အပိုင်း (၃၉၉) – တိုက်ပွဲရုတ်တရက် ပြီးဆုံးသွားခြင်း
Vol. 004 Ch. 399
“ငါတို့ ဝိညာဉ်စားသားရဲရဲ့ ခန္ဓာကိုယ်ကို သတ်ပြီးပြီ၊ သူ့ရဲ့ တခြားအပိုင်းကလည်း ပျောက်သွားမှာပဲ၊ အဲဒီ ပင်လယ်သားရဲတွေ တဖြည်းဖြည်း အသိဝင်လာပြီး မိုးပေါ်လည်း ပျံနိုင်တော့မှာမဟုတ်ဘူး” ရှီမာယူယူ ပြောလိုက် သည် “ငါတို့ ဒီမှာကိစ္စမပြီးသေးဘူး၊ အခြေအနေ စောင့်ကြည့်ပြီး ငါ့ကို ပြောပေး”
သူမ ပြောပြီးနောက်တွင် အဆက်အသွယ်ဖြတ်လိုက်သည်။
ရှီမာယူယန်သည် ရှီမာတိုင်အား ကြည့်လိုက်သည်။ သူတို့သည်လည်း ရှီမာယူယူပြောသည်ကို ကြား သောကြောင့် သူတို့ စိတ်ထဲမှ ဝန်ထုတ်ဝန်ပိုးကျသွားလေသည်။
“အဲဒီ ပင်လယ်သားရဲတွေရဲ့ မျက်လုံးကို ကြည့်လိုက် သူတို့ တဖြည်းဖြည်း သတိဝင်လာပြီ” ရှီမာတိုင်သည် အနီးရှိ ပင်လယ်သားရဲများကို ညွှန်ပြကာ ပြောလိုက်သည်။
အားလုံးသည် သူညွှန်ပြရာနေရာသို့ ကြည့်ရာ ထိုမျက်လုံးများပြောင်းလဲကာ ရှုပ်ထွေးနေကြသည်ကို မြင် လိုက်ရသည်။
ထိုမျက်လုံးများသည် ရှုပ်ထွေးနေကြသည်။ သူတို့သည် ထိုနေရာသို့ ဘာလုပ်သည်ကိုပင် မသိနိုင်ကြ တော့ပေ။
“ဗွမ်း”
“ဗွမ်း”
ပင်လယ်သားရဲများသည် တစ်ကောင်ချင်းစီ ပင်လယ်သို့ ကျကာ မပျံနိုင်ကြတော့ပေ။
“သူတို့ တကယ်ပဲ မပျံနိုင်ကြတော့ဘူးပဲ”
ဝိညာဉ်သခင်များသည် အစပိုင်းတွင် လေထဲတွင် ပင်လယ်သားရဲများကို တိုက်ခိုက်ရန် စီစဉ်ထား သော်လည်း သူတို့ ပြိုင်ဘက်မှာ ရုတ်တရက် ကျသွားမည်ဟု ထင်မထားပေ။ သူတို့သည် စိတ်လှုပ်ရှား ပျော်ရွှင် စွာဖြင့် အော်ကြလေသည်။
“ဒုတိဝခေါင်းဆောင် သူတို့ကို ကျွန်တော်တို့ အမြစ်ဖြတ်လိုက်ရမလား” တစ်စုံတစ်ယောက် မေးလေ သည်။
“မလိုဘူး” ရှီမာတိုင် ပြောလိုက်သည် “အဲဒီ ပင်လယ်သားရဲတွေကို တစ်ယောက်ယောက်က ထိန်းချုပ်ထား တာ၊ သူတို့ဘာလုပ်နေကြလဲ မသိနိုင်ဘူး၊ အရင်ဆုံး တခြားနေရာတွေကို စုံစမ်းခိုင်းလိုက်၊ အသေအကြေ မတိုက်သေးနဲ့ဦး ငါတို့ခေါင်းဆောင် ပြန်လာတာကို စောင့်ပြီးမှာ သူဘာပြောမလဲ ကြည့်မယ်”
“ဟုတ်ကဲ့ပါ ဒုတိယခေါင်းဆောင်”
ပင်လယ်သားရဲများသည် ဘာမှမလုပ်တော့ဟု တခြားသော နေရာများမှ သတင်းကြားရလေသည်။ သူတို့ သည် ရှီမာယူယူ ပြောလာမည်ကို စောင့်ဆိုင်းနေကြသည်။
တစ်နာရီ နှစ်နာရီအကြာတွင် ရှီမာယူယူ ရှီမာယူယန်အား ထပ်ဆက်သွယ်လာသည် “ဘယ်လိုလဲ”
“အဲဒီ ပင်လယ်သားရဲတွေက အသိစိတ်ဝင်လာပြီ ကမ်းခြေမှာ ပင်လယ်သားရဲ တချို့ရှိနေတော့ သူတို့ကို ဘယ်လိုလုပ်မလဲ အားလုံးက မေးနေကြတယ်”
“အားလုံးကို လွှတ်ပေးလိုက်” ရှီမာယူယူ ပြောလိုက်သည် “သူတို့ ဘာလုပ်တယ်ဆိုတာ သူတို့ကိုယ် သူတို့ မသိကြဘူး၊ ဒီအခွင့်အရေးကနေ လူသားနဲ့ ပင်လယ်သားရဲတွေရဲ့ ဆက်ဆံရေး ကောင်းသွားနိုင်တာပဲ၊ ငါတို့ ပင်လယ်ခရီးက ပိုဘေးကင်းလိမ့်မယ်”
“ကောင်းပြီ” ရှီမာယူယန် ပြောလိုက်သည် “မင်းဘယ်တော့ ပြန်လာမှာလဲ”
“နတ်ဆိုးဂိုဏ်းချုပ်နဲ့ ဝိညာဉ်စားသားရဲကိစ္စတော့ ရှင်းပြီးပြီ ဒါပေမဲ့ ဝေဒနာမေ့ပျောက်ခြင်း ကျွန်းက လုံခြုံ ဖို့လိုသေးတယ်” ရှီမာယူယူ ပြောလိုက်သည် “ငါတို့ ဒီမှာ ရက်နည်းနည်းလောက်နေပြီး ဒီကကိစ္စတွေ ရှင်းပြီးမှပဲ ပြန်လာတော့မယ်”
“ဒါဆို မင်းတို့အားလုံး ဂရုစိုက်ပါ” ရှီမာယူယန် ပြောလိုက်သည်။
“အင်း တစ်ခုခုဖြစ်တာနဲ့ ဆက်သွယ်လိုက်မယ်” ရှီမာယူယူသည် ပြောပြီးသည်နှင့် အဆက်အသွယ် ဖြတ်လိုက်သည်။
ရှီမာတိုင်သည် အဆင့်မြင့် ပင်လယ်သားရဲတွေနှင့် ဖြေရှင်းရန်လူလွှတ်လိုက်လေသည်။ သူတို့ ပြော ပြီးနောက်တွင် ထိုပင်လယ်သားရဲများကို ပင်လယ်သို့ ပြန်ပို့လိုက်လေသည်။
“ဒုတိယခေါင်းဆောင် ဒီပြဿနာကြီးက ဒီတိုင်းပြီးသွားပြီပေါ့”
တချို့လူများသည် မယုံနိုင်သေးပေ။ လွန်ခဲ့သည့် တစ်နာရီကပင် ပင်လယ်သားရဲများနှင့် အသေအကြေ တိုက်ခဲ့ကြသည်။ သူတို့ လပေါင်းများစွာ တိုက်ခိုက်သည့် တိုက်ပွဲသည် အချိန်ခဏအတွင်းတွင် ပြီးဆုံး သွားလေပြီ။
“အဲလိုပဲ မှတ်ရတော့မှာပဲ” ရှီမာတိုင် ပြောလိုက်သည်။
ဒီတစ်ခေါက် ကိစ္စသည် သူတို့ အင်အားကို များစွာ အကျိုးသက်ရောက်မှုဖြစ်စေသည်။
တချို့အင်အားကြီးများသည် တိုက်ပွဲအတွင်းတွင် လူများစွာ ဆုံးရှုံးပြီး အင်အားလည်း လျော့သွားသည်။ ထိုသည်မှာ သူတို့ စွမ်းအင်အဆင့်ကို သက်ရောက်မှုဖြစ်စေသည်။
သူ လက်ဝေ့ရမ်းကာ ပြောလိုက်သည် “အရင်ဆုံး ရှုပ်နေတာတွေရှင်းရအောင် ပြီးတော့ ငါတို့ဘက် က သေတဲ့လူတွေကို မှတ်ထားလိုက်”
“ဟုတ်ကဲ့ ဒုတိယခေါင်းဆောင်”
ရှီမာယူယူတို့ဘက်တွင်… မိုရှားနှင့် နတ်ဆိုးဂိုဏ်းချုပ်တို့ ပေါင်းစည်းလိုက်သည်နှင့် ရှီမာယူယန်၏ အသံကို ကြားခဲ့ရသည်။ ထိုသို့ဖြစ်ရခြင်းမှာ မီးငှက်သည် ဝိညာဉ်စားသားရဲကို လုံးဝ သေအောင် မလောင်ကျွမ်း စေသောကြောင့်ဖြစ်သည်ကို သိခဲ့ရသည်။
သူသည် ဝိညာဉ်များကို စုပ်ယူခြင်းကို ရပ်တန့်ကာ ကိုယ်တိုင်အသက်ရှင်အောင် ကြိုးစားတော့သည်။
ကြက်သွေးရောင် မီးတောက်သည် ဝိညာဉ်စားသားရဲလုံးဝ သေသွားအောင် မီးငှက်ကို စေခိုင်းလိုက် သည်။ ထို့နောက်တွင် သူတို့သည် ထိုတိမ်တိုက်အမည်း လုံးဝပျောက်ကွယ်သွားသည်ကို သေချာအောင်လုပ် ပြီးနောက် ရှီမာယူယူ အဆက်အသွယ်ဖြတ်လိုက်သည်။
တစ်နာရီအကြာတွင် ထိုတိမ်တိုက်အမည်းသည် လုံးဝမမြင်ရတော့ပေ။ သူတို့သည် မိုရှားနှင့် နတ်ဆိုး ဂိုဏ်းချုပ်တို့ မည်သို့ဖြစ်နေသည်ကို မသိတော့ပေ။
“သူ့မှာ မကောင်းတာ မဖြစ်လောက်ဘူးမလား” ရှီမာယူယူသည် မေးရုံအပြင် မကူညီနိုင်ပေ။
“အဲလိုတော့ မဖြစ်လောက်ပါဘူး” ယွန်ရိသည်လည်း မသေချာပေ “သူအခု လွှမ်းမိုးနိုင်တဲ့ပုံပဲ”
“ဒါပေမဲ့ အရမ်းကြာနေပြီ အထဲမှာ ဘာလှုပ်ရှားမှုမှ မတွေ့ရဘူး၊ အစပိုင်းက အဲအော်သံ အကျယ်ကြီး အပြင် တခြားဘာသံမှ ထွက်မလာတော့ဘူး” ရှီမာယူယူ ပြောလိုက်သည်။
“မင်း ဒီသခင်ကြီးကို စိတ်ပူနေတာလား” ရှီမာယူယူသည် ပြောလိုက်ချိန်တွင် မိုရှားအသံထွက်လာသည်။
ထို့နောက်တွင် ကောင်းကင်တစ်ခုလုံး အနက်ရောင်များလွှမ်းခြုံသွားကာ လူတစ်ယောက် ပုံစံပေါ် လာသည်။ ထိုသည်မှာ အမှန်တကယ်ပင် မိုရှားပုံရိပ်ဖြစ်သည်။
“မင်း ပိုသန်မာလာတယ်” ကြည့်လိုက်ရုံနှင့်ပင် ထိုဝိညာဉ်သည် ပို၍ ရုပ်လုံးပေါ်လာသည်ကို ခံစားမိပြီး ရှီမာယူယူ သိချင်စိတ်ဖြင့် မေးလိုက်သည်။
“ငါ သူ့အားကို နည်းနည်းစုပ်ပြီးတော့ ငါ့ဝိညာဉ်လည်း နည်းနည်းပြန်ကောင်းလာတယ်” မိုရှား ပြောလိုက် သည်။
“မင်း နတ်ဆိုးဂိုဏ်းချုပ်ရဲ့ အားကို စုပ်လိုက်တာနဲ့ အဲလောက်အချိန်မကြာသင့်ဘူးမလား” ရှီမာယူယူ မျက်နှာ မည်းသွားသည်။
“ဟုတ်တယ်” မိုရှား ပြောလိုက်သည် “မင်းခုနက ကြားလိုက်တဲ့ အော်သံက သူမသေခင် အော်လိုက် တဲ့ အသံပဲ”
“သူအဲတုန်းက သေသွားတာလား” ရှီမာယူယူသည် သူ့အား မုန်းတီးစွာကြည့်ကာ အော်လိုက်သည် “မင်း သူ့ကို စောစောသတ်လိုက်တာလဲ မပြောဘူး၊ ပြီးတော့ ငါမင်းကို ဒီလောက်ကြာအောင် စိတ်ပူနေရမှာလား၊ မင်းတကယ် ရက်စက်တာပဲ”
“မင်း ငါ့ကို နားလည်တိယ်လို့ထင်နေတာလေ၊ သူ့ကို ရှင်းပစ်ဖို့ အဲလောက်အချိန်မလိုဘူးဆိုတာ မင်း သိသင့်တယ်” မိုရှားသည် မီးခိုးများ လွှတ်ထားသော လူအား ဆွံ့အစွာ ကြည့်လိုက်သည်။
“ပြောပါဦး ဘာတွေ သိခဲ့လဲ” ကြက်သွေးရောင် မီးတောက်သည် မိုရှားအား ကြည့်ရင်း ပြောလေသည်။
“သူ့မှတ်ဉာဏ်ထဲက အကြောင်းအရာတချို့ကို ငါသိခဲ့တယ်” မိုရှား ပြန်ဖြေသည်။
“မင်း သူ့မှတ်ဉာဏ်ကိုတောင် ရခဲ့တယ်ဟုတ်လား” ရှီမာယူယူ မယုံကြည်စွာဖြင့် မေးလိုက်သည်။
“လူတစ်ယောက်ရဲ့ ဦးနှောက်က သေသွားရင် ချက်ချင်းရပ်မသွားဘူးလေ အဲအချိန်မှာ သူ့ဦးနှောက်ထဲ ဝင်ပြီး သူ့မှတ်ဉာဏ်တွေရလာတယ်” မိုရှား ပြန်ဖြေလိုက်သည်။
နတ်ဆိုးလောကမှ နှစ်ပေါင်းများစွာ ထွက်ခွာပြီးနောက် သူသည် ထိုနေရာတွင် ဘာဖြစ်ခဲ့သည်ကို သိလာ သည်။ ထိုနေရာရှိ အင်အား ကြီးများ ဘယ်လိုအခြေအနေရှိသည်၊ သူတို့က သူပြန်လာပြီး လက်စားချေမည်ကို စောင့်နေသည်လား။
“ဘာတွေ စဉ်းစားနေတာလဲ” မိုရှား အတွေးလွန်နေသည်ကို ရှီမာယူယူ မြင်သောအခါ အလွန်သိချင် သွားသည်။
“ဘာမှမဟုတ်ဘူး” မိုရှားသည် အတွေးများကို ပြန်ရုတ်သိမ်းကာ ပြောလိုက်သည် “မင်း ဒီအန္တရာယ်ကြီး ကို အမြစ်မဖြတ်ချင်ဘူးလား၊ ဒီနေရာကို အခြေခိုင်အောင် မလုပ်ရင် လူတွေနောက်ကို သိပ်မလာနိုင်တော့ပဲ ထပ်ပြီး ပြဿနာတွေဖြစ်လိမ့်မယ်”
ရှီမာယူယူ ခေါင်းညိမ့်ကာ ပြောလိုက်သည် “ငါလည်းအဲလိုစဉ်းစားတယ်၊ အဲဒီ နတ်ဆိုးဂိုဏ်းချုပ်ပြောတာ နတ်ဆိုးဘုရင်က ဒီမှာ ပိတ်ခံထားရတယ်တဲ့၊ သူက ဒီနေရာကို တိုက်ခိုက်နေလို့ နတ်ဆိုးဂိုဏ်းချုပ် က ဒီနေရာကို လာဖို့နဲ့ ဝိညာဉ်စားသားရဲကို အသုံးချဖို့ အခွင့်အရေးရသွားတာ၊ နတ်ဆိုးဘုရင်သာ ဒီနေရာကို ဆက်တိုက်ခိုက် နေ မယ်ဆိုရင် နတ်ဆိုးဂိုဏ်းချုပ် နောက်တစ်ယောက် ရောက်လာနိုင်တယ်၊ အဲလိုဆိုရင် အစအဆုံး ပြန်လုပ်နေရ မယ်”
“မဆိုးဘူး” ယွန်ရိသည် သူမ အတွေးများကို ထောက်ခံလိုက်သည်။
“အဲလိုဆိုရင် ငါ့နောက်ကို လိုက်ခဲ့” မိုရှား ပြောလိုက်သည်။
“ဘယ်သွားမလို့လဲ” ရှီမာယူယူ မေးလိုက်သည်။
“အဲဒီနတ်ဆိုး ဂိုဏ်းချုပ်က နတ်ဆိုးဘုရင်ဘယ်မှာရှိလဲဆိုတာ သိပြီးလို့ တွေ့ပြီးပြီ၊ ငါ သူ့ဆီခေါ်သွားပေး မယ်”