← Chapters

အပိုင်း (၄၀၁) – ချစ်စရာကောင်းသော အိပ်မက်လေး

Vol. 005 Ch. 401

အပိုင်း (၄၀၁) – ချစ်စရာကောင်းသော အိပ်မက်လေး

Vol. 005 Ch. 401

ထိုသံကြိုး၈ကြိုးသည် လောင်ကျွမ်းခြင်းပြီးဆုံးရန် ၁နာရီမျှ ကြာသည်။ ထိုသည်မှာ သူ၏ သန်မာမှုကို ပြသနေသည်။

“ချွမ်း ချွမ်း”

နောက်ဆုံး သံကြိုးသည် ပြေသွားကာ အိပ်မက်နတ်ဆိုးသားရဲသည် သူရပ်နေသည့်နေရာတွင် ခြေဆောင့် ကာ ပါးစပ်မှလည်း ပျော်ရွှင်စွာ အသံများထွက်လေသည်။ သူသည် ထပ်ပြီး ပိတ်မနေတော့သည်ကို သိသည်နှင့် ချက်ချင်းပင် ရှီမာယူယူအား ခုန်အုပ်လိုက်လေသည်။

“ဟီး ဟီးးဟီ” အိပ်မက်နတ်ဆိုး သားရဲသည် ရှီမာယူယူအား ခုန်အုပ်ပြီး လျှာဖြင့် သူမမျက်နှာ တစ်ခုလုံး အား လျက်တော့သည်။

ရှီမာယူလင်းသည် ဘေးတွင် ရှိနေသည်။ အိပ်မက်နတ်ဆိုးသားရဲသည် သူမ မျက်နှာအား ခွေးတစ်ကောင် ကဲ့သို့ လျက်နေသည်ကို တွေ့သည်နှင့် ဒီကောင်သည် အမှန်တကယ်ခွေး ကဲ့သို့ပင် မှတ်ယူလိုက်ရတော့သည်။

သူပြောသော စကားကို ရှီမာယူယူ နားမလည်ပေ။ သူမ ထကာ မိုရှားအား ခေါ်ပြီး ပြောလိုက်သည် “ငါ ဘယ်လို စာချုပ်ချုပ်လို့ရမလဲ”

“တကယ်တော့ အင်ပါယာသားရဲကျမ်းနဲ့ဆိုရင် လုပ်နိုင်တယ်၊ ဒါပေမဲ့ မင်းက အရမ်းအားနည်းနေတယ်၊ သူ့ ကို ထိန်းကျောင်းဖို့ နည်းလမ်းမရှိဘူး” မိုရှား ပြောလိုက်သည်။

ရှီမာယူယူ သူ့အား စိုက်ကြည့်လိုက်သည်။ ဒါဆို သူ ပြောချင်တာဘာလဲ။

“သူ့ကို သခင်အဖြစ် အရင် အသိအမှတ်ပြုစေချင်တာလား” ရှီမာယူလင်း မေးလိုက်သည်။

“အဲဒါကလည်း မဖြစ်နိုင်ဘူး” မိုရှား ပြောလိုက်သည်။

“ဒါဆို ဘာလုပ်ချင်တာလဲ” ရှီမာယူယူ ဆွံ့အသွားသည်။

ဟိုလိုလည်း လုပ်မရ၊ ဒီလိုလည်း လုပ်မရ။ နတ်ဆိုးသားရဲကို စာချုပ်ချုပ်ရတာ တကယ် ပြဿနာ တက် တာပဲ။

“ငါ အရင်က သားရဲထိန်းကျောင်းသူ သခင်ဖြစ်ခဲ့တာ မမေ့နဲ့ဦး” မိုရှားသည် ရှီမာယူယူအား စိုက်ကြည့် လိုက်သည်။ ဒီကောင်လေးရဲ့ ဦးနှောက်က တစ်ခါတစ်လေ သုံးမရဘူး။

“……”

ရှီမာယူယူသည် သူမအား အထင်သေးစွာ ကြည့်နေသော လူအား လျစ်လျူရှုရန် ဆုံးဖြတ်လိုက်သည်။

မိုရှားသည် အိပ်မက်နတ်ဆိုးသားရဲနှင့် သေချာစွာ ဆွေးနွေးပြီးနောက် သူ့ခန္ဓာကိုယ်ကို ရုပ်လုံးဖော်ကာ သူ့အား စတင်ထိန်းကျောင်းတော့သည်။

ဝိညာဉ်တစ်ခုသည် နတ်ဆိုးသားရဲကို ထိန်းကျောင်းရန်ဖြစ်နိုင်မည်ဟု သူတို့ ထင်မထားကြပေ။ လူ နှစ်ယောက်သည် အတွေးမဲ့စွာဖြင့် ကြည့်နေမိသည်။

လျင်မြန်စွာပင် မိုရှားသည် အိပ်မက်နတ်ဆိုးသားရဲအား ထိန်းကျောင်းခြင်း ပြီးဆုံးလေသည်။ အိပ်မက် နတ်ဆိုး၏ ကြီးမားသော မျက်လုံးများသည် ယဉ်ပါးမှုကိုပြသနေသည်။

“ဒီကိုလာခဲ့” မိုရှား ပြောလိုက်သည်။

“ဒီအတိုင်းပဲလား” ရှီမာယူယူ လျှောက်လာသည် “ငါ ဘယ်လိုစာချုပ်ချုပ်လို့ရမှာလဲ”

“သူက တခြား စာချုပ်သားရဲတွေနဲ့ တူတယ်၊ မင်း အမှောင်ဝိညာဉ်ရွှီကို သုံးရတာပဲ ကွာသွားမှာ” မိုရှား ပြော လိုက်သည်။

ရှီမာယူယူသည် အိပ်မက်နတ်ဆိုးသားရဲ၏ ခေါင်းပေါ်သို့ လက်တင်ကာ သူမ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်ရွှီကို ထည့်ကာ အိပ်မက်နတ်ဆိုးသားရဲနှင့် စာချုပ်ချုပ်တော့သည်။

လျင်မြန်စွာပင် သူတို့နှစ်ယောက်ကြားတွင် စာချုပ်ချုပ်ခြင်း စတင်ကာ အနက်ရောင် အလင်းတန်း ပေါ် ထွက်လာသည်။ ထိုအလင်းတန်းသည် သူမနှင့် အိပ်မက်နတ်ဆိုးသားရဲကို လွှမ်းခြုံသွားကာ နောက်ဆုံးတွင် သူတို့ မျက်ခုံးကြားမှ နေရာသို့ ပစ်လွှတ်လေသည်။

“သခင်” စာချုပ်ချုပ်ပြီးသည်နှင့် ချက်ချင်းပင် ရှီမာယူယူ ထိုအသံအား ကြားလိုက်သည်။

“အိပ်မက်နတ်ဆိုး သားရဲလား” ရှီမာယူယူ ခေါ်ရန် ကြိုးစားလိုက်သည်။

“သခင် ငါ အိပ်မက်လေးပါ” အိပ်မက်နတ်ဆိုး သားရဲသည် အားရပါးရပြုံးကာ “သခင် ငါ အဆင့်တက် သွားပြီ”

အိပ်မက်နတ်ဆိုးသားရဲ၏ အဆင့်ကို ရှီမာယူယူ မခွဲတတ်ပေ။ သို့သော် သူသည် အံ့ဖွယ်အဆင့်ထက် ပို အားကောင်းမည်ကို သူမ သိသည်။

အိပ်မက်နတ်ဆိုးသားရဲ အဆင့်တက်ချိန်တွင် ရှီမာယူယူ၏ အမှောင်အားအင်မှာလည်း တိုးလာသည်။ သူမ အဆင့်တက်ပြီးနောက်တွင် သူမ ဝိညာဉ်ရွှီထက် အမှောင်ဝိညာဉ်ရွှီ ပိုများသည်ကို သတိပြုမိလိုက်သည်။ သူမသည် စံတင်ဝိညာဉ် အထွဋ်အထိတ်ရောက်လောက်ပြီ။

အိပ်မက်လေးသည် ချစ်စရာကောင်းသော မိန်းကလေးတစ်ယောက် အသွင်ပြောင်းသွားသည်။ သူမ သည် အနက်ရောင် ဝတ်ထားကာ ရှည်လျားသော ဆံပင်များသည် သူမ ခါးအထိ ရောက်နေလေသည်။ သူမ၏ လုံးဝန်းသော မျက်နှာနှင့် ကြီးမားသော မျက်လုံးများသည် အလွန်ယဉ်ပါးကာ အန္တရာယ်ကင်းသည့် အကြည့် များ ဖြစ်လေသည်။

ရှီမာယူယူသည် အသက် ၄ ၅ နှစ်သာရှိသေးသော မိန်းမငယ်လေးအား ကြည့်ကာ သူမ မျက်နှာအား ဆွဲကာ ပြောလိုက်သည် “အိပ်မက်လေးက ကောင်မလေးပဲ”

“သခင် အိပ်မက်လေး ဗိုက်ဆာတယ်” အိပ်မက်လေးသည် ရှီမာယူယူအား ပြောလိုက်သည်။

“အာ… နတ်ဆိုးမျိုးနွယ်တွေက ဘာစားကြလဲ ဟင်… မင်းလူသားစကား ပြောနိုင်တာပဲ” ရှီမာယူယူသည် အိပ်မက်လေး၏ ချစ်စရာကောင်းမှုနှင့် သနားစရာမျက်လုံးများကို ကြည့်ရင်း မေးလိုက်သည်။

“သခင်နဲ့ စာချုပ်ချုပ်ပြီးတော့ လူသားစကားတတ်သွားတာပဲ” အိပ်မက်လေး ရှင်းပြသည်။

ရှီမာယူယူသည် ခေါင်းမော့ကာ မိုရှားအား ကြည့်လိုက်သည်။ မိုရှားသည်လည်း အိပ်မက်လေးသည် ချစ်စရာကောင်းသော မိန်းမငယ်လေးဖြစ်မည်ဟု ထင်မထားသဖြင့် ပြောလိုက်သည် “သူ့ကို ရှိတာ တစ်ခုခုသာ ပေးလိုက်”

“သွားရအောင် ငါ မင်းကို အရသာရှိတာတွေ စားဖို့ခေါ်သွားမယ်” ရှီမာယူယူသည် အိပ်မက်လေး အားခေါ်ပြီး တခြားသူများနှင့်အတူ ဝိညာဉ်စေတီအတွင်းသို့ ဝင်သွားလေသည်။

ဝိညာဉ်စေတီအတွင်းမှ လူများသည် အိပ်မက်လေးအား မြင်သောအခါ ထိုကောင်မလေးသည် အချိန် အတော်ကြာ ပိတ်မိနေသော နတ်ဆိုးဘုရင်ဖြစ်သော နတ်ဆိုးသားရဲဖြစ်သည်ကို မယုံရဲကြပေ။

အိပ်မက်လေးသည် အထဲတွင် လူများစွာရှိသည်ကို မြင်သောအခါ ကြောက်သောကြောင့် ရှီမာယူယူ ဘက်သို့ ကပ်သွားလေသည်။

“မကြောက်နဲ့ အိပ်မက်လေး သူတို့က ငါ့သူငယ်ချင်းတွေနဲ့ စာချုပ်သားရဲတွေပဲ သူတို့မင်းကို ဒုက္ခမပေး ဘူး” ရှီမာယူယူသည် သူမ လက်အား ပုတ်ကာ နှစ်သိမ့်လိုက်သည်။

ထိုစာချုပ်သားရဲများကို တုန့်ပြန်သည်ကို ကြည့်လျှင် အိပ်မက်လေးသည် နှစ်ပေါင်းများစွာ တစ်ကိုယ်တည်း အပိတ်ခံထားရခြင်းကြောင့် သူစိမ်းများကို ကြောက်ရွံ့သည်ကို သူမ ခံစားမိသည်။ သူမသည် နှစ်ပေါင်းများစွာ အပိတ်ခံရခြင်းကြောင့် နတ်ဆိုးသားရဲ ရိုင်းစိုင်းမှုများပျောက်ကွယ် သွားပြီး ငကြောက်မလေးဖြစ်လာခြင်း လည်း ဖြစ်နိုင်သည်။

“အင်း အင်း” အိပ်မက်လေး ခေါင်းညိမ့်ကာ ပြောလိုက်သည် “သခင်က အိပ်မက်လေးကို ကယ်ခဲ့တာ၊ သခင်က အိပ်မက်လေးကို ကာကွယ်ပြီး အိပ်မက်လေးက သခင့်ကို ကာကွယ်မှာ”

“သွားရအောင် ငါမင်းကို အရာသာရှိတာ စားဖို့ ခေါ်သွားမယ်” ရှီမာယူယူ ပြောလိုက်သည်။

“ကောင်းပြီ” အိပ်မက်လေးသည် ခေါင်းမော့ကာ ပြန်ဖြေလေသည်။

ရှီမာယူယူ သူမအား ခေါ်ပြီး ထွက်သွားလေသည်။ တခြားသူများသည် သူတို့နှစ်ယောက်အား ကြည့်ကာ သူတို့မျက်နှာများကို ရိုက်ပြီး ပြောမိလေသည် “အဲဒါ တကယ်ပဲ အိပ်မက်နတ်ဆိုးသားရဲမှ ဟုတ်ရဲ့လား”

“ချစ်စရာကောင်းလိုက်တဲ့ နတ်ဆိုးသားရဲပဲ”

“တွေးရခက်တယ်”

ယွန်ရိသည် ရှီမာယူယူသည် အိပ်မက်လေးနှင့် စာချုပ်ချုပ်ပြီးနောက် အဆင်ပြေနေသေည်ကို တွေး မိနေသည်။ သူမ ကိုယ်ထဲမှာ အမှောင် ဝိညာဉ်ရွှီ ရှိနေလို့များလား။

ရှီမာယူယူနှင့် အိပ်မက်လေးသည် အချိန်အတော်ကြာသည်အထိ ပြန်မလာသဖြင့် တခြားသူများသည် နတ်ဆိုးသားရဲ ဘာစားသည်ကို ကြည့်ချင်သဖြင့် မီးဖိုဆောင်ဘက်သွားရာ မှင်တက်သွားကြလေသည်။

ရှီမာယူယူသည် အပြင်တွင်ရပ်နေကာ အိပ်မက်လေးသည် အထဲတွင် ရစ်ငှက်အား ဖက်ထားပြီး ပျော်ရွှင် စွာ ကိုက်ဖြတ်နေလေသည်။

ထိုငှက်၏ အမွေးများသည် ပြောင်ရှင်းနေကာ မသေသေးသော်လည်း စားလက်စ ဖြစ်နေသည်။ လက်သည်းများသည် ရုန်းကန်နေကာ နောက်ဆုံး ထွက်သက်ဖြစ်နေသည်။

ထို့အပြင် ခြံဝန်းတွင် ရစ်ငှက်များ အကောင်တစ်ရာရှိရာ ဆယ်ကောင်သာ ကျန်လေသည်။ အမွေးများ သည် မြေပါ်တွင် ပြန့်ကျဲနေလေသည်။

တစ်ဖက်တွင် အိပ်မက်လေးသည် ထိုငှက်မွေးများ အလယ်တွင် ရပ်နေကာ သူမ၏ ချစ်စရာ  ကောင်းသော မျက်နှာသည် သွေးများပေကျံနေကာ အထူးသဖြင့် သူမ၏ ပါးစပ်ထောင့်သည် သွေးများဖြင့် ဖုံးအုပ်ထားလေသည်။ ကြည့်ရသည်မှာ ကြောက်စရာပင်။

“ယူယူ သူမ ဒါတွေအကုန်စားပစ်တာလား” အားလုံးသည် ထိုမြင်ကွင်းအား မသတီကာ ပျို့အန်ကြ လေသည်။

ရှီမာယူယူ ခေါင်းညိမ့်ကာ ပြောလိုက်သည် “သူမ အခုဆို အမွေးဘယ်လိုနှုတ်ရမလဲကို သိနေပြီ၊ အစက အမွေးနဲ့လည်း စားနေတာ၊ ငါ သူမကို နည်းနည်းပဲ ပြောပြလိုက်တာ ဒီလိုဖြစ်သွားတာပဲ”

သူမသည် အိပ်မက်လေးအား ခေါ်ပြီးဝင်လာကာ သူမသည် ရစ်ငှက်များကို ကြည့်ကာ မေးလေသည် “သခင် ဒါတွေ ငါစားဖို့လား”

ရှီမာယူယူ ခေါင်းငြိမ့်ကာ ဘာမှမပြောရသေးခင်မှာပင် သူမသည် လက်ဖြုတ်ကာ ခြံဝန်းသို့ ဝင်သွားပြီး ငှက်ဖမ်းကာ စားတော့သည်။

ထိုငှက်သည် ချက်ချင်းပင် ပြောင်းရှင်းသွားကာ အရိုးပင်ကျန်တော့သည်နှင့် နောက်တစ်ကောင် ဖမ်းပြီး စားလေသည်။ သူမ လည်ပင်းမှ ကိုင်ကာ စတင်ကိုက်တော့သည်။

ထိုအချိန်တွင် ရှီမာယူယူ လှုပ်ရှားကာ သူမအား လျင်မြန်စွာ တားပြီး အမွေးအရင်နှုတ်ရမည်ကို ပြောပြ  လေသည်။ အကြိမ်အနည်းငယ် ပြောပြီးနောက်တွင် သူမသည် အရင် အမွေးနှုတ်ပြီးမှ စားလေသည်။

အိပ်မက်လေးသည် ရပ်လိုက်ရာ အားလုံးသည် သူမအား တုန်လှုပ်စွာ ကြည့်နေသည်ကို တွေ့လိုက် ရသည်။ တစ်ခုခုလွဲမှားနေသည်ဟု ထင်သဖြင့် သူမ ကြောက်သွားသည်။

“သခင်….” သူမသည် သူမ သခင်အား ကြည့်လိုက်သည်။

ဟိန်းသံလေးသည် သူမ ထိုကဲ့သို့ ပြုမူသည်ကို တွေ့သောအခါ ပြောလိုက်သည် “ဒီကောင်က တကယ် ပဲ ငါ့ထက်ချစ်စရာကောင်းတာပဲ သူမက မိန်းကလေးဖြစ်နေလို့ ကံကောင်းသွားတာပဲ မဟုတ်ရင် ငါ သူမကို ရိုက်တော့မှာ”

ရှီမာယူယူသည် လက်ကို ဝေ့ရမ်းလိုက်ရာ အမွေးများနှင့် ငှက်အသေအကျန်များ ပျောက်ကွယ်သွား လေသည်။ ခြံဝန်းအတွင်းတွင် ပြန်သန့်ရှင်းသွားလေသည်။

သူမ လျှောက်သွားကာ အိပ်မက်လေး၏ မျက်နှာမှ သွေးများကို သုတ်ပြီး မေးလိုက်သည် “ဗိုက်ပြည့် လား”

“နည်းနည်းတော့ ပြည့်သွားပြီ” အိပ်မက်လေးသည် သွေးစွန်းနေသော သူမ လက်များဖြင့် ရှီမာယူယူ၏ အဝတ်ကို ကိုင်ပြီးပြောလေသည် “သခင် တစ်ခုခုမှားနေလို့လား သူတို့အကြည့်တွေက ထူးဆန်းတယ်”

သူမ အဝတ်ပေါ်မှ သွေးအစွန်းများကို ကြည့်ကာ ရှီမာယူယူ ဒေါသမထွက်ပဲ ပြောလေသည် “ဘာမှ မဟုတ်ဘူး၊ သူတို့က ဒီလိုစားတာမမြင်ဖူးလို့”

“ဒါဆို သခင်တို့ ဘယ်လိုစားတာလဲ” အိပ်မက်လေးသည် ကြီးမားသော မျက်လုံးဖြင့် ကြည့်ကာ သိချင် စိတ်ဖြင့် မေးလိုက်သည်။

All Chapters