← Chapters

အပိုင်း (၃၉၈) – နတ်ဆိုးဘုရင်နှင့် နတ်ဆိုးဂိုဏ်းချုပ်

Vol. 004 Ch. 398

အပိုင်း (၃၉၈) – နတ်ဆိုးဘုရင်နှင့် နတ်ဆိုးဂိုဏ်းချုပ်

Vol. 004 Ch. 398

ရှီမာယူယူသည် မိုရှားအား ကြည့်ကာ မှင်တက်သွားပြီး ပြောလိုက်သည် “ကျေးဇူးပဲ”

မိုရှားသည် ကျေးဇူးတင်စကားကို ပြန်မတုန့်ပြန်ပဲ ပြောလိုက်သည် “မင်းထပ်ပြီး အားနည်းမယ် ဆိုရင် ငါမင်းကို မကယ်တော့ဘူး”

ဝိညာဉ်စားသားရဲ၏ အသံသည် ထိုမျှလောက် သန်မာမည်ဟု ရှီမာယူယူ ထင်မထားပေ။ သူမသည် အချိန် ခဏလေးသာ ကြားလိုက်ရသော်လည်း ခံနိုင်ရည် မရှိပေ။

သူမ စဉ်းစားကြည့်လျှင်လည်း အမှန်ဖြစ်သည်။ သူမတို့ ပင်လယ်ပြင်တွင် တွေ့စဉ်ကလည်း ထို အနက်ရောင်တိမ်တိုက်သည် ဝိညာဉ်စားသားရဲ၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်ခဲ့သည်။ ထိုအသံသည်ပင်လျှင် သူတို့ အား ထိခိုက်အောင် လုပ်နိုင်သည်။ သူ၏ ခန္ဓာကိုယ်နှင့်ဆိုလျှင် ခန္ဓာကိုယ်တစ်စိတ်တစ်ပိုင်းနှင့် ဖြစ်စဉ်ကထက် ပိုအားကောင်းမည်။

“မင်း သူမကို ကယ်ဖို့မလိုပါဘူး” ကြက်သွေးရောင်မီးတောက်သည် ပျံလာကာ ရှီမာယူယူအား ယူလိုက် သည်။ မိုရှား၏ ခန္ဓာကိုယ်သည် ဝိညာဉ်ကဲ့သို့ ပြန်ပြောင်းသွားသည်။

ကြက်သွေးရောင် မီးတောက်၏ မီးတောက်များသည် အမှောင်ထုများကို လောင်ကျွမ်းစေသော်လည်း မိုရှားအား အနည်းငယ် ခြစ်မိရုံလောက်သာ ဖြစ်စေသည်။ သူ့အား မလောင်ကျွမ်းစေပေ။

သို့သော် မိုရှားသည် ကြက်သွေးရောင် မီးတောက်နှင့် အဝေးတွင်နေလေသည်။ သူတို့နှစ်ယောက်လုံး သည် ရှီမာယူယူ၏ စာချုပ်သားရဲများ ဖြစ်ကြသော်လည်း ထိုနှစ်များတွင် သူတို့အတွက် ပထမဆ     ုံးအကြိမ် တွေ့ ဆုံခြင်းဖြစ်လေသည်။

“ကျီကျီ”

“ရှုးရှုး”

မီးငှက်သည် ဝိညာဉ်စားသားရဲကြောင့် ရှီမာယူယူ ဒဏ်ရာရသွားသောကြောင့် ဒေါသထွက်ကာ တောင်ပံ ခတ်ပြီး ဝိညာဉ်စားသားရဲဆီသို့ သုတ်ဆင်းလေသည်။ အချိန်ခဏအတွင်းတွင် သူ့အား ဖုံးအုပ်လိုက်လေသည်။

ထိုဝိညာဉ်စားသားရဲသည် လောင်ကျွမ်းကာ လွတ်မြောက်ရန် လူးလှိမ့်ကာ ကြိုးစားနေလေသည်။ သို့သော် ကြက်သွေးရောင် မီးတောက်၏ လောင်ကျွမ်းမှုကြောင့် သေးသေးသွားသည်။

ကြက်သွေးရောင် မီးတောက်သည် ရှီမာယူယူဘေးတွင် ရှိနေကာ သူမနားရွက်အား လက်ဖြင့် ကာထားပေးပြီး ပြောလေသည် “အဲဒါကို နားမထောင်နဲ့”

သူ့လက်တွင် နတ်ဆိုးအားရှိ၍လားတော့ မပြောတတ်ပေ၊ သူမနားရွက်အား ကာထားပေးချိန်တွင် သူမ သည် အမှန်တကယ်ပင် ဝိညာဉ်စားသားရဲ၏ အော်သံကို မကြားရပေ။

မိုရှားသည် ကြက်သွေးရောင် မီးတောက်ကြောင့် သေးပြီးရင်းသေးသွားသော ဝိညာဉ်စားသားရဲကို ကြည့် ပြီးနောက် တိုက်ပွဲဖြစ်နေသော သူများကို အကြည့်ရောက်သွားလေသည်။

“တကယ်ပဲ နတ်ဆိုး ဂိုဏ်းချုပ်ပဲ” သူသည် နတ်ဆိုးဂိုဏ်းချုပ်ကို ကြည့်ပြီး လက်ကို ဝေ့ရမ်းကာ ထိုတိုက် ပွဲအတွင်းသို့ လေအဟုန်ဖြင့် ပျံသွားလေသည်။

ယွန်ရိသည် မိုရှားထွက်လာသည်ကို ကြည့်ကာ သူ့မျက်လုံးတွင် သံသယအရိပ်အယောင်များ ဖြစ်နေ မိသည်။ သူသည် ပို၍ နိုးကြားကာ ကြောက်စရာပင်။

ဟုတ်သည်၊ ဝိညာဉ်သာသာရှိသော သူမသည် အဆုံးမရှိသော ဖိအားရှီကာ သူ့စိတ်ထဲတွင် လှုံ့ဆော်မှု များလည်းရှိနေသည်။

“မင်းက နတ်ဆိုးမျိုးနွယ်ကပဲ” နတ်ဆိုးဂိုဏ်းချုပ် ပြောလိုက်သည်။

“ဟုတ်တယ်” မိုရှား ဝန်ခံလိုက်သည် “မင်း နတ်ဆိုးလောကက အတထားအဆီးကို ဖြတ်ကျော်ပြီး ဒီကို လာမယ်လို့ ထင်မထားဘူး၊ မင်း တစ်ယောက်တည်းလာနိုင်တာတော့ နှမြောစရာပဲ မဟုတ်ရင် မင်း တကယ်ပဲ အဲလူကို ခေါ်ထုတ်သွားနိုင်မှာပဲ”

နတ်ဆိုးဂိုဏ်းချုပ်၏ မျက်နှာသည် တည်သွားသည်။ သူ့ပြိုင်ဘက်အား ခံစားရသည်မှာ သူသည် အလွန် အားကောင်းသည်။ သူသည် ဝိညာဉ်သာဖြစ်သော်လည်း သူ့ပြိုင်ဘက်မဖြစ်နိုင်ပေ။

“မင်းဘာလုပ်ချင်တာလဲ” နတ်ဆိုးဂိုဏ်းချုပ်၏ အသံနက် ထွက်လာသည်။

“မင်းက ငါ့နတ်ဆိုး လောကကဆိုတော့ မင်းကို အခွင့်အရေးတစ်ခုပေးမယ်၊ အခုပဲ နတ်ဆိုး လောက ကို ပြန်လိုက်တော့” မိုရှား ပြောလိုက်သည် “မင်း နတ်ဆိုးဂိုဏ်းချုပ်ဖြစ်အောင် ကျင့်ကြံရတာ မလွယ်ဘူး ငါ မင်းကို ဒီအတိုင်း သတ်လိုက်ရင် နှမြောစရာကောင်းလွန်းနေပြီ”

“ငါ နတ်ဆိုးဘုရင်ကို ကယ်ဖို့လာတာ” နတ်ဆိုးဂိုဏ်းချုပ် ပြောလိုက်သည်။

“ဒါဆို မင်းက ငါပေးတဲ့လမ်းကို မရွေးဘူးပေါ့” မိုရှားသည် ပြောပြီးနောက် အနက်ရောင်အမှုန် အသွင်ပြောင်းကာ နတ်ဆိုးဂိုဏ်းချုပ်ဆီသို့ သွားလေသည်။

သူသည် အမြဲတမ်း သူတစ်ပါးကို အခွင့်အရေးတစ်ခုပေးသည်။ တစ်ဖက်လူမှ ငြင်းပါက သူသည် လက်ပြန် မရုတ်တတ်ပေ။

နတ်ဆိုးဂိုဏ်းချုပ်လသည်လည်း သူ့ကိုယ်သူ အနက်ရောင်မြူခိုးများဖြင့် ဖုံးလွှမ်းလိုက်သည်။ သူသည် သူ့ကိုယ်သူ ဝိညာဉ်သဖွယ်ပြောင်းကာ ပြိုင်ဘက်မှ မတိုက်ခိုက်နိုင်အောင် လုပ်ချင်နေသည်။

သို့သော် ထိုအရာမှာ မိုရှားအတွက် အချည်းအနှီးပင်။ ကွဲနေသော အနက်ရောင်အမှုန်များသည် စုပေါင်း ကာ တစ်ခုတည်းဖြစ်သွားကာ တန်ခိုးကြီးသော သူဖြစ်သွားသည်။

ယွန်ရိနှင့် တခြားသူများသည် ထိုမြင်ကွင်းအား ကြည့်ပြီး အံ့သြသောကြောင့် အေးခဲသွားသည်။ ထို တပ်ဖွဲ့ ကကြောက်ဖို့ ကောင်းလိုက်တာ။

“ဒီတိုက်ခိုက်မှုအားကတော့ တကယ်ပဲ… မပြောပြနိုင်လောက်အောင်ပဲ” ယွန်ရိ ပြောလိုက်သည် “နတ်ဆိုး လောကက တိုက်ပွဲတွေက ဒီလိုပဲလား၊ ကမ္ဘာဦးနယ်မြေကထက်တောင် ပိုအားကောင်းသေးတယ်”

ရှီမာယူယူသည် ဆွံ့အသွားသည်။ ကောင်းကင်အပြည့် အနက်ရောင်မြူခိုးလုံးကလွဲလျှင် ထိုကဲ့သို့ ကြီးမားသော တပ်ဖွဲ့အားမတွေ့ဖူးပေ။

သို့သော် သူမ အားနည်းနေသေးသောကြောင့် မမြင်ရခြင်းလည်း ဖြစ်နိုင်သည်။

တစ်ချိန်တည်းမှာပင် ပင်လယ်ပြင် တစ်ဖက်တွင် ပင်လယ်သတ္တဝါများသည် အတူတကွ စုစည်းနေကြ သည်။ သူတို့သည် လူသားများနှင့် နောက်ဆုံး တိုက်ပွဲတိုက်ရန် ပြင်ဆင်နေကြသည်။

အမှန်တကယ်တော့ တိုက်ပွဲသည် လွန်ခဲ့သည့် သုံးရက်ကပင် ဖြစ်ပွားပြီးဖြစ်လေသည်။ သို့သော် နောက် ဆုံးတပ်ဖွဲ့မှာ နောက်ဆုံး အမိန့်ကို စောင့်နေခြင်းဖြစ်သည်။

“ဒုတိယခေါင်းဆောင် ကျွန်တော်တို့ ဒီထပ်ပိုပြီး တောင့်ခံဖို့ မဖြစ်နိုင်တော့ဘူး” သစ်ရွက်မြို့တော်၏ တံတိုင်းတွင် လူငယ်တစ်ယောက်သည် ပြေးလာကာ အသက်ကို ပြင်းပြင်းရှုနေသည်။

ရှီမာယူယူတို့ ထွက်သွားပြီးမကြာခင်တွင် ပင်လယ်သားရဲများသည် ပြန် စုလာသည်။ ရှီမာတိုင်သည် ကျန် နေခဲ့ကာ မျိုးနွယ်များကို တိုက်ပွဲတွင် ညွှန်ကြားလေသည်။

တစ်ချိန်တည်းမှာပင် ပြေးလာသည်။ သူတို့သည် ရှီမာတိုင်အား ပြောလိုက်သည် “ဒုတိယခေါင်းဆောင် ဟူမျိုးနွယ်က မခံနိုင်တော့ဘူး”

“ဆန်းမျိုးနွယ်လည်း ကျရှုံးတော့မယ်”

“လီမျိုးနွယ်က ဆေးဖော်တဲ့ အဂ္ဂိရတ်ပညာရှင်ကလည်း ပြိုလဲတော့မယ်လို့ ပြောပါတယ်”

“ဒုတိယခေါင်းဆောင် ကျွန်တော်တို့ အပြင်ပိုင်းခံတပ်က ပေါက်နေပြီ၊ ပင်လယ်သားရဲတွေက ထင်ထား တာထက် ပိုသန်မာနေတယ်”

“ဒုတိယခေါင်းဆောင် အပြင်ပိုင်း ပင်လယ် ၁၀ခုက အံ့ဖွယ်သားရဲတွေ စုနေတယ်လို့ ကျွန်တော်တို့ အခုပဲ သတင်းရပါတယ် အဆင့်၄ အထက်တွေလို့ပြောပါတယ်”

“ဘာ”

အားလုံးသည် မှင်တက်သွားကြသည်။ နောက်ဆုံးသတင်းမှာ ခြောက်ခြားစရာပင်။

“မျိုးနွယ်ခေါင်းဆောင် ကျွန်တော်တို့ ဘာလုပ်ကြမလဲ” ရှီမာလင်းသည် သစ်ရွက်မြို့တော်သို့ လာကာ ရှီမာတိုင်အား ကူညီပေးလေသည်။

“အဘိုး ယူယူကို ဆက်သွယ်ကြည့်လိုက်၊ သူ အကြောင်းအရင်းကိုမတွေ့သေးရင် အရင် ပြန်လာခိုင်း လိုက်ပါလား၊ ဒီပြဿနာကြီးကို ကူပြီးရှင်းခိုင်းရအောင်” ရှီမာယူယန် ပြောလိုက်သည်။

“ဒါက အခုငါတို့ ကိစ္စဖြစ်နေပြီ” ရှီမာတိုင် ပြောလိုက်သည်။

“ဒါဆို ကျွန်တော် သူ့ကို ဆက်သွယ်ကြည့်မယ်” ရှီမာယူယန် ပြောလိုက်သည်။

သူသည် မိခင်ကျောက်တုံးကိုထုတ်ကာ ဝိညာဉ်ရွှီကို ထည့်လိုက်သည်။ သူသည် တစ်ဖက်မှ ပြန်ဖြေလာ မည်ကို စိတ်လှုပ်ရှားစွာ စောင့်နေခဲ့သည်။

“ယူယန်လား”

ရှီမာယူယူ အသံထွက်လာသည်မှာ အားလုံး စိတ်သက်သာရာရသွားစေသည်။

“ယူယန် တစ်ခုခုဖြစ်လို့လား” ရှီမာယူယူ တည့်ပင် မေးလိုက်သည်။

“ဟုတ်တယ်” ရှီမာယူယန် သက်ပြင်းချကာ အခြေအနေများကို ရှင်းပြကာ ပြောလေသည် “မင်း အခု ဘယ်မှာလဲ၊ ပြန်လာလို့ရလား”

“ခေါင်းဆောင် အခုပြန်မလာရင် ကျွန်တော်တို့ တောင့်မခံနိုင်တော့ဘူး” တစ်စုံတစ်ယောက်သည် ဘေး မှ အော်လိုက်သည်။

ထိုအခြေအနေမှာ ဆိုးမည်ဟု ရှီမာယူယူ ထင်မထားပေ။ ခဏမျှတိတ်ဆိတ်သွားသဖြင့် အဆက်အသွယ် ပြတ်တောက်သွားပြီဟု ထင်နေချိန်တွင် သူမ အသံထပ်ထွက်လာသည် “ဒီလောက်အကြာကြီး မင်းတို့ ဘာလို့ လောင်မသွားတာလဲလို့ တွေးနေတာ တစ်ဖက်က ဆက်တိုက်အားတွေ ဖြည့်နေတာ”

အားတွေဖြည့်နေတယ် ဟုတ်လား

“ယူယန် အပေါ်ကို ကြည့်လိုက် တိမ်တိုက်အမည်းကို တွေ့လား” ရှီမာယူယူ မေးလိုက်သည်။

ရှီမာယူယန်သည် ခေါင်းမော့ကြည့်လိုက်ရာ ထူးဆန်းသော တိမ်တိုက်မည်းကို တွေ့လေသည်။ ထိုတိမ်တိုက်သည် ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံထားသည်။

အားလုံးသည်လည်း ခေါင်းမော့ကြည့်လိုက်သည်။ အစပိုင်းတွင် လေပေါ်တွင် တိမ်တိုက်မည်း များ ပေါ်နေသည်ကို ဘယ်သူမှ သတိမထားမိပေ။ အခု ရှီမာယူယူ သတိပေးလိုက်မှပင် အားလုံးသည် ထူးဆန်း  ခြင်းကို ခံစားမိတော့သည်။

“ငါတို့ အခု ဝိညာဉ်စားသားရဲရဲ့ ခန္ဓာကိုယ်ကို ဖျက်ဆီးပြီးသွားပြီ တိမ်တိုက်မည်းကို ကြည့် လိုက် ပျောက်သွားလား” ရှီမာယူယူ မေးလိုက်သည်။

“ရှိသေးတယ်” ရှီမာယူယန်သည် အနက်ရောင်တိမ်တိုက်အား စိုက်ကြည့်လိုက်သည် “ဒါပေမဲ့ အဲဒီ တိမ် တိုက်အမည်းက ဘာမှ မလုပ်ဘူး”

“အဲဒီတိမ်တိုက်အမည်းက ဝိညာဉ်စားသားရဲရဲ့ အစိတ်အပိုင်းတစ်ခုပဲ၊ အဲဒါကိုသုံးပြီး ပင်လယ်သားရဲတွေကို ထိန်းချုပ်နေတာ၊ အဲဒါကြောင့် သူတို့က လူသားတွေကို တိုက်ခိုက်နေတာ” ရှီမာယူယူ ရှင်းပြလေသည်။ အားလုံး သည် တုန်လှုပ်သွားကြလေသည်။

“သွားပြီ သွားပြီ” တစ်စုံတစ်ယောက်သည် တိမ်တိုက်အမည်းများ လျင်မြန်စွာ ပျောက်ကွယ်သွားသည် ကို ကြည့်ပြီး ပျော်ရွှင်စွာ အော်လေသည်။

ထိုတိမ်တိုက်အမည်း ပျောက်ကွယ်သွားသည်နှင့် အမည်းရောင် သတ္တဝါသည် ထိုအပေါ်တွင် လွှမ်းခြုံ လိုက်သည်။ ထိုသတ္တဝါသည် လေထဲတွင် အကြိမ်အနည်းငယ် လူးလွန့်ပြီး အနက်ရောင် အမှုန်အဖြစ်ပြောင်း ကာ ပျောက်ကွယ်သွားလေသည်။

All Chapters