← Chapters

အပိုင်း (၄၀၃) – ဆွေးနွေးမှု

Vol. 005 Ch. 403

အပိုင်း (၄၀၃) – ဆွေးနွေးမှု

Vol. 005 Ch. 403

နောက်ဆုံး အသားတုံးအား စားပြီးနောက် သူမ ရပ်လိုက်ပြီး ကြည့်လိုက်ရာ တစ်ဖွဲ့လုံးသည် သူမအား ကြည့်နေသည်ကို တွေ့လိုက်သည်နှင့် အနည်းငယ်ရှက်သွားကာ ပြောလိုက်သည် “သမီးဗိုက်ဆာလို့ပါ”

ရှီမာယူယူသည် သူမခေါင်းအားပုတ်ကာ ပြောလိုက်သည် “ရတယ် မင်းကို ဘယ်သူမှ ဘာမှ မပြောဘူး”

“ဟုတ်တယ်၊ မင်းက အကြာကြီးအပိတ်ခံထားရတော့ ဘာမှ မစားရတာလည်း ကြာမှာပဲ၊ ဗိုက်ဆာတာ က ဖြစ်တတ်ပါတယ်” ဖက်တီးကျူ သည် လျင်မြန်စွာ သဘောတူလိုက်သည်။

အိပ်မက်လေး ရှက်သွားသည်ကို မြင်လိုက်ရသောအခါ သူတို့သည် ကလေးအား အနိုင်ကျင့်မိသလို ခံစား ရသည်။

“ဗိုက်ပြည့်သွားပြီလား ထပ်စားချင်သေးလား” ဘေဂုံထန် ချိုသာစွာ မေးလိုက်သည်။

“ရပါတယ် ဗိုက်ပြည့်သွားပြီ” အိပ်မက်လေးသည် ခေါင်းရမ်းပြီး သူမအား မည်သူမှ စိတ်မဆိုးသည်ကို ကြည့်ပြီး ပြုံးလိုက်သည်။

“မင်း ဗိုက်ပြည့်သွားပြီဆိုတော့ ဟိန်းသံလေးနဲ့ တခြားသူတွေကို ဝိညာဉ်စေတီအတွင်း လိုက်ပြခိုင်း မယ်လေ” ရှီမာယူယူ မေးလိုက်သည်။

“ကောင်းပြီ” အိပ်မက်လေး ပြန်ဖြေလိုက်သည်။ ရှီမာယူယူသည် ဟိန်းသံလေးအား ခေါ်ပြီး  အိပ်မက် လေးအား ခေါ်သွားရန် အမိန့်ပေးလိုက်သည်။

“ယူယူ ဘာလို့ အိပ်မက်လေးကို ဘာလို့ အဲလောက် ကြင်နာတာလဲ” အိပ်မက်လေး မရှိတော့သည်နှင့် ဖက်တီးကျူနှင့်တခြားသူများသည် သိချင်နေသော မေးခွန်းအား မေးလိုက်သည်။

ရှီမာယူယူသည် အိပ်မက်လေး၏ ဘဝအား ပြန်ပြောပြရာ အိပ်မက်လေး၏ ခါးသီးလှသော ဘဝအား ကြားသည်နှင့် အားလုံး စိတ်မကောင်းဖြစ်ကြသည်။

“အဲဒါကြောင့် မင်း သူမကို ကောင်းပေးတာကိုး၊ ငါသာဆိုရင် စိတ်တော်တော်မကောင်းဖြစ်မိမှာ” ဖက်တီးကျူ ပြောလိုက်သည်။

“အိပ်မက်လေးက အဲမှတ်ဉာဏ်တွေကို မသိဘူး၊ အဲဒါကြောင့် သူမကို မပြောပြမိစေနဲ့ နားလည်လား” ရှီမာယူယူ တိုက်တွန်းလိုက်သည်။

“မစိုးရိမ်ပါနဲ့ ငါတို့ ဘာမှမပြောပါဘူး” ဖက်တီးကျူသည် ရင်ဘတ်အား ပုတ်ကာ ကတိပေးလေသည်။

“ဒါဆို ငါတို့အခုပြန်တော့မလား” ရှီမာယူလင်း မေးလိုက်သည်။

“ဒီပြဿနာရှင်းပြီးပြီဆိုတော့ ပြန်ဖို့ အချိန်ရောက်ပြီ” ရှီမာယူယူ ပြောလိုက်သည် “မှီခိုကင်း တိုင်းပြည် က ကိစ္စတွေရော အဆင်ပြေလားမသိဘူး၊ ငါတို့ ဖြစ်နိုင်သလောက် မြန်မြန်သွားတာကောင်းမယ်”

အိပ်မက်လေးသည် လှည့်ပတ်ကြည့်ပြီးနောက် ရှီမာယူယူသည် အားလုံးကို ခေါ်ကာ အပြင်ထွက် ခဲ့ လေသည်။ သူမအား တစ်ချိန်လုံး ချုပ်နှောင်ထားသော သံကြိုးများကို ကြည့်ကာ အိပ်မက်လေးသည် နာကျည်း နေမိသည်။

“အဆင်ပြေပါတယ်၊ မင်းအခု လွတ်လပ်နေပြီပဲ၊ ဒီမှာ ထပ်ပြီးမပိတ်တော့ဘူး” ရှီမာယူယူ ပြောလိုက် သည် “လာခဲ့ ငါမင်းကို အပြင်ကမ္ဘာကို ပြမယ်”

ငှက်လေးသည် အားလုံးကို သယ်ကာ မီးတောင် ပေါက်ဝသို့ ခေါ်သွားလေသည်။ ထိုသည်မှာ အိပ်မက်လေး အတွက် အပြင်ကမ္ဘာ အလင်းရောင်ကို မြင်တွေ့ရခြင်း ပထမဆုံးအကြိမ် ဖြစ်သည်။ အပြာရောင် ကောင်းကင်တွင် အဖြူရောင် တိမ်တိုက်များနှင့် ပနံသင့်ကာ သမုဒ္ဒရာ နယ်နိမိတ်နှင့် ပင်လယ်သားရဲ များသည် သူမအတွက် ရယ်စရာဖြစ်သည်နှင့် တစ်ပြိုင်နက် အံ့သြစရာလည်းဖြစ်ရသည်။ သူမ ထိုကဲ့သို့ ပျော်ရွှင်  နေသည်ကို ကြည့်ကာ အားလုံးသည် သူမ နာကျင်စရာများကို မေ့ပျောက်ရန် ခက်ခဲလေသည်။

သူတို့ မြို့သို့ ရောက်သောအခါ အားလုံးသည် ကမ်းစပ်မှ စွန့်ခွာသွားကြပြီ။ မျိုးနွယ်တစ်ခုစီချင်းစီသည် ကိုယ်ပိုင် နေရာများကို ပြန်သွားကာ မျိုးနွယ်တချို့သာ ဆွေးနွေးရန် အန်းယန်မြို့တော်တွင် ကျန်ခဲ့လေသည်။ ထို့ကြောင့် သူတို့သည် ရှီမာမိသားစုအိမ်သို့ တိုက်ရိုက်ပြန်လာခဲ့လေသည်။ သူတို့ ပြန်လာသော သတင်းသည် လျင်မြန်စွာပင် တခြားသော မျိုးနွယ်များကို ပျံ့နှံ့သွားကာ သူတို့အား တွေ့ရန် အပြေးလာကြသော်လည်း ရှီမာယူယူ၏ စကားများကြားသောအခါ နောက်ပြန်လှည့်ကြလေသည်။

“ကျွန်တော်က တိုက်ပွဲအတွင်းပဲ ခေါင်းဆောင်ပါ အခု တိုက်ပွဲကပြီးသွားပြီဆိုတော့ ကျွန်တော့် ကို ခေါင်းဆောင်လိုမျိုး ဆက်ဆံဖို့မလိုတော့ဘူး၊ အခုကျွန်တော်က အငယ်ပါ တခြားကိစ္စရှိရင် ကျွန်တော့် မိသားစု မျိုးနွယ်ခေါင်းဆောင်ကိုပဲ ရှာပြီး ပြောကြပါ”

ထိုစကားလုံးများသည် သူမ ပခုံးပေါ်မှ တာဝန်ယူမှုများ ကျသွားသည်ကို သက်သေပြနေသည်။ သူမ ပြောပြီးသည်နှင့် ပြန်လှည့်မကြည့်ပဲ အိပ်မက်လေးအား ခေးကာ သူတို့ အိမ်အဟောင်း ခြံဝန်းဆီသို့ ပြန် လေသည်။ မိသားစုခေါင်းဆောင်များသည် အချင်းချင်း ကြောင်စီစွာ ကြည့်ပြီး ကျန်ခဲ့လေသည်။ ရှီမာယူယူ ၏ သတ်မှတ်ချက်အား မြင်သောအခါ သူတို့သည် ရှီမာတိုင်အား တွေ့ကာ ဆွေးနွေးရတော့သည်။

နေ့တစ်ဝက်အကြာတွင် တချို့လူများသည် ရှီမာအိမ်မှ ပြန်သွားကြလေသည်။ ရှီမာယူယူ၊ ရှီမာယူလင်း နှင့် ရှီမာယူယန်တို့သည် ရှီမာတိုင်အား သွားရှာကြလေသည်။ အဆင်သင့်စွာပင် မျိုးနွယ်၏ အကြီးအကဲလည်း ရှိနေသည်။

“အဘိုး ကျွန်တော်တို့ ဆွေးနွေးစရာရှိလို့ပါ” ရှီမာယူယန် ပြောလိုက်သည်။

ရှီမာတိုင် သူတို့အား ကြည့်ပြီး ပြောလိုက်သည် “မင်းတို့ ဝင်လာကတည်းက သိတယ်၊ လာခဲ့ မင်းတို့ သုံးယောက် ပြောမယ့်ဟာ ပြောရအောင်”

“အဘိုး ကျွန်တော်တို့ ထွက်သွားကတည်းက အများကြီး တွေ့မြင်ပြီး အများကြီး နားလည်ခဲ့ရတယ်…” ရှီမာယူယန်သည် လောကအသေးတွင် တိုင်းပြည်ပေါင်းစုံမှ လူများကို တွေ့ခဲ့ရကြောင်း… သူတို့သည် မှီခိုကင်း တိုင်းပြည်သို့ အတင်းအကြပ်အပို့ခံလိုက်ရပြီး မှီခိုကင်းတိုင်းပြည်ကအရာများကို မြင်တွေ့ခဲ့ရကြောင်းကို ပြန် ပြောလေသည်။

“တကယ်ပဲ အဲဒီမှာ တိုင်းပြည်အများကြီးလာကြတာလား” အကြီးအကဲမေးလိုက်သည်။

“ဟုတ်ပါတယ်” ရှီမာယူယန် ပြောလိုက်သည် “ကျွန်တော်တို့ တိုင်းပြည်ကိုချုပ်နှောင်ခံရတဲ့ တိုင်းပြည်လို့ အမည်တပ်ခံရတယ်၊ ဘာလို့လဲဆိုတော့ ဒီတိုင်းပြည်ကို လူတွေကို ချုပ်နှောင်ဖို့ လုပ်ထားတာတဲ့၊ ဒီက ဝိညာဉ် စွမ်းအင်က အားအနည်းဆုံးပဲ.. စည်းမျဉ်းတွေကြောင့် ကျွန်တော်တို့က အံ့ဖွယ်အဆင့်ကနေ တက်လို့မရ ဘူး၊ ပြီးတော့ စံတင်ဝိညာဉ်အထွဋ်အထိပ်လောက်ပဲ တက်နိုင်မှာ”

“မင်းပြောတာက တခြားတိုင်းပြည်မှာဆိုရင် အံ့ဖွယ်အဆင့်ကနေ တက်နိုင်တယ်ပေါ့” ရှီမာယူလင်း မေး လိုက်သည်။ သူတို့မျိုးနွယ်မှ အကြီးအကဲအများစုသည် ထိုနှစ်များတွင် စံတင်ဝိညာဉ်အထွဋ်အထိပ် အဖြစ်  ရောက်သော်လည်း သေသည်အထိ အံ့ဖွယ်အဆင့်ကို မချိုးဖောက်နိုင်သည့်ပုံပင်။ ဆိုလိုသည်မှာ သူတို့သည် အရည်အချင်းလိုအပ်နေသေး ခြင်းကြောင့် မဟုတ်ပဲ စည်းမျဉ်းများ သတ်မှတ်ထားခြင်းကြောင့်ပေါ့။

“ဟုတ်ပါတယ်” ရှီမာယူယန် ခေါင်းညိမ့်လိုက်သည်။ “ကျွန်တော်တို့ အပြင်မှာရှိတုန်းက ဆွေးနွေးဖြစ် ကြတယ်၊ ကျွန်တော်တို့ မျိုးနွယ်တစ်ခုလုံးကို မှီခိုကင်းတိုင်းပြည်ကို ပြောင်းမလားလို့”

“ပြောင်းမယ်ဟုတ်လား” အားလုံးသည် ထိုကဲ့သို့ရူးမိုက်သော အတွေးကို မတွေးဖူးကြပေ။ မျိုးနွယ် တစ်ခုလုံး ပြောင်းလိုပါက ကိစ္စများစွာ ရှိမည်။ အကြီးအကဲများသည် တစ်ယောက်နှင့် တစ်ယောက်ကြည့်ကာ အစီအစဉ်အား အနည်းငယ် သံသယများဖြင့် ဆွေးနွေးကြလေသည်။ သူတို့သည် ထိုနေရာတွင် အင်အားကြီး သည်ကို သဘောတွေ့ကြသည်။ သို့သော် မှီခိုကင်းတိုင်းပြည်သည် ကြောက်စရာကောင်းသော နေရာဖြစ်ရာ သူတို့ ဘယ်လိုအသက်ရှင်နေထိုင်မလဲ။

“အကြီးအကဲတို့ ထွက်သွားပြီး အသက်ရှင်နေထိုင်ဖို့တော့ စိတ်မပူပါနဲ့” ရှီမာယူလင်းသည် သူတို့ စိတ်ပူ နေသည်ကို နားလည်သဖြင့် ပြောလိုက်သည် “ကျွန်တော်တို့မှာ အဲအတွက် အစီအစဉ်ရှိပါတယ်၊ ကျွန်တော်တို့ အားလုံးပြောင်းပြီးတာနဲ့ ကိုယ့်အလုပ်ကိုယ်ပဲ လုပ်ရမယ်၊ အဘိုးတို့ကို ဂရုစိုက်ပေးမယ့် အင်အားကြီး မျိုးနွယ် ၂ခုလည်း ကျွန်တော်တို့မှာ ရှိပြီးသားပါ၊ အဲအချိန်ကျရင် ဘယ်သူမှ ကျွန်တော်တို့ကိုလာပြီး မရှုပ်ရဲပါဘူး၊ ရာစုနှစ် ကြာသွားရင်တော့ ကျွန်တော်တို့ဘာသာ ရပ်တည်နိုင်မှာပါ”

“မင်းတို့မှာ ဘယ်လိုနေရာရှိနေတာလဲ” ရှီမာလင်း မေးလိုက်သည်။

“ကျွန်တော်တို့ ကျန်မိသားစုနဲ့ ပညာရှိစံအိမ်တော်ကို တိုက်ချင်တဲ့အကြောင်း မပြောမိဘူးလား” ရှီမာယူယူ မေးလိုက်သည် “ကျွန်တော်တို့ ဂေါင်နဲ့ ယွန်မိသားစုနဲ့ သဘောတူညီချက်ရထားတယ်၊ ကျွန်တော်တို့ က ကျန်မိသားစုရဲ့ နေရာလေးခုကိုရမယ်၊ ပြီးတော့ အဲကိုပြောင်းတာနဲ့ အဲနေရာကို သုံးရုံပဲ”

“သူတို့ သဘောတူကြလား” အကြီးအကဲက မေးလိုက်သည်။

“ယူယူ ကျေးဇူးတွေ သူတို့မှာ ရှိတယ်၊ ပြီးတော့ အမြတ်အနေနဲ့ သူတို့ကို နတ်ဘုရားဆေးလုံး ဆယ်လုံး ပေးထားတယ်၊ သူတို့ ဘယ်လိုလုပ် ငြင်းမလဲ” ရှီမာယူယန် ပြောလိုက်သည် “အဲဒါကြောင့် သူတို့လည်း ကျွန်တော်တို့ လာတာကို သဘောတူလိုက်ကြတာ”

“နတ်ဘုရားဆေးလုံးဟုတ်လား အဲဒါ ဘာဆေးလဲ” နတ်ဘုရားဆေးလုံး ဆယ်လုံးလောက်က ဘယ်လို လုပ် အင်အားကြီးနှစ်ခုကို သဘောတူသွားစေတာလဲ။

“နတ်ဘုရားဆေးလုံးက စံတင်ဝိညာဉ်အထွဋ်အထိတ်ရောက်နေတဲ့သူကို အံ့ဖွယ်အဆင့်ရောက် အောင် လုပ်ပေးနိုင်တယ်၊ သူတို့ကို နတ်ဘုရားဆေးလုံးပေးလိုက်တာက အံ့ဖွယ်အဆင့်ရောက်ဖို့ အလကားလုပ် ပေး လိုက်တာပဲ” ရှီမာယူလင်း ရှင်းပြသည်။

ဟူး… ကြောက်စရာကောင်းတဲ့ ဆေးပဲ။ ဘယ်လိုလုပ် အဲလိုဆေးရှိနိုင်ရတာလဲ။

“အဲဆေးတွေကို မင်းလုပ်ထားတာလား”

“ဟုတ်ပါတယ်” ရှီမာယူယူ ပြောလိုက်သည် “ကျွန်တော်တို့မှာ စံတင်ဝိညာဉ်အထွဋ်အထိတ် ရောက်နေတဲ့ အကြီးအကဲနှစ်ယောက်ရှိတယ်လို့ ပြောတယ်မလား၊ ကျွန်တော်တို့ အဲရောက်တာနဲ့ နတ်ဘုရားဆေးစားပြီး အံ့ဖွယ်အဆင့်တက်မယ် ပြီးတော့ ကျွန်တော်တို့ အဲတိုင်းပြည်မှာ အခြေချမယ်၊ ပြီးရင် ဆရာက ကျွန်တော့်ကို လာခေါ်တာနဲ့ ကျွန်တော် ထွက်သွားပြီး ပြန်မလာတော့ဘူး၊ အဲဒါကြောင့် သေချာလေး ဆုံးဖြတ်ပေးကြပါ”

အကြီးအကဲများသည် တိတ်ဆိတ်နေချိန်တွင် ရှီမာတိုင်သည် ပေါင်ကို ရိုက်လိုက်ပြီး ပြောလေသည် “ငါ မင်းတို့နဲ့လိုက်မယ်”

ရှီမာယူယူ မအံ့သြတော့ပေ။ သူတို့သည် ရှေ့ကိုပင်ဆက်သွားမည် ဖြစ်ရာ ထိုနေရာတွင် ဆက်နေရန် အစီအစဉ်မရှိပေ။

“ဒါဆိုရင် ကျွန်တော်တို့ ထွက်သွားဖို့ ပြင်လိုက်ပါတော့မယ်”

All Chapters