ကောင်းကင်တုန်ခါဆေးအိုး၏ အသုံးဝင်ပုံ
Vol. 23 Ch. 312
သိုင်းပြိုင်ပွဲစတင်ရန် အချိန်လိုအပ်သောကြောင့် ယဲ့ချန်သည် ဝိညာဥ်အသိစိတ်ကိုထုတ်ဖော်ကာ ပတ်ဝန်းကျင်ကို ဂရုတစိုက်စစ်ဆေးလိုက်သည်။ ဤနေရာသို့ရောက်လာသော ဧည့်သည်များတွင် အနိမ့်ဆုံးက မြေဝိဇ္ဇာအဆင့်ဖြစ်နေပြီး ဆန်းကျယ်ဝိဇ္ဇာများပင် အရေအတွက်တစ်ခုအထိ ရှိနေသည်။ ထိုအချိန်တွင် သူ၏မြင်ကွင်းအတွင်း အစေခံများစွာခြံရံ၍ လမ်းလျှောက်နေသော ဆန်းကျယ်ဝိဇ္ဇာသုံးယောက်က ဝင်ရောက်လာသည်။ အခြားလူများ၏တီးတိုးစကားကြောင့် ဤသုံးယောက်မှာ မုန်တိုင်းအိမ်တော်မှဖြစ်ကြောင်း သိလိုက်ရသည်။
"အရှင့်ရဲ့အကြီးဆုံးတပည့်က ဝိညာဥ်မျှော်စင်မှာ အာကာသကျောက်တုံးတစ်ခု ရှာတွေ့ခဲ့တယ်။ သူက အဲ့တာကိုသုံးပြီး ဆန်းကျယ်ဝိဇ္ဇာအဆင့်တက်နိုင်ခဲ့တယ်။ အာကာသကျောက်ကိုတော့ အိမ်တော်သခင်ဆီ ဆက်သခဲ့တယ်"
"ရှူး တိုးတိုးပြောပါဟ။ ဒီနေရာမှာ ကောင်းကင်သားရဲတွေရှိတယ်"
"စိတ်ပူမနေစမ်းပါနဲ့ကွာ။ ငါတို့သုံးယောက်ပူးပေါင်းလိုက်ရင် ကောင်းကင်သားရဲ ဝိညာဥ်အသိစိတ်နဲ့ခိုးနားထောင်နေတာကို ချက်ချင်းတွေ့နိုင်ပါတယ်"
သို့သော် သူတို့သုံးယောက်၏စကားလုံးတိုင်းကို နားထောင်နေသော ယဲ့ချန်ကိုမူ သတိမပြုမိခဲ့ကြပေ။
"ငါတို့အိမ်တော်တင်မဟုတ်ဘဲ တိမ်ဖြူတောင်ကြားနဲ့ မဟူရာဂိုဏ်းကတပည့်တွေလည်း အာကာသကျောက်တုံးတွေ ရှာတွေ့ခဲ့ကြတယ်။ ဒါတွေက အရမ်းရှားပါးပေမယ့် ရုတ်တရက် အများကြီးထွက်ပေါ်လာတယ်။ အရင်က ဝိညာဥ်မျှော်စင်မှာ ဝိညာဥ်လက်နက်တွေကလွဲရင် အာကာသကျောက်တွေ ထွက်မလာတတ်ဘူး။ တစ်ခုခုဖြစ်မယ်လို့ အာရုံရနေတယ်"
"အာကာသကျောက်တွေကြောင့် ပုန်းအောင်းနေတဲ့မျိုးနွယ်တွေ ပြန်ပေါ်လာကြပြီ။ ရှေးဟောင်းမျိုးနွယ်တွေတောင် ပါနေတယ်။ ပြီးတော့ အာကာသကျောက်တွေက ကောင်းကင်လမ်းမျှော်စင်နဲ့ နေမျှော်စင်မှာလည်း ပေါ်လာတယ်လို့ကြားတယ်။ အာကာသကျောက်တစ်ခုပေါ်လာတိုင်း သတ်ပွဲကြီးဖြစ်ခဲ့တယ်"
ကျန်ဆန်းကျယ်ဝိဇ္ဇာနှစ်ယောက်က ထိတ်လန့်သွားကြသည်။
"ဝိညာဥ်မျှော်စင်မှာတင် မဟုတ်ဘူးလား"
"ဟုတ်တယ်။ အာကာသကျောက်တွေပေါ်လာတာက စွမ်းအားကို ပြောင်းလဲပေးနိုင်တယ်။ ဒီမီးတောက်နီးဂိုဏ်းက အခုတော့ အဆင်ပြေပုံပေါ်တယ်။ ဒါပေမယ့် ငါတို့မုန်တိုင်းအိမ်တော်သခင်လေးနဲ့ ဂိုဏ်းချုပ်ရဲ့သမီးကို လက်ထပ်မပေးရင် အနာဂတ်မှာ ဘာတွေဖြစ်လာမယ်ဆိုတာ ဘယ်သူသိမှာလဲ"
ဆန်းကျယ်ဝိဇ္ဇာသုံးယောက်က စကားတပြောပြောနှင့် ဆက်လက်လျှောက်လှမ်းသွားသည်။
ယဲ့ချန်က အာကာသကျောက်အကြောင်းကို ခရမ်းမီးတောက်ခြင်္သေ့ကြီးထံ မေးမြန်းရန် ဝိညာဥ်အသိစိတ်နှင့် ကောင်းကင်ကြယ်တာရာ လက်ထောက်တံဆိပ်အတွင်း ဝင်ရောက်လိုက်၏။
"မင်းက အာကာသကျောက်အကြောင်း မေးချင်လို့လား"
"ဆရာခြင်္သေ့က ပညာရှိလိုက်တာဗျာ"
"ငါ့ကို လာမြှောက်မနေနဲ့။ ဝိညာဥ်မျှော်စင်နဲ့နေမျှော်စင်လိုနေရာတွေမှာ အာကာသကျောက်တွေပေါ်လာတာက အလွန်ထူးဆန်းနေတယ်။ ထျန်းယွမ်ရှေးဟောင်းမြို့တော်က လူတွေလက်ချက် ဖြစ်ရမယ်။ ရှေးဟောင်းခေတ်မှာ အာကာသကျောက်တွေက အလွန်ရှားပါးတယ်။ ကောင်းကင်ပေါ်ကကြယ်တွေ ဒီမြေပေါ်ကို ကြွေကျလာတယ်။ အဲ့ဒီကျောက်တွေကို ဥက္ကာခဲလို့ခေါ်တယ်။ ဥက္ကာပေါင်းသိန်းချီထဲမှာ အာကာသကျောက်တစ်ခုနှစ်ခုသာ ပါတတ်တယ်"
ခြင်္သေ့ကြီးက ဖြေလိုက်သည်။
"အာကာသကျောက်တွေကို ဘယ်လိုအသုံးပြုရမလဲ"
ယဲ့ချန်က မေးလိုက်သည်။ ထျန်းယွမ်ရှေးဟောင်းမြို့တော်အကြောင်းကို ခြင်္သေ့ကြီးက ထပ်ပြောလာခဲ့သဖြင့် သူက စပ်စုချင်စိတ်များ ဖြစ်ပေါ်လာသည်။
"အာကာသကျောက်တွေမှာ အာကာသစွမ်းအင်လို့ခေါ်ပြီး ဆန်းကျယ်တဲ့စွမ်းအားတစ်ခု ပါဝင်တယ်။ မင်းရဲ့ခန္ဓာကိုယ်ကို ခွက်တစ်ခုလိုသဘောထားပြီး ကောင်းကင်ချီတွေကို ရေလို့သဘောထားလိုက်။ အာကာသကျောက်တွေက ခွက်ရဲ့အကျယ်ကို ချဲ့ပေးနိုင်စွမ်းရှိတယ်"
"ဒါဆိုရင် အာကာသကျောက်တွေက လူတစ်ယောက်ရဲ့ကျင့်ကြံခြင်းကို မြင့်တက်စေတာလား။ အကျိုးသက်ရောက်မှုက ဘယ်လောက်ရှိလဲ"
ယဲ့ချန်၏မျက်လုံးများ တောက်ပလာသည်။ အကယ်၍ ၎င်းတို့က အမှန်တကယ်အစွမ်းထက်လျှင် သူက ဝိညာဥ်မျှော်စင်သို့သွားရောက် ရှာဖွေရပေလိမ့်မည်။ ဝိညာဥ်အသိစိတ်၏ အကူအညီနှင့်ဆိုလျှင် အာကာသကျောက်ရှာဖွေရသည်က ခက်ခဲမည်မဟုတ်ပေ။
"လက်သီးဆုပ်အရွယ်ရှိတဲ့ အာကာသကျောက်တစ်လုံးက ဆန်းကျယ်ဝိဇ္ဇာတစ်ယောက် ဖြစ်ပေါ်လာစေနိုင်တယ်။ နှစ်ဆယ်ဆိုရင် နတ်ဝိဇ္ဇာတစ်ယောက်ဖြစ်လာစေနိုင်လို့ အကန့်အသတ်ကိုစိန်ခေါ်နေတဲ့ ရတနာမျိုးဖြစ်တယ်။ ဒါပေမယ့် အရေအတွက် အများကြီးရှိမှာမဟုတ်ဘူး။ မင်းအနေနဲ့ တစ်ခုနှစ်ခုတော့ ရနိုင်ပါတယ်"
"ဒါဆိုရင် အာကာသကျောက်တုံးတွေနဲ့ဆိုရင် ကျုပ်ကျင့်ကြံဆင့်က အကန့်အသတ်မရှိတော့ဘူးလား"
ယဲ့ချန်က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
"ဘယ်ဟုတ်မလဲ အကန့်အသတ်ရှိတာပေါ့ကွ။ ကျင့်ကြံဆင့်က အဆင့်တစ်ခုကိုရောက်သွားရင် အာကာသကျောက်တွေလည်း ကူညီမပေးနိုင်တော့ဘူး။ ဒါပေမယ့် မင်းစိတ်ကူးထားနိုင်တာထက် ပိုပြီးအစွမ်းထက်တယ်။ ငါ့မှာသာ အာကာသကျောက်တုံးရှိနေရင် အဆင့်တက်နိုင်တယ်"
ခြင်္သေ့ကြီးက တစ်လုံးချင်းပြောလိုက်သည်။
ယဲ့ချန်က သူ၏စကားကြောင့် ဝိညာဥ်မျှော်စင်သို့သွားရန် စိတ်ပိုင်းဖြတ်လိုက်သည်။
ယဲ့ချန်ကခေါင်းကိုငုံ့၍ လည်ပင်းရှိ ကျောက်စိမ်းလည်ဆွဲလေးကို ကြည့်လိုက်မိသည်။ လက်ရှိတွင် ယဲ့လော်က မပျော်ရွှင်သောကြောင့် သူမကိုကယ်ထုတ်ပြီး ဤဆွဲကြိုးလေး ပြန်ပေးရပေလိမ့်မည်။ သူ၏အတွေးအတွင်း အမွေးပွလေးရောက်လာသောအခါ အပြစ်ရှိစိတ်ကို ခံစားလိုက်ရ၏။
လက်ရှိတွင် သူက ကျင့်ကြံရန်စိတ်မပါသောကြောင့် လက်မောင်းကာအတွင်းမှ ကောင်းကင်တုန်ခါဆေးအိုးကို ထုတ်ယူလိုက်သည်။
"ဆရာခြင်္သေ့ ကောင်းကင်တုန်ခါဆေးအိုးအကြောင်း ကြားဖူးလား"
"ကောင်းကင်တုန်ခါဆေးအိုးအကြောင်း ငါကြားဖူးပေမယ့် မင်းလက်ထဲကဟာနဲ့ မတူဘူး။ ငါသိထားတဲ့ရတနာက မီတာရာချီအချင်းနဲ့ ကီလိုဂရမ်ထောင်ချီလေးတယ်။ အတိတ်မှာတုန်းက ဒါကို မိုးနဲ့မြေပူဇော်ဖို့ အသုံးပြုတတ်ကြတယ်။ ကောင်းကင်တုန်ခါဆေးအိုးအကြောင်း ငါ အများကြီးမသိဘူး"
ခြင်္သေ့ကြီးက ဖြေလိုက်သည်။
"မီတာရာချီအချင်းနဲ့ ကီလိုဂရမ်ထောင်ချီလေးတယ်လား"
ယဲ့ချန်က သူ့လက်ထဲရှိ ကီလိုဂရမ်အနည်းငယ်သာလေးသော ဆေးအိုးလေးကို ငုံ့ကြည့်လိုက်မိသည်။ ၎င်းကို လက်တစ်ဖက်တည်းနှင့်ပင် ကိုင်ထားနိုင်သောကြောင့် ကွာခြားချက်က အလွန်ကြီးမားနေသည်။
"မင်းရဲ့သွေးကို ဆေးအိုးပေါ်ကရုန်းတွေအပေါ် အစက်ချလိုက်။ ပြီးရင် ဝိညာဥ်အသိစိတ်နဲ့ စမ်းသပ်ကြည့်ကွာ။ ကောင်းကင်တုန်ခါဆေးအိုးက ဝိညာဥ်အသိစိတ်နဲ့ အသက်ဝင်နိုင်မယ်လို့ ငါ ထင်တယ်"
ခြင်္သေ့ကြီးက အကြံပေးလိုက်သည်။
"ကောင်းပြီ။ စမ်းကြည့်မယ်"
ယဲ့ချန်က သူ၏လက်ချောင်းကိုဖောက်ကာ သွေးစက်များကို ဆေးအိုးလေး၏ရုန်းပေါ်သို့ ချလိုက်သည်။ သွေးများကို ၎င်းက လျင်မြန်စွာစုပ်ယူသွားပြီး အလင်းရောင်များ တောက်ပလာသည်။ မိစ္ဆာပုံရိပ်အချို့က ဆေးအိုးအတွင်းမှထွက်ပေါ်လာ၍ အလွန်ဆန်းကျယ်နေပုံပေါ်သည်။ သူက ဝိညာဥ်အသိစိတ်ကိုထုတ်ဖော်၍ ဆေးအိုးကို စစ်ဆေးလိုက်ချိန်တွင် အနက်ရောင်တွင်းနက်ကြီးတစ်ခု၏ စုပ်ယူခြင်းခံလိုက်ရသည်။ သူ၏ဝိညာဥ်အသိစိတ်က ကောင်းကင်တုန်ခါဆေးအိုးအတွင်း ချက်ချင်းရောက်ရှိသွားလေသည်။
"ဘာဖြစ်သွားတာလဲ"
ယဲ့ချန်က အလွန်တုန်လှုပ်သွားသည်။ သူက ဝိညာဥ်အသိစိတ်ကို ပြန်လည်ဆွဲယူလိုက်ချိန်တွင် ဆေးအိုးအတွင်းမှ မီးတောက်များထွက်ပေါ်လာပြီး လောင်ကျွမ်းခံလိုက်ရ၏။ အသည်းခိုက်မတတ်နာကျင်မှုက ယဲ့ချန်၏မျက်နှာကို ဖြူဖပ်ဖြူရော်ဖြစ်သွားစေကာ နဖူးတွင် ချွေးများစီးကျလာခဲ့သည်။
"ဆရာခြင်္သေ့ ကျုပ်ကို အရူးလုပ်လိုက်တာလား"
ယဲ့ချန်က တွေးလိုက်မိသော်လည်း စကားပြောနိုင်ရန် စွမ်းအားမရှိပေ။ မီးတောက်များက သူ၏ဝိညာဥ်အသိစိတ်ကို ပြာချလိုဟန်ဖြင့် ဆက်တိုက်လောင်ကျွမ်းနေသည်။
"ဒီလိုဆက်ဖြစ်နေရင် ငါ သေသွားနိုင်တယ်"
ယဲ့ချန်က သူ၏စိတ်အတွင်းမှ ဓားပျံကို အသက်သွင်းလိုက်သည်။ မီးတောက်များက ဝိညာဥ်အသိစိတ်ကို လောင်ကျွမ်းနေချိန်တွင် ဓားပျံက ဝိညာဥ်စွမ်းအင်များ ထုတ်ဖော်လိုက်၏။
သူက မီးဖိုကြီးတစ်လုံးအတွင်း ရောက်နေသကဲ့သို့ ခံစားလိုက်ရပြီး ကွာခြားသည်မှာ ဝိညာဥ်ကို လောင်ကျွမ်းခံနေရခြင်းဖြစ်သည်။ အချိန်က အနည်းငယ်သာဖြစ်သော်လည်း ထာဝရဟု ခံစားနေရသည်။ စက္ကန့်တိုင်းတွင် ငရဲပမာခံစားနေရသော နာကျင်မှုကို ယဲ့ချန်က တောင့်ခံနေရသည်။ သူကအံကြိတ်ပြီး သည်းခံနေစဥ် ဝိညာဥ်အသိစိတ်က မီးတောက်များ၏သန့်စင်ပေးမှုကြောင့် ရွှေရောင်တောက်ပလာသည်။ ထို့နောက် ယဲ့ချန်က မီးတောက်များကိုတွန်းလှန်နေရင်း အနက်ရောင်လေဟာနယ်ထဲတွင် ကြယ်ကောင်းကင်တစ်ခုကို ဖြတ်ခနဲမြင်လိုက်ရသည်။ သို့သော်လည်း ၎င်းက ခဏသာထွက်ပေါ်လာပြီး နောက်တစ်ကြိမ်မြင်ရရန် မဖြစ်နိုင်ခဲ့ပေ။
"ထွက်ခဲ့စမ်း"
ယဲ့ချန်က အရူးတစ်ယောက်ပမာ အော်ဟစ်ကြုံးဝါးလိုက်သည်။ ထို့နောက် ဝိညာဥ်အသိစိတ်ကို ပြန်လည်ရုတ်သိမ်းနိုင်လိုက်သောကြောင့် အသက်ရှူနိုင်ခဲ့သည်။ ကောင်းကင်တုန်ခါဆေးအိုးက လေထဲတွင်မြင့်တက်နေရာမှ ယဲ့ချန်၏လက်ဝါးအတွင်း ညှင်သာစွာ ဆင်းသက်လာခဲ့သည်။ လက်ရှိတွင် ၎င်းက ဟောင်းနွမ်းနေခြင်းမရှိဘဲ ရွှေရောင်တဖိတ်ဖိတ်တောက်နေသည်။
ယဲ့ချန်သည် ခန္ဓာကိုယ်နှင့်ဝိညာဥ်ကို ပြန်လည်ပေါင်းစပ်ပြီးနောက် တစ်ကိုယ်လုံးမီးရှို့ခံလိုက်ရသကဲ့သို့ ပူလောင်လာသည်။ အလွန်မြင့်သော အပူချိန်ကြောင့် ရုပ်ခန္ဓာကပြောင်းလဲသွားပြီး သူ၏အရေပြားနှင့်ကြွက်သားတိုင်းက ပြန်လည်မွေးဖွားလာသကဲ့သို့ သန့်စင်ခံလိုက်ရလေသည်။
ထို့နောက် သူက ဒန်တန်အတွင်းရှိ ကြယ်အမြုတေကိုးခုကို လည်ပတ်လိုက်သည်။ ကောင်းကင်ချီများထွက်ပေါ်လာ၍ ကျင့်ကြံဆင့်က လျင်မြန်စွာမြင့်တက်သွားခဲ့သည်။ နောက်ဆုံးတွင် သူက ကောင်းကင်ဝိဇ္ဇာထိပ်ဆုံးအဆင့်သို့ ရောက်သွားသဖြင့် အလွန်ပျော်ရွှင်ဝမ်းမြောက်နေခဲ့သည်။ ဝိညာဥ်စစ်သည်တော်ကလည်း ဆန်းကျယ်ဝိဇ္ဇာ ထိပ်ဆုံးအဆင့်ခွန်အားကို ပိုင်ဆိုင်လာပြီဖြစ်သည်။
သူက လက်ထဲရှိ ကောင်းကင်တုန်ခါဆေးအိုးကို တစ်ချက်ကြည့်လိုက်သည်။ ၎င်းက ဝိညာဥ်အသိိစိတ်ကို လေ့ကျင့်ပေးနိုင်စွမ်းရှိမည်ဟု မျှော်လင့်မထားခဲ့ပေ။ သူက ၎င်းနှင့်ဆက်သွယ်မှုတစ်ခုကို ခံစားလိုက်ရပြီး ကောင်းကင်တုန်ခါဆေးအိုးနှင့် သူ၏သွေးမျိုးဆက်က ချိတ်ဆက်သွားသယောင် ထင်မှတ်ရလေသည်။ ကောင်းကင်တုန်ခါဆေးအိုးက ထိန်းချုပ်၍ရသည်ဟူသော အတွေးက ယဲ့ချန်၏စိတ်ထဲတွင် ဖြစ်ပေါ်လာသည်။
"ကောင်းကင်တုန်ခါဆေးအိုး ကြီးလာစမ်း"
.
ယဲ့ချန်၏စကားအဆုံးတွင် ကောင်းကင်တုန်ခါဆေးအိုးက လေထဲသို့မြင့်တက်လာပြီး မြင်ကွင်းရှေ့တွင် တစ်မီတာအမြင့်အထိ ကြီးမားလာခဲ့သည်။ ရွှေရောင်တောက်ပလာသော ဆေးအိုးက ယခုထက်ပို၍ကြီးမားလာလျှင် အခန်းက ပြိုကျသွားနိုင်သည်။ သူက ညာလက်ဝါးကို ဖြန့်လိုက်သောအခါ ၎င်းက ပို၍သေးငယ်လာပြီး မူလအရွယ်အစားသို့ ပြန်လည်ရောက်ရှိလာကာ ကျဆင်းလာခဲ့သည်။
ဝိညာဥ်အသိစိတ်ကို လေ့ကျင့်ပေးခြင်းအပြင် ကောင်းကင်ဆေးအိုးက အရွယ်အစားကြီးမားနိုင်သောကြောင့် တိုက်ခိုက်ရာတွင်လည်း အသုံးချနိုင်သည်။ ယဲ့ချန်သည် ၎င်း၏အသုံးဝင်ပုံက ဤမျှမဟုတ်နိုင်ကြောင်း ခံစားနေရသည်။ အနာဂတ်တွင် သူက အသုံးဝင်ပုံကို ဖြည်းဖြည်းချင်း ထုတ်ဖော်ရပေလိမ့်မည်။
လက်ရှိတွင် ဝိညာဥ်စစ်သည်တော်က ဆန်းကျယ်ဝိဇ္ဇာထိပ်ဆုံးအဆင့်သို့ ရောက်ရှိလာသောကြောင့် သာမန်ကျင့်ကြံသူများကို ကြောက်စရာမလိုတော့ပေ။ နတ်ဝိဇ္ဇာ သို့မဟုတ် နတ်ဘုရင်တစ်ယောက် ထွက်ပေါ်မလာလျှင် မီးတောက်နီဂိုဏ်းတွင် မည်သူမှ ယဲ့ချန်ကိုအနိုင်တိုက်နိုင်မည် မဟုတ်ပေ။
မိုးပျံမှော်သားရဲများကို စောင့်ရှောက်ထားသော တဲများအနီးတွင် မီးတောက်နီဂိုဏ်းသားနှစ်ဆယ်က စောင့်ကြပ်နေကြသည်။
"ဂိုဏ်းတူအစ်ကိုဝေ ရောက်လာပြီ"
ဝေဇီရောက်လာသောအခါ လူတိုင်းခေါင်းငုံ့၍ အရိုအသေပေးလိုက်ကြသည်။
ဝေဇီက မြေဝိဇ္ဇာစဦးအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သော်လည်း တပည့်များကြားတွင် ထူးချွန်သူတစ်ယောက် မဟုတ်ချေ။ သို့သော် သူက မဟာအကြီးအကဲ၏ အကြီးဆုံးမြေးဖြစ်သောကြောင့် တပည့်များက ဂိုဏ်းတူအစ်ကိုဟုခေါ်ဆိုကာ ရိုရိုသေသေဆက်ဆံကြရသည်။
ဝေဇီက သွေးနီရောင်ငှက်မွေးများ ပိုင်ဆိုင်ထားသော ငါးမီတာမြင့်သည့် ဧရာမလင်းယုန်ကြီးတစ်ကောင်ကို ခေါ်ဆောင်လာသည်။
"ဟမ့် မင်းကများ ငါ့ကိုအရှက်ခွဲရဲတယ်။ အဘိုးရဲ့လင်းယုန်နီကို မင်းရဲ့နေလင်းယုန်နဲ့အတူ ထားပေးလိုက်မယ်။ နေလင်းယုန်သေတာကို ပျော်ပျော်ကြီးကြည့်ကြတာပေါ့"
ဝေဇီက ခပ်တိုးတိုးရေရွတ်လိုက်သည်။ သူက ယဲ့ချန်၏လှောင်ပြောင်မှုကို မခံနိုင်သောကြောင့် မပျော်မရွှင်ဖြစ်နေသည်။ မီးတောက်နီဂိုဏ်းရှိ လင်းယုန်နှစ်ဆယ်ကျော်က နေလင်းယုန်ကြောင့် ထိခိုက်သွားသောအခါ သူက သေချာပေါက်လက်စားချေပေရမည်။ မဟုတ်လျှင် ဂိုဏ်းက မျက်နှာပျက်သွားနိုင်သည်။
"ဝေါင်း ဒါက လင်းယုန်နီကြီးမလား"
"မဟာအကြီးအကဲရဲ့ လင်းယုန်နီက မီးတောက်နီဂိုဏ်းရဲ့သားရဲတွေထဲမှာ အသန်မာဆုံးဖြစ်တယ်။ ကောင်းကင်ထိပ်ဆုံးအဆင့်ကိုတောင် ရောက်နေပြီ"
"ဒီကောင်ကြီးက ကြမ်းတမ်းလွန်းတယ်။ ဝေဇီနဲ့မဟာအကြီးအကဲကလွဲရင် ဘယ်သူမှမထိန်းချုပ်နိုင်ဘူး။ အနားကပ်လာသူတိုင်းကို တိုက်ခိုက်တတ်တယ်"
"နေလင်းယုန်တော့ သေချာပေါက်သွားပြီ"
မီးတောက်နီဂိုဏ်း၏ တပည့်များက ကျေနပ်ပျော်ရွှင်စွာ ဆွေးနွေးနေကြသည်။ ဝေဇီကလည်းပြုံးပြီး တဲအတွင်း ဝင်ရောက်သွားခဲ့သည်။
ထိုအချိန်တွင် ကောင်းကင်တုန်ခါဆေးအိုးကို လေ့လာနေသော ယဲ့ချန်၏မျက်နှာတွင် လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာသည်ကို မည်သူမှမမြင်နိုင်ခဲ့ကြပေ။