အပိုင်း (၄၀၀) – အံ့သြစရာနတ်ဆိုးဘုရင်
Vol. 004 Ch. 400
ရှီမာယူယူသည် မိုရှားအား စိုက်ကြည့်ပြီး ပြောလိုက်သည် “မင်း နတ်ဆိုးဘုရင်ကိုလည်း စုပ်ယူဖို့ စဉ်းစား နေတာမလား”
“အဲလိုပဲထားပါတော့” မိုရှား မျက်ခုံးပင့်လိုက်သည် “အဲလိုဆိုရင် မင်းလည်း ရှင်းချင်တာလား၊ ငါက မင်းကို အဖြေရှာပေးရုံပါပဲ”
ရှီမာယူယူ နှုတ်ခမ်းကိုကွေးလိုက်ကာ ပြောလိုက်သည် “မင်း ကိုယ့်ဘာသာ မလုပ်ဘူးလား”
“ဒါဆိုလည်း လုပ်တာပေါ့” ယွန်ရိ ပြောလိုက်သည်။
“နေဦး” ရှီမာယူယူသည် သူမ လက်အား ဝေ့ရမ်းလိုက်ကာ ကျွန်းပေါ်မှ အနက်ရောင်အမှုန့်များကို ဝိညာဉ် စေတီအတွင်း ထည့်လိုက်သည်။
“အဲဒါတွေ ဘာလုပ်ဖို့ ယူတာလဲ”
“အဲအမှုန့်တွေ ဒီမှာထားခဲ့ရင် ပင်လယ်ပြင်ကို ရောက်သွားပြီး ပြဿနာဖြစ်နိုင်တယ်၊ ပြီးတော့ အစေ့တွေ အညောင့်ထွက်လာမယ့်အချိန်ကို ထွက်မလာနိုင်ပဲ မြုံသွားလိမ့်မယ်၊ ငါတို့ သိမ်းထားလိုက်ရင် အဲဒါက အဆိပ် အဖြစ်သုံးလို့ရတဲ့ ပစ္စည်းဖြစ်လာနိုင်တာပဲ” ရှီမာယူယူ ပြောပြီးသည်နှင့် အစေ့တချို့ထုတ်ကာ ပြန့်ကျဲလိုက် သည်။
ယွန်ရိသည် သူအား ဆွံ့အစွာ ကြည့်မိသည်။ ဒါကို အဆိပ်အဖြစ်သုံးမယ်…. သူသည် ထိုကဲ့သို့ စဉ်းစား မိသော တစ်ယောက်တည်းသော သူဖြစ်လိမ့်မည်။
သူမသည် အားလုံးကို သိမ်းပြီးနောက် လက်ခုပ်တီးကာ ပြောလိုက်သည် “သွားရအောင်”
ကြက်သွေးရောင် မီးတောက်သည် ဒီတစ်ခေါက်တွင် အလောမကြီးပဲ သူမ နောက်မှ လိုက် သွားလေသည်။
အားကောင်း၍ ချောမောလှသော အမျိုးသားများသည် သူမဘေးမှ ယှဉ်လျှောက်လာသည်ကို ကြည့်ရ သည်မှာ မျက်စိ ပဓာသဖြစ်လှသည်။
သူတို့သည် ကျွန်း၏ အလယ်ဗဟိုသို့ လာရာ ထိုနေရာတွင် မီးတောင် ရှိလေသည်။ သူတို့သည် မီးတောင် အဝင်ပေါက်တွင် ကျောက်တုံးတွေ့ရာ ထိုမီးတောင်သည် နှစ်ပေါင်းတစ်ထောင်ခန့် မီးငြိမ်းတောင် ဖြစ် နေသည်ကို သိလိုက်ရသည်။
“ဆင်း” မိုရှား ပြောလိုက်သည်။
ရှီမာယူယူသည် ထိပ်တွင် ရပ်ကာ ကျွန်းတစ်ခုလုံးကို ကြည့်လိုက်သည်။ အမှန်တကယ်ပင် ထို တည်ဆောက်မှုသည် ပြိုင်ဘက်ကင်းဖြစ်သည်။
သူတို့ တွဲဆင်းသည်နှင့် ထိုတည်ဆောက်မှုသည် မည်မျှ သန်မာသည်ကို မသိနိုင်ပေ။
သူတို့သည် မီးတောင် ဝင်ပေါက်မှ တွဲဆင်းရာ နာရီဝက်အကြာတွင် အောက်ခြေသို့ ရောက်လေသည်။
“ချွမ် ချွမ်”
သံချိန်းကြိုးများ မြေသို့ ရိုက်ခတ်သံသည် တိတ်ဆိတ်လှသော မီးတောင်တွင် ကြားနေရသည်။ ထိုအသံ သည် သူတို့အာရုံကို ချက်ချင်း ဖမ်းစားလိုက်သည်။
ထိုသည်မှာ မှောင်မိုက်နေသော ဂူဖြစ်ကာ တစ်စုံတစ်ယောက်အား တစ်သက်လုံး အကျဉ်းချထား နိုင်သော နေရာပင်ဖြစ်သည်။
ရှီမာယူယူသည် ကြောက်မက်ဖွယ်သားရဲ သို့မဟုတ် နတ်ဆိုး မျိုးနွယ်ကို တွေ့ရမည်ဟု ထင်ထားသော် လည်း ကြက်သွေးရောင်မီးတောက်သည် ဂူတွင်း မီးထွန်းလိုက်ရာ မီတာအနည်းငယ်အတွင်း မြင်ရသည်မှာ အနက်ရောင် မြင်းတစ်ကောင်ဖြစ်နေသည်။
မျက်လုံးတစ်စုံသည် ဝိုင်းနေကာ တခြားသော နတ်ဆိုးမျိုးနွယ်များကဲ့သို့ ကြောက်မက်ဖွယ်နှင့် လူသတ် သည့် အကြည့်များ ရှိမနေပေ။ လုံးဝ ဖြူစင်သည့်ပုံပင်။
မြင်းလေးသည် သံကြိုး၈ကြိုးဖြင့် ဝန်းရံခံထားရပြီး ကြိုးတစ်ဖက်အဆုံးများမှာ နံရံများနှင့် ချိတ်ထား သည်။ သံကြိုးများသည် လေတွင် ကြက်ခြေခတ်ဖြစ်နေသည်။
“ဒါ အဲဒီနတ်ဆိုးဘုရင်လား” ရှီမာယူယူသည် မယုံကြည်နိုင်စွာဖြင့် မိုရှားအား ကြည့်လိုက်သည်။
“ဟုတ်လောက်မယ်၊ အစတုန်းကတော့ နတ်ဆိုးဂိုဏ်းချုပ်က ဆင်းမလာတော့ သူ့ ပုံစံကို မမြင်ရသေးဘူး သူလည်း ဒီလူကို မသိသေးဘူး” မိုရှား ပြောလိုက်သည်။
“မင်း သူ့ကိုသိလား” ကြက်သွေးရောင် မီးတောက် ပြောလိုက်သည်။
“သူ့ကိုတော့ မသိဘူး၊ သူ့ရဲ့ ဘိုးဘေးကိုတော့ သိတယ်” မိုရှား ပြောလိုက်သည် “အိပ်မက်နတ်ဆိုး မျိုးနွယ်က ငါ့အကြိုက်ပဲ ငါ စုပ်ယူစရာ မလိုတဲ့ပုံပဲ”
“ဒါက သတင်းတွေထွက်တဲ့ အိပ်မက်နတ်ဆိုးသားရဲလား၊ အိပ်မက်နတ်ဆိုးသားရဲက အရမ်းရိုင်းတယ် လို့ ပြောကြတယ်မလား” ရှီမာယူယူသည် မြင်းလေးအား ကြည့်လိုက်သည်။ ရှီမာယူယူနှင့် တခြားသူများကို မြင်သောအခါ သူ့မျက်လုံးများသည် အနည်းငယ်စိုးရိမ်မှုများ ဖြစ်နေသည်။
ချစ်စရာကောင်းသည့်ပုံကို ကြည့်ရသည်မှာ နတ်ဆိုးမျိုးနွယ်က ဟု မထင်ရပေ။
မိုရှားသည် လေတွင် ပျံလိုက်ကာ မြင်းလေးအား သေချာစွာ ကြည့်လိုက်လေသည်။ သူ ပြန်ဆင်းကာ ပြောလိုက်သည် “ဒါက ပြောင်းလဲတတ်တဲ့ အိပ်မက်နတ်ဆိုး သားရဲပဲ၊ သူ့မှာ နတ်ဆိုးမျိုးနွယ်က ရိုင်းစိုင်းတဲ့ ရောင် ဝါ ရှိမနေတာ ထူးခြားတယ်၊ ပြီးတော့ ဒီအိပ်မက်နတ်ဆိုးသားရဲက ကလေးအရွယ်ပဲရှိသေးတာ နတ်ဆိုးဘုရင် ဖြစ်နေပြီ၊ မွေးကတည်းက ဒီလိုပဲထင်တယ်”
“သူက နတ်ဆိုးဘုရင်အားနဲ့ မွေးလာတာလား” ရှီမာယူယူသည် မြင်းလေးအား ကြည့်ပြီး မကြောက် တော့ပေ။ ပြောရမည်ဆိုလျှင် ချစ်ဖို့ တောင်ကောင်းသေးသည်။
“ဟီးးး” မြင်းလေးသည် နောက်ပြန်ဆုတ်ကာ ဟိန်းပြီးနောက် ရှီမာယူယူနှင့် တခြားသူများကို ခြောက်ရန် ကြိုးစားလိုက်သည်။
ထိုချွန်လှသော သွားများသည် အနည်းငယ် ကြောက်စရာကောင်းသည်။
“တကယ်ပဲ သာမန်မြင်းတွေရဲ့ သွားနဲ့ ကွာတာပဲ” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ သူ စကားပြောနိုင်လား”
“သူ ပြောနိုင်တယ် ဒါပေမဲ့ နတ်ဆိုးမျိုးနွယ် ဘာသာစကားနဲ့ပဲ မင်းနားမလည်နိုင်ဘူး” မိုရှား ရှင်းပြသည်။
“ဒါပေမဲ့ ငါ မင်းနဲ့ စာချုပ်ချုပ်ထားတယ်လေ” ရှီမာယူယူ မေးလိုက်သည် “ငါ နီရဲပျားနဲ့ စာချုပ်ချုပ် ထားတော့ ပျားတွေကို နားလည်တယ်လေ၊ ဒါကို ငါဘာလို့နားမလည် နိုင်တာလဲ”
မိုရှား မျက်နှာအလွန်အမင်း မည်းသွားကာ သူမ ခေါင်းအား လက်ဖြင့် ပုတ်ပြီး ရှင်းပြလေသည် “ငါက နတ်ဆိုးမျိုးနွယ်ကဆိုပေမယ့် လူသားပဲလေ၊ ငါက မင်းနဲ့ စာချုပ်ချုပ်ထားတဲ့အတွက် နတ်ဆိုးမျိုးနွယ် ဘာသာ စကားကို နားလည်ရမယ်လို့ မဆိုလိုဘူး၊ မင်း သူနဲ့ စာချုပ်ချုပ်လိုက်ရင်တော့ နားလည်မှာပေါ့”
ရှီမာယူယူသည် မိုရှားရိုက်လိုက်သော နေရာအား လက်ဖြင့် ပွတ်လေသည်။ ဒီလူက ပို သန်မာလာ တာပဲ။ သူက သူအလိုရှိရင် ရုပ်လုံးအသွင်ပြောင်းလို့ရနေပြီပဲ။
“မင်းက ကျွန်းပေါ်က သတ္တဝါတွေအားလုံးကို စုပ်ယူနေတဲ့သူလား၊ မထင်ရဘူး” သူမသည် အိပ်မက် နတ်ဆိုး သားရဲအား ကြည့်ကာ ထပ်ကြည့်လေသည်။ သူမသည် ထိုဖြူစင်သော မျက်လုံးများနှင့် သူမစိတ်ထဲမှ ရိုင်းစိုင်းသော သတ္တဝါကို တွဲကြည့်လို့မရပေ။
“အိပ်မက်နတ်ဆိုး သားရဲက ကြည့်ရတာသာ ဖြူစင်တာ သူ့သွေးထဲက အရိုင်းဓာတ်ကတော့ ကျန်နေသေး တယ်” ကြက်သွေးရောင် မီးတောက်သည် အေးစက်စွာ မှတ်ချက်ပေးလေသည်။
“အဲလိုဆိုရင်လည်း သူ တမင်လုပ်တာ မဟုတ်ဘူး” မိုရှားသည် မြင်းလေးဘက်မှ ကူပြောသေလည်။
“ဒါဆို ငါတို့ အခုဘာလုပ်ကြမလဲ” ယွန်ရိ မေးလိုက်သည်။
အစပိုင်းတွင် မိုရှားသည် ထိုနတ်ဆိုးဘုရင်ကို စုပ်ယူမည်ဟု ပြောခဲ့သော်လည်း အိပ်မက်နတ်ဆိုးမျိုးနွယ် သည် သူ့အကြိုက် ဖြစ်နေ၍ မလုပ်နိုင်ပေ။ ရှီမာယူယူသည်လည်း အန္တရာယ်ကို အမြစ်ဖြတ်ရန် လိုသည်။ သူတို့ ဘာလုပ်သင့်လဲ။
ရှီမာယူယူသည် အကြပ်ရိုက်နေကာ မိုရှားဘက်လှည့်ပြီး ပြောလေသည် “ဒီကောင်ကို ဘာလုပ်ကြမလဲ”
“သတ်လို့လည်းမရ ဒီမှာထားလို့လည်းမရ၊ ငါတို့ ထိန်းထားရင်ရော” မိုရှား ပြောလိုက်သည်။
“ထိန်းထားမယ် ဟုတ်ဘား ဘယ်လိုလုပ်လုပ်လို့ရမှာလဲ” ယွန်ရိသည် ပထမဆုံး ငြင်းဆန်သူ ဖြစ်သည် “သူက အမှောင်လောကက ဝိညာဉ်သားရဲပဲ၊ အမှောင်လောက ဝိညာဉ်သခင်ကပဲ သူနဲ့ စာချုပ်ချုပ်လို့ရမယ်၊ ယူယူ ချုပ်လိုက်ရင် သူ့အသက် ပါသွားလိမ့်မယ်”
ရှီမာယူယူသည် အိပ်မက်နတ်ဆိုး သားရဲအား ကြည့်ကာ ပြောလေသည် “ငါ စာချုပ်ချုပ်လို့ရလား”
မိုရှား ခေါင်းညိမ့်ကာ ပြောလိုက်သည် “မင်းသူ့ကို တည်ဆောက်မှုထဲက ဆွဲထုတ်နိုင်ရင် ရတယ်”
ရှီမာယူယူသည် တည်ဆောက်မှုအောက်က မြင်းလေးကို ကြည့်ကာ ပြောလိုက်သည် “ဒါဆို သူ့ကို ကယ်မယ်ဆိုတာ သွားပြောလိုက် ပြီးရင် င့ါကို သူ့သခင်အဖြစ်လက်ခံရမယ်၊ မဟုတ်ရင် ထွက်လာတာနဲ့ ငါ သတ်ပစ်မှာလို့”
“ယူယူ…” ယွန်ရိသည် ရှီမယူယူအား စိုးရိမ်စွာ ကြည့်လိုက်သည်။
“စိတ်ချပါ ငါအဆင်ပြေတယ်”
“ကောင်းပြီ” မိုရှားသည် လေပေါ်ထပ်ပျံသွားသည်။ ထိုအိပ်မက်နတ်ဆိုး သားရဲသည် ဟိန်းရာမှ စကား များကို ကြားသောအခါ မိုရှားသည် သူမအား ပြပြီးနောက် အိပ်မက်နတ်ဆိုးသားရဲသည် ခေါင်းညိမ့်လေသည်။
“ကောင်းပြီ စကြမယ်” ရှီမာယူယူသည် ပြောပြီးနောက် အားလုံးကို ဝိညာဉ်စေတီအတွင်း ထည့်လိုက် သည်။ ထို့နောက်တွင် သူမသည် ရှီမာယူလင်းကို ထုတ်ပြီးနောက် နှစ်ယေက်သား တည်ဆောက်မှုကို ဖျက်လေ သည်။
သူတို့နှစ်ယောက် စတင် တွက်လာသည်မှ စလျှင် အချိန် တစ်လ သုံးလိုက်ရသည်။ တစ်လအကြာတွင် မြင်းလေး ပတ်လည်မှ တည်ဆောက်မှုသည် ပျောက်ကွယ်သွားလေသည်။
မြင်းလေးသည် စိတ်လှုပ်ရှားသဖြင့် နှစ်ခါမျှ ခုန်ပေါက်လိုက်ရာ သံကြိုးများ အသံမြည်သွား လေသည်။
ရှီမာယူယူသည် သူ့အနားကပ်သွားနိုင်လေသည်။ သူမ လျှောက်သွားကာ ဆောင့်ကြောင့်ထိုင်ကာ ပြောလေသည် “အရမ်းမစိုးရိမ်နဲ့ ငါ အဲဒီ သံကြိုးတွေကို မဖြတ်ရသေးဘူး”
သူမ ထိုသံကြိုးများကို ဆုပ်ကိုင်ကာ သူမ မီးတောက်ဖြင့် လောင်မြိုက်ချင်သော်လည်း သက်ရောက်မှု မရှိသည်ကို သိလိုက်ရသည်။
“ဒီသံကြိုးက ခိုင်လိုက်တာ” သူမ အနည်းငယ်စိတ်မချသဖြင့် ကြက်သွေးရောင် မီးတောက် ပြောင်းလိုက် သည်။
“ဝူး ဝူး” အိပ်မက်နတ်ဆိုးသားရဲသည် ရှီမာယူယူ လက်ထဲမှ မီးတောက်ကို မြင်သောအခါ ကြောက်ရွံ့ သဖြင့် နောက်ဆုတ်လေသည်။
“မစိုးရိမ်နဲ့ ဒီမီးတောက်က မင်းကို မထိခိုက်ပါဘူး” ရှီမာယူယူသည် သူ့မျက်လုံးထဲမှ ကြောက်စိတ်များ ကို မြင်သောအခါ ပြုံးပြီး ပြောလိုက်သည်။
သူမ ပြောသည်နှင့် သံကြိုးများဆီသို့ မီးဖြင့် ပစ်လိုက်ရာ လောင်ကျွမ်းစေလိုက်သည်။