← Chapters

ရပ်လိုက်စမ်း

Vol. 24 Ch. 336

ရပ်လိုက်စမ်း

Vol. 24 Ch. 336

ကီလိုမီတာရာချီအဝေးတွင် ပိုလင်းသည် သိုလှောင်အိတ်အတွင်းမှ ဓားတစ်လက်ကိုထုတ်ယူ၍ ဧရာမသစ်ပင်ကြီးတစ်ပင်ကို ခုတ်ချလိုက်သည်။ ထိုအချိန်တွင် ထူးဆန်းမှုတစ်ခုဖြစ်ပေါ်လာပြီး သစ်ပင်ကြီး၏ မရေမတွက်နိုင်သော နွယ်များက အသက်ဝင်လာဟန်ဖြင့် ပြန်လည်တိုက်ခိုက်လာခဲ့သည်။

"သစ်ပင်လေး လိမ္မာစမ်းပါ"

ပိုလင်း၏လက်ထဲရှိ ဓားရှည်က အနည်းငယ်မျှပင် နှေးကွေးသွားခြင်းမရှိဘဲ ပိုမိုမြန်ဆန်သွက်လက်စွာ ခုတ်ပိုင်းလိုက်၏။ လျှပ်စီးနှင့်မိုးကြိုးများက ဓားအလင်းများအဖြစ်​ ပြောင်းလဲသွားကာ သစ်ပင်ကြီးကို ထိမှန်သွားခဲ့သည်။

"ဘန်း ဘန်း ဘန်း"

သစ်ကိုင်းများပြတ်ထွက်သွားပြီး မျှော်စင်ပမာမြင့်သော သစ်ပင်ကြီးက ခုတ်ပိုင်းခံလိုက်ရသည်။ ထို့နောက် သစ်ပင်၏ပင်စည်က ကျုံ့ဝင်လာပြီး အနက်ရောင်သစ်စေ့တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ ၎င်းက အလွန်လျင်မြန်သော အရှိန်ဖြင့် ထွက်ပြေးလိုက်ပြီး ခဏအတွင်း ကီလိုမီတာတစ်ဆယ်ကျော် ရောက်ရှိသွားခဲ့သည်။ သို့သော်လည်း မဟာသာလွန်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သော ပိုလင်း၏အလျင်ကို မယှဥ်နိုင်ခဲ့ပေ။ သူမက သစ်စေ့၏ဘေးတွင် ဖြတ်ခနဲပေါ်လာပြီး ညာလက်ဖြင့် ၎င်းကို ဖမ်းဆုပ်လိုက်သည်။

"ဝိညာဥ်မျှော်စင်ရဲ့ငါးထပ်မြောက်မှာ သစ်ပင်ဝိညာဥ်လိုအရာမျိုး ရှိနေမယ် မထင်ထားဘူး။ ဒီနေ့ရလိုက်သမျှက သိပ်မဆိုးဘူး"

ပိုလင်းက အနက်ရောင်သစ်စေ့ကို စစ်ဆေးရင်း ကျေနပ်စွာပြုံးလိုက်သည်။ ၎င်းက ဆက်တိုက်ရုန်းကန် ခုန်ပေါက်နေသော်လည်း သူမ၏လက်အတွင်းမှ မလွတ်မြောက်နိုင်ခဲ့ပေ။ သူမက သစ်စေ့ကိုသိမ်းဆည်းလိုက်ပြီးနောက် ယဲ့ချန်နှင့်ရှောင်ရိကို ဝိညာဥ်အသိစိတ်ဖြင့် ကြည့်လိုက်သောအခါ ဝိညာဥ်သားရဲအလောင်းများကို ယူဆောင်နေကြောင်း သိလိုက်ရသည်။

"ငါးထပ်မှာ ရတနာတွေအများကြီးရှိပေမယ့် ငတုံးမောင်လေးတွေက ဝိညာဥ်သားရဲအလောင်းကို ယူနေကြတယ်"

ပိုလင်းက ခေါင်းယမ်းလိုက်ပြီး ယဲ့ချန်နှင့်ရှောင်ရိကတုံးအကြောင်း တွေးလိုက်မိသည်။ သို့သော်လည်း ထိုအလောင်းများ၏ဦးနှောက်အတွင်း လျှို့ဝှက်ကျင့်စဥ်ကျောက်စိမ်းများရှိနေသည်ကို သူမက မသိခဲ့ပေ။ သူမ၏အမြင်တွင် ဝိညာဥ်သားရဲများ၏ ဦးနှောက်အတွင်း၌ ထျန်းယွမ်ဒင်္ဂါးများသာရှိနေမည်ဟု ထင်ထားခဲ့သည်။

ပိုလင်းက တစ်နေရာလုံးကို ဝိညာဥ်အသိစိတ်ဖြန့်ကျက်လိုက်ပြီး ခရမ်းရောင်အလင်းတစ်ခု ထွက်ပေါ်လာသောနေရာကို တစ်ချက်ပြုံး၍ ပျံသန်းသွားခဲ့သည်။

ယဲ့ချန်နှင့်ရှောင်ရိက နေရာတိုင်းတွင် သူမ၏ဝိညာဥ်အသိစိတ်ကို ခံစားနေရသည်။ မဟာသာလွန်အဆင့် ကျင့်ကြံသူတစ်​ယောက်၏ ဝိညာဥ်စွမ်းအင်က ငါးထပ်တစ်ခုလုံးကို ဖုံးအုပ်နိုင်လောက်အောင် အစွမ်းထက်နေခဲ့သည်။

"မောင်လေးတို့ အခုခြောက်ထပ်မြောက်ကို သွားရအောင်။ မမက ငါးထပ်မှာရှိသမျှ ရတနာတွေကို ယူပြီးပြီ"

ယဲ့ချန်နှင့်ရှောင်ရိက ရတနာများထပ်မံရှာဖွေရန် ပြင်ဆင်နေစဥ် ပိုလင်း၏အသံက နားအတွင်း၌ ကြည်လင်ပြတ်သားစွာ ထွက်ပေါ်လာသည်။ သူမ၏အသံက ကျေနပ်နေပုံရသဖြင့် ရတနာများစွာ ရိတ်သိမ်းနိုင်ခဲ့ပုံပေါ်သည်။ ထိုအချိန်တွင် ဝိညာဥ်သားရဲအလောင်းခြောက်ခုကိုသာ သိမ်းယူနိုင်ခဲ့သော ယဲ့ချန်က အနည်းငယ်စိတ်ပျက်နေခဲ့သည်။

"မောင်လေး မမက မင်းကို ရတနာနည်းနည်းခွဲပေးရမလား"

ပိုလင်း၏အသံက ချစ်သူများကလူကျီစယ်သော လေသံမျိုးနှင့် ယဲ့ချန်၏နားအတွင်း ဝင်ရောက်လာသည်။

"မလိုအပ်ပါဘူး။ အမကြီးကို အများကြီးကျေးဇူးတင်ပါတယ်"

ယဲ့ချန်က ချက်ချင်းငြင်းဆန်လိုက်သည်။ ပိုလင်းက တစ်ခုခုကို ကြံစည်နေခြင်းဖြစ်နိုင်၍ သူက သတိကြီးစွာထားရပေလိမ့်မည်။ ထို့အပြင် သူမက အမှန်တကယ်အဖိုးတန်သော ရတနာများကိုလည်း ယဲ့ချန်အား ခွဲပေးမည်မဟုတ်ချေ။

လျှပ်စီးအလင်းသုံးခုက ဝိညာဥ်မျှော်စင်ခြောက်ထပ်၏ ဝင်ပေါက်ဖြစ်သော အနက်ရောင်တံခါးသို့ ရောက်လာခဲ့ကြသည်။ ပိုလင်းတို့သုံးယောက်က ခြောက်ထပ်သို့ဝင်ရောက်သွားချိန်တွင် နောက်ထပ်လူတစ်စုက ငါးထပ်သို့ ရောက်ရှိလာကြသည်။ ထိုလူစုတွင် စန်းလု၊ ဖုယုနှင့် နောက်လိုက်များပါဝင်သကဲ့သို့ အခြားဂိုဏ်းများမှ နတ်ဘုရင်များနှင့် နတ်ဝိဇ္ဇာများလည်း ပါဝင်နေကြသည်။

ဂိုဏ်းများစွာက ဝိညာဥ်မျှော်စင်သို့ လာရောက်ခဲ့ကြသော်လည်း အစွမ်းအထက်ဆုံးမှာ ပိုလင်းနှင့်စန်းလုဖြစ်သည်။ သူတို့က ဝိညာဥ်မျှော်စင်တွင် ရတနာများစွာထွက်ပေါ်လာမည်ဟု မထင်ထားသောကြောင့် နတ်အဆင့်ကျင့်ကြံသူများကိုသာ စေလွှတ်ခဲ့သည်။ အခြေအနေအမှန်ကို ပင်မဌာနချုပ်များထံ ချက်ချင်းသတင်းပို့ခဲ့သော်လည်း အစွမ်းထက်ကျင့်ကြံသူများ ရောက်ရှိလာရန် အချိန်တစ်ခု လိုအပ်နေသည်။

စန်းလုက ငါးထပ်၏အ​ခြေအနေကို မြင်ရသောအခါ မျက်နှာတစ်ခုလုံး ချက်ချင်းမည်းနက်သွားခဲ့သည်။ ဝိညာဥ်သားရဲအလောင်းများက နေရာအနှံ့ ပြန့်ကြဲနေသည်။ ပြိုင်ဘက်ကင်းဝိဇ္ဇာတစ်ယောက်က မဟာသာလွန်အဆင့်ကျင့်ကြံသူကဲ့သို့ ငါးထပ်တစ်ခုလုံးကို ဝိညာဥ်အသိစိတ်ဖြင့် ထောက်လှမ်းနိုင်ခြင်းမရှိပေ။ သို့သော်လည်း အမြင်က စူးရှလာသောကြောင့် ကီလိုမီတာဒါဇင်ချီအတွင်း၌ အရာအားလုံးကို ရှင်းလင်းစွာသိမြင်နိုင်ပေသည်။ ရတနာများအားလုံးက အပြောင်ရှင်းခံလိုက်ရပြီဖြစ်သည်။

"စောက်ကောင်မ ငါ တော်တော်တင်းသွားပြီ"

စန်းလုက ပိုလင်းထက် ခြေတစ်လှမ်းနောက်ကျနေသောကြောင့် ဒေါသတကြီးဖြစ်နေသည်။ သူမက မိုးကြိုးမျိုးနွယ်၏ လျှပ်တပြက်မိုးကြိုးကျင့်စဥ်ကို တတ်ကျွမ်းထားသဖြင့် သူရောက်လာချိန်တွင် ရတနာအားလုံးကို အပိုင်သိမ်းသွားပြီးဖြစ်နေခဲ့သည်။

"ပိုလင်းကိုတားဆီးဖို့ ငါ အရင်သွားမယ်။ မင်းတို့နောက်က လိုက်လာခဲ့ကြ"

"ဟုတ်ကဲ့ မဟာအကြီးအကဲ"

စန်းလု၏အမိန့် ဆုံးသောအခါ ဖုယုနှင့်လျူမင်က ပြိုင်တူခေါင်းညိတ်လိုက်သည်။

"ဝှစ်"

သူက အဖြူရောင်အလင်းတစ်ခုအဖြစ် ပြောင်းလဲကာ လေကိုထိုးဖောက်၍ ပျံသန်းသွားခဲ့သည်။

စန်းလုထွက်သွားချိန်တွင် ဖုယုနှင့်လျူမင်က အနီးကပ်လိုက်ပါသွားကြသည်။ အခြားဂိုဏ်းများမှ နတ်အဆင့်ကျင့်ကြံသူများကလည်း အကြည့်ချင်းဖလှယ်၍ ပြေးလိုက်သွားကြသည်။ သူတို့၏အင်အားစုများမှ အစွမ်းထက်ကျင့်ကြံသူများ ရောက်ရှိလာရန် အချိန်လိုအပ်နေသည်။ ထို့ကြောင့် သမာဓိကောင်စီနှင့် မိုးကြိုးမျိုးနွယ်ကို မယှဥ်နိုင်ကြချေ။ ထို့ကြောင့် အသားများကို ထိုအင်အားစုနှစ်ခု ရယူနေချိန်တွင် သူတို့က အရိုးအရင်းသာဖြစ်သော်လည်း ယူရပေလိမ့်မည်။

"သွားကြစို့"

နတ်ဝိဇ္ဇာများနှင့် နတ်ဘုရင်များက စန်းလုနောက်သို့ တစ်ယောက်ပြီးတစ်ယောက် ပြေးလိုက်သွားကြသည်။

ပိုလင်းက ခြောက်ထပ်သို့ရောက်သောအခါ မျက်နှာထားက လေးနက်သွားသည်။ သူမက အစွမ်းထက်တည်ရှိမှုများကို ဝိညာဥ်အသိစိတ်ဖြင့် ထောက်လှမ်းမိခဲ့သည်။ သူမကဲ့သို့ မဟာသာလွန်အဆင့်ကျင့်ကြံသူပင်လျှင် မဆင်မခြင်မလုပ်ရဲပေ။

"မောင်လေးတို့ သေချာပေါက်ဂရုစိုက်ရမယ်။ ဝိညာဥ်မျှော်စင်ရဲ့ခြောက်ထပ်မှာ မမနဲ့ စွမ်းအားချင်းတူတဲ့ အရှိန်အဝါနှစ်ခုရှိနေတယ်။ ကံကောင်းတာက သူတို့ အိပ်ပျော်နေကြတယ်။ သူတို့သာနိုးလာရင် သေချာပေါက်တိုက်ခိုက်ရလိမ့်မယ်။ အဘိုးကြီးစန်းလု သိပ်မကြာခင် ရောက်လာတော့မှာဆိုတော့ မမက သူတို့နဲ့ တိုက်ခိုက်လို့မဖြစ်ဘူး။ အာကာသကျောက်တွေ တွေ့ထားတယ်။ လိုက်ခဲ့ကြ"

ပိုလင်းက နောက်သို့လှည့်ကြည့်ပြီး ယဲ့ချန်နှင့်ရှောင်ရိကို သတိပေးကာ ရှေ့ဆက်လိုက်သည်။

ယဲ့ချန်က အာကာသကျောက်ဟူသော စကားကြောင့် မျက်ခုံးပင့်လိုက်မိသည်။ အာကာသကျောက်များက ကျင့်ကြံရာတွင် ဘေးထွက်ဆိုးကျိုးနည်းပါးစွာဖြင့် များစွာကူညီပေးနိုင်သည်။ မဟာသာလွန်အဆင့်နှင့် ပြိုင်ဘက်ကင်းဝိဇ္ဇာများအတွက်ပင် ၎င်းတို့က အသုံးဝင်သည်။ အာကာသကျောက်တစ်တုံးက အသုံးဝင်မှုနည်းပါးသော်လည်း အရေအတွက်များလျှင် များစွာအဖိုးတန်ပေသည်။

ကောင်းကင်တွင်ပျံသန်းနေရင်း ယဲ့ချန်သည် ကောင်းကင်သို့ ဖြောင့်မတ်စွာမြင့်တက်နေသော အဖြူရောင် ဧရာမအလင်းတန်းကြီးကို မြင်လိုက်ရသည်။ ၎င်း၏အရွယ်အစားအရ တည်ရှိနေသော ဝိညာဥ်ကျောက်အရေအတွက် သေချာပေါက်နည်းပါးမည် မဟုတ်ကြောင်း ပြောနိုင်သည်။ အလင်းတန်းအတွင်း၌ အရေအတွက်က ရာချီမကများပြားနိုင်သောကြောင့် မဟာသာလွန်အဆင့်နှင့် ပြိုင်ဘက်ကင်းဝိဇ္ဇာများပင်လျှင် ဆွဲဆောင်ခံရနိုင်သည်။ ရာချီသော အာကာသကျောက်များက သူတို့၏ကျင့်ကြံဆင့်ကို အဆင့်ငယ်တစ်ခု တိုးတက်လာစေနိုင်သည်။

ထိုအဆင့်များသို့ရောက်ပြီးနောက် ကျင့်ကြံဆင့်ကိုမြှင့်တင်ရန် အလွန်ခက်ခဲသည်။ များစွာသောကျင့်ကြံသူများက အဆုံးမဲ့အဆင့်တွင် ဆယ်စုနှစ်များသာမက ရာစုနှစ်အထိပါ တစ်ဆို့တတ်ကြသည်။ နောက်ဆုံးတွင် အသက်ကြီးရင့်ပြီး သေဆုံးသွားကြသည်။ အဆုံးမဲ့၊ ထူးကဲနှင့် ကြီးမြတ်ဟူသော အဆင့်သုံးခုတွင် အဆင့်ငယ်ဆယ်ခုစီနှင့် စုစုပေါင်း အဆင့်ပေါင်းသုံးဆယ်ရှိသည်။ အဆင့်ငယ်တစ်ချင်းစီက ချိုးဖျက်ရန်အလွန်ခက်ခဲပြီး ကောင်းကင်သို့ စိန်ခေါ်ရခြင်းမျိုးဖြစ်သည်။ ကျင့်ကြံခြင်းသက်သက်နှင့် အဆင့်မတက်နိုင်ဘဲ ဆေးဝါးများ၊ ရတနာများနှင့် အာကာသကျောက်များစသည်တို့ကို လိုအပ်သည်။ ၎င်းတို့ကြားတွင် အာကာသကျောက်များက အဖိုးအတန်ဆုံးဖြစ်လေသည်။ သို့သော်လည်း မျက်မှောက်ခေတ်တွင် အာကာသကျောက်များက ရှေးခေတ်ကျင့်ကြံသူများ သုံးစွဲခံရသောကြောင့် ရှားပါးနေပြီဖြစ်သည်။ ပိုလင်းပင်လျှင် ခြောက်ထပ်၌ အာကာသကျောက်များ ဤမျှအထိရှိနေမည်ဟုမျှော် လင့်မထားခဲ့ပေ။

"အာကာသကျောက်တွေက အဖိုးတန်လွန်းတော့ မမယူလိုက်မယ်နော်"

ပိုလင်းက ယဲ့ချန်နှင့်ရှောင်ရိကို တစ်ချက်ကြည့်ကာ အလင်းတိုင်ကြီးထံ ပြေးသွားလိုက်သည်။ ယဲ့ချန်က ရှောင်ရိကိုဆွဲထားပြီး အလင်းတန်းနှင့်ဝေးဝေးတွင် ရပ်နေခဲ့သည်။ သူက ပိုလင်းကို အာကာသကျောက်များအတွက် ဆန့်ကျင်မိလျှင် သတ်သေခြင်းဖြစ်သည်။ မဟာသာလွန်အဆင့် ကျင့်ကြံသူတစ်ယောက်ပင် ဤမျှများပြားသော အာကာသကျောက်များကြောင့် လောဘတက်လာလျှင် စိတ်ကိုထိန်းချုပ်နိုင်မည် မဟုတ်ချေ။ ယဲ့ချန်၏ကျင့်ကြံဆင့်က ပိုလင်းနှင့် အလွန်ကွာခြားနေသဖြင့် သတိကြီးကြီးထားနေရသည်။ သူမက သူနှင့်ရှောင်ရိအပေါ် လက်ရှိတွင် ချိုသာနေသော်လည်း ရတနာများနှင့်ပတ်သက်လာလျှင် ကြမ်းတမ်းရက်စက်သွားနိုင်သည်။

ဝိညာဥ်မျှော်စင်၏ အထပ်တိုင်းက အလွန်ကျယ်ဝန်းပြီး အနက်ရောင်အမှောင်ထုသာ ကြီးစိုးနေသဖြင့် အဆုံးကိုမမြင်ရချေ။ ကီလိုမီတာများစွာမြင့်သော အဖြူရောင်အလင်းတိုင်ကြီးက မြင့်မားလွန်းသဖြင့် ထိပ်ဖျားကိုပင်မမြင်နိုင်ပေ။ အာကာသကျောက်များက ၎င်းကိုလည်ပတ်၍ ပျံသန်းနေကြသည်။ ဤကား အလွန်အမင်းကံကောင်းမှုတစ်ခုဖြစ်ကာ အာကာသကျောက်အရေအတွက်က တိုင်းပြည်များစွာကို ဝယ်ယူနိုင်လောက်အောင် များပြားလှသည်။ သို့သော် အထွတ်အထိပ်ကျင့်ကြံသူများအတွက် ပိုင်နက်များစွာ အုပ်ချုပ်ရခြင်းထက် ကိုယ်ပိုင်ခွန်အားကိုမြှင့်တင်ရန်သာ အာရုံစိုက်ထားကြသည်။

ပိုလင်းက ညာလက်ကိုဆန့်ထုတ်၍ များစွာသော အာကာသကျောက်များကို သိမ်းယူလိုက်သည်။ သူမက အလင်းတိုင်ကြီးဘေးတွင် လျင်မြန်စွာပျံသန်းနေပြီး ၎င်းတို့ကို ဆက်တိုက်ယူဆောင်နေသည်။

"မောင်လေးတို့နှစ်ယောက်အတွက် အာကာသကျောက်ဆယ်တုံးစီ ပေးမယ်။ ဒီထက်ပိုများရင် ရတနာတွေက မင်းတို့ကို အန္တရာယ်ဖြစ်စေလိမ့်မယ်"

ပိုလင်းက ယဲ့ချန်နှင့်ရှောင်ရိထံ ဝိညာဥ်အသိစိတ်ဖြင့် ဆက်သွယ်လိုက်သည်။ ယဲ့ချန်က လျှပ်စီးပမာရွေ့လျားနေသော သူမကို တစ်ချက်ကြည့်လိုက်သည်။ သူမအတွက် ယဲ့ချန်နှင့်ရှောင်ရိကို ဂရုစိုက်ရန်မလိုအပ်သောကြောင့် အာကာသကျောက်များကို စိတ်ရှိလက်ရှိယူဆောင်နေသည်။ သို့သော်လည်း သူတို့အတွက် အာကာသကျောက်ဆယ်တုံးစီ ခွဲဝေပေးခြင်းက ရက်ရောခြင်းဖြစ်နေသည်။

ထိုအချိန်တွင် ပိုလင်းက ခြောက်ထပ်၏ဝင်ပေါက်သို့ တစ်ချက်လှမ်းကြည့်လိုက်သည်။ အလင်းတန်းကြီး၏ဘေးတွင် သူမက အာကာသကျောက်များကို လိုက်လံသိမ်းယူနေသော်လည်း ၎င်းတို့က ခြေထောက်များရှိနေသကဲ့သို့ ခုန်ပျံပြေးလွှားနေကြသည်။ သူမရောက်ရှိလာချိန်တွင် ကိုယ်ပိုင်အသိစိတ်ရှိသကဲ့သို့ ရှောင်တိမ်းနေသဖြင့် အချိန်အလွန်ကုန်နေသည်။ စန်းလုက မကြာခင်ရောက်လာတော့မည်ဖြစ်၍ သူမလည်း အာကာသကျောက်အားလုံးကို ယူဆောင်နိုင်ခြင်းမရှိပေ။ ထို့ကြောင့် ယဲ့ချန်နှင့်ရှောင်ရိကို ခွဲဝေပေးခြင်းက ပြဿနာမရှိချေ။

ပိုလင်း၏စကားအဆုံးတွင် ဝိညာဥ်မျှော်စင်၏ ခြောက်ထပ်အတွင်း အဖြူရောင်အလင်းတစ်ခု တဟုန်ထိုးဝင်ရောက်လာသည်။ ၎င်းကား ဆံပင်ဖြူဖြူ မုတ်ဆိတ်ဖြူဖြူနှင့် အဘိုးကြီးတစ်ယောက်ဖြစ်ပြီး အာကာသကျောက်ကိုသိမ်းယူနေသော ပိုလင်းကို မြင်သောအခါ ဒေါသပေါက်ကွဲသွားခဲ့သည်။ သူက အင်္ကျီလက်စကို ယမ်းလိုက်သောအခါ ကောင်းကင်ချီများစုဝေးလာပြီး ပိုလင်းအား လက်ဝါးနှင့် ရိုက်ချလိုက်သည်။

"ဆိုးယုတ်တဲ့မိန်းမ ရပ်စမ်း"

စန်းလုက ပိုလင်းအနေဖြင့် အာကာသကျောက်များမရရှိစေရန် တားမြစ်ပြီး တိုက်ခိုက်လိုက်ခြင်း ဖြစ်လေသည်။

All Chapters