← Chapters

အပိုင်း(၅၅၈)

Vol. 38 Ch. 558

အပိုင်း(၅၅၈)

Vol. 38 Ch. 558

ရှစ်ကျင်းရွှိုက်မှာ ရှစ်ုဖန့်က ဧကရာဇ်ရှောင်ယောင်၏ တပည့်ဖြစ်သည်အားသူပြောနိုင်သည်ကို တွေးမိပြီး အံ့အားသင့်သောအမူအယာတစ်ခုအားလှစ်ဟပြသလာသည်။

ရှစ်ဖုန့်က ရှစ်ကျင်းရွှိုက်အား များစွာမရှင်းပြပေ။ထိုအစား  ခေါင်းညိမ့်ပြီး ရှစ်ကျင်းရွှိုက်ကို ပြောလိုက်သည်။

“မိုရှောင်ယောင်နဲ့ဒီသခင်လေးက တကယ်ကို ဆရာတပည့်တွေပဲ”

ရှစ်ဖုန့်ကခေါင်းညိမ့်ပြီး  ဝန်ခံလိုက်သည်ကိုတွေ့လိုက်ရသောအခါတွင်   ရှစ်ကျင်းရွှိုက်က  ရှစ်ဖုန့်က့သူ့ကိုယ်သူ မိုရှောင်ယောင်၏တပည့်ဖြစ်ကြောင့်ဝန်ခံသည်ဟု တွေးလိုက်သည်။  သူက အသိအမြင်ရှင်းလင်းသွားသော ပုံစံဖြင့်  ပြောလိုက်သည်။

“ညီလေးရှစ်က ဒီလိုမျိုးအသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အခုလိုအောင်မြင်မှုတွေရနေတာကို မအံ့ဩတော့ပါဘူး…ဧကရာဇ်ကျိုးယိုလက်အောက်ကလူတွေအားလုံးကထူးခြားတဲ့သူတွေကြီးပဲဟာ”

ရှစ်ကျင်းရွှိုက်၏ စကားများအားကြားပြီးနောက် ရှစ်ဖုန့်က ပြောလိုက်သည်။

“ဒီသခင်လေးရဲ့အောင်မြင်မှုတွေအားလုံးက ကိုယ့်ကိုယ်ပိုင်စွမ်းရည်နဲ့ခက်ခက်ခဲခဲကြိုးစားပြီးတော့ရလာတာ.. ဘဘ်သူနဲ့မှ မဆိုင်ဘူး”

“အာ”

ရှစ်ဖုန့်၏စကားအားကြားပြီးနောက်ရှစ်ကျင်းရွှိုက်   ခေတ္တခဏမျှကြက်သေသေသွားပြီး   “အာ”ဟုသာပြန်ဖြေနိုင်သည်။ျ

ရှစ်ကျင်းရွှိုက်၏အမြင်တွင် ရှစ်ဖုန့်၏စကားများက  သူ့ကိုယ်သူသာအားကိုးအားထားပြုပြီး သူ၏ဆရာဖြစ်သူ ဧကရာဇ်ရှောင်ယောင်နှင့်ဘာမှမပက်ဟုဆိုလိုသလိုဖြစ်နေ၏။  ယင်းက တကယ်ကို တော်တော်လေး စိတ်ကြီးဝင်ဘဝင်ကိုင်လွန်းခြင်းပင်ဖြစ်သည်။

ပြီးတော့သူက၎င်း၏ဆရာဖြစ်သည်။ ဧကရာဇ်မိုရှောင်ယောင်က ၎င်းအား  ပြိုင်ဘက်ကင်းသိုင်းပညာရပ်များအား သင်ကြားပေးခဲ့မည်သာဖြစ်၏။  ရှစ်ကျင်းရွှိုက် သူ့ဖာသာသူတွေး၍ပြောလိုက်သည်။

ထို့နောက် ဤအချိန်တွင် အခန်းအပြင်ဘက်မှ ချိုသာသော မိန်းကလေးတစ်ဦး၏အသံထွက်ပေါ်လာသည်။

“သခင်လေး . .သခင်လေးရဲ့အမိန့်အရ ဆေးတွေကို ပြင်ဆင်ထားပြီးပါပြီ”

မိန်းကလေး၏အသံအားကြားရသောအခါတွင်  ရှစ်ကျင်းရွှိုက်၏ အကြည့် ပိတ်ထားသောတံခါးဆီသို့ရောက်သွားပြီး ပြောလိုက်သည်။

“ကောင်းတယ်..အထဲကိုယူလာခဲ့”

“ဟုတ်ကဲ့..”

မိန်းကလေးကပြန််ဖြေ၏။ ထို့နာက် အခန်းတံခါးကထပ်မံပွင့်လာပြီး လှပသည်ဟုသုံးသပ်၍ရသော မိန်းမငယ်က ရှစ်ဖုန့်နှင့်ရှစ်ကျင်းရွှိုက်တို့၏ရှေ့တွင်ထပ်မံပေါ်လာသည်။

မိန်းကလေးအခန်းအတွင်းဝင်လာပြီးသည့်နောက်တွင်  တံခါးဘေးသို့သူမဆုတ်ခွာလိုက်သည်။  ဤအခိုက်အတန့်တွင်   သန်မာသောယောက်ျားနှစ်ယောက်က ရှေ့တစ်ယောက်နောက်တစ်ယောက်နေ၍ အဖြူရောင်ကျောက်ဇလားကြီးတစ်ခုအားသယ်ဆောင်လာပြီး အခန်းအတွင်းသို့သူမ၏နောက်မှလိုက်ပါလာသည်။

ရှစ်ကျင်းရွှိုက်က သူ၏လက်အတွင်းမှ  ရွှေရောင်ယပ်တောင်အား  ပိတ်လိုက်ပြီး အခန်းအတွင်းသို့ဝင်လာသောသန်မာသည့်ယောက်ျားနှစ်ယောက်အား ထိုးညွှန်ပြလိုက်သည်။အခန်းအတွင်း သရပ်ကြော့ရှင်းသော အိပ်ယာကုတင်တစ်ခု၏ရှေ့သို့ညွှန်ပြပြီးပြောလိုက်သည်။

“အဲ့မှာထားလိုက်”

“ဟုတ်ကဲ့”

တုတ်ခိုင်သန်မာသော လူနှစ်ယောက်က တစ်ချိန်တည်းတွင်ဖြေလိုက်ကြသည်။ ထို့နောက်ကသူတို့ကအဖြူရောင်ကျောက်ဇလားကြီးအား ဆက်လက်သယ်ဆောင်ပြီး ရှစ်ကျင်းရွှိုက်၏ ညွှန်ကြားချက်အတိုင်း ကုတင်ရှေ့၌ထားလိုက်၏။

သူတို့လုပ်စရာကိစ္စပြီးသည့်နောက် တုတ်ခိုင်သန်မာသောလူနှစ်ယောက်နှင့် လှပသော အမျိုးသမီးတို့မှာ  အခန်းအတွင်းမှအတူတကွပြန်ထွက်သွားကြသည်။

၎င်းတို့သုံးဦးထွက်ခွာသွားပြီးနောက် ရှစ်ကျင်းရွှိုက်ကလည်းထရပ်လိုက်ပြီး ရှစ်ဖုန့်ကိုပြောလိုက်သည်။

“ညီလေးရှစ်.. အားလုံးကိုစီစဉ်ထားပြီးပြီ.. မင်းအနားယူပြီးတော့ဒီမှာအခြေချလို့ရတယ်. ငါမင်းကိုထပ်ပြီး မနှောက်ယှက်တော့ဘူး.. ငါအရင်ဆုံးသွားတော့မယ်”

“ကောင်းပြီ”

ရှစ်ဖုန့်က မတ်တရပ်နေသော ရှစ်ကျင်းရွှိုက်အား ခေါင်းညိမ့်ပြလိုက်ပြီးပြောလိုက်သည်။

“နောက်ဆုံးနေ့ကြရင် ..ဒီသခင်လေးကို ခေါ်ဖို့သတိရပါ”

“အင်း..သေချာပေါက်ပဲပေါ့”

ရှစ်ကျင်းရွှိုက်က ပြုံး၍ ခေါင်းညိမ့်လိုက်သည်။စကားပြောပြီးနောက် ရှစ်ကျင်းရွှိုက်က လှည့်လိုက်ပြီး သန့်ရှင်းသပ်ရပ်သောအခန်းအတွင်းမှထွက်ခွာသွားကာ သူ၏ရွှေရောင်ယပ်တောင်အား  ညင်သာစွာ ဝေ့ယမ်းသွားသည်။

ရှစ်ကျင်းရွှိုက်ထွက်ခွာသွားပြီးနောက်  ရှစ်ဖုန့်ကလည်းထရပ်လိုက်သည်။ သူ၏လက်အားလှမ်းလိုက်ပြီး  စားပွဲပေါ်ရှိ ကျောက်ပုလင်းသုံးပုလင်းနှင့် ကျောက်သေတ္တာတစ်လုံးတို့အား ယူလိုက်သည်။

သူ၏ညာလက်ကောက်ဝတ်အားဖျက်ခနဲလုပ်လိုက်ပြီး   ကျောက်ပုလင်းသုံးပုလင်းအား သူ၏သိုလှောင်လက်စွပ်အတွင်းသို့ထည့်လိုက်၏။  သူ၏ညာလက်ထဲ၌ သွေးသားမြက်ပင်ပါဝင်သော ကျောက်သေတ္တာကိုတော့ကိုင်ထားဆဲဖြစ်သည်။

ထို့နောက် ရှစ်ဖုန့်ကလှည့်လိုက်ပြီး   ကုတင်ရှေ့ရှိ ကျောက်ဇလား ထံသို့လျှောက်သွားလိုက်သည်။ အဖြူရောင်ကျောက်ဇလားထံသို့ ရှစ်ဖုန့်ရောက်သောအခါတွင်  သူ၏ခေါင်းကိုငုံ့ကာ ဇလားအတွင်းမှအရည်တို့ကိုကြည့်လိုက်သည်။

ကျောက်ဇလားအတွင်းမှ အစိမ်းရောင်အရည်တို့ကို ကြည့်၍ ရှစ်ဖုန့် အနည်းငယ်ခေါင်းညိမ့်လိုက်၏။ဤဆေးရည်မှာ သူတောင်းဆိုထားသော ဆေးအမယ်များဖြင့်ပြုလုပ်ထားခြင်းဖြစ်သည်။ အမှားအယွင်းလုံးဝရှိမနေပေ။

ထို့နောက်အတွေးတစ်ချက်ဖြင့် ရှစ်ဖုန့်၏ ကိုယ်၌ သွေးနီရောင်မီးတောက်တစ်ခုဟုန်းခနဲတောက်လောင်လာသည်။ သွေးနီရောင်မီးတောက်၏တောက်လောင်မှုအောက်တွင် ရှစ်ဖုန့်၏အနက်ရောင်ဝတ်ရုံမှာ ဘာမှကျန်ရစ်ခြင်းမရှိသည်အထိ ရုတ်ခြည်းလောင်ကျွမ်းသွားသည်။

သွေးနီရောင်မီးတောက်များက  နောက်တစ်ကြိမ် ထပ်မံ၍ ရှစ်ဖုန့်ကိုယ်အတွင်းစုပ်ယူခံလိုက်ရပြီး ရုတ်ခြည်းချက်ချင်းပျောက်ကွယ်သွားသည်။ ဤအချိန်တွင် ရှစ်ဖုန့်တစ်ကိုယ်လုံးက လုံးဝအဝတ်ဗလာဖြစ်နေသည်။

ရှစ်ဖုန့်၏ပုံရိပ်က လှုပ်ရှား သွားပြီး သူ၏တစ်ကိုယ်လုံးကအဖြူရောင်ကျောက်ဇလားထက်သို့လွင့်မျောသွားသည်။  ထို့နောက် အဖြူရောင်ကျောက်ဇလားအတွင်းသို့ ဖြည်းဖြည်းချင်းနစ်ဝင်သွား၏။ဆေးရည်ကသူ၏အရေပြားဖြင့် ထိသောအခါတွင်  ရုတ်တရက် ပုံမှန်မဟုတ်သော သက်သောင့်သက်သာဖြစ်သည့် ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။

ဤအချိန်တွင် သွေးနီရောင်မီးတောက်က ရှစ်ဖုန့်၏ ညာလက်ပေါ်၌ ထပ်မံလောင်ကျွမ်းလာသည်။ ရှစ်ဖုန့်၏ညာလက်ထဲရှိ ကျောက်သေတ္တာမှာ  သွေးနီရောင်မီးတောက်တို့ကြောင့် ရှစ်ဖုန့်၏ ဝတ်ရုံကဲ့သို့  ဘာမှကျန်ရစ်ခြင်းမရှိတော့သည်အထိ လောင်ကျွမ်းသွားသည်။

ဂျင်ဆင်းပင်ကဲ့သို့ပုံစံရှိသောသွေးနီရောင်သွေးသားမြက်ပင်က ရှစ်ဖုန့်၏လက်အတွင်းပေါ်လာ၏။  ၎င်းကသွေးနီရောင်အလင်းတစ်ခုတောက်ပနေပြီး   စည်းချက်ညီညီဖြင့် အသက်ရှူနေသကဲ့သို့  မှိန်လိုက်လင်းလိုက်ဖြစ်နေသည်။

ရှစ်ဖုန့်က သူ့လက်အတွင်းရှိ သွေးသားမြက်ပင်အားခြေမွလိုက်ပြီး  ၎င်းအား ကျောက်ဇလားအတွင်းရှိ ဆေးရည်တို့နှင့်ရောနှောလိုက်သည်။  အဓိကဆေးအမယ်ဖြစ်သောသွေးသားမြက်အားပေါင်းထည့်လိုက်ခြင်းကြောင့် မူလက ကျောက်စိမ်းရောင်ရှိသော ဆေးရည်တို့မှာ ရုတ်တရက်  သွေးနီရောင်အဖြစ်ပြောင်းလဲသွားသည်။  ဆေးရည်ဇလားတစ်ခုလုံး  ယခင်သွေးသားမြက်ပင်ကဲ့သို့ပင် သွေးနီရောင်အလင်းတစ်ခုကမှိန်လိုက်လင်းလိုက်ဖြစ်နေသည်။

ဆေးရည်နှင့်သွေးသားမြက်တို့လုံးဝပေါင်းစည်းသွားသည်အားအာရုံခံပြီးနောက်  ရှစ်ဖုန့်ကသူ၏လက်တို့ဖြင့် ဆီးလ်တစ်ခုကို ဖန်တီးလိုက်ပြီး  အသံတိုးတိုးဖြင့်ပြောလိုက်သည်။

“ငရဲဘုံကိုးခု ခန္ဓာသန့်စင်ခြင်း”

ရှစ်ဖုန့်က  ငရဲဘုံကိုး ခု ပညာရပ်ဖြစ်သော ငရဲဘုံကိုးခု ခန္ဓာသန့်စင်ခြင်းနည်းစနစ်အား အဆက်မပြတ်လှည့်ပတ်လိုက်သည်။  ထို့နောက်   သူ၏ခန္ဓာကိုယ်ပေါ်ရှိမွှေးညှင်းပေါက်အားလုံးက  ပွင့်လာပြီး သွေးသားမြက်ပင်နှင့်ပေါင်းစပ်ထားသောဆေးရည်တို့အား ကြီးစိုးသောအသွင်ဖြင့်စုပ်ယူဝါးမျိုနေသည်။

အချိန်တိုလေးအတွင်း ရှစ်ဖုန့်၏ကာယခန္ဓာကိုယ်က အဖြူရောင်ကျောက်ဇလားအတွင်းရှိ ဆေးရည်တို့ကိုစုပ်ယူလိုက်ပြီး ဇလားအတွင်း သန့်စင်သောရေများအဖြစ်သို့ပြောင်းလဲပစ်လိုက်သည်။

ဤအချိန်တွင် ရှစ်ဖုန့်၌ သွေးသားမြက်၏ ခန္ဓာကိုယ်၌ ပြင်းထန်ပြီးကြမ်းတမ်းသော ဆေးဂုဏ်သတ္တိများဖြင့်ပြည့်နှက်နေသည်ဖြစ်သည်။ ယင်းမှာ ကြမ်းကြုတ်သောသားရဲတစ်ကောင်က ရှစ်ဖုန့်၏ကိုယ်အတွင်း၌ လှည့်ပတ်အုံကြွနေသကဲ့သို့ပင်ဖြစ်သည်။

အတွင်းပိုင်းရှိအခြေအနေကြောင့်ရှစ်ဖုန့်၏ ခန္ဓာကိုယ်မှာ စတင်၍ပြင်းထန်စွာတုန်ယင်လာသည်။ သူ၏ခန္ဓာကိုယ်မှလာသောနာကျင်မှုကြောင့် ရှစ်ဖုန့်၏မျက်နှာကဖြည်းဖြည်းချင်းရှုံ့မဲ့လာပြီးခက်ထန်လာသည်။

“စုပ်ယူစမ်း”

ရှစ်ဖုန့်က မကျယ်သောလေသံဖြင့်အော်ပြောလိုက်သည်။  သူ၏အရိုးများ ၊ ကိုယ်တွင်းအစိတ်အပိုင်များ၊ အရွတ်များ၊သွေးနှင့်အသားတို့အား  ပြင်းထန်အားကောင်းသည့်သွေးသားမြက်ပင်၏ ဆေးအာနိသင်များကိုစုပ်ယူရန်ထိန်းချုပ်လိုက်သည်။  ရှစ်ဖုန့်၏ကိုယ်က  ဖြည်းဖြည်းချင်း အကြမ်းခံလာကာ စွမ်းအားကြီးမားလာသည်။

ရှစ်ဖုန့်၏ကိုယ်က တုန်ခါမှုရပ်သွားသောအခါတွင် ရှစ်ဖုန့်၏မျက်နှာကဖြည်းဖြည်းချင်း ပုံမှန်အတိုင်းပြန်လည်တည်ငြိမ်လာသည်။ ရှစ်ဖုန့်၏ကိုယ်က  သွေးသားမြက်ပင်၏ဆေးအာနိသင်တို့အား လုံးဝစုပ်ယူပြီး ချေဖျက်ပစ်လိုက်သည်။

ဤအချိန်တွင် ရှစ်ဖုန့်က မကျယ်သောလေသံဖြင့် အော်ပြောလိုက်သည်။

“ဟား”

အော်သံနောက်သို့လိုက်ပါ၍ ရုတ်တရက်ရှေ့သို့လက်သီးတစ်လုံးပစ်သွင်းလိုက်၏။

“ဘန်း”

ရုတ်ခြည်း ပြင်းထန်သောမိုးချုန်းသံကဲ့သို့ပေါက်ကွဲသံတစ်ခုက ဤအခန်းအတွင်းတွင်ထွက်ပေါ်လာသည်။  အဖြူရောင်ကျောက်ဇလားမှာလည်းနောက်တစ်ကြိမ် ပေါက်ကွဲသွားသည်။ အကျိုးအပဲ့အစအနများကနေရာအနှံ့ ကျယ်ပြန့်စွာလွင့်ပျံသွားပြီး  ရေကြည်တို့က ကြမ်းပြင်အနှံ့စီးဆင်းသွားသည်။

ပေါက်ကွဲသံကရုတ်ခြည်းဖြစ်ပေါ်လာပြီးချက်ချင်းပဲပျောက်ကွယ်သွားသည်။  အခန်းကထပ်မံဆိတ်ညိမ်သွားသောအခါတွင် ရှစ်ဖုန့်မှာ ရေစီးများပေါ်၌ အဝတ်မဲ့ခန္ဓာကိုယ်ဖြင့်ရပ်နေဆဲဖြစ်သည်။

အစောပိုင်းကလက်သီးစွမ်းအားအား  ဂရုတစိုက်အာရုံခံရင်း  ရှစ်ဖုန့်က စိတ်ကျေနပ်စွာဖြင့်ခေါင်းညိမ့်လိုက်သည်။ အဆင့်ရှစ်မဟာသူတော်စင်နယ်ပယ်ဆေးပင် ဖြစ်သောသွေးသားမြက်ပင်အားလုံးဝစုပ်ယူပြီးသည့်နောက်၌ ရှစ်ဖုန့်၏လက်ရှိကာယခန္ဓာခွန်အားမှာ ကြယ်သုံးပွင့်ဘိုးဘေးနယ်ပယ်အဆင့်သို့ ရောက်ရှိသွားပြီးဖြစ်သည်။  အစောပိုင်းကပြင်းထန်သောလက်သီးချက်က  ကြယ်သုံးပွင့်ဘိုးဘေးနယ်ပယ်ကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်မှုနှင့်ညီမျှသည်ဖြစ်သည်။

ဆက်ရန်…

ဘာသာပြန်သူသ-ARISE

All Chapters