အပိုင်း (၃၉၆) – နတ်ဆိုး ဂိုဏ်းချုပ်
Vol. 004 Ch. 396
ကျွန်းတစ်ခုလုံးသည် အနက်ရောင်အမှုန့်များဖြင့် ဖုံးလွှမ်းနေကာ ကြည့်လိုက်လျှင် အနက်ရောင် လွင်ပြင်နှင့် တူသည်။ ကမ္ဘာဦးနယ်မြေကို မြင်ဖူးသော ယွန်ရိနှင့် ဟာစွန်ပင်လျှင် အလွန်အံ့အားသင့်သွားသည်။ ထိုမြင်ကွင်းသည် အမှန်တကယ်ပင် စိတ်ရှုပ်စရာပင်။
ရှီမာယူယူသည် ဝိညာဉ်စေတီအတွင်း မွေးမြူထားသော တိရစ္ဆာန်အရိုင်းအား ထုတ်ကာ ပစ်လိုက်သည်။
ဘုတ်
ကြက်ရိုင်းသည် အနက်ရောင်အမှုန့်များကြား ကျသွားကာ ငှက်မွှေးများသည် ဝါးမြိုခံရသောကြောင့် လူးလွန့်နေသည်။ နောက်ဆုံးတွင် အရိုးများနှင့် အသားများကျန်တော့သည်။ လျင်မြန်စွာပင် ကြက်ရိုင်းသည် လုံးဝ ပျောက်ကွယ်သွားလေသည်။
“ဒီအနက်ရောင်အမှုန့်ကလည်း အားကောင်းတာပဲ” ယွန်ရိသည် လက်ထဲရှိမြက်ပင်ကို တွေးမိရာ ကြောက်လာသည်။ သူ ပိုးလက်ကိုင်ပုဝါသုံးလိုက်လို့ တော်သေးသည်… သူသာ လက်ဖြင့် တိုက်ရိုက်ကိုင်လိုက် ပါက သူ့လက်သည်လည်း ပုပ်သိုးသွားနိုင်သည်။
အနက်ရောင်အမှုန့်များသည် ထိုကဲ့သို့ အားကောင်းမည်ဟု ရှီမာယူယူ ထင်မထားပေ။ သူမ မျက်မှောင် ကြုတ်ကာ ပြောလိုက်သည် “ဒီမှာ အနက်ရောင်အမှုန့်တွေများနေတာ၊ ငါတို့ ကျသွားမှာတောင် ကြောက်ရတယ်”
“ဟုတ်တယ် ငါတို့ မြေပြင်နဲ့ နီးကပ်လွန်းတယ်” ဟာစွန် ပြောလိုက်သည်။ သူတို့သည် ပျံသန်းပြီး ကျွန်း၏ နယ်နိမိတ်ဆီသို့ ခရီးဆက်လေသည်။ သူတို့ အတွင်းသို့ ခရီးဆက်လေ ပိုအံ့သြရသည်မှာ အနက်ရောင် လွှမ်း ထားသော နေရာများသည် သူတို့ထင်ထားသည်ထက် ကြီးနေသည်ကိုပင်။
“ဒီအပင်တွေက ဘယ်လိုလုပ် အနက်ရောင်အမှုန့်တွေ ဖုံးသွားတာလဲ” ဟိန်းသံထောင်ချီသည် မည်းနက် နေသော မြင်ကွင်းအား ကြည့်ကာ မေးလိုက်သည်။ ဟာစွန်နှင့် ယွန်ရိသည် သူတို့လည်း သေချာစွာ မသိသဖြင့် ခေါင်းရမ်းလိုက်ကြသည်။ သူတို့သည် ထိုကဲ့သို့ တစ်ခါမှမမြင်ဖူးသဖြင့် ဘာဖြစ်နေသည်ကို မသေချာ ပေ။
“မစိုးရိမ်နဲ့ ယူယူ ဘာတွေဖြစ်ဖြစ် ငါ မင်းကို ကာကွယ်နယ်၊ ဘာလို့လဲဆိုတော့ ငါက မင်းရဲ့လူလေ” ယွန်ရိ ပြုံးကာ ပြောလိုက်သည်။
“မင်း…ဟင်” ရှီမာယူယူသည် နတ်ဆိုးညွှတ်လက်ကောက်မှ လှုပ်ရှားမှုကို ခံစားမိသောကြောင့် ဘာဖြစ် သည်ကို မမေးရသေးခင်မှာပင် မိုရှား ပေါ်လာသည်။ ယန်ရိသည် နောက် အရိပ်တစ်ခု ရုတ်တရက် ပေါ်လာ သည်ကို မြင်သည်နှင့် အလွန်အံ့သြသွားကာ ခေတ္တမျှ ကြောက်သွားသည်။ သို့သော် ထိုအရာသည် ရှီမာယူယူဆီ မှ ထွက်လာသည်ဟု သိသည်နှင့် ထိုအရိပ်သည် ရန်သူမဖြစ်နိုင်ဟု တွေးလိုက်သည်။
“မိုရှား ရုတ်တရက်ကြီးဘာလို့ထွက်လာတာလဲ” ရှီမာယူယူသည် သံသယဖြင့် မေးလိုက်သည်။ ဒီလူ သည် သတိမပေးပဲ ရုတ်တရက် အားလုံးရှေ့တွင် ထွက်လာသည်။ ဝေကျိရွှီနှင့် တခြားသူများပင်လျှင် သူမနှင့် အချိန်အတော်ကြာ ရှိခဲ့သော်လည်း မိုရှားတည်ရှိနေခြင်းကို မသိကြပေ။ သူဘာလို့ ဒီနေ့ထွက်လာတာလဲ။
“အဲဒါတွေ” မိုရှားသည် အနက်ရောင်အမှုန့်များကို ကြည့်ကာ ပြောလေသည်။ သူသည် သူမ မေးခွန်းများ ကို ဖြေမည်ဟု ထင်ထားကြသည်။ သို့သော် သူ့မျက်လုံးများသည် ယွန်ရိအပေါ်တွင် ကျရောက်သွားသဖြင့် ယွန်ရိ ခေါင်းမွေးများ ထောင်သွားလေသည်။ ရှီမာယူယူသည် သူတို့နှစ်ယောက်ကြားမှ အကြည့်များကို သတိ မထားမိပဲ သူပြောသည်ကို ကြားသောအခါ စိတ်လှုပ်ရှားစွာ မေးလိုက်သည် “အဲဒါ ဘာနဲ့ လုပ်ထားလဲ မင်းသိလား”
မိုရှားသည် အကြည့်ပြောင်းသွားကာ ခေါင်းညိမ့်ပြီးပြောလိုက်သည် “အဲဒါက အရမ်းအားတဲ့ဆီက လာတာ”
“ဝိညာဉ်စားသားရဲလား”
“မဟုတ်ဘူး” မိုရှား ပြောလိုက်သည် “ဝိညာဉ်စားသားရဲက နတ်ဆိုးသားရဲအဖြစ် မွေးဖွားလာတာ”
“အဲတော့ မင်းပြောချင်တာက ဝိညာဉ်စားသားရဲအပြင် ဒီကျွန်းမှာ တခြား သက်ရှိတစ်ကောင် ရှိသေးတယ် ပေါ့” ရှီမာယူယူ မေးလိုက်သည်။
“ဟုတ်တယ် အဲလူ ဒီလိုနေရာမျိုးကိုထွက်လာနိုင်တာက အရမ်းအားကောင်းလို့ဖြစ်မယ်” မိုရှား ပြော လိုက်သည်။ “ပြီးတော့ မင်းတို့က ဒီနေရာနဲ့ မရင်းနှီးတော့ သူနဲ့ ပြိုင်ဘက်မဖြစ်နိုင်ဘူး”
“ပြီးတော့ သူ့မှာ အထွတ်အထိပ်သားရဲရှိနေသေးတယ်” ရှီမာယူယူ အံ့သြသောကြောင့် ဆွံ့အသွားသည်။ တဖက်လူမှာ အားကောင်းရာ သူတို့ဘာလုပ်နိုင်မှာလဲ။
“မင်း ဝိညာဉ်စားသားရဲကို နိုင်ရင် ငါအဲလူကို တိုက်မယ်” မိုရှား ပြောလိုက်သည်။
“ကောင်းပြီ”
မိုရှား ယွန်ရိအား ပြန်ကြည့်ကာ ပြောလိုက်သည် “မင်းတို့ ခဏပဲ တွေ့ရမယ် ဒီတစ်ခါတော့ သေချာပေါက် ဝိညာဉ်စားသားရဲကို ရှင်းပစ်ရမယ်”
“ငါတို့ ခဏပဲတွေ့ရမှာလား” ယွန်ရိ၏ မျက်နှာသည် သူ့အကျင့်အတိုင်းပင် ပျင်းရိသော အပြုံးပြုံးကာ မိုရှား ပြောသည်ကို သိပ်မယုံကြည်ပေ။
“ဒီနေရာရဲ့ စည်းမျဉ်းကြောင့်သာမဟုတ်ရင် မင်းတို့ အယောက် သုံးထောင်ဆိုရင်တောင် သူ့ကို မကိုင် တွယ်နိုင်ဘူး” မိုရှားသည် မဲ့ကာ ပြောလေသည်။ ယွန်ရိမျက်နှာမှ အပြုံး ပျောက်ကွယ်သွားသည်။ ထိုအရာသည် အလွန်တုန်လှုပ်စရာပင်။
“သူက အဲလောက်အားကောင်းတာလား” ရှီမာယူယူ မျက်လုံးများ ပြူးကျယ်လာသည်။
“ငါမှန်းတာ မမှားဘူးဆိုရင် အဲလူက နတ်ဆိုးဂိုဏ်းချုပ်သဘောမျိုး ဖြစ်လောက်တယ်၊ ပြီးတော့ မင်းရဲ့ အံ့ဖွယ်အဆင့် လူတွေထက် ပိုပြီးအားကောင်းတယ်” မိုရှားပြောလိုက်သည်။
ရှီမာယူယူသည် နတ်ဆိုးလောကမှ အဆင့်များကို နားမလည်သော်လည်း သူသည် အံ့ဖွယ်အဆင့် ထက်ပင် အားကောင်းသည်ဆိုသည်မှာ ယွန်ရိပင်လျှင် သူ့ကို မနိုင်နိုင်ပေ။
“ငါ အရင်ဆုံး ပြန်သွားလိုက်ဦးမယ်၊ မင်း ဝိညာဉ်စားသားရဲကို မရှင်းနိုင်ရင် ငါပြန်ထွက်လာမယ်” မိုရှားသည် ပြောပြီးနောက် နတ်ဆိုးညွှတ်လက်ကောက်အတွင်း ဝင်သွားလေသည်။
“ယူယူ အဲအရိပ်က ဘယ်သူလဲ” ယွန်ရိသည် မိုရှား ပျောက်သွားသည်အထိ စောင့်ပြီး မေးလေသည်။
“နတ်ဆိုးလောကက နတ်ဆိုးခေါင်းဆောင်ထဲက တစ်ယောက်ဖြစ်တဲ့သူရဲ့ ဝိညာဉ်ပဲ” ရှီမာယူယူ ပြော လိုက်သည် “ရေစက်ရှိလို့ အတူရှိနေတာ” ရှီမာယူယူ ဆိုလိုသည်ကို ယွန်ရိ နားလည်သည်။ သူမ သေလျှင် သူလည်း သေမည်၊ သူမ အသက်ရှင် သူလည်း ရှင်မည်။ ထို့ကြောင့်ပင် သူတို့အား ကူညီရန် သူပြောခြင်း ဖြစ် သည်။
“ဒါပေမဲ့ ငါတို့ သုံးယောက်က နတ်ဆိုးဂိုဏ်းချုပ်ကို ရှင်းမယ်ဆိုရင် မင်းက ဝိညာဉ်စားသားရဲကို တစ်ယောက် တည်းနိုင်ပါ့မလား” ယွန်ရိသည် သူမအား စိုးရိမ်စွာ ပြောလေသည်။
“မစိုးရိမ်ပါနဲ့ ငါအဆင်ပြေမှာပါ” ရှီမာယူယူ ပြောလိုက်သည်။ သူတို့လေးယောက်သည် ဆက်လက် ပျံသန်းရာ ကျွန်းအလယ်သို့ရောက်လေသည်။
“ရောက်ပြီ” ရှီမာယူယူသည် ပတ်ဝန်းကျင်အား ကြည့်ရာ အရင်တစ်ခေါက်က နီရဲပျားများ မြင်ခဲ့သော အနက်ရောင် မြူခိုးကို မတွေ့ရပေ။
“ငါ့ကို ရှာနေတာလား” အသံနက်တစ်ခုသည် ဘက်ပေါင်းစုံမှ ထွက်လာကာ အနက်ရောင်မြူခိုးသည် မြေမှရုတ်တရက် ထွက်လာကာ လူတစ်ယောက်သည် ပေါ်လာသည်။ သူသည် တည်ငြိမ်စွာ ထိုင်နေသည်ကို ကြည့်ရသည်မှာ အစကတည်းက ရှိနေပြီးသားထင်သည်။
အသံလာရာမှာ သူတို့အနောက်မှဖြစ်၍ လှည့်ကြည့်ရာ နီရဲပျားများ မြင်ခဲ့သော လည်နေသာ မြူခိုး အမည်းများ တွေ့လိုက်ရသည်။
“အထွတ်အထိပ်သားရဲနှစ်ကောင်… ဟားဟား ငါကြိုက်တယ် ငါ လတ်လတ် ဆတ်ဆတ် သွေးမသောက်ရတာ ကြာပြီ” ထိုအနက်ရောင်မြူခိုးသည် ရယ်မောကာ ပြောလေသည်။
“ခင်ဗျားက ဝိညာဉ်စားသားရဲလား” ရှီမာယူယူသည် သေချာအောင် မေးလိုက်သည်။
“ဟုတ်တယ်” အနက်ရောင်မြူခိုးသည် လှိမ့်လာရာ ဖြေးညင်းစွာဖြင့် ဝတ်ရုံဝတ်ထားသော ခြေ၂ချောင်း၊ လက်၆ချောင်းနှင့် သားရဲပုံစံပြောင်းသွားသည်။ ထိုနီရဲသော မျက်လုံးတစ်စုံသည် သူမ နီရဲပျားများမှ တစ်ဆင့် မြင်ခဲ့ ရသော မျက်လုံးများဖြစ်ကြသည်။
“ဝိညာဉ်စားသားရဲကဒီလိုမျိုးလား” ရှီမာယူယူသည် ဝိညာဉ်စားသားရဲအား ရွံရှာသလိုကြည့်လိုက်သည်။ အနက်ရောင်အမှုန့်များသည် သူ့ခန္ဓာကိုယ်မှ ထွက်လာသည်မှာ မနှစ်မြို့စရာပင်ဖြစ်သည်။ သူမသည် ထပ် မကြည့်ချင်တော့ပဲ နတ်ဆိုးဂိုဏ်းချုပ်ဆီသို့ ကြည့်လိုက်သည်။
“မင်းရဲတင်းလိုက်တာ” နတ်ဆိုးဂိုဏ်းချုပ်သည် ရှီမာယူယူအား စိုက်ကြည့်လိုက်သည်။ နတ်ဆိုး လောက မှ အများစုသည် သူ့ကို ကြောက်ကြသော်လည်း သူမသည် သူ့အား တည့်တည့်ကြည့်ရဲသည်မှာ သူမသည် အလွန် သတ္တိရှိလှသည်။
“ချီးကျူးပေးတဲ့အတွက် ကျေးဇူးပါ” ရှီမာယူယူသည် အပြင်တွင် တည်ငြိမ်သည်ဟု ထင်ရသော်လည်း စိတ်ထဲတွင်တော့ အလွန် တုန်ယင်နေသည်။ သူ့ရောင်ဝါသည် အဘိုးနတ်ဆိုး၏ ရောင်ဝါက သန်မာကာ သူသည် နတ်ဆိုးလောကမှဖြစ်သဖြင့် ခြိမ်းခြောက်သည့် ကိုယ်ရောင်ကိုယ်ဝါဖြစ်နေသည်။
လေသည် ရှီမာယူယူဆီမှ ဖြတ်ကာ နတ်ဆိုးဂိုဏ်းချုပ်ဆီသို့ တိုက်သွားလေသည်။ သူမသည် မျက်လုံး များကို ပိတ်ကာ အနံ့ရှုရှိုက်ပြီး မူးယစ်သွားကာ သူမအား စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။
“မင်းခန္ဓာကိုယ်က အနံ့က စွဲမက်စရာပဲ အရသာရှိမယ့်ပုံပဲ ဟီးးဟီး ဒီလိုအစားအသောက်မျိုး တွေ့မယ် လို့ထင်မထားဘူး မင်းခန္ဓာကိုယ်ကို ငါ့ကိုပေးလိုက်တော့…”