← Chapters

ခရမ်းရောင်နတ်ဆိုးချပ်ဝတ်

Vol. 24 Ch. 329

ခရမ်းရောင်နတ်ဆိုးချပ်ဝတ်

Vol. 24 Ch. 329

ခြင်္သေ့ကြီး၏ စိုးရိမ်သောလေသံကြောင့် ယဲ့ချန်က ရွှေဥများကိုဖျက်ဆီးရန် တုံ့ဆိုင်းမနေခဲ့ပေ။ သူက မုန်တိုင်းဓားနှင့် ၎င်းတို့ကို ခုတ်ချလိုက်သည်။

"ဘန်း ဘန်း ဘန်း"

ပေါက်ကွဲသံများနှင့်အတူ ဥများအားလုံး ပျက်စီးသွား၍ အရည်များ စီးထွက်လာခဲ့သည်။ နောက်ဆုံးတွင် ၎င်းတို့အားလုံးက ယဲ့ချန်လက်ချက်ဖြင့် အပိုင်းပိုင်းအစစ ဖြစ်သွားခဲ့ကြသည်။

"ဆရာ ဒါတွေက ဘာတွေလဲ"

ယဲ့ချန်က မေးလိုက်သည်။ ၎င်းတို့က အကောင်ပေါက်လာရန် အချိန်များစွာ လိုအပ်နေဆဲပင်ဖြစ်သည်။

"ဝိညာဥ်မျှော်စင်ပွင့်လာပြီး ရတနာတွေ ရုတ်တရက်ထွက်ပေါ်လာတာက တစ်ခုခုမှားနေတယ်။ ဒီဥတွေကြောင့် ငါ့ခန့်မှန်းချက် ပိုပြီးမှန်သွားတယ်။ ဒါတွေသာ အကောင်ပေါက်လာရင် အထူးအမျိုးအစား ဝိညာဥ်သားရဲတွေဖြစ်လာပြီး အားလုံးကပ်စိုက်သွားလိမ့်မယ်။ မင်းက ဝိညာဥ်သားရဲတွေကို ထိန်းချုပ်နိုင်မယ်လို့ မထင်လေနဲ့။ ဒီကောင်တွေနဲ့ မှော်သားရဲတွေက ကွဲပြားတယ်။ သူတို့က လူသားတွေ၊ ကောင်းကင်သားရဲတွေနဲ့ မှော်သားရဲတွေကို အမဲလိုက်သတ်ဖြတ်ရတာကို နှစ်သက်ကြတယ်။ သူတို့က သစ်ပင်တွေနဲ့ကျောက်တုံးတွေကိုတောင် စားသောက်နိုင်ကြပေမယ့် ကျင့်ကြံသူတွေရဲ့ဝိညာဥ်ကို အကြိုက်ဆုံးပဲ။ ဝိညာဥ်ကိုစားလိုက်ရင် သူတို့က အဆင့်မြင့်လာနိုင်ပြီး ကြမ်းကြုတ်လာတဲ့အခါကျရင် သခင်ကိုတောင် အလွတ်ပေးမှာမဟုတ်ဘူး"

ခြင်္သေ့ကြီးက ဝိညာဥ်သားရဲများ၏ ကြောက်စရာကောင်းပုံကို အသေးစိတ်ရှင်းပြလိုက်သည်။ ယဲ့ချန်က ခေါင်းညိတ်၍ ဝိညာဥ်သားရဲများ၏ခေါင်းအတွင်းရှိ ဒင်္ဂါးများအကြောင်း အတွေးဝင်လာသည်။ ဤသားရဲများစွာကို ထျန်းယွမ်ရှေးဟောင်းမြို့တော်မှ ဖန်တီးခြင်းဖြစ်နိုင်ပြီး ရည်ရွယ်ချက်က ပုန်းကွယ်နေဆဲပင်ဖြစ်သည်။

သူက ဥများကိုကြည့်၍ ခါးသက်သက်ပြုံးလိုက်သည်။ ရတနာဟုထင်မြင်ခဲ့သော အရာများက အန္တရာယ်ကောင်းများဖြစ်နေသဖြင့် ယဲ့ချန်၏အာရုံက ခရမ်းရောင်အလင်းတန်းထံ ပြောင်းလဲသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် တောင်ကုန်းနှင့် ကီလိုမီတာငါးဆယ်အကွာတွင် ပြင်းထန်သောတိုက်ပွဲတစ်ခု ဖြစ်ပွားနေသည်။ ဆန်းကျယ်အဆင့်ကျင့်ကြံသူပေါင်း ခြောက်ဆယ်ကျော်က ဓားခုတ်ကောင်များနှင့်တိုက်ခိုက်နေကာ အင်အားစုအသီးသီးမှ ပါဝင်နေကြသည်။ အားလုံးက ရွှေဥများကို လောဘတကြီးစိုက်ကြည့်၍ တိုက်ခိုက်နေကြသည်။ ၎င်းတို့က သူတို့၏အမြင်တွင် ရတနာများဖြစ်သော​ကြောင့် လက်လွှတ်မခံနိုင်ကြပေ။

"မြန်မြန် ဥတွေကိုယူကြစမ်း"

"ဒီကောင်တွေကို တားစမ်း"

ကျင့်ကြံသူများက ဓားခုတ်ကောင်များကို သတ်ဖြတ်ရင်း ဥများကိုလုယူနေကြသဖြင့် ဖရိုဖရဲဖြစ်နေကြသည်။

"တစ်ခုရပြီ"

"ငါလည်း ရပြီ"

"သွားကြစို့"

ဥပေါင်းနှစ်ဆယ်ကျော်က လုယူခံလိုက်ရပြီး ကျင့်ကြံသူများက ချက်ချင်းထွက်ခွာသွားကြသည်။ ရှေးဟောင်းမီးသစ်နက်မျိုးနွယ်မှ ဆန်းကျယ်အဆင့်သားရဲတစ်ကောင်က ဥတစ်လုံးကို အဝတ်အစားများကြားတွင်ဖွက်၍ မျိုးနွယ်တူများနှင့်အတူ ပျံသန်းနေသည်။ သူက လူအသွင်ပြောင်းထားပြီး မိုးကြိုးသားရဲများလောက်မကြီးမားသော်လည်း ကြွက်သားများနှင့် လူသန်ကြီးတစ်ယောက်ဖြစ်နေဆဲပင်။ သူ၏ကိုယ်ပေါ်တွင် မီးသစ်နက်မျိုးနွယ်၏သင်္ကေတဖြစ်သော အနက်ရောင်အစင်းကြောင်းများ တည်ရှိနေသည်။

ဤကျင့်ကြံသူက အဝတ်အစားများကိုဟ၍ ဥကိုစစ်ဆေးရန် အနည်းငယ်ကြည့်လိုက်မိသည်။ သူ၏အမြင်တွင် ဥခွံပေါ်ရှိရုန်းများက အလွန်ဆန်းကျယ်နေပြီး ပဟေဠိတစ်ခုနှင့် တူညီနေသည်။ ထိုအချိန်တွင် ရုန်းများလှုပ်ရှားသွားသည်ကို ခံစားလိုက်ရသဖြင့် သူက အကြည့်လုံးဝမလွှဲခဲ့ပေ။ ရုန်းများထံမှ ပြင်းထန်သောစုပ်အားတစ်ခု ထွက်ပေါ်လာ၍ ဝိညာဥ်ကိုစုပ်ယူရန် စတင်ကြိုးစားလာသည်။

သစ်နက်က သူ၏ဝိညာဥ်အသိစိတ်ဖြင့် ဥအတွင်းစစ်ဆေးရန် အကြံဖြစ်ပေါ်လာသောကြောင့် စေလွှတ်လိုက်သည်။ ထို့နောက် သူက နာကျင်စွာအော်ဟစ်၍ မြေပြင်ပေါ်သို့ ဝုန်းခနဲထိုးကျသွားလေသည်။

"ဘာဖြစ်တာလဲ"

သစ်နက်များက ထိုကျင့်ကြံသူနှင့်ရွှေဥကို အလျင်အမြန်ဖမ်းဆီးလိုက်ကြသည်။ သို့သော်လည်း သူကသတိလစ်သွားပြီး ဝိညာဥ်က အလွန်အမင်းအားနည်းသွားကာ သေလုမျောပါးဖြစ်နေခဲ့သည်။ မျိုးနွယ်တူများက အချင်းချင်းကြည့်လိုက်မိကြပြီး ရွှေဥကို အဝတ်နှင့်ပတ်၍ သယ်ဆောင်ကာ ဝိညာဥ်မျှော်စင်အပြင်သို့ ဦးတည်လိုက်ကြလေသည်။

ယဲ့ချန်က တောင်ကုန်းပေါ်မှ ဆင်းသက်လာပြီးနောက် မြေအောက်မှထွက်ပေါ်နေသော ခရမ်းရောင်အလင်းက တောက်ပနေဆဲဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ ထို့ကြောင့် သူက မြေပြင်ကို အပေါက်ကြီးတစ်ခုဖြစ်အောင် တူးဆွလိုက်ပြီး ခရမ်းရောင်ချပ်ဝတ်တစ်ခုကို တွေ့မြင်လိုက်သည်။ သူက ၎င်းကိုရယူပြီး မြေကြီးများကိုသုတ်လိုက်သောအခါ ခရမ်းရောင်ချပ်ဝတ်က တောက်ပစွာထွက်ပေါ်လာခဲ့လေသည်။

ခရမ်းရောင်ချပ်ဝတ်က ပြည့်စုံခြင်းမရှိဘဲ ရင်ဘတ်ကိုသာ ကာကွယ်ပေးနိုင်သော အစိတ်အပိုင်းတစ်ခု ဖြစ်နေခဲ့သည်။ ချပ်ဝတ်တစ်ခုလုံးတွင် ရုန်းများပြည့်နှက်နေပြီး အလင်းတန်းများ တဖြတ်ဖြတ်တောက်ပနေသည်။

"ဒါက ခရမ်းရောင်နတ်ဆိုးချပ်ဝတ်ဖြစ်တယ်။ မပြည့်စုံပေမယ့် ဒီရင်ဘတ်ကာတစ်ခုတည်းက မင်းရဲ့မုန်တိုင်းဓားလောက် အဖိုးတန်တယ်"

ခြင်္သေ့ကြီးက ရတနာကိုမြင်မြင်ချင်း အကဲဖြတ်လိုက်သည်။

"ခရမ်းရောင်နတ်ဆိုးချပ်ဝတ်။ ဒီလောက်တောင် အဖိုးတန်တာလား"

"ဒါပေါ့။ မယုံရင် မုန်တိုင်းဓားနဲ့ ခုတ်ကြည့်လိုက်"

"ဒီဟာကြီးကို ကိုယ်ပေါ်မှဝတ်ထားရင် အရမ်းထင်ပေါ်နေလိမ့်မယ်။ ကြည့်ရတာ အဝတ်အစားအောက်က ခံဝတ်မှထင်တယ်"

တောက်ပလွန်းသော ရင်ဘတ်ကာတစ်ခုကို လူမြင်ကွင်းတွင် ဝတ်ဆင်ထားပါက ယဲ့ချန်မှာ အများ၏အာရုံစိုက်ခံရနိုင်သည်။

"မင်းဘာမှနားမလည်ဘူး။ ဒီချပ်ဝတ်ကိုလုပ်ခဲ့တာ သမိုင်းရဲ့အတော်ဆုံးပန်းပဲဆရာ ထွက်ပေါ်လာခဲ့တဲ့ ခရမ်းရောင်မျက်လုံးမျိုးနွယ်ကွ။ ဒီရတနာက ပိုင်ရှင်မရှိသေးဘူး။ မင်းရဲ့သွေးနဲ့ မြန်မြန်ဆက်သွယ်လိုက်"

ခြင်္သေ့ကြီးက တိုက်တွန်းလိုက်သည်။

"ဒီရတနာတွေက ဘာလို့အမြဲတမ်း သွေးစက်ချပေးနေရတာလဲ"

ယဲ့ချန်က စိတ်ညစ်စွာရေရွတ်လိုက်သော်လည်း သူ၏လက်ချောင်းကိုဖောက်၍ သွေးတစ်စက် ထုတ်လိုက်သည်။

"တောက်"

သွေးစက်က ခရမ်းရောင်နတ်ဆိုးချပ်ဝတ်ပေါ်သို့ ကျသွားသောအခါ ၎င်းက သွေးကြောကွန်ယက်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် ရတနာက ကောင်းကင်သို့ ခရမ်းရောင်အလင်းတန်းတစ်ခု ထုတ်လွှတ်လိုက်သည်။ ယဲ့ချန်၏အသိစိတ်အတွင်း ၎င်း၏ပုံရိပ်ထွက်ပေါ်လာကာ လက်ထဲရှိချပ်ဝတ်က ဖြတ်ခနဲပျောက်ကွယ်သွားလေသည်။

"တိုက်ပွဲအတွင်းမှာ မင်းက ချပ်ဝတ်ကို ကြိုက်သလိုဆင့်ခေါ်နိုင်တယ်။ ဒီနတ်ဆိုးချပ်ဝတ်က နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ရဲ့ အားကုန်တိုက်ကွက်ကို ခုခံပေးနိုင်တယ်။ ရင်ဘတ်နေရာတစ်ခုတည်းရှိတာ နှမြောစရာပဲ။ နတ်ဆိုးချပ်ဝတ်မှာ အစိတ်အပိုင်းခုနစ်ခုရှိပြီး ခရမ်းရောင်မျက်လုံးမျိုးနွယ်ရဲ့ သင်္ကေတထုတ်ကုန် တစ်ခုဖြစ်တယ်။ အတိတ်တုန်းက အရေအတွက်အများကြီး ထုတ်လုပ်ခဲ့ပေမယ့် ဘယ်ရောက်ကုန်မှန်း ငါလည်း မသိဘူး"

ခြင်္သေ့ကြီးက နတ်ဆိုးချပ်ဝတ်အကြောင်း ယဲ့ချန်ကို မိတ်ဆက်ပေးလိုက်သည်။

"ဒီလိုအစွမ်းထက်ချပ်ဝတ်တွေ အများကြီးရှိတယ်လား"

ယဲ့ချန်၏မျက်လုံးများ ပြူးကျယ်လာခဲ့သည်။

"ဒါပေါ့ကွ။ မင်းမမြင်ဖူးတာတွေ အများကြီးရှိသေးတယ် ကလေး"

ခြင်္သေ့ကြီးက တစ်ချက်ရယ်မောလိုက်သည်။ ယဲ့ချန်၏အသက်အရွယ်နှင့်ယှဥ်လျှင် သူ၏ဗဟုသုတများက ပင်လယ်ကြီးပမာ ကျယ်ပြန့်လေသည်။

"ဒီချပ်ဝတ်က အဆင့်ရှစ်ရတနာတစ်ခုဖြစ်ပြီး အစိတ်အပိုင်းတစ်ခုတည်းက အားနည်းတယ်။ မင်းအနေနဲ့ အဆင့်မြင့်နတ်ဆိုးချပ်ဝတ်တွေကိုမြင်ဖူးရင် ပိုပြီးတောင်အံ့သြရလိမ့်မယ်။ အဆင့်ကိုးနတ်ဆိုးချပ်ဝတ်က အဆုံးမဲ့အဆင့်ကျင့်ကြံသူတစ်ယောက်ရဲ့တိုက်ကွက်ကို ခုခံနိုင်တယ်။ မြေအဆင့်၊ လူသားအဆင့်နဲ့ ကောင်းကင်အဆင့်ချပ်ဝတ်တွေတောင် ရှိသေးတယ်"

"ဒဏ္ဍာရီအရဆိုရင် ကောင်းကင်အဆင့်နတ်ဆိုးချပ်ဝတ်က ဝတ်ဆင်သူအစွမ်းထက်သလောက် ပိုပြီးအစွမ်းထက်လာနိုင်တယ်။ ဒါက လုံးဝကိုအံ့သြဖို့ကောင်းတဲ့ လက်ရာတစ်ခုဖြစ်တယ်။ နတ်ဆိုးချပ်ဝတ်အပြင် အခြားရတနာတွေလည်း သူတို့က ထုလုပ်ခဲ့ကြတယ်။ ကံဆိုးတာက ငါ့ခေတ်မှာ ခရမ်းရောင်မျက်လုံးမျိုးနွယ်ကပန်းပဲဆရာတွေ တစ်ယောက်ပြီးတစ်ယောက် ပျောက်ဆုံးသွားကြတယ်"

"မင်းတို့လူသားတွေရဲ့ ဦးနှောက်တည်ဆောက်ပုံက ငါတို့မှော်သားရဲတွေနဲ့ ကွာခြားတယ်။ ငါတို့က မင်းတို့ထက် သက်တမ်းဆယ်ဆလောက်ပိုရှည်ပေမယ့် ကျင့်ကြံခြင်းအမြန်နှုန်းကျ ဆယ်ဆလောက်ပိုနှေးတယ်။ ဥပမာပြောရရင် ခရမ်းမီးတောက်ကြယ်ခြင်္သေ့မျိုးနွယ်က မွေးမွေးချင်း နတ်ဘုရင်အဆင့်ကိုရောက်ပြီး အရွယ်ရောက်တာနဲ့ မဟာသာလွန်အဆင့်ကို ရောက်ကြတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ အဆင့်တစ်ခုတက်ရတာက ကောင်းကင်ကိုတက်ရသလိုမျိုး ခက်ခဲလာခဲ့တယ်။ ငါတို့က အချိန်အကြာကြီးကျင့်ကြံရပြီး သွေးမျိုးဆက်ကန့်သတ်ချက်ကိုလည်း မချိုးဖျက်နိုင်ကြဘူး။ လူသားတွေကျတော့ ပါရမီရှင်တွေက အဆင့်မြန်မြန်တက်နိုင်ကြတယ်။ ဒါကြောင့် မှော်သားရဲတွေအများကြီးရှိပေမယ့် အစွမ်းအထက်ဆုံးကျင့်ကြံသူက လူသားမျိုးနွယ်ဖြစ်နေရတာ"

"နောက်ထပ်ဥပမာပြောရရင် ပန်းပဲပညာပေါ့။ မင်းတို့လူသားတွေက လက်မှုပညာကို အထွတ်အထိပ်ကိုရောက်နေတဲ့အချိန်မှာ ငါတို့က သံကိုသန့်စင်ရတာတောင် အဖြစ်မရှိဘူး"

ခြင်္သေ့ကြီးက သမိုင်းကြောင်းကို ရှည်လျားစွာရှင်းပြရင်း လူသားနှင့်သားရဲများအကြား ခြားနားမှုကို ထောက်ပြလိုက်သည်။

အတွေးတစ်ချက်နှင့်အတူ နတ်ဆိုးချပ်ဝတ်က ယဲ့ချန်၏ကိုယ်ပေါ်တွင် ထွက်ပေါ်လာခဲ့သည်။ နောက်အတွေးတစ်ခုတွင် ၎င်းက လျင်မြန်စွာပျောက်ကွယ်သွားသဖြင့် ခရမ်းရောင်မျက်လုံးမျိုးနွယ်၏ မှော်ဆန်သော ရတနာတစ်ခု ဖြစ်နေခဲ့လေသည်။

ယဲ့ချန်က သူ၏အသိစိတ်အတွင်း အမြဲရှိနေခဲ့သော ဓားပျံအကြောင်း သတိရလိုက်သည်။ သူက အကြိမ်အနည်းငယ် ကြိုးစားခဲ့သော်လည်း ၎င်းကထွက်ပေါ်မလာသဖြင့် အလုပ်မဖြစ်ချေ။ ထို့ကြောင့် သူက လက်ရှိတွင် ဤကိစ္စကို ဘေးဖယ်ထားလိုက်ရသည်။ နတ်ဆိုးချပ်ဝတ်တွင် အစိတ်အပိုင်းခုနစ်ခုရှိသောကြောင့် ယဲ့ချန်က အားလုံးကိုအရယူရန် ဆုံးဖြတ်လိုက်သည်။

ထိုအချိန်၌ ယဲ့ချန်ထံသို့ ကျင့်ကြံသူတစ်စု ဦးတည်လာနေခဲ့သည်။

"ခရမ်းရောင်အလင်းက ဒီနေရာကထွက်လာတာ ဖြစ်ရမယ်"

"သေချာပေါက် အဖိုးတန်ရတနာပဲ"

သူတို့က ပတ်ဝန်းကျင်တွင် ဖြန့်ကျက်ရှာဖွေနေရာမှ တွင်းကြီးတစ်ခုဘေးတွင်ရပ်နေသော ယဲ့ချန်ကို သတိထားမိသွားကြသည်။ သူတို့၏အကြည့်များက ထက်ရှလာကြသည်။

"ဟေ့ကောင် ငါတို့က သမာဓိကောင်စီအဖွဲ့ဝင်တွေဖြစ်တယ်။ အသက်မသေချင်ရင် ရတနာကိုထုတ်ပေးစမ်း"

သက်လတ်ပိုင်းအရွယ် ကတုံးတစ်ယောက်က ခြိမ်းခြောက်လိုက်ခြင်းဖြစ်သည်။ သူက ထိပ်ဆုံးအဆင့် ဆန်းကျယ်ဝိဇ္ဇာတစ်ယောက်ဖြစ်ပြီး သူ၏ဘေးတွင် ဆန်းကျယ်ဝိဇ္ဇာခြောက်ယောက် ရှိနေခဲ့သည်။ သူက ဤအဖွဲ့၏ခေါင်းဆောင် ဖြစ်ပုံရသည်။

"အစ်ကိုကြီးဟုရန် အချိန်မဖြုန်းနဲ့။ ဒီကောင့်ကို မြန်မြန်သတ်ပေးစမ်းပါ"

ဟုရန်လင်းဟုခေါ်တွင်သော ကတုံး၏နောက်ရှိ လူငယ်တစ်ယောက်က ယဲ့ချန်ကို မီးဝင်းဝင်းတောက်နေသော မျက်လုံးဖြင့်ကြည့်ကာ ဒေါသတကြီးအော်ဟစ်လိုက်သည်။ သူက ပင်လယ်ပြင်အတွင်း ယဲ့ချန်လက်ချက်ဖြင့် ပင်လယ်သားရဲများအမဲလိုက်ခြင်းခံရသော ချီနန်ဖြစ်၍ သတ်ဖြတ်လိုစိတ်ကို မထိန်းချုပ်နိုင်ခဲ့ပေ။

ယဲ့ချန်ကလည်း ချီနန်ကိုမှတ်မိသွားသောကြောင့် မျက်နှာက အေးစက်တင်းမာလာခဲ့သည်။ ကန့်သတ်ဒေသတွင် သူ့ကိုသတ်ရန်ကြိုးစားခဲ့သော လူနှစ်ယောက်အနက် လင်ချိုးကို သတ်ဖြတ်ခဲ့ပြီးဖြစ်သည်။ ချီနန်က ပင်လယ်သားရဲများ၏လက်အတွင်းမှ လွတ်မြောက်နိုင်မည်ဟု မျှော်လင့်မထားခဲ့ပေ။

"ဒီကောင့်ကို မင်း သိတာလား"

ဟုရန်လင်းက ပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက် စစ်ဆေးလိုက်သည်။ အနီးတွင် သမာဓိကောင်စီမှမဟုတ်သော ဆန်းကျယ်ဝိဇ္ဇာဆယ်ယောက်ကျော်ရှိနေပြီး မိုးကြိုးမျိုးနွယ်၊ တော်ဝင်မျိုးနွယ်စသော အင်အားစုများနှင့် အမည်မသိကျင့်ကြံသူများပင် ပါဝင်နေသည်။ သူတို့က ရတနာကို စတင်လုယူလိုက်မည်ဆိုလျှင် သေချာပေါက် ဖရိုဖရဲဖြစ်သွားနိုင်လေသည်။

All Chapters