← Chapters

ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ

Vol. 24 Ch. 334

ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ

Vol. 24 Ch. 334

"ကျုပ်တို့က ခင်ဗျားကို မစော်ကားလိုပါဘူး စီနီယာ။ ဒီမူကွဲဝိညာဥ်သားရဲကိုလိုချင်ရင် ဝမ်းမြောက်ဝမ်းသာ ဆက်သပါမယ်"

ယဲ့ချန်က တစ်ဖက်လူ၏ ရည်ရွယ်ချက်ကိုမသိသော်လည်း ရတနာကို ပေးအပ်လိုက်သည်။ မဟာသာလွန်အဆင့် ကျင့်ကြံသူတစ်ယောက်ရှေ့တွင် အသက်ရှင်သန်ရေးအတွက် ရတနာကို ဖက်တွယ်နေ၍မရချေ။

"ဟီး ဟီး ကောင်စုတ်လေးတွေ ငါက နင်တို့လိုအငယ်လေးတွေဆီကနေ ဘာလို့ဓားပြတိုက်ရမှာလဲ။ နင်က သတ္တိတော့ရှိတယ်။ သမာဓိကောင်စီဝင်တွေအများကြီးကို သတ်ရဲတယ်"

ပိုလင်းက လှပသောလက်ကလေးများကို သေးသွယ်သောခါးနောက်သို့ပစ်၍ ယဲ့ချန်ထံ လေထဲမှ လမ်းလျှောက်လာသည်။

"ဒီမိန်းမနဲ့ သမာဓိကောင်စီက ဘယ်လိုပတ်သက်နေတာလဲ"

ယဲ့ချန်က သူမ၏နောက်ခံကို စဥ်းစား၍မရချေ။

"သမာဓိကောင်စီက တော်တော်မောက်မာပြီး ရွံစရာကောင်းတယ်။ ဒီကောင်တွေ အကုန်သေသင့်တယ်"

ယဲ့ချန်က ရဲတင်းစွာပြောလိုက်သည်။ သူက သမာဓိကောင်စီဝင်များကို သတ်ဖြတ်ပြီးဖြစ်၍ ဤမိန်းမက ထိုအဖွဲ့မှဖြစ်လျှင် တိုက်ခိုက်ပြီးဖြစ်နေပေလိမ့်မည်။ အကယ်၍ သူမသာ သမာဓိကောင်စီ၏ရန်ဘက်ဖြစ်လျှင် အခြေအနေများ ပြောင်းလဲသွားနိုင်သည်။

"ဒီစကားကို ငါ ကြားချင်နေတာ။ ကောင်စုတ်ကလေး နင့်ကို ငါ မခြောက်တော့ပါဘူး။ သမာဓိကောင်စီရဲ့အဘိုးကြီးလည်း ဝိညာဥ်မျှော်စင်ထဲကို ရောက်နေပြီ။ မင်းအနေနဲ့ မြန်မြန်ထွက်ပြေးသင့်တယ်။ သူ့လက်ထဲရောက်သွားမှ မမက မင်းကိုသတိမပေးဘူးလို့ မပြောနဲ့နော်"

ပိုလင်းက ယဲ့ချန်အရှေ့ ခြေတစ်လှမ်းအကွာတွင် ရပ်တန့်လိုက်သည်။ သူမ၏ခန္ဓာကိုယ်မှ ညှို့ငင်အားပြင်းလွန်းသော ကိုယ်သင်းနံ့တစ်ခုထွက်ပေါ်နေပြီး ၎င်းကိုရှူရှိုက်မိလျှင် သေရည်အလား ယစ်မူသွားနိုင်သည်။

ရှောင်ရိသည် သူ၏ခန္ဓာကိုယ်ကို ဖိနှိပ်ထားသော ဝိညာဥ်စွမ်းအင် ဖြည်းဖြည်းချင်းပျောက်ကွယ်သွားသည်ကို သိလိုက်ရသည်။ ပိုလင်းက ယဲ့ချန်အရှေ့တွင် ရပ်နေသောအခါ လုံးဝန်းသောရင်သားအစုံက ယဲ့ချန်၏မြင်ကွင်းအတွင်း ဝင်ရောက်လာသည်။ ဤအခြေအနေတွင် ယဲ့ချန်က ဤမျှအစွမ်းထက်သော ကျင့်ကြံသူတစ်ယောက်ရှေ့တွင် မပေါ့ဆရဲသောကြောင့် စိတ်ကို ထိန်းချုပ်နေရသည်။ သူမ၏ဝတ်စုံက ရင်ဘတ်နေရာတွင် ဟထားသဖြင့် ယဲ့ချန်ကြည့်လိုက်မိသောအခါ နှင်းဖြူရောင်အသားအရေနှင့် မို့မောက်နေသော တောင်နှစ်လုံးကို မြင်လိုက်ရသည်။

"ဒါတွေက လှလားဟင်"

ပိုလင်းက ယဲ့ချန်ကို တစ်ချက်ပြုံးပြ၍ ကြာကြည့်ကြည့်လိုက်သည်။

ယဲ့ချန်က အကြည့်ကို ချက်ချင်းလွှဲပစ်လိုက်သည်။ ပိုလင်း၏ရင်နှစ်မွှာက သူနှင့် အလွန်နီးကပ်နေသဖြင့် ရှေ့တည့်တည့်သို့ကြည့်နေလျှင် မြင်နေရမည်ဖြစ်သည်။ ယောကျ်ားတိုင်းက ဖရဲသီးများပမာ ကြီးမားလှပသော ရင်သားများရှေ့တွင် ဆုပ်ကိုင်ချင်စိတ်များ ဖြစ်ပေါ်လာပေလိမ့်မည်။ ထို့အပြင် ပိုလင်း၏ကိုယ်သင်းနံ့ကလည်း အလွန်ဆွဲဆောင်အား ပြင်းထန်နေသည်။

"ဒီမိန်းမ ဘာလိုချင်နေတာလဲ"

ယဲ့ချန်က ခေါင်းကို အတတ်နိုင်ဆုံးရှင်းလင်းနေသော်လည်း ခန္ဓာကိုယ်က သဘာဝအလျောက် တုံ့ပြန်နေသည်။ သူ၏ခါးအောက်ပိုင်းတွင် မြွေကြီးတစ်ကောင်က ပါးပျဥ်းထောင်စပြုလာနေသည်။

"ခစ် ခစ် တော်တော်ချောတဲ့ကောင်လေး။ မမတောင် မင်းကို စိတ်ဝင်စားလာပြီ"

ပိုလင်းက ချိုသာစွာရယ်မော၍ ယဲ့ချန်၏ပါးပြင်ကို နူးညံ့သွယ်လျသော လက်ချောင်းကလေးများဖြင့် ပွတ်သပ်လိုက်သည်။ ဤလက်ချောင်းများက ကျောက်စိမ်းဖြူကဲ့သို့ သန့်ရှင်းလှပနေကာ နွေးထွေးမှုကိုပေးစွမ်းနေသဖြင့် ဤအထိအတွေ့က ရူးချင်စဖွယ်ပင်ဖြစ်သည်။ ယဲ့ချန်က ပြောစရာစကားမရှိအောင် ဆွံ့အနေမိသည်။ သူ့ကို အလွန်လှပသော မိန်းမတစ်ယောက်က ဆွဲဆောင်မည်ဟု အိပ်မက်ပင်မမက်ဖူးခဲ့ပေ။

ပိုလင်းသည် သူမ၏အလှအပေါ် အလွန်ယုံကြည်မှုရှိသည်။ မိုးကြိုးမျိုးနွယ်ရှိ ယောက်ျားများက သူမ၏အကြည့်တစ်ချက်အောက်တွင် ဒူးထောက်သွားရစမြဲပင်ဖြစ်သည်။ သူမက ယဲ့ချန်ကိုဆွဲဆောင်နေသော်လည်း စနောက်လိုခြင်းသာဖြစ်သည်။ ထို့အပြင် ယဲ့ချန်ထံမှ ဆန်းကျယ်သောစွမ်းအင်များကို အာရုံခံမိသဖြင့် လျှို့ဝှက်ချက်များကိုလည်း သိချင်စိတ်ဖြစ်ပေါ်နေသည်။

"မောင်လေး သမာဓိကောင်စီရဲ့အဘိုးကြီးက မဟာသာလွန်အဆင့် ကောင်းကင်သားရဲတွေလို မင်းကို ဝိညာဥ်နဲ့ ဖမ်းချုပ်နိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် သူက မင်းကို ခြေရာခံဖို့အတွက်တော့ လွယ်လွယ်လေးပဲ။ မင်းက သူ့ကို ရှောင်နိုင်မှာမဟုတ်ဘူး။ မမနဲ့အတူ လိုက်ခဲ့ပါလား။ မမသာကာကွယ်ပေးမယ်ဆိုရင် အဘိုးကြီးစန်းလုလည်း မင်းကိုထိခိုက်အောင် လုပ်နိုင်မှာမဟုတ်ဘူး"

ပိုလင်း၏လက်ချောင်းလေးများက ယဲ့ချန်၏ပါးပြင်ကို ပွတ်သပ်ဆော့ကစားနေသည်။ သူမ၏လှပသော မျက်ဝန်းလေးများက အနီးကပ်စိုက်ကြည့်နေပြီး ဖြောင့်စင်းသော နှာတံလေးအောက်တွင် နှင်းဆီရောင်နှုတ်ခမ်းလေးက ပြည်ပျက်လောက်သော အပြုံးမျိုးကို ထုတ်ဖော်ထားသည်။

မိန်းမလှတစ်ဦး၏ စနောက်ဆွဲဆောင်နေခြင်းကို သည်းခံရသည်မှာ ယောကျ်ားတစ်ယောက်အတွက် စိန်ခေါ်မှုတစ်ခုပင်ဖြစ်သည်။ ယဲ့ချန်သည် ပိုလင်း၏စကားကို ငြင်းဆန်၍မရကြောင်း နားလည်ထားသည်။ သူမက ယခုတွင်ပြုံးနေသော်လည်း ရန်လိုစိတ်သာဖြစ်ပေါ်လာလျှင် ကြောက်မက်ဖွယ်စွမ်းအားကို သူအနေဖြင့် ခုခံနိုင်စရာမရှိချေ။

"အမက သမာဓိကောင်စီကို မကြောက်ဘူးလား"

ယဲ့ချန်က ပိုလင်း၏နောက်ခံကို စုံစမ်းရန် စကားအစ်လိုက်သည်။ အမှန်တကယ်တွင် သူ၏ပါးပြင်ကို ပွတ်သပ်နေသော လက်ချောင်းများကို သူကကြောက်လန့်နေပြီး လျှို့ဝှက်ကျင့်စဥ်အသုံးပြုခံရပြီး စိတ်လွတ်သွားမည်ကို စိုးရိမ်နေခဲ့သည်။

"ဟီး ဟီး မိုးကြိုးမျိုးနွယ်က သမာဓိကောင်စီကို ဘယ်တုန်းကကြောက်ဖူးလို့လဲ"

ပိုလင်းက လှပစွာ ပြုံးလိုက်ပြန်သောအခါ မျက်ဝန်းလေးများက သောက်ရှူးကြယ်ကဲ့သို့ တောက်ပလင်းလက်နေသည်။

ယဲ့ချန်က သူမ၏နောက်ခံကို သိရသောအခါ အနည်းငယ်အံ့သြသွားခဲ့သည်။ မဟာအရှေ့ပိုင်းတိုက်ကြီး၏ အသန်မာဆုံးကျင့်ကြံသူဖြစ်သော ပိုမဲက မိုးကြိုးမျိုးနွယ်မှဖြစ်ကြောင်း သူ သိထားပြီးဖြစ်သည်။ ထို့ကြောင့် ပိုလင်းအပါအဝင် မျိုးကြိုးမျိုးနွယ်၌ အနည်းဆုံး မဟာသာလွန်အဆင့် ကျင့်ကြံသူနှစ်ယောက်ရှိနေသောအခါ သမာဓိကောင်စီကိုရင်ဆိုင်ရဲခြင်းက အံ့သြစရာမဟုတ်ပေ။

"အမအတွက် ကျုပ်တို့က ပြဿနာမဖြစ်စေဘူးဆိုရင် အတူတူလိုက်ခဲ့ပါမယ်"

ယဲ့ချန်က ခေါင်းညိတ်လိုက်သည်။

"ဒီမိန်းမ သတိမထားမိတဲ့အချိန်မှာ ရှောင်ရိကို ဝိညာဥ်ပုလဲထဲပို့ပြီး ငါလည်း လက်ထောက်တံဆိပ်ထဲကို ဝင်ပုန်းရမယ်။ မဟုတ်ရင်လည်း ထွက်ပြေးဖို့ အခွင့်အရေးတစ်ခုရှာရမယ်။ ဒီတစ်ယောက်က တော်တော်အန္တရာယ်များတယ်"

သူ၏စိတ်ထဲတွင်မူ ဤသို့လျှို့ဝှက်စွာ တွေးတောနေခဲ့သည်။

"လိမ္မာတယ်။ မမက မင်းကိုနှစ်သက်တော့ သေချာပေါက်ကာကွယ်ပေးမယ်"

ပိုလင်းက ရှေ့သို့ အနည်းငယ်တိုးလိုက်သောအခါ ရင်နှစ်မွှာက ယဲ့ချန်နှင့်နီးကပ်သွားသည်။ ပြင်းထန်သော ကိုယ်သင်းနံ့၏ဆွဲဆောင်မှုအောက်တွင် ယဲ့ချန်က စိတ်ကို ထိန်းချုပ်နေသည်။ သူမ၏ကိုယ်အပူချိန်ကိုပင် သူကခံစားနေရသဖြင့် နောက်သို့ခြေတစ်လှမ်းဆုတ်ကာ အသက်ပြင်းပြင်းရှူ၍ ကိုယ့်ကိုကိုယ်တည်ငြိမ်စေရန် ကြိုးစားလိုက်သည်။

ပိုလင်းက ယဲ့ချန်၏အပြုအမူကို စိတ်ကွက်ခြင်းမရှိပေ။ သူမက ပါးစပ်ကို လက်ဖြင့်အုပ်၍ လှပစွာရယ်မောလိုက်သည်။ သူမ၏လည်ပင်းနှင့် ရင်ညွန့်ရိုးကလေးများကလည်း ဖြူဖွေးလှပစွာ ထွက်ပေါ်နေသည်။

"မောင်လေး လမ်းမပျောက်စေနဲ့နော်။ မမနောက်က လိုက်ခဲ့"

ပိုလင်းက လေပေါ်သို့ ပျံတက်သွားခဲ့သည်။ ယဲ့ချန်ကလည်း နောက်မှလိုက်ပါသွားပြီး ရှောင်ရိက ဝိညာဥ်သားရဲအလောင်းကိုထမ်းကာ ပျံတက်လာခဲ့သည်။

"အစ်ကိုကြီး သူက ဘယ်သူလဲ"

ရှောင်ရိက ယဲ့ချန်နှင့်ပိုလင်းကို တစ်လှည့်စီကြည့်၍ မေးမြန်းလိုက်သည်။

"မြွေပေါက်လေး ငါ့ကို မမလင်းလို့ခေါ်ရမယ်"

ယဲ့ချန်မဖြေခင် ပိုလင်းက ဖြတ်ပြောလိုက်သည်။

"ကျွန်တော်က မြွေပေါက်လေးမဟုတ်ပါဘူး။ ရှောင်ရိဆိုတဲ့ နာမည်ရှိတယ်"

ရှောင်ရိက ခေါင်းယမ်း၍ စောဒကတက်လိုက်သည်။

"ဟုတ်ပါပြီကွယ်။ မမက မင်းကို ရှောင်ရိလို့ခေါ်တာပေါ့"

ပိုလင်းက စိတ်ဆိုးခြင်းမရှိသည့်အပြင် သဘောတကျပြုံးလိုက်သည်။

"ဘာမမလင်းလဲ။ အဒေါ်လင်း မဟုတ်​သေးဘူး။ ဘွားဘွားလင်းတောင် ဖြစ်ချင်ဖြစ်နေဦးမှာ။ အသက်နှစ်ဆယ်အရွယ်ထင်ရပေမယ့် ရာစုနှစ်ပေါင်းများစွာ အသက်ရှည်လာတဲ့ သားရဲကြီးဖြစ်နေနိုင်တယ်"

ယဲ့ချန်က ဤစကားကို စိတ်ထဲမှပြောလိုက်ခြင်းဖြစ်သည်။

"ဒီအလောင်းကိုရော အမကြီးလိုချင်လား"

အကယ်၍ ပိုလင်းသာ မူကွဲဝိညာဥ်သားရဲ၏အလောင်းကို လိုချင်လျှင် ယဲ့ချန်အနေဖြင့် တားမြစ်နိုင်စွမ်းမရှိချေ။

"မမက မင်းတို့နှစ်ယောက်ကို မောင်လေးတွေအဖြစ်သတ်မှတ်ပြီး လက်ဆောင်တောင် မပေးရသေးဘူး။ ဘာလို့ မင်းတို့ဆီကတောင်းရမှာလဲ"

ပိုလင်းက ခေါင်းယမ်း၍ ဖြေလိုက်သည်။ သူမ၏အသံက တောတောင်များအတွင်းနေထိုင်သော တေးသီငှက်၏တေးသံကဲ့သို့ ကြည်လင်ချိုမြနေသည်။

ဤစကားကိုကြားသောအခါ ယဲ့ချန်က အလောင်းကို ချက်ချင်းသိမ်းဆည်းလိုက်သည်။ ပိုလင်းမှမလိုချင်ဟုဆိုသောအခါ သူ့အနေဖြင့်လည်း ထပ်မံတိုက်တွန်းရန် မလိုအပ်တော့ပေ။

ပိုလင်း၊ ယဲ့ချန်နှင့်ရှောင်ရိက အတူတကွခရီးဆက်လိုက်ကြသည်။

"ဆရာ ဒီမိန်းမ ဘာလိုချင်နေတာလဲ"

ယဲ့ချန်က ခရမ်းမီးတောက်ကြယ်ခြင်္သေ့နှင့် ဆက်သွယ်လိုက်သည်။

"ငါလည်း မပြောတတ်ဘူးကွ။ ဒါပေမယ့် မင်းက မိန်းမတွေနဲ့ပတ်သက်ရင် အတော်ကံကောင်းတယ်ကွ။ ဒီမိန်းမက တော်တော်လှတယ်။ တစ်ညလောက်ပျော်ပါးလိုက်ရရင် မင်းအတွက် အတော်တန်သွားပြီ"

ခြင်္သေ့ကြီးက စနောက်လိုက်သည်။

"ဆရာ မနောက်ပါနဲ့ဗျာ။ ဒီမိန်းမက လူသားယောကျ်ားတွေရဲ့ယန်ချီကိုစုပ်ယူတဲ့ သားရဲတစ်ကောင် ဖြစ်နေနိုင်တယ်"

ယဲ့ချန်က ပိုလင်းအပေါ် အလွန်အမင်းသတိကြိးနေခဲ့သည်။

"လခွမ်း ဒါတွေကို မင်း ဘယ်ကကြားလာတာလဲဟ။ လူသားတွေကို သွေးဆောင်ဖြားယောင်းတတ်တဲ့ ပင်လယ်သားရဲတွေတောင် ယန်ချီကို ဘယ်တော့မှမစုပ်ယူဘူး။ သူတို့ကိုစော်ကားတဲ့လူတွေကို သတ်ပဲသတ်ကြတာပါ။ ဒါက လူသားတွေရဲ့ အတင်းအဖျင်းတွေဖြစ်တယ်"

ခြင်္သေ့ကြီးက ရှင်းပြလိုက်သည်။

"ဒါဆိုရင် ဒီကမ္ဘာမှာ ယန်ချီကိုစုပ်ယူတဲ့ မိစ္ဆာကောင်တွေမရှိဘူးပေါ့။ သူမက ဘာလို့ ကျုပ်ကိုဆွဲဆောင်နေရတာလဲ"

ယဲ့ချန်က ဤလောကရှိမှော်သားရဲများအပေါ် သူအထင်လွဲနေမိကြောင်း နားလည်သွားသည်။

"မင်း ကံကောင်းတာပေါ့။ မီးအိမ်တစ်လုံးကိုင်ပြီး တစ်ကမ္ဘာလုံးလိုက်ရှာရင်တောင် ဒီလောက်လှတဲ့မိန်းမမျိုး ရှာတွေ့ဖို့ မလွယ်ဘူး။ အခု မင်းရှေ့ကို တစ်ယောက်ရောက်နေပြီ"

ခြင်္သေ့ကြီးက စနောက်ရယ်မောနေခဲ့သည်။

ယဲ့ချန်သည် မျက်မှောင်ကြုတ်၍ ပိုလင်းက သူ့ကိုဆွဲဆောင်သော အကြောင်းအရင်းကို အတွေးနက်နေသည်။ သူက သူမ၏လှည့်ကွက်များအောက်တွင် မျောပါသွား၍ မဖြစ်ချေ။ သူက တဏှာရာဂကြီးသူတစ်ယောက် မဟုတ်သည့်အပြင် တဏှာကြီးခြင်းက မည်သည့်ကောင်းကျိုးကိုမှမဖြစ်စေနိုင်ကြောင်း နားလည်ထားသည်။

ယဲ့ချန်နှင့်ရှောင်ရိ၏အရှေ့တွင် ပျံသန်းနေသော ပိုလင်း၏ခန္ဓာအနောက်ပိုင်းက အလွန်ဆွဲဆောင်းအားပြင်းနေပြန်သည်။ သူမ၏ ကြီးမားလုံးဝိုင်းသော တင်ပါးအစုံက အလွန်လှပသည်။ ပိုလင်းက အပြစ်ရှာစရာမရှိလောက်အောင် လှပကာ ဆွဲဆောင်နိုင်စွမ်းရှိသော မိန်းမလှတစ်ယောက်ဖြစ်လေသည်။

သို့သော် ယဲ့ချန်က သူမကို လျစ်လျူရှုပြီး လက်မောင်းကာအတွင်းရှိ ဝိညာဥ်သားရဲအလောင်းကို စစ်ဆေးနေသည်။ ၎င်း၏ခန္ဓာကိုယ်က သာမန်ဝိညာဥ်သားရဲများထက် ပို၍ကြီးမားနေပြီး သွေးက အနက်ရောင်ဖြစ်သည်။ ၎င်းထံမှပြင်းထန်သော ဝိညာဥ်ချီများ ထွက်ပေါ်နေသည်။

"ဦးနှောက်ထဲကို စစ်ဆေးကြည့်လိုက်"

ခြင်္သေ့ကြီးက ညွှန်ကြားလိုက်သည်။

"ဟုတ်ကဲ့"

ယဲ့ချန်ကခေါင်းညိတ်၍ ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်ကာ ဝိညာဥ်သားရဲ၏ဦးနှောက်ကို ခွဲထုတ်လိုက်သည်။ အနက်ရောင်သွေးများ စွန်းထင်းနေသော စတုရန်းသဏ္ဍာန်ရတနာတစ်ခု ထွက်ပေါ်လာပြီး ယဲ့ချန်က သွေးများကိုသုတ်ပစ်၍ စေ့စပ်စွာကြည့်ရှုလိုက်သည်။

၎င်းက ထျန်းယွမ်ဒင်္ဂါးမဟုတ်သကဲ့သို့ အထူးရတနာတစ်ခုလည်း မဟုတ်ပေ။ ၎င်းက အဖြူရောင် တဖျတ်ဖျတ်တောက်ပနေကာ ရုန်းများနှင့် ဖုံးကွယ်နေသည်။ ၎င်းထံမှ အနည်းငယ်နွေးထွေးမှုကိုလည်း ခံစားနေရသည်။ အဖြူရောင်အလင်းတန်းများကြားတွင် ဆန်းကျယ်သောစွမ်းအင်များ တည်ရှိနေသည်။

"ဒီရတနာက .... ဒါ ..ဘယ်လိုဖြစ်နိုင်မှာလဲ"

ယဲ့ချန်က တအံ့တသြ ရေရွတ်လိုက်မိလေသည်။

All Chapters