ။ ကျွန်တော်က ရှင်သန်ချင်ရုံပါ။ အဲ့တောင်းဆိုချက်က အရမ်းတရားမလွန်ပါဘူးနော်...”

လောချင်းယန် နှုတ်ဆိတ်သွား၏။ သူမ၏ လှပသော မျက်လုံးလေးများက ဘေးဘီကို ဝေ့ဝဲကြည့်နေသည်။ ဆယ်စက္ကန့်အတွင်းမှာပင် သူမက သိမ်မွေ့စွာ ပြန်ပြောလိုက်သည်။

“မလွန်ပါဘူး။ ရှင်က ဒီကနေထွက်သွားနိုင်ဖို့ တည်နေရာပြောင်းရွှေ့အစီအရင်တွေ သုံးချင်တာမလား။ အင်း... အရင်ဆုံး ကျွန်မကို လွှတ်ပေးလိုက်ပါ။ မစိုးရိမ်ပါနဲ့ ဂူမူရဲ့ အရည်အချင်းနဲ့ဆိုရင် သူက ကျွန်မကို အလွယ်လေး သတ်ပစ်နိုင်ပါတယ်”

ကျန်းရီသည် ‌လောချင်းယန်ကို မြေပေါ်ပြန်ချပေးလိုက်၏။ သို့သော် သူသည် ရုတ်ခြည်း သူမအနောက်သို့ သွားလိုက်ပြီး သူမ၏ လည်ပင်းကို ထပ်မံဆုပ်ကိုင်လိုက်သည်။ သူ့ခန္ဓာကိုယ်က သူမ၏အနောက်တွင် လုံးဝကွယ်နေပေသည်။ ထို့ကြောင့် သူမ၏ နီရဲနေပြီဖြစ်သော မျက်နှာက မည်းမှောင်သွားလေသည်။

လောချင်းယန်၏ အသက်ရှူသံက ပိုမြန်လာသည်။ ထို့နောက် သူမ အံကြိတ်၍ ပြောသည်။

“ကျန်းရီ... ကျွန်မ ရှင့်ကို ခြင်္သေ့ပြာမြို့ဆီ ခေါ်သွားပေးနိုင်တယ်။ ဒါပေမဲ့ ရှင် ကျွန်မကို လေးစားမှုနည်းနည်းတော့ ပြရလိမ့်မယ်။ မိန်းကလေးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာက ဘယ်လောက်တောင် အရေးကြီးလဲဆိုတာကို ရှင်လည်း သိမှာပါ။ တကယ်လို့ လူတွေက ကျွန်မက ဂုဏ်သိက္ခာဆုံးရှုံးသွားပြီလို့ ထင်လာရင် ကျွန်မ သေသွားတာက ပိုကောင်းလိမ့်မယ်”

“ဟားဟားဟား...”

ကျန်းရီသည် ထပ်မံ၍ ကျယ်လောင်စွာ ရယ်လိုက်ပြီး သူ့ကိုယ်ကို သူမ၏ကိုယ်နှင့် ပိုဖိကပ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူမ၏ လည်ပင်းကို ညှစ်ထားသော သူ့လက်က သူမ၏ရင်ဘတ်ပေါ်သို့ လျှောဆင်းသွားသည်။ ကျန်းရီသည် နတ်ဘုရားဘုရင်ဆယ်ပါး၏ အ‌ရှေ့မှာပင် လောချင်းယန်၏ ရင်နှစ်မွှာကို အကြိမ်များစွာ ညှစ်လိုက်လေသည်။ ထို့ပြင် သူသည် ကျန်လက်တစ်ဘက်ဖြင့်လည်း သူမ၏ ပြည့်တင်းသော တင်ပါးများကို ဖျစ်ညှစ်လိုက်သည်။ ပြီးမှ သူသည် သူမ၏နားထဲသို့ တီးတိုးပြောလိုက်သည်။

“ကောင်းပြီ... အခု မင်းရဲ့ ဂုဏ်သိက္ခာက လုံးဝပျက်စီးသွားပြီ။ မင်း သေချင်ရင် ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်တော့”

“ရပ်လိုက်... ရှင်... ကျွန်မ...”

ထိုအခိုက်တွင် လောချင်းယန်သည် အမှန်ပင် သူမကိုယ်သူမ သတ်သေလိုသွားသည်။ သူမသည် အရှက်လည်းရကာ ‌ဒေါသလည်းထွက်နေပေသည်။ သူမသည် တွင်းတစ်တွင်းတူးကာ ထိုတွင်းထဲတွင်သာ ထာဝရ ပုန်း‌အောင်းနေလိုစိတ်ပင် ပေါက်သွားသည်။ ခပ်လှမ်းလှမ်းမှ အထွတ်အထိပ်အဆင့် နတ်ဘုရားဘုရင်သည်လည်း ဒေါသကြောင့် တုန်ယင်လာသည်။ သူသည် အလွန်ဒေါသထွက်နေသဖြင့် ရူးသွားတော့မလိုပင် ခံစားနေရသည်။ ထိုမျိုးမစစ် ကျန်းရီက သူတို့အားလုံး၏ အရှေ့တွင် သူတို့မျိုးနွယ်၏ သခင်မလေးကို စော်ကားနေခြင်းလော။

အခြားနတ်ဘုရားဘုရင်များနှင့် နတ်ဘုရားစစ်သူကြီးများကလည်း ဒေါသူပုန်ထနေကြသည်။ သို့သော် မည်သူကမှ ကျန်းရီကို ဒေါသထွက်အောင် မလုပ်ဝံ့ကြပေ။ သူက ထိုသို့သော အောက်တန်းစားလုပ်ရပ်မျိုးကို လုပ်ဝံ့ခြင်းကို ကြည့်လျှင် ယခုတွင် သူက ခွေးရူးတစ်ကောင်ဖြစ်နေပြီဖြစ်ကြောင်း သိနိုင်ပေသည်။ သူက သူသေကိုယ်သေ လုပ်ရန် အဆင်သင့်ဖြစ်နေပေပြီ။

ကျန်းရီသည် အမှန်ပင် ရူးသွပ်နေ၏။ သူ့ပခုံးထက်တွင် ဖိအားပေါင်းစုံ ရှိနေသည်။ ထို့ကြောင့် သူ အသက်ရှူပင် မဝချေ။

အတိတ်တွင်ဆိုလျှင် ကျန်းရီသည် ဤကဲ့သို့ အောက်တန်းကျသော လုပ်ရပ်မျိုးကို လုပ်လိမ့်မည် မဟုတ်ပေ။ သို့သော် လောချင်းယန်၏ သူ့အပေါ် အကွက်ဆင်မှုကို သူ့မျိုသိပ်ထားခဲ့ရသော ဒေါသများကို ပွင့်ထွက်သွားစေခဲ့သည်။ သူသည် ထိုသို့ အကွက်ဆင်သူများကို အမုန်းဆုံးဖြစ်သည်။ အထူးသဖြင့် အကွက်ဆင်သူက မိန်းမလှတစ်ယောက်ဖြစ်နေလျှင် ပိုမုန်းပေသည်။ သူ၏ ထိုအမုန်းတရားက ကျီထင်ယွီနှင့် ရှင်းမုန့်ဝမ်တို့ထံမှ အစပြုခဲ့ခြင်းပင်။ ယခုတွင် လောချင်းယန်ကလည်း ထိုသို့ဖြစ်နေသည်။ ထိုသို့သော မိန်းမလှလေးများက အဘယ်သို့ ကောက်ကျစ်သူများ ဖြစ်နေရသနည်း။

သို့သော် ကျန်းရီ၏ လုပ်ရပ်များတွင် ရည်ရွယ်ချက်တစ်ခုတော့ ရှိပေသေးသည်။ သူ ထိုသို့လုပ်လိုက်လျှင်လည်း လောချင်းယန်က သူမကိုယ်သူမ သတ်သေမည် မဟုတ်ကြောင်း သူသိသည်။ ဉာဏ်ကောင်းသူများက သေရမည်ကို အလွန်ကြောက်ကြသည်။ သူမက သူမကိုယ်သူမ သတ်သေဝံ့မည် မဟုတ်ချေ။ ထို့ကြောင့် သူသည် သူမကို အရှက်ခွဲရန် ထိုသို့ တမင်လုပ်ခဲ့ခြင်းဖြစ်သည်။ သူက သူမကို ရှင်သန်လိုလျှင်၊ ဂုဏ်သိက္ခာမထိခိုက်လိုလျှင် နာခံရမည်ဖြစ်ကြောင်း သိသွားစေလိုခြင်းပင်။ မဟုတ်လျှင် အကျိုးဆက်က ဆိုးဝါးသွားပေလိမ့်မည်။

လောချင်းယန်သည် သူမကိုယ်သူမ သတ်မသေလိုက်ပေ။ ထိုအစား ရှုံ့တွသော မျက်နှာထားဖြင့် မျက်လုံးမှိတ်ကာ အသက်ပြင်းပြင်းရှူသွင်းနေလေသည်။ စက္ကန့်သုံးဆယ်ကြာမှ သူမ အံကြိတ်ကာ ပြောလိုက်သည်။

“ကျန်းရီ ရှင်က ရက်စက်တာပဲ။ ကျွန်မ ရှင့်ကို ခြင်္သေ့ပြာမြို့ဆီ ခေါ်သွားပေးနိုင်တယ်။ ဒါပေမဲ့ ကျွန်မ ရှင့်ကို ဘယ်လိုယုံရမှာလဲ။ ခြင်္သေ့ပြာကိုရောက်မှ ရှင်က ကျွန်မကို သတ်လိုက်မယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ ကျွန်မက သေရမဲ့အတူတူ အခုပဲ အသေခံလိုက်မယ်”

လောချင်းယန်၏ လေသံက အလွန်အေးစက်နေသည်။ ဤတစ်ကြိမ် သူမက အလွန်ပြတ်သားနေပေသည်။ သူမ၏စကားနောက်ကွယ်တွင် အဓိပ္ပာယ်များပါသည်။ အကယ်၍ ကျန်းရီက သူမ၏ လုံခြုံရေးကို အာမမခံလျှင် သူမကို သူ့ကို ကူညီမည်မဟုတ်ပေ။ ကျန်းရီ မျက်နှာထား ပြောင်းလဲသွားသည်။ သူသည် သူမကို ထပ်ဖိအားမပေးဝံ့တော့သဖြင့် ‌လေသံတိုးတိုးဖြင့် မေးလိုက်သည်။

“မင်းက ဘာလိုချင်တာလဲ”

“အရမ်း ရိုးရှင်းပါတယ်”

‌လောချင်းယန်က မျက်လုံးဖွင့်ကာ ပြန်ပြောလိုက်သည်။

“အရင်ဆုံး ကောင်းကင်ဘုံဧကရာဇ်သွေးသစ္စာဆိုပါ။ ဒုတိယအနေနဲ့ ကျွန်မတို့မျိုးနွယ်ဝင်တွေကို ကျွန်မတို့နောက် လိုက်ခွင့်ပေးရမယ်။ ကျွန်မတို့က လမ်းတစ်လျှောက်လုံး တည်နေရာပြောင်းရွှေ့အစီအရင်တွေကိုပဲ သုံးမယ်။ မြို့ထဲမှာဆိုရင် ဘယ်သူကမှ ရှင့်ကို တိုက်ခိုက်ဝံ့မှာ မဟုတ်ပါဘူး။ အဲ့ဒါက တိရှအရှင် ထုတ်ပြန်ထားတဲ့ စည်းမျဉ်းပဲ။ ကျွန်မတို့ သိမ်းငှက်ပြာစီရင်စုနယ်ထဲက ထွက်တာနဲ့ ကျွန်မတို့မျိုးနွယ်ဝင်တွေက ရှင့်ကို တိုက်ခိုက်ရဲတော့မှာ မဟုတ်ဘူး။ ဘယ်လိုလဲ”

‘ထပ်ပြီးတော့ ကောင်းကင်ဘုံဧကရာဇ်သွေးသစ္စာပဲလား’

ကျန်းရီသည် နားမလည်နိုင်ဟန်ဖြင့် မျက်တောင်ပုတ်ခတ်လိုက်၏။ တစ်ချိန်တည်းမှာပင် သူသည် ဂူမူနှင့်သူ့ကြားမှ စိတ်ဝိညာဉ်ချိတ်ဆက်မှုကို အသုံးပြု၍ ဂူမူထံ အသံပို့လွှတ်လိုက်၏။

“ဂူမူ... အဲ့ကောင်းကင်ဘုံဧကရာဇ်သွေးသစ္စာက အလုပ်ဖြစ်လို့လား”

“ဖြစ်ပါတယ်”

ဂူမူက အသံပြန်ပို့လွှတ်သည်။

“ကောင်းကင်ဘုံဧကရာဇ်က ဘုံအားလုံးရဲ့ အရှင်သခင်ပါ။ အတိတ်တုန်းက ကောင်းကင်ဘုံဧကရာဇ်တစ်ပါးက သူ့ရဲ့ ဆန်းကြယ်စွမ်းရည်တွေကို သုံးပြီး မိုးမြေစည်းမျဉ်းတွေကို ပြောင်းလဲခဲ့ပါတယ်။ ကောင်းကင်ဘုံဧကရာဇ်သွေးသစ္စာဆိုတဲ့ လူတိုင်း သူတို့ရဲ့သစ္စာကို ဖောက်ဖျက်မိရင် မိုးမြေစည်းမျဉ်းတွေက အဲ့လူကို ရက်ရက်စက်စက် သတ်ပစ်ပါလိမ့်မယ်။ လွန်ခဲ့တဲ့ နှစ်သောင်းချီအတွင်းမှာ အဲ့သစ္စာကြောင့် နတ်ဘုရားဧကရာဇ်တွေ အပါအဝင် မ‌ရေမတွက်နိုင်တဲ့ စွမ်းအားကြီး သိုင်းသမားတွေ သေခဲ့ရပါတယ်...”

“လခွမ်း...”

ကျန်းရီသည် ထိုကဲ့သို့သော သစ္စာဆိုမှုမျိုးက အမှန်တကယ် အလုပ်ဖြစ်လိမ့်မည်ဟု မထင်ခဲ့ပေ။ သူသည် ခေတ္တမျှ တွေးတောပြီးနောက် ပြန်ပြောလိုက်သည်။

“ငါ ကောင်းကင်ဘုံဧကရာဇ်သွေးသစ္စာ ဆိုနိုင်တယ်.. မင်းတို့မျိုးနွယ်ဝင်တွေကိုလည်း ငါတို့နောက် လိုက်ခွင့်ပေးနိုင်တယ်။ ဒါပေမဲ့ မင်း နတ်ဘုရားဘုရင်တစ်ပါးကိုပဲ ခေါ်ခဲ့လို့ရမယ်... အဲ့နတ်ဘုရားဘုရင်ကလည်း ဂူမူထက် စွမ်းအားပိုကြီးလို့မရဘူး။ သူက ငါတို့နားကိုလည်း အရမ်းကပ်လာလို့ မရဘူး။ အနည်းဆုံး ငါတို့ကြားမှာ ကီလိုမီတာသုံးဆယ် ခြားနေရမယ်”

ကျန်းရီထံတွင် ပေါင်းစည်းမီးတောက်လုံးကိုးလုံး ရှိပေသေးသည်။ ထိုမီးတောက်လုံးများနှင့်ဆိုလျှင် သူသည် သာမန်နတ်ဘုရားဘုရင်များကိုပင် အလွယ်တကူ သတ်ပစ်နိုင်သည်။ သူတို့နောက်သို့ နတ်ဘုရားဘုရင်တစ်ပါးသာ လိုက်လာမည်ဆိုလျှင် ပြဿနာမရှိနိုင်ပေ။ ထို့ပြင် သူ့အတွက် ကောင်းကင်ဘုံဧကရာဇ်သွေးသစ္စာဆိုရန်လည်း ပြဿနာမရှိပေ။ ကျန်းရှောင်နူကိုသာ သိမ်းငှက်ပြာမြို့မှ ခေါ်ထုတ်နိုင်မည်ဆိုလျှင် လောချင်းယန်ကို အသက်ရှင်ခွင့်ပေးရန် သူ ဝန်မလေးပေ။

“ကောင်းပြီ”

လောချင်းယန်က ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်၏။ ထို့နောက် သူမသည် လေထဲရှိ အထွတ်အထိပ်အဆင့် နတ်ဘုရားဘုရင်ကို လှမ်းပြောလိုက်သည်။

“အဘိုးခြောက်.. ကျွန်မကို အဖေချန်ခဲ့တဲ့ မြို့အရှင်အမိန့်ပြား သွားယူပေးပါ။ ပြီးတော့ နတ်ဘုရားအမြစ်နည်းနည်းလည်း ယူပေးပါ။ အို့ ဟုတ်သား... ကျွန်မမှာ ဗောဓိသစ်သီးတွေ မရှိတော့ဘူး။ အဲ့သစ်သီးနည်းနည်းလည်း ယူခဲ့ပါဦး”

“ဗောဓိသစ်သီးတွေလား”

ကျန်းရီ အတန်ငယ် အံ့အားသင့်သွား၏။ သူသည် စိုးရိမ်ဟန်ဖြင့် ဂူမူကို လှည့်ကြည့်လိုက်သည်။ ဂူမူက ခေတ္တမျှ တွေးတောကာ ကျန်းရီထံ အသံပို့လွှတ်လိုက်သည်။

“သခင်... ပြဿနာ မရှိလောက်ပါဘူး။ သခင်မလေးမှာ ရှားပါးရောဂါတစ်ခု ရှိပါတယ်။ သူက ဗောဓိသစ်သီးတွေ စားဖို့ လိုပါတယ်။ သူ အဲ့လိုစားလာခဲ့တာ နှစ်ပေါင်းများစွာ ကြာပါပြီ”

“အို့...”

ကျန်းရီသည် ထိုကိစ္စကို ဆက်တွေးမနေတော့ပေ။ အထွတ်အထိပ်အဆင့် နတ်ဘုရားဘုရင်၏ မျက်လုံးများက တစ်စက္ကန့်မျှ လင်းလက်သွား၏။ သူသည် ချက်ချင်း လှည့်ထွက်သွားပြီး ရဲတိုက်တစ်ခုဆီသို့ ပျံသန်းသွားလိုက်သည်။ ခေတ္တကြာပြီးနောက် သူက လက်စွပ်တစ်ကွင်းနှင့် ပြန်ရောက်လာပြီး လက်စွပ်ကို ‌လောချင်းယန်ထံ ပစ်ပေးလိုက်လေသည်။

ထို့နောက် နတ်ဘုရားဘုရင်သည် ကျန်းရီကို ကြည့်ကာ အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။

“ကောင်စုတ်လေး... သခင်မလေးက မျိုးနွယ်ခေါင်းဆောင်ရဲ့ တစ်ဦးတည်းသောသမီးပဲ။ သခင်မလေးက သူ့ရဲ့ ဘဝပဲ။ ပြီးတော့ သခင်မလေးကို သိမ်းငှက်ပြာစီရင်စုနယ်အရှင်ရှောင်ဟုန်ရဲ့ တူနဲ့ ငယ်ငယ်ကတည်းက စေ့စပ်ပေးထားပြီးပြီ။ မင်း သူ့ကို ထိခိုက်အောင်လုပ်ရင် မြို့အရှင်က သူသေရမယ်ဆိုရင်တောင် မင်းကို ရအောင်လိုက်သတ်မှာပဲ။ ရှောင်မျိုးနွယ်ကလည်း မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး။ အဲ့ဒါတွေကို မြဲမြဲမှတ်ထားပါ”

“ကျွန်တော် သိပါတယ်”

ကျန်းရီက ကောင်းကင်ဘုံဧကရာဇ်သွေးသစ္စာကို ဆိုပြီးသွားပြီဖြစ်သည်။ ထို့နောက် သူ ပခုံးတွန့်ကာ ပြုံး၍ ဆက်ပြောလိုက်သည်။

“ကျွန်တော်က အရေးမပါတဲ့လူတစ်ယောက်ပဲ။ ကျွန်တော့်ရဲ့ အသက်က တန်ဖိုးမရှိပါဘူး။ ကျွန်တော် သေသွားမယ်ဆိုရင်တောင် လောကကြီးက ဘာမှဆုံးရှုံးနစ်နာသွားမှာ မဟုတ်ပါဘူး။ ကျွန်တော်က အသက်ရှင်ရက်နဲ့ သိမ်းငှက်ပြာစီရင်စုနယ်ထဲက ထွက်သွားချင်ရုံပါပဲ။ ဒါပေမဲ့ ကျွန်‌တော် သေရမယ်ဆိုရင် ခင်ဗျားတို့ရဲ့ သခင်မလေးလည်း သေရလိမ့်မယ်။ အဲ့ဒါကို မြဲမြဲမှတ်ထားပါ။ ဂူမူ.. သခင်မလေးလောရဲ့ ကောင်းကင်စွမ်းအားတွေကို ချိပ်ပိတ်ထားလိုက်။ ကျွန်တော်တို့သွားမယ်”

***

All Chapters