အရှင်ရှောင်တိ
Vol. 96 Ch. 1341
ဂူမူသည် တည်ငြိမ်စွာဖြင့် ကောင်းကင်စွမ်းအားများ ထုတ်လွှတ်၍ သူ၏ဆန်းကြယ်စွမ်းရည်ကို အသုံးပြုကာ လောချင်းယန်၏ ဒန်တျန်ကို ချိပ်ပိတ်လိုက်သည်။ ကောင်းကင်စွမ်းအားမရှိလျှင် လောချင်းယန်က မည်သည်ကိုမှ လုပ်နိုင်မည် မဟုတ်ချေ။ ထို့ပြင် သူမ၏ စိတ်ဝိညာဉ်က မသန်မာပေ။ သူမက စိတ်ဝိညာဉ်တိုက်ခိုက်မှုများ တတ်ထားလျှင်လည်း ကျန်းရီ မကြောက်ချေ။ အမည်မဲ့ကျင့်စဉ်၏ တံဆိပ်စာလုံးများက ဂူမူကဲ့သို့သော စွမ်းအားကြီး သိုင်းသမားတစ်ယောက်ကိုပင် ကြောက်ရွံ့သွားစေခဲ့သည် မဟုတ်ပါလား။
လောချင်းယန်က အလွန်လိုက်လျောနေသည်။ သူမသည် ကျန်းရီနှင့်အတူ ခြံဝန်းအပြင်သို့ ထွက်သွားလိုက်သည်။ ဂူမူက သူမအနောက်မှ ကပ်လိုက်သွားသည်။ သူတို့ကြားတွင် တစ်မီတာခွဲသာ ခြားသည်။ ကျန်းရီနှင့် ဂူမူတို့သည် နတ်ဘုရားဘုရင်များကို မျက်ခြည်မပြတ် ကြည့်နေကြသည်။ နတ်ဘုရားဘုရင်များက သူတို့ကို ရုတ်တရက် တိုက်ခိုက်မည်ကို စိုးရိမ်ရပေသည်။ သို့သော် မည်သည့်နတ်ဘုရားဘုရင်ကမှ သူတို့ကို မတားသဖြင့် ကျန်းရီ စိတ်အေးသွားရသည်။ နတ်ဘုရားဘုရင်များက သူတို့သုံးယောက် ထွက်သွားသည်ကို ရပ်၍သာ ကြည့်နေကြလေသည်။
အနောက်ခြံဝန်းအပြင်သို့ ရောက်သောအခါ ကျန်းရီသည် စိတ်အေးသွားဟန် သက်ပြင်းချလိုက်၏။ အရှေ့ခြံဝန်းမှ နတ်ဘုရားဘုရင်များက အထွတ်အထိပ်အဆင့် နတ်ဘုရားဘုရင်ထံမှ သတင်းရထားပြီးဖြစ်၍ တစ်ယောက်မှ အပြင်ထွက်မလာကြပေ။ ခြံဝန်းထဲရှိ အခြားလူများကမူ အခြေအနေကို လုံးဝ မသိကြချေ။ ထို့ကြောင့် ကျန်းရီနှင့် ဂူမူတို့သည် လောချင်းယန်အနောက်မှလိုက်ကာ လောအိမ်တော်ထဲမှနေ၍ အပြင်သို့ ဝံ့ဝံ့ကြွားကြွား ထွက်သွားနိုင်လိုက်လေသည်။
ရွှီး...
လောချင်းယန်၏ သိုလှောင်လက်စွပ်ထဲမှနေ၍ ကျော့ရှင်းသော စစ်ရထားလုံးတစ်စီး ထွက်လာသည်။ အထက်ဘုံမှ သိုလှောင်လက်စွပ်များက ကောင်းကင်ကြယ်တာရာနယ်နမိတ်ရှိ ရှေးဟောင်းနတ်ဘုရားလက်စွပ်များနှင့် ကွဲပြားကြသည်။ သိုလှောင်လက်စွပ်များကို သုံးရန် ကောင်းကင်စွမ်းအား မလိုအပ်ပေ။ တစ်ချက်တွေးလိုက်ရုံဖြင့် လက်စွပ်ထဲမှ ပစ္စည်းများကို ထုတ်နိုင်ပေသည်။ လောချင်းယန်သည် ကျန်းရီကို လှည့်ကြည့်ကာ ပြောလိုက်သည်။
“ဒီမြို့ထဲမှာ ကျွန်မက ဂုဏ်သရေရှိ သခင်မလေးပဲ။ ကျွန်မတို့ လမ်းလျှောက်သွားမယ်ဆိုရင် လူတွေ သံသယဖြစ်ကုန်ကြလိမ့်မယ်။ ကျွန်မနဲ့အတူ စစ်ရထားလုံး စီးလိုက်ပါ။ ရှင်က ကျွန်မရဲ့ ကိုယ်ရံတော်လိုမျိုး ဟန်ဆောင်ပါ”
“ဟွန်း...”
ကျန်းရီ နှာခေါင်းရှုံ့လိုက်သည်။ လောချင်းယန်က သူ့ကို လှည့်စားမည်စိုး၍ သူ လောချင်းယန်ကို ဆွဲခေါ်ကာ စစ်ရထားလုံးပေါ် တက်လိုက်သည်။ သူတို့ ရထားလုံးပေါ် ရောက်သောအခါ ရထားလုံး၏ အကာအရံက ပွင့်သွား၏။ ထို့နောက် သူတို့ မြို့ရင်ပြင်ဆီသို့ သွားလိုက်ကြလေသည်။ ဂူမူကမူ သူတို့အနောက်မှနေ၍ ကပ်လိုက်လာပေသည်။
“သခင်... လောဟန်က ကျွန်တော်တို့နောက်ကို လိုက်လာပါတယ်။ သူက အလယ်အလတ်အဆင့် နတ်ဘုရားဘုရင်ပါ”
ဂူမူသည် ကျန်းရီထံသို့ အသံပို့လွှတ်လိုက်၏။ ကျန်းရီက ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်က အဖြူရောင်အလင်း လင်းလက်လာပြီး လောမျိုးနွယ်၏ ကိုယ်ရံတော်တစ်ယောက်အသွင် ပြောင်းသွားသည်။ လောချင်းယန်သည် စစ်နတ်ဘုရားစံအိမ် လော့မျိုးနွယ်က သူမ ဓားစားခံအဖြစ် အဖမ်းခံထားရကြောင်း သိသွားမည်ကို စိုးရိမ်နေ၏။ ကျန်းရီကလည်း သူမလိုပင် စိုးရိမ်နေပေသည်။
အကယ်၍ စစ်နတ်ဘုရားစံအိမ် လော့မျိုးနွယ်က ထိုအကြောင်းကို သိသွားလျှင် သူတို့ကို လိုက်ဖမ်းမည်ဖြစ်သည်။ ကျန်းရီက လောချင်းယန်ကို ဓားစာခံလုပ်ထားလျှင်ပင် ပြဿနာတက်သွားပေလိမ့်မည်။ ထို့ကြောင့် ကျန်းရီသည် သံသယများကို ရှောင်ရှားရန် တိရှစံအိမ် လောမျိုးနွယ်မှ ကိုယ်ရံတော်တစ်ယောက်အဖြစ် ဟန်ဆောင်ကာ လောချင်းယန်နှင့်အတူ စစ်ရထားလုံး စီးလိုက်ခြင်းဖြစ်သည်။
“အကြီးအကဲခြောက်... မျိုးမစစ်လေးနဲ့ သစ္စဖောက်ဂူမူက သခင်မလေးနဲ့အတူ မြို့ရင်ပြင်ကို သွားနေကြပါတယ်”
ကျန်းရီတို့ ထွက်သွားသောအခါ အရှေ့ခြံဝန်းမှ နတ်ဘုရားဘုရင်များက အနောက်ခြံဝန်းဆီသို့ အပြေးအလွှား သွားလိုက်ကြသည်။ သူတို့သည် သူတို့၏ အကြီးအကဲခြောက်ဖြစ်သော အထွတ်အထိပ်အဆင့် နတ်ဘုရားဘုရင်ကို စိုးရိမ်တကြီးဟန်ဖြင့် ကြည့်နေကြသည်။ လက်ရှိတွင် သူတို့၏ ကျောထောက်နောက်ခံဖြစ်သော မြို့အရှင်လော ရှိမနေပေ။ ယခု လောချင်းယန်က ဓားစာခံအဖြစ် အဖမ်းခံထားရသဖြင့် သူတို့ စိုးရိမ်နေကြသည်။ မြို့အရှင်လောသာ ထိုအကြောင်းကို သိသွားလျှင် မည်မျှ ဒေါသထွက်သွားမည်ကို တွေးကြည့်ရုံဖြင့်ပင် သူတို့ ကြက်သီးထသွားကြသည်။
“အဲ့ကောင်စုတ်လေးက သာမန်နတ်ဘုရားအဆင့်မှာပဲ ရှိသေးတဲ့ ပုရွက်ဆိတ်တစ်ကောင်ပဲ။ ဒါပေမဲ့ ဘာလို့ သူက အဲ့လောက်ကြောက်စရာကောင်းတဲ့ မီးတောက်တွေကို ပိုင်ဆိုင်ထားရတာလဲ”
“သူက ဘယ်လိုလုပ်ပြီး ဂူမူကို ထိန်းချုပ်နိုင်သွားတာလဲ။ ဂူမူက အဆင့်မြင့် နတ်ဘုရားဘုရင်ပဲ”
“ဂူမူက သစ္စာဖောက်တစ်ယောက်... အဲ့သူရဲဘောကြောင်တဲ့ကောင်က သာမန်နတ်ဘုရားအဆင့် သိုင်းသမားတစ်ယောက်ရဲ့ ဝိညာဉ်ကျွန် အဖြစ်ခံတယ်ပေါ့လေ။ သူ့ကို ယုံလို့မရဘူးဆိုတာ ကျုပ်သိသားပဲ...”
“ဆိုးတာက... ကျုပ်တို့က စွမ်းအားကြီး စိတ်ဝိညာဉ်တိုက်ခိုက်မှုတွေကို မတတ်ထားတာပဲ။ မဟုတ်ရင် ကျုပ်တို့ အဲ့ကောင်စုတ်လေးကို ချက်ချင်း သတ်ပစ်လိုက်လို့ရတယ်”
“...”
နတ်ဘုရားဘုရင်တစ်စုသည် ဖြစ်ပျက်ခဲ့သည်များကို ပြောဆိုနေကြသည်။ အခြားလူများကလည်း မချင့်မရဲဖြစ်နေကြသည်။ အကြီးအကဲခြောက်သည် တစ်ချိန်လုံး နှုတ်ဆိတ်နေပြီး အခြားသူများက မရပ်မနားပြောဆိုနေကြသည်ကိုသာ ကြည့်နေလေသည်။ ပြီးမှ သူ ရုတ်တရက် ဒေါသတကြီး အော်ပြောလိုက်သည်။
“အားလုံး ပါးစပ်ပိတ်ထားကြ”
အားလုံး ချက်ချင်း ပါးစပ်ပိတ်သွားကြသည်။ မည်သူကမှ စကားထပ်မပြောဝံ့တော့ပေ။ သူတို့သည် အကြီးအကဲခြောက်ကို သူတို့အပေါ် ဒေါသပုံချနိုင်မည့် အခွင့်အရေး မပေးလိုချေ။ အတော်ကြာ တိတ်ဆိတ်နေပြီးနောက် အကြီးအကဲခြောက်က အမိန့်များပေးလိုက်သည်။
“လောကျားယင်.. ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကို မျိုးနွယ်ခေါင်းဆောင်ဆီ ချက်ချင်း အသေးစိတ်သတင်းပို့လိုက်ပါ။ ရှောင်မျိုးနွယ်က အရှင်ရှောင်တိကိုလည်း လျှို့ဝှက်လှုပ်ရှားခိုင်းလိုက်ပါ။ တကယ်လို့ အရှင်ရှောင်တိသာ လှုပ်ရှားပေးမယ်ဆိုရင် သူက အဲ့ကောင်စုတ်ကိုရော ဂူမူကိုပါ ချက်ချင်း သတ်ပစ်နို်ငလိမ့်မယ်”
“အရှင်ရှောင်တိလား”
နတ်ဘုရားဘုရင်များ၏ မျက်ဝန်းများ အရောင်လက်သွားကြသည်။ အရှင်ရှောင်တိမှာ နတ်ဘုရားဧကရာဇ်တစ်ပါးဖြစ်ပြီး သိမ်းငှက်ပြာစီရင်စုနယ်ထဲရှိ ထိပ်သီးဆယ်ယောက်ထဲမှ တစ်ယောက်ဖြစ်သည်။ ထို့ပြင် သူသည် သိမ်းငှက်ပြာစီရင်စုနယ်ထဲရှိ စွမ်းအားအကြီးဆုံး စိတ်ဝိညာဉ်တိုက်ခိုက်မှုများကို ပိုင်ဆိုင်ထားသူနှစ်ယောက်ထဲမှ တစ်ယောက်လည်းဖြစ်သည်။ သူသာ ကျန်းရီနှင့် ဂူမူတို့ကို လျှို့ဝှက် သတ်ဖြတ်ပေးမည်ဆိုလျှင် လောချင်းယန်က လုံခြုံပေလိမ့်မည်။ အရှင်ရှောင်တိနေရာတွင် အခြားလူတစ်ယောက်ဆိုလျှင်မူ လောမျိုးနွယ်မှ နတ်ဘုရားဘုရင်များက စိတ်အေးနိုင်မည် မဟုတ်ပေ။
မြို့အရှင်လော၏ အဖေက သိမ်းငှက်ပြာစီရင်စုနယ်အရှင်ရှောင်ဟုန်၏ အစေခံတစ်ယောက် ဖြစ်ခဲ့ဖူးသည်။ သူက ရှောင်ဟုန်၏ အိမ်တော်ထိန်းတစ်ယောက်ဖြစ်သည်။ သူနှင့် ရှောင်ဟုန်၏ ဆက်ဆံရေးကလည်း အလွန်ကောင်းမွန်သည်။ ထို့ကြောင့် သူ အသက်အရွယ်ရလာသောအခါ နတ်သိမ်းငှက်မြို့၏ မြို့အရှင်ဖြစ်လာခြင်းပင်။ ရှောင်တိမှာ ရှောင်ဟုန်၏တပည့် ဖြစ်ပြီး ရှောင်မျိုးနွယ်တွင် တတိယမြောက် စွမ်းအားအကြီးဆုံးသူဖြစ်သည်။ အရေးအကြီးဆုံးမှာ လောချင်းယန်၏ သတို့သားလောင်းက ရှောင်တိ၏မြေး ဖြစ်နေခြင်းပင်။
“ပြီးတော့...”
အကြီးအကဲခြောက်က အသံမြှင့်၍ ဆက်ပြောသည်။
“လောဟန်ဆီလည်း သတင်းပို့လိုက်... သခင်မလေးတို့နောက်ကို ထပ်ကြပ်မကွာ လိုက်သွားပါလို့။ အမြဲတမ်း သူတို့နဲ့ ကီလိုမီတာသုံးဆယ်အကွာမှာ ရှိနေပါစေ.. လုံးဝမျက်ခြည်ပြတ်မသွားစေနဲ့။ သခင်မလေးရဲ့ ဗောဓိသစ်သီးတွေမှာ စိတ်ကြွဆေးမှုန့်တွေပါတယ်။ တကယ်လို့ သခင်မလေးက အဲ့ဆေးမှုန့်တွေကိုသုံးပြီး ထွက်ပြေးတော့မယ်လို့ အချက်ပြလိုက်တာနဲ့ လောဟန်က သူ့ကို ချက်ချင်း သွားကူရမယ်”
“စိတ်ကြွဆေးမှုန့်လား”
အားလုံးသည် ထိုစကားကို ကြားလိုက်ရသောအခါ အံ့အားသင့်သွားကြ၏။ မကြာခင်မှာပင် သူတို့ သဘောပေါက်သွားကြသည်။
မကြာသေးခင်က ဗောဓိသစ်သီးတစ်သုတ် ရောက်လာခဲ့သည်။ လောချင်းယန်သည် ထိုစဉ်ကတည်းက သစ်သီးတစ်ထောင် ယူထားခဲ့၏။ သို့သော် သူမသည် ထွက်မသွားခင်တွင် အကြီးအကဲခြောက်ကို ဗောဓိသစ်သီးများ ထပ်တောင်းခဲ့သည်။ အစောတွင် သူတို့ အတန်ငယ် ခေါင်းရှုပ်သွားသော်လည်း ယခုတွင် သူမ၏အကြံကို သိသွားကြပေပြီ။ လောချင်းယန်သည် ထိုသို့သော အချိန်မှာပင် သူမကိုယ်သူမ ကယ်တင်နိုင်မည့် နည်းလမ်းတစ်ခုကို တွေးနိုင်သေးပြီး တွေးထားသည့်အတိုင်းလည်း ဖြစ်အောင်လုပ်နိုင်ခဲ့ပေသည်။ ထိုသခင်မလေးက အမှန်ပင် ဉာဏ်ကောင်းလွန်းလေသည်။
“ကျန်တဲ့သူတွေက မလှုပ်ရှားကြပါနဲ့။ လောအိမ်တော်ကို ပိတ်ထားပြီး တိရှစံအိမ်ရဲ့ အဆင့်မြင့်တဲ့ စံအိမ်ဝင်တွေကိုလည်း တတ်နိုင်သမျှ အပြင်မထွက်ဖို့ တားထားကြပါ။ အခု အရေးအကြီးဆုံးက သခင်မလေးကို ကယ်ဖို့ပဲ”
အကြီးအကဲခြောက်က အမိန့်များ ထပ်ပေးလိုက်သည်။ သူသည် လောချင်းယန်တို့နောက်သို့ အလွန်လိုက်သွားလိုနေသော်လည်း မစွန့်စားဝံ့ပေ။ အကယ်၍ ကျန်းရီက သူလိုက်လာကြောင်း သိသွားပြီး လောချင်းယန်ကို သတ်ပစ်လိုက်မည်ဆိုလျှင် အရာအားလုံး အဆုံးသတ်သွားပေလိမ့်မည်။ ထို့ပြင် လော့ထင်က သေသွားပြီဖြစ်သည်။ အကယ်၍ စစ်နတ်ဘုရားစံအိမ် လော့မျိုးနွယ်က လော့ထင် သေသွားရသည်မှာ တိရှစံအိမ် လောမျိုးနွယ်၏လက်ချက်ကြောင့်ဖြစ်ကြောင်း သိသွားလျှင် လောအိမ်တော်၌ သူရော မြို့အရှင်ပါ ရှိမနေပါက တိရှစံအိမ် လောမျိုးနွယ်က သေချာပေါက် ပျက်သုဉ်းရပေလိမ့်မည်။
***
“ဂူမူ.. ဒီပန်းချီကားကို ယူသွားပြီး ကျွန်တော့်ရဲ့ မိတ်ဆွေကို ဒီကို ခေါ်လာခဲ့ပါ။ သူက ကျွန်တော့်ရဲ့ အိမ်မှာ ရှိနေပါတယ်။ ဒီပန်းချီကားကို ပြလိုက်ရင် သူ ခင်ဗျားနောက်ကို လိုက်လာပါလိမ့်မယ်”
စစ်ရထားလုံးက ဖြည်းဖြည်းချင်း သွားနေသည်။ ရုတ်တရက် ကျန်းရီသည် ရထားလုံး၏ အကာအရံကို ပိတ်လိုက်ပြီး ပန်းချီကားတစ်ချပ် ထုတ်ပေးလိုက်သည်။ ယင်းမှာ သူကိုယ်တိုင် ဆွဲထားသော ကောင်းကင်ပန်းချီကားဖြစ်သည်။ ပန်းချီကားထဲတွင် အဆုံးမဲ့ပင်လယ်နှင့် အောင်းလု၏ပုံကို ရေးဆွဲထားခြင်းပင်။ အနက်ရောင်နတ်ဘုရားက ထိုပန်းချီကားကို မြင်လိုက်လျှင် ၎င်းမှာ ကျန်းရီကိုယ်တိုင်ဆွဲထားသော ပန်းချီကားဖြစ်ကြောင်း သိသွားပေလိမ့်မည်။
မူလတွင် ကျန်းရီသည် အနက်ရောင်နတ်ဘုရားကို သူနှင့်အတူ ခေါ်မသွားလိုခဲ့ပေ။ ဤခရီးက လုံခြုံလိမ့်မည်ဟု သူ ယုံကြည်မှု မရှိချေ။ ထို့ကြောင့် အနက်ရောင်နတ်ဘုရားကို သူနှင့်အတူသေရန် ခေါ်သွားသလိုမျိုး ဖြစ်မည်ကို သူ စိုးရိမ်သည်။
ယခုတွင်မူ အခြေအနေများက ပြောင်းပြန်ဖြစ်သွားပေပြီ။ လောချင်းယန်က သူ့ကို သိမ်းငှက်ပြာစီရင်စုနယ်ထဲမှ ခေါ်ထုတ်သွားနိုင်သည်။ စစ်နတ်ဘုရားစံအိမ် လော့မျိုးနွယ်နှင့် တိရှစံအိမ် လောမျိုးနွယ်တို့က မည်မျှအင်အားကြီးပါစေ သူတို့ သိမ်းငှက်ပြာစီရင်စုနယ်အပြင်သို့ ရောက်သွားလျှင် သူတို့ကို သတ်နိုင်တော့မည် မဟုတ်ချေ။ ထို့ကြောင့် ကျန်းရီ စိတ်ပြောင်းသွားခြင်းဖြစ်သည်။ သူ၏ ရှင်သန်နိုင်ခြေက တိုးလာပြီဖြစ်ရာ သူ အဘယ်သို့ အနက်ရောင်နတ်ဘုရားကို နောက်တွင် ချန်ထားခဲ့နိုင်ပါမည်နည်း။ သူက ဤအတိုင်း ထွက်သွားလိုက်လျှင် တိရှစံအိမ် လောမျိုးနွယ်နှင့် စစ်နတ်ဘုရားစံအိမ် လော့မျိုးနွယ်တို့က သူတို့၏ ဒေါသများကို အနက်ရောင်နတ်ဘုရားအပေါ် ပုံချမည်ဖြစ်သည်။ သူတို့က အနက်ရောင်နတ်ဘုရားကို နှိပ်စက်နည်းပေါင်း တစ်ရာ့တစ်မျိုးနှင့် နှိပ်စက်ပေလိမ့်မည်။
ဂူမူသည် ကျန်းရီ၏ အမိန့်များကို မငြင်းဆန်ဝံ့ပေ။ ထို့ကြောင့် သူ ချက်ချင်း ထွက်သွားသည်။ လောချင်းယန်က ကျန်းရီကို အသံပို့လွှတ်ကာ ပြောလိုက်၏။
“ကျန်းရီ... ရှင် အဲ့လိုလုပ်လိုက်တာက အကြီးကြီးစွန့်စားလိုက်တာပဲ။ စစ်နတ်ဘုရားစံအိမ် လော့မျိုးနွယ်က ရှင့်အိမ်နားမှာ ထောက်လှမ်းရေးတွေအများကြီး ချထားတာ။ တကယ်လို့ ဂူမူက ရှင့်မိတ်ဆွေကို ခေါ်သွားပြီး ကျွန်မက ဒီမြို့ကနေ တည်နေရာပြောင်းရွှေ့သွားမယ်ဆိုရင် စစ်နတ်ဘုရားစံအိမ် လော့မျိုးနွယ်က သေချာပေါက် သံသယဝင်သွားမှာပဲ။ အဲ့ကျရင် သူတို့ကို ရှင့်ကို လိုက်ဖမ်းဖို့ လူတွေ စေလွှတ်လိုက်လိမ့်မယ်။ အဲ့လူတွေက ရှင် ကျွန်မကို ဓားစာခံလုပ်ထားတယ်ဆိုတာကို အရေးစိုက်မှာ မဟုတ်ဘူး... ရှင့်ကို သေချာပေါက် သတ်ပစ်မှာပဲ”
“ပါးစပ်ပိတ်ထား”
ကျန်းရီသည် ရထားလုံး၏ အကာအရံကို ပြန်ဖွင့်လိုက်ပြီး လောချင်းယန်ကို ခြေဆုံးခေါင်းဆုံးကြည့်ကာ အေးစက်စက် ပြောလိုက်သည်။
“ငါက အဲ့ဒါတွေကို ဂရုစိုက်မနေနိုင်ဘူး။ မင်း ပေါက်ကရတွေ ဆက်ပြောနေသေးရင် ငါ မင်းကို အဓမ္မကျင့်ပစ်မယ်”
“...”
လောချင်းယန်သည် ကျန်းရီ၏ မျက်ဝန်းများက သားကောင်ချောင်းနေသော ဝံပုလွေတစ်ကောင်၏ မျက်ဝန်းများနှင့် တူနေကြောင်း တွေ့လိုက်ရ၏။ သူမ၏ လှပသော ကိုယ်လုံးလေးက တုန်ယင်သွားသည်။ သူမသည် ကျန်းရီကို ဆက်၍ ရန်မစဝံ့တော့ပေ။ အကယ်၍ သူမက အတင်းသွားစွလျှင် သူက မည်သည့်အရာကိုမဆို လုပ်ပစ်နိုင်ပေသည်။
ဂူမူက အလွန်လျင်မြန်စွာ သွားခဲ့၏။ ဆယ်မိနစ်အတွင်းမှာပင် သူသည် အနက်ရောင်နတ်ဘုရားကို ခေါ်၍ ကျန်းရီနှင့် လောချင်းယန်တို့ ရှိနေသော မြို့ရင်ပြင်သို့ ရောက်လာ၏။
ရွှီး...
လောချင်းယန်သည် စစ်ရထားလုံးပေါ်မှ ဆင်းလိုက်ပြီး ရထားလုံးကို သူမ၏လက်စွပ်ထဲတွင် ပြန်သိမ်းလိုက်သည်။ ကျန်းရီက သူမဘေးတွင် မျက်နှာထားတည်တည်ဖြင့် ရပ်နေသည်။ မြို့ရင်ပြင်ထဲတွင် တိရှစံအိမ်မှ တပ်သားတစ်စုနှင့် နတ်ဘုရားဘုရင်အဆင့် တပ်မှူးတစ်ယောက် ရှိနေ၏။ သူတို့အားလုံးသည် လောချင်းယန်ကို မြင်သောအခါ ဒူးထောက်၍ ပြောလိုက်ကြသည်။
“နှုတ်ခွန်းဆက်ပါတယ် သခင်မလေး”
အနက်ရောင်နတ်ဘုရားက ကျန်းရီကို စိုက်ကြည့်လိုက်၏။ ကျန်းရီက ရုပ်ဖျက်ထားသဖြင့် သူ ချက်ချင်း မမှတ်မိခြင်းပင်။ သို့သော် ကျန်းရီ၏ မျက်ဝန်းများကို သူ အလွန်ရင်းနှီးနေပေသည်။ အစောတွင် သူသည် သံသယအနည်းငယ် ရှိခဲ့သော်လည်း ထိုမျက်ဝန်းများကို တွေ့လိုက်သောအခါ သူတို့နောက်သို့ လိုက်သွားရန် မတုံ့ဆိုင်းတော့ပေ။
လောချင်းယန်က အရှေ့ဆုံးတွင် ရပ်နေသည်။ သူမလက်ထဲတွင် ရွှေအိုရောင် အမိန့်ပြားတစ်ပြား ပေါ်လာ၏။ ထို့နောက် သူမက အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။
“တည်နေရာပြောင်းရွှေ့အစီအရင်ကို နှိုးလိုက်။ ကျွန်မ အဖေ့ကို အရေးတကြီး သွားတွေ့ရမယ်။ ကျွန်မ နတ်မီးတောက်မြို့ကို သွားချင်တယ်”
“နားလည်ပါပြီ”
တိရှစံအိမ်မှ တပ်သားအုပ်စုသည် အံ့အားသင့်နေကြသော်လည်း မည်သူကမှ လောချင်းယန်၏အမိန့်ကို မငြင်းဆန်ဝံ့ကြပေ။ သူတို့သည် ချက်ချင်းပင် တည်နေရာပြောင်းရွှေ့အစီအရင်ကို နှိုးလိုက်ကြ၏။ ယင်းနောက် လောချင်းယန်တို့သည် အစီအရင်ထဲသို့ ဝင်ကာ ပျောက်ကွယ်သွားကြလေသည်။