အပိုင်း (၄၀၂) – အိပ်မက်လေး၏ အတိတ်
Vol. 005 Ch. 402
ရှီမာယူယူ ရယ်မောကာ ပြောလိုက်သည် “ဒီကလူတွေအားလုံးက ချက်ပြုတ်စားကြတာ”
“ချက်ပြုတ်စားတယ်ဆိုတာ ဘာလဲ” အိပ်မက်လေးသည် ဆက်မေးလေသည်။
“ခဏနေလို့ ချက်မယ်ဆိုရင် ဘယ်လိုလုပ်တယ်ဆိုတာ ပြမယ်၊ မင်းစားကြည့်မယ်ဆို သိမှာပါ” ရှီမာယူယူ ပြောလိုက်သည်။
“ကောင်းပြီ” အိပ်မက်လေးသည် ပျော်ရွှင်စွာ ခေါင်းညိမ့်လေသည်။ သူမ သခင်သည် သူမအား မဆူပဲ ချက်ပြုတ်ပြီး ဘယ်လိုစားသောက်ရမည်ကိုပင် ပြောပြသေးသည်။ သခင်က သူမအတွက် ကောင်းလွန်းသည်။
“ရေသွားချိုးရအောင်” သူမသည် အိပ်မက်လေးအား ခေါ်ပြီး ခြံဝန်းအပြင်လျှောက်သွားကာ ပြောလေ သည် “ဝိညာဉ်လေး ကြက်ရိုင်းတွေနဲ့ တခြားသားကောင်ရိုင်းတွေလည်း ပြင်ထားလိုက်”
“အစားအသောက်အတွက်လား” ဝိညာဉ်လေး ပေါ်လာကာ အိပ်မက်လေးအား ကြည့်လိုက်သည်။ သူမ ထိုသို့ပြောခြင်းသည် သူမ မျက်လုံးများတွင် ဒေါသများဖြစ်မနေပါ။ ဝိညာဉ်စေတီအတွင်းတွင် သားကောင် အရိုင်း များ လိုအပ်သည်ထက် ပိုရှိသည်။ အချိန်ကြာလာသည်နှင့် အမျှ တိုးပွားလာကာ စားမည့် သူ မရှိပေ။
လင်းလုံသည် ဝိညာဉ်လေး၏ ပခုံးတွင် ထိုင်ကာ ပြောလေသည် “သခင်က အိပ်မက်လေးကို ကြင်ကြင် နာနာ ဆက်ဆံတာပဲ”
“မင်းကိုလည်း ကြင်နာပါတယ်” ဝိညာဉ်လေးသည် လင်းလုံအား ခေါ်သွားပြီး ပြောလေသည်။ သူတို့သည် သားကောင်အရိုင်းများကို ဖမ်းရန် သွားလေသည်။
“ဘေဂုံ နောက်ကျရင် မင်းတို့လည်း စားချင်တာ ဖမ်းလို့ရတယ်” ရှီမာယူယူသည် ပြောပြီးနောက် အိပ်မက် လေးအား သူမနှင့်ခေါ်သွားကာ မြင်ကွင်းအား မယုံနိုင်သော လူတစ်စုအား ထားခဲ့လေသည်။
“ငါပြောတာ ယူယူက အိပ်မက်လေးကိုဘာလို့ အဲလောက်တောင် ကြင်ကြင်နာနာဆက်ဆံတာလဲ” ဖက်တီးကျူ မေးလိုက်သည်။
“ငါလည်း အဲလိုထင်တယ်၊ သူမက ပုံမှန်ကောင်းတာတော့မဟုတ်ဘူး” ဝေကျိရွှီ ပြောလိုက်သည်။
“ပုံမှန်ထက် နည်းနည်းကွဲတယ်” ဝူရန်ဖေ သဘောတူလိုက်သည်။
ချွတ်ချွတ်
ကလစ် ကလစ်
ဟူး..
သားကောင်ရိုင်းများသည် ဟင်းအိုးအတွင်း ရုတ်တရက်ရောက်လာကာ အသံများစွာ ထွက်နေတော့ သည်။
“ဒီလောက်အများကြီး…” ဘေဂုံထန်သည် သူမ ဆံပင်ပေါ်ကျလာသော အမွေးများကို ကြည့်ကာ “စရအောင် ယူယူလာပြီးမကြည့်ခင် ဘာမှမပြီးပဲနေမယ်”
ဝေကျိရွှီနှင့် တခြားသူများသည် ရယ်ချင်စိတ်ကို မြိုသိပ်ကာ ခေါင်းညိမ့်ပြီး လုပ်ငန်းစတင်တော့သည်။
“ငါသိချင်တာ၊ ယူယူက ဘာလို့ အိပ်မက်လေးကို ဒီလောက် ကြင်နာတာလဲ…”
ရှီမာယူယူသည် အိပ်မက်လေးကို သူမ ရေချိုးခန်းသို့ ခေါ်သွားရာ ကန်တွင် ရေဖြည့်ပြီးသားပင်။
“သခင် ဒါဘာအတွက်လဲ” အိပ်မက်လေးသည် ကန်အား ကြည့်ကာ မေးလိုက်သည်။
“ဒါရေချိုးဖို့အတွက်လေ” ရှီမာယူယူ ပြောလေသည် “မင်းက အဲမှာ အချိန်အကြာကြီး အပိတ်ခံထား ရတော့ မင်းရေချိုးပြီးမှ အရသာရှိတာတွေ သွားစားရမယ်”
“သခင် ဘာလို့ မစားခင်ရေချိုးရတာလဲ” အိပ်မက်လေးသည် မေးလိုက်သည်။
“မင်းက လူသားခန္ဓာကိုယ်ရှိနေတော့ မင်းလည်း လူလိုပဲနေရမယ်လေ” ရှီမာယူယူသည် သူမအား ရေ အတွင်း ထည့်လိုက်သည်။ အစပိုင်းတွင် သူမသည် ရေကို အနည်းငယ်ကြောက်သောကြောင့် ရှီမာယူယူ၏ အဝတ်ကို သာသာလေး ကိုင်ထားလေသည်။ သို့သော် သူမ ရေနှင့် အသားကျလာရာ ရှီမာယူယူပင်လျှင် ရေများ စင်သွားတော့သည်။ သူမ ရေချိုးပြီးချိန်တွင် သူမ ခန္ဓာကိုယ်မှ သွေးများ ပြောင်သွားလေသည်။ ရှီမာယူယူသည် ကန်ဘေးတွင် အေးဆေးနားနေရာ သူမသည် အိပ်မက်လေး၏ ရိုးသားသော ပုံစံကိုကြည့်ပြီး ချစ်မဝဖြစ်လေ သည်။
သူတို့ စာချုပ်ချုပ်စဉ်တွင် သူမသည် စာချုပ်မှတစ်ဆင့် သူမ စိတ်ထဲမှ မှတ်ဉာဏ်များကို ကြည့်နိုင် သည်ဖြစ်ရာ ထိုမှတ်ဉာဏ်များသည် သူမအား စိတ်မကောင်းဖြစ်စေသည်။
အိပ်မက်လေးသည် အိပ်မက်နတ်ဆိုးမျိုးနွယ်၏ အရည်အချင်းအရှိဆုံး လူဖြစ်လေသည်။ သူမသည် နတ်ဆိုးဘုရင် စွမ်းအားနှင့်မွေးဖွားလာပြီး သူမမျိုးနွယ်မှ တခြားသူများထက် ပို၍သန်မာသည်။ အိပ်မက် နတ်ဆိုး မျိုးနွယ်သည် တခြားသော နတ်ဆိုးမျိုးနွယ်များလောက် မရက်စက်သော်လည်း နတ်ဆိုးမျိုးနွယ်ဝင် ဖြစ် သောကြောင့် မကြင်နာတတ်သော သူများဖြစ်သည်။ သို့သော် အိပ်မက်လေးသည် မကြင်နာခြင်းဆိုသည်ကို နားမလည်ပေ။ သူမသည် အဖိနှိပ်ခံထားရသော်လည်း သူမ ဘဝတွင် မကောင်းသည့်အရာမလုပ်ခဲ့ပဲ သူမ မျိုးနွယ်တွင် ပျော်ရွှင်စွာ နေခဲ့သည်။
သို့သော် ထိုကဲ့သို့ ဘဝမျိုးသည် မကြာရှည်ပေ။ လွန်ခဲ့သည့် သုံးနှစ်က တခြားသော အိပ်မက် နတ်ဆိုး မျိုးနွယ်သည် သူမ မျိုးနွယ်အား ဖျက်ဆီးရန် လူခေါ်ခဲ့ပြီး သူမမျိုးနွယ် တစ်ခုလုံးကို သတ်ပစ်ခဲ့သည်။
ထိုကြောက်စရာကောင်းမှုများထဲမှ အိပ်မက်လေး မှတ်မိသည်မှာ သူမ မျိုးနွယ်ဝင်များသည် သူမအား ကာကွယ်ပေးပြီး သူမ ခေါ်သွားခံရချိန်တွင် ကာကွယ်ပေးခဲ့သည်ကို သူမ ကောင်းစွာ မှတ်မိလေသည်။
သူမ ခန္ဓာကိုယ်ထဲတွင် တစ်စုံတစ်ရာရှိကာ သူတို့ထိုအရာအား ရယူရန်အတွက် ဖမ်းရခြင်း ဖြစ်ကြောင်း ပြောလေသည်။ ထိုအရာသည် သူမ နှလုံးသားအတွင်းရှိကာ သူတို့သည် သူမနှလုံးသားအား ပိုင်းဖြတ်ရန် လုပ်ခဲ့ သည်။ သို့သော် သူမ နှလုံးအား ရန်ပြုမည်အလုပ်တွင် သူတို့ တိုက်ခိုက်မှုသည် တန်ပြန်လာခဲ့သည်။ သူတို့ နှစ်ပေါင်းများစွာ ကြိုးစားပြီးနောက်တွင် သူမ နှလုံးသားသည် အသက်ရှင်နေရန်လိုအပ်သည်ကို သိသွားပြီး သူမ အား အသက်ရှင်လျက်ထားလေသည်။
သူမသည် မပျက်စီးနိုင်သော နတ်ဆိုးသားရဲဖြစ်သည်။ သူမသည် နတ်ဆိုးဘုရင် စွမ်းအားဖြင့် မွေးဖွား လာခဲ့သောကြောင့် မပျက်ဆီးနိုင်ပေ။ သူမအား ရှင်းပစ်ရန် နည်းလမ်းမရှိပေ။ သည်လိုနှင့် သူမသည် အပိတ်ခံ ထားရကာ နေ့အလင်းရောင်ကို မမြင်ရတော့ပေ။
လုံခြုံရန်အတွက် သူတို့သည် ယိလင်းတိုင်းပြည်ကိုခေါ်ဆောင်လာပြီး ဝေဒနာမေ့ပျောက်ခြင်းကျွန်းတွင် ထားခဲ့လေသည်။ သူတို့ သူမအား ပိတ်မထားခင်တွင် သူမ မှတ်ဉာဏ်များအား ဖျက်သောကြောင့် သူမ ကြုံခဲ့ရသမျှကို မမှတ်မိနိုင်တော့ပေ။ သူတို့သည် သူမအား မပိတ်ခင်တွင် ချိပ်ပါပိတ်ခဲ့သည်။
ထိုအချိန်အတွင်းတွင် အိပ်မက်လေးသည် သူမ ဘယ်ရောက်နေသည်… ဘာတွေကြုံတွေ့ခဲ့ရသည်ကို မသိပေ။ သူမကိုယ် သူမပင်လျှင် မမှတ်မိပေ။ ထို့ကြောင့် သူမသည် တစ်ချိန်လုံး ထိုအခြေအနေတွင်သာ နေခဲ့ရ သည်။
သူတို့သည် အိပ်မက်လေးအား တစ်သက်လုံးပိတ်ထားသော်လည်း ရှီမာယူယူတို့ ထိုနေရာသို့ရောက် လာကာ သူတို့ အတားအဆီးများအားလုံးကို ဖျက်ဆီးကာ မှတ်ဉာဏ်များပြန်ရသွားပြီး ရှီမာယူယူတို့ စာချုပ်ချုပ်လိုက်သည့် ကိစ္စကို သူတို့ တွေးမိမည်မဟုတ်ပေ။
အိပ်မက်လေးသည် ထိုနေရာတွင် မည်မျှကြာအောင် အပိတ်ခံထားရသည်ကိုပင် မသိတော့ပေ။
ထိုနှစ်များတွင် သူမသည် ကျွန်းပေါ်ရှိ သက်ရှိများအားလုံးကို စားသောက်ခဲ့သည်။ ထိုသည်မှာ သူမ ခန္ဓာကိုယ် ချိပ်ပိတ်ခံထားရသော်လည်း အပြင်ပိုင်းကို ထိန်းချုပ်ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော်… သူမ ဆာလောင်သောကြောင့်ပင်။
“သခင် ဆပ်ပြာမြှုပ်က လန်းသွားတာပဲ” အိပ်မက်လေးသည် သူမ ဖြတ်ကျော်ခဲ့သမျှကို မမှတ်မိသေးပေ။ သူမသည် ပျော်ရွှင်စွာ ရေကူးလေသည်။
“ဒါဆို ကြာကြာရေစိမ်လေ” ရှီမာယူယူသည် သူမခေါင်းအား ပုတ်ပြီး ပြောလေသည်။
“ဒါပေမဲ့…” အိပ်မက်လေးသည် ရှီမာယူယူအား ရှက်ပြီး ကြည့်လေသည်။
“ဘာဖြစ်လို့လဲ” ရှီမာယူယူ မေးလိုက်သည်။
“ရေစိမ်တာ သက်တောင့်သက်သာရှိပေမယ့် ဗိုက်ဆာနေပြီ” အိပ်မက်လေးသည် ခေါင်းငုံ့ကာ တိုးတိုးလေး ပြောလေသည်။ ရှီမာယူယူ အနည်းငယ်ပြုံးလိုက်သည်။ သူမသည် ရစ်ငှက်တစ်ခြံလုံးကို စားသောက်ပြီးတာတောင် ဗိုက်ဆာနေသေးတယ်။
“ဒါဆို သွားစားရအောင်” သူမ မတ်တတ်ရပ်ကာ အဝတ်များလဲဝတ်ပေးလိုက်သည်။ သူမ အဝတ်များဝတ် ပေးလိုက်သဖြင့် ကလေးငယ်နှင့် မလိုက်ဖက်သည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူမသည် တုလေး၏ အဝတ်များကို ထုတ်ပြီး အိပ်မက်လေးကို ဝတ်ပေးလိုက်သည်။ သူမသည် ထူးဆန်းစွာ ကြည့်သော် လည်း ထိုအတိုင်းလိုက်လုပ်ရမည်။ သူတို့ အပြင်ထွက်လျှင် အိပ်မက်လေးအတွက် အဝတ်တွေ ပြင်ပေးရမည်။ အိပ်မက်လေးသည် သိပ်မတော်သော အဝတ်များ ဝတ်ရသော်လည်း ပျော်ရွှင်စွာ ပြုံးလိုက်သည်။ သူမ သခင်သည် သူမအပေါ် ကြင်နာလွန်းသည်။
ရှီမာယူယူသည် သူမအား စားသောက်ခန်းမသို့ ခေါ်သွားပြီး သူတို့ မဝင်ခင်တွင် မွှေးပျံ့သော အနံ့ရ လိုက်သည်။
“မွှေးလိုက်တာ သခင်” သူတို့ အပြင်တွင် ရှိစဉ်ပင် အိပ်မက်လေးသည် ရှီမာယူယူ၏ လက်ကို ကိုင်ပြီး ပြောလေသည်။
“အထဲဝင်ပြီး သူတို့ချက်ထားတာတွေ ကြည့်ရအောင်”
“ကောင်းပြီ”
စားသောက်ခန်းမတွင် သားကောင်အရိုင်းများကို ကင်ထားကာ ခန်းမတစ်ခုလုံး အပြည့်ဖြစ်သည်။ သူတို့ ဝင်လာသောအခါ ဖက်တီးကျူသည် ချွေးများသုတ်ကာ ပြောလေသည် “ဒီ တစ်ယောက်ယောက်အတွက် ချက်ပေးရမယ့် နေ့ရောက်လာမယ်လို့ ထင်မထားဘူး”
“သခင် ဒါတွေအကုန် သမီးအတွက်လား” အိပ်မက်လေး မေးလိုက်သည်။
“ဟုတ်တယ် သွားစားတော့” ရှီမာယူယူသည် သူမအား စားပွဲဘေးခေါ်သွားရာ ကြက်ကင်ကို ကိုင်ပြီး စားတော့သည်။
အိပ်မက်လေးသည် အသားကင်သည် အသားစိမ်းလောက် အရသာမရှိဟုထင်သောကြောင့် ပထမဆုံး တစ်ကိုက်တွင် မျက်မှောင်ကြုတ်လိုက်သည်။ ရှီမာယူယူသည် လူသားခန္ဓာကိုယ်အကြောင်း ပြောပြထားသဖြင့် ဆက်စားလေသည်။ သူမ ကြက်ကင် တစ်ကောင်လုံးစားပြီးနောက် တခြားသော အရသာရှိသော အစား အသောက်များကို စတင်စားလေသည်။ ချက်ပြုတ်ထားသော အသားများသည်လည်း သူမ ထင်ထားသလောက် မဆိုးဟု တွေးကာ ပျော်ရွှင်လာသည်။
လျင်မြန်စွာပင် ဘေဂုံထန်နှင့် တခြားသူများ ချက်ပြုတ်ထားသော အစားအစာများသည် အိပ်မက်လေး ၏ ဗိုက်ထဲရောက်သွားလေသည်။