← Chapters

အပိုင်း(၅၅၉)

Vol. 38 Ch. 559

အပိုင်း(၅၅၉)

Vol. 38 Ch. 559

ရှစ်ဖုန့်၏ကာယခန္ဓာကကြယ်သုံးပွင့်ဘိုးဘေးနယ်ပယ်သို့ရောက်ရှိပြီးသည့်နောက်တွင် သူ၏ညာလက်အားဖျက်ခနဲလှုပ်ရှားလိုက်ပြီး  သူ၏သိုလှောင်ကလက်စွပ်အတွင်းသို့ထည့်ထားသောအဖြူရောင်ကျောက်ပုလင်းသုံးလုံးက ရှစ်ဖုန့်၏လက်ထဲ၌နောက်တစ်ကြိမ်ပေါ်လာသည်။

သူ၏ကာယခန္ဓာကိုယ်အား အဆင့်မြှင့်တင်ပြီးနောက် ရှစ််ဖုန့်က အဆင့်ရှစ်ဆေးလုံးများဖြစ်သော မဟာသူတော်စင်ယွမ်ဆေးလုံးများကို သူ၏သိုင်းပညာအဆင့်ကို မြှင့်တင်ရန်အတွက် စားသုံးရန်အဆင်သင့်ဖြစ်နေသည်။

ရှစ်ဖုန့်က သူ၏ညာလက်အား  ကျစ်နေအောင်ဆုပ်လိုက်ပြီး “ဘန်း”ဟူသောအသံနှင့်အူတ သူ၏လက်ထဲရှိ ကျောက်ပုလင်းသုံးခုက ရုတ်ခြည်းအပိုင်းပိုင်းကြေမွသွားသည်။  သူ၏လက်ဖဝါးအားဖွင့်လိုက်သောအခါတွင်  လုံးဝန်းသောရွှေရောင်ဆေးလုံးသုံးလုံးက ရှစ်ဖုန့်၏လက်ဖဝါးအတွင်း၌ လဲလျောင်းနေ၏။

သာမန်ကြယ်ခုနှစ်ပွင့် သူတော်စင်နယ်ပယ်ကျင့်ကြံသူတစ်ယောက်အ တွက် အကန့်သတ်မဲ့သန့်စင်သောမူလစွမ်းအင်တို့ပါဝင်သည့် မဟာသူတော်စင်နယ်ပယ်ယွမ်ဆေးလုံးတစ်လုံးကလုံလောက်သည်ထက်ပိုသည်ဖြစ်သည်။ ဤအချိန်တွင် ရှစ်ဖုန့်ကတော့  မဟာသူတော်စင်ယွမ်ဆေးလုံးသုံးလုံးစလုံးအားသူ၏ပါးစပ်အတွင်းပစ်ထည့်လိုက်၏။

ထို့နောက်သူ၏ကိုယ်အားနှိမ့်၍ ကြမ်းပြင်ထက်၌ တင်ပျဉ်ခွေထိုင်ချလိုက်သည်။ အိုင်ထွန်းနေသော ရေတို့နှင့် အဖြူရောင်ကျောက်ပုလင်းအပိုင်းအစတို့ကြောင့်ရှစ်ဖုန့်ချီတုံချီချဖြစ်နေပုံမရချေ။   သူ၏လက်နှစ်ဖက်လုံးဖြင့် ဆီးလ်သင်္ကေတတစ်ခုအား စတင်ပုံဖော်လိုက်ပြီး   မဟာသူတော်စင်ယွမ်ဆေးလုံး သုံးလုံးမှ အကန့်သတ်မဲ့သန့်စင်သောမူလစွမ်းအင်များကိုစုပ်ယူလိုက်သည်။

ခဏလေးနှင့် လေးရက်တာကုန်ဆုံးသွားခဲ့သည်။ ယနေ့က သတို့သား ရွေးချယ်ပြိုင်ပွဲမတိုင်ခင်နောက်ဆုံးရက်ဖြစ်၏။

မနက်ဖြန်မှာ ထျန်းလျန်အင်ပါယာဧကရာဇ်၏သမီးဖြစ်သူ ကောလဟာလများအရ အရှေ့ပိုင်းဒေသကြီးအတွင်းနံပါတ်တစ်အလှပိုင်ရှင်မင်းသမီးလင်လုံအတွက်သတို့သားရွေးချယ်ပြိုင်ပွဲကျင်းပမည့်ရက်ဖြစ်သည်။

ဤအချိန်တွင် ထျန်းလျန်အင်ပါယာတော်ဝင်မြို့တော်၌ ဆူညံသံများ စိတ်လှုပ်ရှားပျော်ရွှင်သံများဖြင့် အုတ်အုတ်ကျတ်ကျတ်စည်ကားနေသည်။

မြို့တစ်ခုလုံးက လူများဖြင့် အုံခဲပြွတ်သိပ်နေ၏။   ထျန်းလျန်အင်ပါယာ တော်ဝင်မြို့တော် ၏အလယ်ဗဟိုတွင်  ထျန်းလျန်အင်ပါယာ ဧကရာဇ်မင်းဖြစ်သူ၏ အမိန့်အရ တိုက်ခိုက်ရေးစင်မြင့်အခုတစ်ရာအား တည်ဆောက်ထားပြီးဖြစ်သည်။

“ညီလေးရှစ်. တစ်ချက်ကြည့်လိုက်.. ဒါ‌တွေကလန်ယွမ်အမိန့်ပေးတည်ဆောက်ထားတဲ့  တိုက်ပွဲစင်မြင့်အခုတစ်ရာပဲ..စင်မြင့်တစ်ခုစီတိုင်းမှာ ပြိုင်ပွဲအတွင်း ကျင့်ကြံသူတွေရဲ့စွမ်းအားတွေ အပြင်ကိုစိမ့်ထွက်လာပြီး  စင်မြင့်အနီးအနားက ပွဲကြည့်သူတွေကို ထိခိုက်ဒဏ်ရာဖြစ်စေတာကနေတားဆီးဖို့အတွက်   စွမ်းအားကြီးတဲ့ ကန့်သတ်မှုတစ်ခုကို ကာထားတယ်”

ထျန်းလျန်အင်ပါယာ၏ တော်ဝင်မြို့တော်အလယ်ဗဟိုတွင် ပုံရိပ်နှစ်ခုက လူအုပ်ကြားထဲလျှောက်လှမ်းနေသည်။  တစ်ယောက်ကရွှေရောင်ကိုဝတ်ဆင်ထားပြီးတစ်ရောက်က အနက်ရောင်ကိုဝတ်ဆင်ထား၏။  ၎င်းတို့မှာ ရွှေရောင်ဝတ်စုံကိုဝတ်ဆင်ထားကာ ရွှေရောင်ယပ်တောင်တစ်ချောင်းအား ကိုင်ဆောင်ထားသော ချောမောသော သခင်လေးဖြစ်သူရှစ်ကျင်းရွှိုက်နှင့်ရှစ်ဖုန့်တို့ပင်ဖြစ်သည်။

ထို့နောက် ရှစ်ကျင်းရွှိုက်က ရှစ်ဖုန့်အား ပြောလိုက်သည်။

“ဒီနေ့စာရင်းပေးသွင်းခဲ့တဲ့ကျင့်ကြံသူအရေအတွက်က  တစ်သောင်းကျော်တယ်လို့ငါသတင်းရထားတယ်…ကောလဟာတွေအရ အရှေ့ပိုင်းဒေသကြီးသာမကဘဲ တောင်ပိုင်းဒေသကြီး..အနောက်ပိုင်းဒေသကြီး.. မြောက်ပိုင်းဒေသကြီးနဲ့ အလယ်ပိုင်းဒေသကြီးတို့ကလည်း ကျင့်ကြံသူအများကြီးစေလွှတ်လိုက်တယ်တဲ့.. မင်းသမီးလင်လုံးရဲ့ စွဲဆောင်နိုင်စွမ်းကတော့ တကယ့်ကို အံ့ဖွယ်ပဲ..”

ရှစ်ကျင်းရွှိုက်မှာ စိတ်ထဲရှိသည့်အတိုင်းညည်းညူလိုက်သည်။

“ဒီသခင်လေးကြားတာ မင်းလည်းစာရင်းသွင်းထားတယ်ဆို”

ရှစ်ဖုန့်က လှည့်၍ ရှစ်ကျင်းရွှိုက်အားမေးလိုက်သည်။

“ဟားဟား.. “

ရှစ်ဖုန့်၏မေးခွန်းအားကြားရသောအခါတွင် ရှစ်ကျင်းရွှိုက်ကရယ်မောလိုက်ပြီးပြောလိုက်သည်။

“ဒါပေါ့ ..ဒီလိုအလှလေးကိုဘယ်သူကမလိုချင်ပဲနေမှာလဲ..ကံကောင်းထောက်မလို့ ငါ့မှာ ပါရမီရှင်တွေနဲ့ ကျွမ်းကျင်သူတွေကို ရှောင်နိုင်ရင်လည်းရှောင်နိုင်သွားလောက်တယ်လေ..နောက်ဆုံးကြ သူတို့တွေသေတဲ့အထိတိုက်ပြီးရင် နှစ်ဖက်လုံးထိခိုက်ဒဏ်ရာတွေရ..အဆုံးသတ်မှာ ငါက အထက်စီးကနေအသာရနိုင်တာပဲ”

ရှစ်ကျင်းရွှိုက်၏ စကားများအားကြားပြီးနောက်တွင် ရှစ်ဖုန့်က ခပ်ရေးရေးသာပြုံးလိုက်ပြီး  ခေါင်းခါယမ်းလိုက်သည်။

“အဲ့လိုအခွင့်အရေးမျိုးက အရမ်းကို သေးသွယ်မှာပဲဒီသခင်လေးကြောက်မိတယ်.. ..မင်းကိုကံကောင်းအောင်နတ်ဘုရားတွေကောင်းချီးပေးပါစေ”

“ညီလေးရှစ်..ကြည့်လိုက်”

ဤအချိန်တွင်   ရှစ်ကျင်းရွှိုက်ကသူ့ဘေးရှိ ရှစ်ဖုန့်အား  အပေါ်သို့ဒေါင်လိုက် ထိုးညွှန်ပြလိုက်သည်။ ရှစ်ကျင်းရွှိုက်ညွှန်ပြရာဘက်မှာ ထျန်းလျန်အင်ပါယာတော်ဝင်မြို့တော်အတွင်းရှိ စားသောက်ဆိုင်တစ်ခု၏ခေါင်မိုးထံသို့ဖြစ်သည်။  ဤအချိန်တွင် စားသောက်ဆိုင်၏ခေါင်းမိုးထက်၌ ပုံရိပ်တစ်ခုက ရပ်နေသည်။

ထိုလူက လိမ္မော်ရောင်ဝတ်ရုံကိုဝတ်ဆင်ထား၏။ သူ၏တစ်ခေါင်းလုံးက အဝါရောင်ဆံပင်တိုတို့ဖြင့်ပြည့်နေပြီး  ယောက်ျားပီသကာ သူရဲကောင်းဆန်သောမျက်နှာရှိသည်။  သူကအောက်ရှိလှုပ်ရှားနေသောလူအုပ်အားကြည့်နေ၏။  သူ၏မျက်လုံးတို့က ထူးခြားက လူများအားစူးရှမှုတစ်ခုကိုခံစားရစေသည်။

ထို့နောက်ရှစ်ကျင်းရွှိုက်က ထိုလူအား ညွှန်ပြပြီး ရှစ်ဖုန့်အား မိတ်ဆတ်ပေးသည်။

“ဒီလူက လုံဟူဂိုဏ်းက သခင်လေး ဝမ့်ကုန်းပဲ သူကအသက်နှစ်ဆယ့်ရှစ်နှစ်ရှိပြီးတော့ ထျန်းလျန်အင်ပါယာရဲ့ ထိပ်ဆုံးအဆင့်ကျွမ်းကျင်သူဆယ်ယောက်ထဲမှာနံပါတ်ကိုးချိတ်တယ်.. သူကဗိုလ်ချုပ်ကျိရှောင်းရဲ့အထက်မှာရှိတယ်..  သူကအကြွင်းမဲ့ပါရမီရှင်တစ်ဦးပဲ.. ကောလဟာလတွေအရသူကလွန်ခဲ့တဲ့တစ်နှစ်လောက်ကတည်းက  ကြယ်တစ်ပွင့်မဟာသူတော်စင်နယ်ပယ်အဆင့်ကိုရောက်နေပြီတဲ့”

“လုံဟူဂိုဏ်းလား”

ရှစ်ကျင်းရွှိုက်၏ စကားအားကြားပြီးနောက်   ရှစ်ဖုန့် အနည်းငယ်မျက်မှောင်ကြုတ်သွားသည်။ ဤနမည်အားအနည်းငယ်အမှတ်ရနေသလိုခံစားရ၏။

“ဟုတ်သားပဲ”

ရှစ်ဖုန့်မှာ သေခြင်းတားမြစ်နယ်မြေအပြင်ဘက်မှ လူငယ်သုံးယောက်အားအမှတ်ရလိုက်သည်။ သူ့နားရှိထိုလူသုံးယောက်ထံမှ၎င်းတို့က လုံဟူဂိုဏ်းမှဖြစ်သည်ဟုပြောသည်ကိုကြားခဲ့၏။ သူတို့ထဲမှတစ်ယောက်မှာ လုံဟူဂိုဏ်း၏ သခင်လေးဖြစ်ပုံပေါ်သည်။  ၎င်း၏မိသားစုနမည်က ဝမ့်ဖြစ်ပြီး နမည်က ပိုင်ဖြစ်သည်။

“သူတို့ကြားထဲမှာ ပက်သက်မှုတစ်ချို့တော့ရှိရမယ်”

ရှစ်ဖုန့်က သူ့ဖာသာသူတီးတိုးရေရွတ်လိုက်သည်။

သို့သောသူသတ်လိုက်သော ဝမ့်ပိုင်က   ကြယ်နှစ်ပွင့်သူတော်စင်နယ်ပယ်တစ်ယောက်သာဖြစ်သည်။ပါရမီအရာတွင် ၎င်းက ဤလူအား နှိုင်းယှဉ်၍မရနိုင်ပေ။

ရှစ်ဖုန့်၏ အကြည့်ကဝမ့်ကုန်းပေါ်သို့ကျရောက်နေသည်ကို တွေ့ရသောအခါတွင် ရှစ်ကျင်းရွှိုက်က ရှစ်ဖုန့်အား ဆက်လက်မိတ်ဆက်ပေးသည်။

“ကောလဟာလတွေအရ ဝမ့်ကုန်းက လုံဟူဧကရာဇ်ဝင်စားတာတဲ့..ဝမ့်ကုန်းကိုမွေးတဲ့နေ့မှာ ကောင်းကင်ထဲမှာ မိုးပြာရောင်နဂါးနဲ့ကျားဖြူတို့ ပေါ်လာခဲ့တယ်တဲ့. အဲ့တာက ဝမ့်ကုန်းကိုမွေးတဲ့အချိန်မှာပဲပေါ်လာပြီး ပြီးတော့ကောင်းကင်ကနေပျောက်ကွယ်သွားတယ်တဲ့”

“ဝမ့်ကုန်းဒီမှာရှိနေတာဆိုတော့ သူလဲမင်းသမီးလင်လုံအတွက်လာတာပဲဖြစ်ရမယ်.. တို့ရဲ့ပြိုင်ဘက်ထဲမှာနောက်ထပ် ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက်တိုးလာတဲ့ပုံပဲ”

ရှစ်ဖုန့်က ရှစ်ကျင်းရွှိုက်၏ စကားတို့အား လျစ်လျူရှုထားသည်။ ရှစ်ဖုန့်က ခေါင်းလှည့်လိုက်ပြီး  ရှစ်ကျင်းရွှိုက်ကိုမေးလိုက်သည်။

“ဝမ့်ကုန်းမှာ ဝမ့်ပိုင်လို့ခေါ်တဲ့နမည်နဲ့ညီတစ်ယောက်ရှိလား”

ရှစ်ဖုန့်၏စကားအားကြားပြီးနောက် ရှစ်ကျင်းရွှိုက်က ခေါင်းညိမ့်ပြီးပြောလိုက်သည်။

“လုံဟူဂိုဏ်းရဲ့ဒုတိယသခင်လေးကို တကယ်ပဲဝမ့်ပိုင်လို့ခေါ်တယ်. ဒါပေမဲ့ ဝမ့်ပိုင်ရဲ့ပါရမီက သူ့အကိုနဲ့မယှဉ်နိုင်ဘူး. အဲ့တာထက် သူ့ရဲ့စရိုက်ကလည်းမကောင်းဘူးလို့ကြားတယ်.. လွန်ခဲ့တဲ့လအနည်းငယ်လောက် ဝမ့်ပိုင်ရဲ့ ဝိညာဉ်ကျောက်တုံးကွဲသွားတယ်ဆိုတဲ့သတင်းတွေလည်းရှိတယ်”

“ဟုတ်တယ်.အမှန်ပဲ”

ရှစ်ကျင်းရွှိုက်၏ စကားများအားကြားပြီးနောက် ရှစ်ဖုန့်က ခေါင်းညိမ့်ပြီးပြောလိုက်သည်။

“တစ်ခါတုံးကဒီသခင်လေး အမှိုက်တစ်ကောင်ကိုသတ်ခဲ့တယ်..သူက လည်းလုံဟူဂိုဏ်းရဲ့သခင်လေးပဲ.. သူ့နမည်က ဝမ့်ပိုင်တဲ့”

“ဘာ”

ရှစ်ဖုန့်၏ စကားများအားကြားပြီးနောက် ရှစ်ကျင်းရှိုက်တုန်လှုပ်အံ့အားသင့်သွားသည်။ လွန်စွာတုန်လှုပ်အံ့အားသင့်သောအမူအယာဖြင့်  ရှစ်ဖုန့်ကိုကြည့်၍ ပြောလိုက်၏။

“ဝမ့်ပိုင်ကို …သတ်တာမင်းလား. ပြီးတော့ ပတ်ဝန်းကျင်ကလူတွေကလည်းဒါကိုမြင်တယ်လား”

ထို့နောက်သူတို့နှစ်ဦးကလူအုပ်ထဲ၌ရှိနေသေးကြောင်းကို ရှစ်ကျင်းရွှိုက်သဘောပေါက်လိုက်သည်။ နံရံတိုင်းတွင်ရှိတတ်သောနား များအားတားဆီးရန်အတွက် အလျှင်အမြန်ခေါင်းငုံ့ပြီး  ရှစ်ဖုန့်ကိုပြောလိုက်၏။

“ညီလေးရှစ်..ဝမ့်ပိုင်က အမှိုက်ကောင်ဆိုပေမဲ့ သူ့အကိုက ဝမ့်ကုန်းဖြစ်ပြီး သူ့အဖေက ဝမ့်ကျိုးပဲ. သူတို့က သာမန်လူတွေမဟုတ်ဘူး.. သူတို့က မင်းဝမ့်ပိုင်ကိုသတ်တာကိုရှာတွေ့သွားရင် မင်းဒုက္ခရောက်လိမ့်မယ်”

“ကိစ္စမရှိဘူး”

ရှစ်ကျင်းရွှိုက်၏ စကားများအားကြားပြီးနောက်  ရှစ်ဖုန့်က အထင်သေးစွာဖြင့်ကြည့်၍ ပြောလိုက်သည်။

“အကယ်၍အဖေရောသားရောဒီသခင်လေးကိုလာရှာတယ်ဆိုရင် ဒီသခင်လေးကသူတို့သုံးယောက်လုံးကိုပြန်ပေါင်းစည်းပေးလိုက်မယ်”

“ဒါက..”

ရှစ်ကျင်းရွှိုက်က ရှစ်ဖုန့်အားကြည့်လိုက်သည်။ ယခုမှ ဤလူနှင့်သူပို၍ အချိန်ကုန်ဆုံးလာလေ ဤလူက မာနကြီးသည်ဟုခံစားရပြီး သူခံစားရသည်ထက်ပိုပို၍ မောက်မာကြောင်းကို ရှစ်ကျင်းရွှိုက်သဘောပေါက်လာသည်။ ရှစ်ဖုန့်၏ပါရမီစွမ်းရည်က မဆိုးဘဲ သူကပါရမီရှင်တစ်ဦးဖြစ်သော်လည်း သူ၏ပြိုင်ဘက်များက လုံဟူဂိုဏ်းမှာ ဝမ့်ကုန်းနှင့်ဝမ့်ကျုံးတို့ဖြစ်သည်။

“ဟမ်”

ထို့နောက် ရှစ်ဖုန့်၏မျက်လုံးတို့က ရှေ့သို့ ပြန်ရောက်သွားသည်ကို ရှစ်ကျင်းရွှိုက် တွေ့လိုက်ရသည်။ရှစ်ဖုန့်၏မူလက တည်ငြိမ်နေသောမျက်နှာမှာ   ရုတ်ခြည်းအေးစက်မှုအဖြစ်သို့ပြောင်းသွားပြီး  ရှစ်ဖုန့်ကသူ၏လမ်းကြောင်းကိုရပ်တန့်လိုက်သည်။

ဤအချိန်တွင် လူအုပ်ရှေ့၌ရပ်နေသော  ပုံရိပ်တစ်ခုအားသူမြင်တွေ့လိုက်ရသောအခါတွင် ထိုလူက ဗိုလ်ချုပ်ကျိရှောင်းဖြစ်သည်ကို  သူချက်ချင်း သဘောပေါက်လိုက်သည်။

ဆက်ရန်….

ဘာသာပြန်သူ-ARISE

All Chapters