← Chapters

အပိုင်း (၃၉၇) – အမှန်တကယ်ပေါ်လာခြင်း

Vol. 004 Ch. 397

အပိုင်း (၃၉၇) – အမှန်တကယ်ပေါ်လာခြင်း

Vol. 004 Ch. 397

ရှီမာယူယူသည် ထိုအသံနှင့် အတူပါလာသော ကြောက်မက်ဖွယ် ခံစားချက်ကို လျစ်လျူရှုလိုက်သည်။ သူမသည် နတ်ဆိုးဂိုဏ်းချုပ်ကို ကြည့်ပြီးမေးလိုက်သည် “ကျွန်တော့်ကို စားချင်တာလား”

“ငါက မင်းရဲ့ အသားလတ်လတ်ဆတ်ဆတ်ကို စားမယ် မင်းရဲ့ ဝိညာဉ်ကို ငါ့ရဲ့ ဝိညာဉ်စားသားရဲကို ကျွေးမယ်၊ တကယ့်စားပွဲသောက်ပွဲဖြစ်နေမှာပဲ” နတ်ဆိုးဂိုဏ်းချုပသည် ရှီမာယူယူအား စိတ်ဝင်စားစွာ  ကြည့်လေသည်။ ထိုအကြည့်မှာ စားကောင်းသောက်ဖွယ်ကို ကြည့်သည့်အကြည့်ဖြစ်လေသည်။

ထိုနှစ်လအတွင်းတွင် သူသည် လာသမျှလူများကို ဝိညာဉ်စားသားရဲကို စစ်ဆေးခိုင်းခဲ့သည်။ သို့သော် အားလုံးသည် သာမန်မျှသာဖြစ်သည်။ သူသည် ထိုမျှလောက် တောက်ပသော ပျော်ရွှင်မှုကို မခံစားခံရပေ။

သို့သော် သူ့ရှေ့မှ လူသည် ထူးခြားသည်။ သူသည် အဝေးကတည်းကပင် သူမ၏ မွှေးပျံ့သော အနံ့ကို ခံစားမိသည်။ ထိုသည်မှာ သူမသည် နတ်သုဒ္ဒါအရသာဖြစ်မည်ဟု သက်သေပြနေသည်။

သူမ ခန္ဓာကိုယ်တည်ဆောက်ပုံအား သိသည့်လူအတွက်တော့ အမှန်တကယ်ပင် သားရေကျစရာ ပင်ဖြစ်သည်။

ရှီမာယူယူ အေးစက်စွာ ပင့်သက်ရှိုက်ကာ ပြောလိုက်သည် “ကျွန်တော့်အသားကို စားချင်တယ် ဟုတ်လား၊ အရင်ဆုံး ပျော့ခွေသွားအောင် ရိုက်ပစ်မယ်”

“ဟားဟား” နတ်ဆိုးဂိုဏ်းချုပ်သည် သူမ ပြောသည်ကို ကြားသောအခါ ရယ်မောလိုက်သည် “မင်းတို့ လူနည်းနည်းလောက်နဲ့ ငါ့ကို ပျော့ခွေသွားအောင် ရိုက်မယ်ဟုတ်လား၊ မင်းတို့ ကိုယ့် အားကို မသိကြဘူးလား”

“ကျွန်တော့် ကိုယ့်အားကိုယ် သိလား မသိလားကို ခင်ဗျား ခဏနေသိရမှာပါ” ရှီမာယူယူ ပြောလိုက် သည် “ဒါပေမဲ့ ကျွန်တော် အသိချင်ဆုံးက နတ်ဆိုးဂိုဏ်းချုပ်ဖြစ်တဲ့ ခင်ဗျားက ဘယ်လိုလုပ် ယိလင်းတိုင်းပြည် ကို ရောက်လာတာလဲ.. ဒီက အတားအဆီးက ဖျက်ဆီးဖို့အတွက် အရမ်းခက်တယ်.. ပင်လယ်ပြင်ကို ဂယက်ထ သွားအောင် လုပ်တာ ခင်ဗျားလား၊ ဘာလို့အဲလိုလုပ်တာလဲ… ဒီမှာ တစ်ခုခုလိုချင်တာ ရှိလို့လား”

နတ်ဆိုးဂိုဏ်းချုပ်၏ မည်းနေသော မျက်နှာမှာ ပြောင်းသွားသည်။ သူသည် နတ်ဆိုး ဂိုဏ်းချုပ် အဆင့် ဖြစ်သည်ကို ရှီမာယူယူသိမည်ဟု ထင်မထားပေ။

“မင်းက အရသာရှိမယ့်ပုံဆိုတော့ မင်းစပ်စုချင်တာကို နားလည်ပေးရမှာပေါ့” နတ်ဆိုးဂိုဏ်းချုပ်သည် လက်ပိုက်ကာ ပြောလိုက်သည် “ငါက နတ်ဆိုးဂိုဏ်းချုပ်ဆိုတာကို မင်းသိမှတော့ ဒီနေရာကို ဘယ်လို လူတွေ ရောက်လာလဲဆိုတာရော သိမှာပေါ့”

ရှီမာယူယူ ခေါင်းရမ်းကာ ပြောလိုက်သည် “ဘယ်လူတွေလဲ”

“ဒီနေရာက ငါတို့နတ်ဆိုးလောကရဲ့ နတ်ဆိုးဘုရင်ထဲက တစ်ယောက်ကို ဖိနှိပ်ထားတဲ့ နေရာပဲ၊ ငါက သူ့ကို ပြန်ခေါ်ဖို့ ဒီရောက်လာတာပဲ” နတ်ဆိုး ဂိုဏ်းချုပ်ပြောလိုက်သည်။

“နတ်ဆိုးဘုရင်လား” ရှီမာယူယူ အံ့သြသွားသည်။ ဒီလူက မိုရှားနဲ့ အဆင့်တူမလားပဲ။

မိုရှားသည် သူမတွေးနေသည်ကို အာရုံခံမိသဖြင့် အသက်ရှုထုတ်ကာ “အဲလိုဟာက ငါနဲ့ ဘယ်လို ယှဉ်လို့ရမှာလဲ၊ အဲလူက နတ်ဆိုးဘုရင်အဆင့် အားပဲရှိတာ၊ ငါက နတ်ဆိုးလောကရဲ့ အမှန်အကန် ဘုရင်ပဲ”

“သြော်” ရှီမာယူယူ စိတ်ထဲမှ ပြန်ဖြေမိသည်။ ထို့နောက် သူမ နတ်ဆိုးဂိုဏ်းချုပ်ဘက်လှည့်ကာ ဆက်မေး လေသည် “ခင်ဗျားက ဒီကိုဘာလုပ်ဖို့လာတာလဲ… ခင်ဗျားက ပင်လယ်သားရဲတွေကို ထိန်းချုပ်ပြီး လူသားတွေကို သတ်ပြီး ဘာလုပ်ချင်တာလဲ”

“အဲလိုလုပ်ဖို့ အကြောင်းရှိလို့ပေါ့” နတ်ဆိုး ဂိုဏ်းချုပ်သည် ပြန်ဖြေသည် “နတ်ဆိုးဘုရင်ကသာ ဒီနေရာ ကို မတိုက်ခိုက်ခဲ့ရင် ဒီနေရာထိ လမ်းဘယ်လိုပေါက်မလဲ”

ရှီမာယူယူ နားလည်သွားသည်။ ထိုနှစ်များတွင် ပင်လယ် သားရဲများ မတည်မငြိမ်ဖြစ်ရခြင်းမှာ နတ်ဆိုး ဘုရင်သည် ဒီနေရာအား တိုက်ခိုက်နေခြင်းကြောင့် ဖြစ်သည်။ နတ်ဆိုးမျိုးနွယ် ကိုယ်ရောင်ကိုယ်ဝါ၏  ထို နေရာအား တိုက်ခိုက်ခြင်းသည် ပင်လယ်သားရဲများကို မတည်မငြိမ်ဖြစ်စေသည်။ ထိုပင်လယ်သားရဲများသည် ကြောက်ရွံ့ကြသဖြင့် ပုံမှန်မဟုတ်သော အရာများ ဖြစ်စေသည်။

“ဒါဆို ဘာလို့ ပင်လယ်သားရဲတွေကို ထိန်းချုပ်ပြီးလူတွေကို တိုက်ခိုက်တာလဲ ပြီးတော့ ဝိညာဉ်စားသားရဲကို လည်းဘာလို့ ဝိညာဉ်တွေကို စုပ်ယူခိုင်းတာလဲ” သူမ မေးလိုက်သည်။

“ငါ့ ဝိညာဉ်စားသားရဲကို ပိုပြီးအားကောင်းအောင်လို့လေ” နတ်ဆိုး ဂိုဏ်းချုပ် ပြောလိုက်သည် “သူ အဲဒီ ဝိညာဉ်တွေကို စားလိုက်ရင် ပိုပြီး သန်မာလာမယ်၊ အဲတော့မှ ငါဒီနေရာရဲ့ အတားအဆီးကို ဖျက်ပြီး င့ါနတ်ဆိုး ဘုရင်ကို ကယ်လို့ရမှာ”

သူ ထိုအချက်အား ပြောလိုက်သည့်အခါတွင် သူ့မျက်နှာသည် ရုတ်တရက်ပြောင်းလဲသွားကာ သူ့ခန္ဓာ ကိုယ်မှ ကိုယ်ရောင်ကိုယ်ဝါသည်လည်း ပို၍ ကြောက်မက်ဖွယ် ကောင်းသွားသည်။ သူ ရှီမာယူယူအား စိုက် ကြည့်ကာ ပြောလိုက်သည် “ဒါပေမဲ့ မင်းက ငါ့ ဝိညာဉ်စားသားရဲကို ထိခိုက်အောင် လုပ်ပြီး သူ့ အားတွေကုန်သွား စေတယ် မင်းက သေသင့်တယ်”

“သခင်၊ ဒီလူရဲ့ ဝိညာဉ်အနံ့က တကယ်ကောင်းတယ်၊ ငါ စားချင်တယ်၊ ငါစားပြီးရင် သေချာပေါက် အားကောင်းလာမှာပဲ” ဝိညာဉ်စားသားရဲ၏ အသံသည် ယှဉ်မရလောက်အောင် စူးရှသည်။ ထိုအသံသည် သူတို့ ဝိညာဉ်ကို ထိုးဖောက်စေသည်။

“သွားတော့” နတ်ဆိုး ဂိုဏ်းချုပသည် လက်ကို ရမ်းလိုက်သည် “သူ့ကို မသတ်နဲ့ ငါ သေပြီးသားလူ အသားကို မကြိုက်ဘူး”

“ကောင်းပြီ သခင်” ဝိညာဉ်စားသားရဲသည် အော်ပြီးနောက် အနက်ရောင် မြူခိုးအသွင် ပြောင်းသွားသည်။ သူသည် လှိမ့်ကာ နှစ်ပိုင်း ခွဲလိုက်သည်။

ဟာစွန်နှင့် ဟိန်းသံထောင်ချီသည် အကြည့်ချင်းဖလှယ်ကာ ပြောလိုက်သည် “လှုပ်ရှားကြမယ်”

သူတို့သုံးယောက်သည် နတ်ဆိုးဂိုဏ်းချုပ်ဆီသို့ ပျံသန်းသွားပြီး ရှီမာယူယူအား ဝိညာဉ်စား သားရဲနှင့် ထားခဲ့လေသည်။

“ဟားဟား သူတို့ တကယ်ပဲ မင်းကို ငါနဲ့ နှစ်ယောက်တည်း ထားခဲ့တာပဲ၊ ကြည့်ရတာ သူတို့က မင်းဝိညာဉ်ကို ငါ့ကို စားစေချင်တာထင်တယ်” ဝိညာဉ်စားသားရဲသည် ပျော်ရွှင်စွာ အော်လိုက်သည်။

“ငါ့ကို စားချင်တာလား၊ မင်းမှာ ဘယ်လောက်အရည်အချင်းရှိလဲ ကြည့်ရတာပေါ့” ရှီမာယူယူ ပြော လိုက်သည် “ကြက်သွေးရောင်မီးတောက် ထွက်ခဲ့”

ပတ်ဝန်းကျင်မှ အပူချိန်သည် ရုတ်တရက် ပြောင်းသွားသည်။ သာမန်လူသာ ထိုနေရာသို့ လာပါက လောင်ကျွမ်းသွားမည်ဖြစ်သည်။

ထိုအပူသည် နေရာတစ်ခုလုံးကို ပိတ်လှောင်ထားသည်။ ထို့နောက်တွင် ပြိုင်ဘက်ကင်းသော အရည်အချင်းရှိသော လူတစ်ယောက်သည် အားလုံးရှေ့တွင် ပေါ်လာသည်။

ထိုသည်မှာ ရှီမာယူယူအတွက် ကြက်သွေးရောင်မီးတောက် နိုးနေသည်ကို ပထမဆုံးမြင်ဖူးခြင်း ဖြစ် သည်။ အရင်က သားရဲတစ်သောင်းတောင်တွင် သူမသည် သူ့အား တစ်ချက်မြင်ဖူးခဲ့သော်လည်း သူ့ပုံရိမ်မှာ မသဲကွဲခဲ့ပေ။ သည်လိုနှင့် သူ့ပုံစံကို သူမ မသိခဲ့ပေ။

သူ့ပုံစံနှင့် ကိုယ်ရောင်ကိုယ်ဝါကို ကြည့်ရသည်မှာ ဝူလင်းယူမှလွဲ၍ တခြားသူများ ယှဉ်လို့ပင်မရပေ။

ယွန်ရိကဲ့သို့ သာမာလန်လူသည် သူနှင့် မိုင်ပေါင်းများစွာတွင် နေရသည်။

ကြက်သွေးရောင်မီးတောက် ပေါ်လာချိန်တွင် ထိုနေရာရာရှိလူများသည် သူ၏ ပြိုင်ဘက်ကင်း ကိုယ်ရောင်ကိုယ်ဝါကို ခံစားမိကြသည်။ ယွန်ရိနှင့် နတ်ဆိုးဂိုဏ်းချုပ် နှစ်ယောက်လုံးသည် အံ့သြစွာ ကြည့် ကြသည်။

ရုတ်တရက်ပေါ်လာတဲ့ ဒီလူက ဘယ်သူလဲ။ ဘာလို့ ဒီလောက်သန်မာတဲ့ ကိုယ်ရောင်ကိုယ်ဝါရှိနေ ရတာလဲ။

“မင်း..မင်းဘယ်သူလဲ” ဝိညာဉ်စားသားရဲသည် ကြက်သွေးရောင်မီးတောက်ကို ကြည့်ကာ သူ့ဝိညာဉ်သည် ခန္ဓာကိုယ်ဆီသို့ လှိမ့်ဝင်သွားလေသည်။

“ငါက သူမ အသက်စာချုပ်သားရဲ နံပါတ် ၃ပဲ၊ မင်းက သူမကို စားချင်တယ်လို့ ပြောတာက ငါ့ကို စားချင် တယ်လို့ ပြောတာနဲ့အတူတူပဲ” ကြက်သွေးရောင်မီးတောက် စကားပြောသည်နှင့် သူ့ခန္ဓာကိုယ်မှ မီးတောက် ကို မြင့်တင်လိုက်သည်။ သူ့ဘေးမှ နေရာများသည် အပူရှိန်ကြောင့် တံလျှပ်များ ထနေသည်။

“ဒီကိုယ်ရောင်ကိုယ်ဝါက…” ဝိညာဉ်စားသားရဲသည် ကြက်သွေးရောင်မီးတောက် ခန္ဓာကိုယ် ပတ်လည်မှ မီးတောက်များကို ကြည့်ပြီး ပထမဆုံးလုပ်သည်မှာ ပြေးခြင်းဖြစ်သည်။

ကြက်သွေးရောင်မီးတောက်သည် စိုးရိမ်ခြင်းမရှိပေ။ သူ့ခန္ဓာကိုယ်မှ မီးတောက်သည် သူတို့သည် ခွဲထွက်ကာ ဝိညာဉ်စားသားရဲနောက်လိုက်ချင်နေသကဲ့သို့ လူးလွန့်နေကြသည်။

ထိုသည်မှာ ကြက်သွေးရောင်မီးတောက်၏ လှုပ်ရှားမှုကို ရှီမာယူယူအတွက် ပထမဆုံးအကြိမ် မြင်ဖူး ခြင်းဖြစ်ကာ အလွန်ဝမ်းမြောက်မိလေသည်။ သူက တကယ်မိုက်တာပဲ။ သူသည် ပြီးခဲ့သည့်တစ်ခေါက် ဆင့်ခေါ် ခဲ့သည်ထက် ပို၍ လောင်ကျွမ်းနေခဲ့သည်။ ပို၍ အသက်ဝင်နေခဲ့သည်။

“သွားတော့” ကြက်သွေးရောင်မီးတောကသည် အင်္ကျိလက်ကို သပ်လိုက်ပြီးနောက် မီးတောက်များကို သွားချင်သည့် နေရာကို သွားခွင့်ပြုလိုက်သည်။ မီးတောက်များသည် သူ့ခန္ဓာကိုယ်မှ ခွာကာ မီးငှက် အသွင်ပြောင်းကာ ဝိညာဉ်စားသားရဲနောက်လိုက်လေသည်။

ရှီမာူယယူစသည် ထိုမီးငှက်အား အံ့သြစွာ ကြည့်လေသည်။ ထိုမီးငှက်သည် တကယ့် သက်ရှိငှက် သဖွယ် အတောင်ပံခတ်လေသည်။ ကျီကျီကျာကျာ အသံပင်ထွက်လေသည်။

“ကျီကျီ”

ဝိညာဉ်စားသားရဲသည် အန္တရာယ်ကို ခံစားမိသဖြင့် စူးရှစွာအော်လေသည်။ ထိုအသံသည် ရှီမာယူယူတို့ ဝိညာဉ်စားသားရဲကို ပထမဆုံးတွေ့ဖူးစဉ်က အသံအတိုင်းပင် ဖြစ်သည်။ သူမ တစ်ကိုယ်လုံးသည် တုန်ယင်သွား ကာ နေရခက်လာသည်။ ထိုသည်မှာ သူမ ဝိညာဉ်သည် စုပ်ယူခံရခြင်းဖြစ်သည်။

“ကျီကျီ”

မီးငှက်သည် နောက်ထပ် အော်လိုက်ပြီးနောက် ဝိညာဉ်စားသားရဲ၏ အသံအား ဖိနှိပ်လိုက်ရာ ရှီမာယူယူ ပြန်တည်ငြိမ်သွားလေသည်။

ယွန်ရိသည် အဆင်ပြေနေသေးသည်။ သူသည် ထိုအသံအား ကြားရချိန်တွင် နေရမခက်ပေ။ သူ့အား အနည်းငယ် နှေးကွေးစေရုံသာ ဖြစ်သည်။

သို့သော် ရှီမာယူယူသည် သူ့လောက် သန်မာခြင်းမရှိပေ။ သူမ ဝိညာဉ်ထိခိုက်ခြင်းသည် တခြားသူများ နှင့် မတူပေ။ ဝိညာဉ်စားသားရဲ၏ အော်သံသည် အချိန်တိုအတွင်းဖြစ်သော်လည်း သူမသည် မခံနိုင်ပဲ မျက်နှာမှာ ချက်ချင်း ဖြူဖျော့သွားလေသည်။ သူမသည် ဟန်ချက်ပျက်သွားကာ အမှောင်ကျသွားလေသည်။

“ယူယူ”

ဟာစွန်နှင့် တခြားသူများသည် သူမခံစားချက်အား ခံစားမိသဖြင့် သူမအား ကယ်တင်ချင်သော်လည်း နတ်ဆိုး ဂိုဏ်းချုပသည် တားလိုက်သည်။

ကြက်သွေးရောင်မီးတောက်သည် သွားမည်အလုပ်တွင် သူမ ဘေးတွင် အနက်ရောင်မြူခိုး လှည့်ပတ်နေ သည်ကို တွေ့လိုက်ရသည်။ ထို့နောက်တွင် ပုံရိပ်တစ်ခုသည် ပေါ်လာကာ သူမ ခါးကို ဖက်လိုက်ပြီး သူမ လဲကျ သွားမည်ကို တားလိုက်သည်။

“မင်း တကယ်အရမ်းအားနည်းနေတယ်” မိုရှားသည် သူမ၏ ဖြူဖျော့သော မျက်နှာကို မြင်သည်နှင့် မျက်မှောင်ကြုတ်လိုက်သည်။

All Chapters