အပိုင်း (၄၀၄) – ဒုံချန်းတိုင်းပြည်သို့ ပြန်ခြင်း
Vol. 005 Ch. 404
သူတို့အမိန့်ပေးသည်နှင့် စတင်ပြင်ဆင်ကြကာ ရှီမာမိသားစုသည် သူတို့လုပ်ငန်းများကို ချက်ချင်းပင် သိမ်းဆည်း စေပြီး ဆေးပညာနှင့် တခြားသော ကိစ္စများတွင် အသုံးမဝင်သောပစ္စည်းများကို အိမ်သို့ ပြန်ပို့လေသည်။ သူတို့သည် မျိုးနွယ်၏ သိုလှောင်ခန်းများကို ရှင်းလင်းပြီး တစ်စုံတစ်ရာမှ ချန်မထားခဲ့ကြပေ။
ရှီမာမိသားစု ရှင်းလင်းနေချိန်တွင် ရှီမာယူယူ၊ ရှီမာလိုင်နှင့် ကျန်သောသူများသည် အိမ်မှထွက်ခွာကာ ဆိုဖီယာတောင်တန်းသို့ ခရီးနှင်ကြလေသည်။ သူတို့သည် ဆိုဖီယာတောင်တန်းတွင် နောက်ထပ် ရှီမာမိသားစု အိမ်တော်နှင့် ဝေကျိရွှီ၏ မိသားစုရှိနေသည်ကို ဘယ်တော့မှ မမေ့ခဲ့ပေ။
အရင်က ဆိုဖီယာတောင်တန်းသည် ကောင်းကင်ဘုံကျုံးကဲ့သို့ ထင်ရသော်လည်း အခုချိန် သူတို့ လျှောက်သွားချိန်တွင် သာမန်နယ်မြေသာဖြစ်ကာ အရင်က အန္တရာယ်များလည်း အခုချိန်တွင် ဘာမှ မဟုတ်တော့ပေ။ သဘာဝကာကွယ်ရေးအတားအဆီးသည် ရှီမာယူယူ နည်းငယ်ထိုးလိုက်သည်နှင့် ပျက်ဆီး သွားကာ လျင်မြန်စွာဝင်ပြီးနောက် အတားအဆီးနောက်တစ်ခု ဆောက်လေသည်။ သူတို့ ဒုံချန်းတိုင်းပြည် အစွန် ရောက်သောအခါ တည်ဆောက်မှုများမသုံးပဲ ငှက်လေးကိုစီးကာ ပျံကြလေသည်။ ထိုနေရာသည် သူတို့ နေထိုင် ဖူးသော နေရာဖြစ်ကာ သူတို့ ထွက်သွားပြီးသည်နှင့် နောက်ထပ် ဘယ်တော့မှ ပြန်မလာတော့သည်ဖြစ်ရာ နောက်ဆုံးအကြိမ်ကြည့်ရန် ရောက်လာခြင်းဖြစ်သည်။
ရက်အနည်းငယ်အကြာတွင် သူတို့သည် ဒုံချန်းတိုင်းပြည်၏ အင်ပါယာမြို့တော်သို့ ရောက်လေသည်။ တံတိုင်းအပြင်ဘက်တွင် သားရဲပျံများ အနည်းငယ်ရှိနေကာ သူတို့သည် ရင်းနှီးသော တံတိုင်းများကို ကြည့်ရင်း စိတ်ထိုင်းမှိုင်းသွားလေသည်။
“ငါတို့ သွားတာ ဒီလောက်ကြာပြီလို့ ထင်မထားဘူး၊ အားလုံး ဘယ်လိုနေကြလဲမသိဘူး” ဖက်တီးကျူ ပြောလိုက်သည်။
“ဘာမှတော့မပြောင်းလဲလောက်ဘူး၊ အရင်ဝင်ကြည့်ရအောင်” ရှီမာယူယူ ပြောလိုက်သည်။
“ယူယူ ငါ ငါ့အိမ်အရင်ပြန်လိုက်ဦးမယ်၊ ငါ့ မိသားစုလည်း အတူလိုက်ချင်လား ကြည့်လိုက်ဦးမယ်၊ သူတို့ လိုက်ချင်တယ်ဆိုရင် သူတို့ကို ခေါ်ပြီး မင်းတို့ကို အင်ပါယာမြို့တော်မှာ လာတွေ့မယ်” ဝေကျိရွှီ ပြောလိုက် သည်။
“ကောင်းပြီ” ရှီမာယူယူ ခေါင်းညိမ့်လိုက်သည်။ ဝေကျိရွှီသည် သူ၏ သားရဲပျံအား ခေါ်ထုတ်ပြီး သူ့အိမ် ရှိရာ ဘက်သို့ ပျံသန်းသွားလေသည်။
“အရင်သွားရအောင်” ရှီမာယူယူသည် ဖက်တီးကျူအား ပုတ်ပြီး လှုံ့ဆော်ကာ ဘေဂုံထန်နှင့် အတူ ဝင် သွားလေသည်။ မြို့တံတိုင်းပေါ်မှ အစောင့်များသည် မျိုးဆက်ပြောင်းသွားကာ ထိုမျိုးဆက်အသစ်များသည် သူတို့အား မည်သူဖြစ်သည်ကို မသိကြတော့ပေ။ သူတို့ လျှောက်လာသည်ကို မြင်သည်နှင့် ကြည့်လိုက်ကြ သည်။
“အဘိုး သမီးတို့ ထွက်လာတုန်းက ဒီလိုပြန်လာဖြစ်မယ်လို့ ထင်ထားလား” ရှီမာယူယူ ပြုံးကာ ရှီမာလိုင် အားမေးလိုက်သည်။
“အရင်တုန်းကတော့ အဘိုးက သမီးကို ဘာမှမမျှော်လင့်ထားဘူး၊ အဘိုးသေချာပေါက် သေမှာပဲလို့ သေချာပေါက်တွေးထားတာ၊ ဒီလိုမျိုးအသက်ဆက်ရှင်ပြီး ပြန်လာရမယ်လို့ ထင်မထားဘူး” ရှီမာလိုင် သက်ပြင်း ချကာ ပြောလိုက်သည်။ “သမီးကြောင့်သာမဟုတ်ရင် အဘိုးလည်း သေသွားလောက်ပါပြီ”
“သမီးအဲတုန်းက ပြောခဲ့သေးတယ်၊ သမီးပြန်မလာခဲ့ရင် ဒီရှီမာအိမ်တော်က သူတို့အိမ်ဖြစ်မှာပဲလို့ အခု ဘယ်လိုတွေဖြစ်နေလဲ သိချင်နေတယ်” ရှီမာယူယူ ပြောလိုက်သည်။
“သွားကြည့်ရင် သိမှာပေါ့” ရှီမာယူရန် ပြောလိုက်သည်။
ဖက်တီးကျူသည် မြို့ဝင်ပြီးမကြာမီတွင် သူတို့နှင့် လမ်းခွဲသွားသည်။ သူသည်လည်း သူ့ မိသားစုကို မှီခိုကင်းတိုင်းပြည်သို့ လိုက်ခြင်း မလိုက်ခြင်းကို မေးရန် အိမ်ပြန်သွားလေသည်။
ရှီမာယူယူနှင့် သူမအဘိုးသည် စကားပြောရင်း ပြုံးကာ ရှီမာအိမ်တော်သို့ ဝင်လေသည်။ လမ်းပေါ်မှ လူများသည် သူတို့အား မြင်သောအခါ ကြည့်ပြီး အံ့သြကြသည်။
“ဒါက…. စစ်သူကြီးရှီမာနဲ့ သခင်လေးရှီမာတို့မလား”
“သူတို့ တကယ်ပြန်လာတာပဲ”
“တကယ်ပဲ သူတို့ပဲ”
“သူတို့ ပြန်လာပြီးတော့ ပြန်ထွက်သွားကြမှာလား”
“ဟားဟား အရင်က သခင်းလေး ၅က သူတို့ထွက်သွားပြီးရင် ပြန်လာမယ်လို့ ပြောတာ တကယ်ပဲ ပြန်လာတာပဲ”
သတင်းသည် လျင်မြန်စွာပျံ့သွားပြီး လူတစ်ယောက်သည် ရှီမာအိမ်တော်သို့ အကြောင်းကြားရာ ရှီမာယူယူနှင့် ကျန်သောသူများ အိမ်တော်သို့ ရောက်သောအခါ ဦးလေးဖူသည် ရှီမာမိသားစုဝင်များအားလုံးကို စုစည်းပြီး တံခါးတွင် ကြိုကြလေသည်။
“သခင်နဲ့ သခင်လေးတို့ ပြန်လာတာ ကြိုဆိုပါတယ်” ဦးလေးဖူသည် သူတို့အား အရိုအသေပေးလေ သည်။ ရှီမာယူယူသည် ဦးလေးဖူအား သွားထူကာ ပြုံးပြီး မေးလေသည် “နေကောင်းလား ဦးလေးဖူ”
“ကောင်းပါတယ်” ဦးလေးဖူသည် မထင်မှတ်ထားသော မျက်ရည်များကို မထိန်းနိုင်ကာ ခေါင်းညိမ့်လေ သည်။
“အရင်ဝင်ရအောင်” ရှီမာလိုင်သည် ဦးလေးဖူ၏ ကျောကို ပုတ်ပြီး သူတို့နား ဝိုင်းလာသော လူထုကို ကြည့်လိုက်သည်။
“သခင်နဲ့ သခင်လေးတို့ ဝင်ကြပါ” ဦးလေးဖူသည် မျက်နှာပေါ်သို့ ကျဆင်းလာသော မျက်ရည်များကို သုတ်ပြီး အိမ်တော်သို့ ဝင်ရန် ဖိတ်ခေါ်လိုက်သည်။
သူတို့ ထွက်သွားချိန်မှစ၍ ရှီမာအိမ်တော်တွင် အနည်းငယ်ပြောင်းလဲမှုရှိသည်။ အခန်းများသည် အသစ် ပြန်လည်ပြုပြင်ထားသောကြောင့် လန်းဆန်းနေကာ နေရာအများစုမှာလည်း အပြောင်းအလဲများ လုပ်ထား လေသည်။
“ဒါတွေအကုန်လုံးကို သခင်လေး စီစဉ်ထားတာ၊ တချို့နေရာတွေပြောင်းပြီး တခြားနေရာတွေကိုတော့ အတူညီဆုံးလုပ်ထားတာ” ဦးလေးဖူသည် ရှီမာလိုင်နှင့် တခြားသူများအား အိမ်သို့ လှည့်ပတ်ပြရင်း ပြောလေ သည်။
“သမီးအတွက် ခက်ခဲခဲ့မှာပဲ” ရှီမာလိုင်သည် ရှီမာယူယူအား ကြည့်ပြီးပြောလေသည်။ သူတို့ အဖမ်းခံရ ချိန်တွင် အားလုံးသည် ရှီမာမိသားစု ကျဆုံးပြီဟု ထင်ထားခဲ့ကြသည်။ သို့သော် သူမ အားလုံးကို ပြန်ပေါင်းစည်း ကာ မိသားစုတစ်ခုလုံးကို ထောက်ပံ့ခဲ့သည်။ သူမသာ အဂ္ဂိရတ်ပညာရှင်နှင့် သားရဲထိန်းကျောင်းသူ သခင် မဟုတ် ပါက ရှီမာမိသားစု ကျရှုံးခဲ့ပေမည်။
ရှီမာယူယူ ပြုံးပြီး ပြောလိုက်သည် “အဘိုး ဘာတွေဖြစ်ခဲ့လဲဆိုတာ သူတို့ကို ပြောပြရအောင်”
“ကောင်းပြီ” ရှီမာလိုင်သည် ဦးလေးဖူအား ကြည့်ကာ ပြောလိုက်သည် “ငါတို့ ဒီတိုင်းပြည်ကနေ ဒီ့ထက် ကောင်းတဲ့တိုင်းပြည်ကို ထွက်သွားတော့မယ်၊ ဟိုဘက်က ငါတို့မိသားစု ထွက်သွားဖို့ ပြင်နေကြပြီ မင်း တို့လည်း ငါတို့နဲ့ လိုက်ချင်ကြလား”
ဦလေးဖူသည် ရှီမာလိုင်တို့ ထိုကဲ့သို့ စိတ်လှုပ်ရှားစရာကောင်းသော သတင်းနှင့်အတူ ပြန်လာမည်ဟု ထင်မထားသော်လည်း ပြောလေသည် “ကျွန်တော့် သခင်ရှိတဲ့နေရာမှာ ကျွန်တော်ရှိရမှာပါပဲ”
“ကျန်တဲ့သူတွေကိုလည်း လိုက်ချင်မလားလို့ သွားပြီး မေးကြည့်ပါ၊ သူတို့လိုက်ချင်တယ်ဆိုရင် အထုတ် အပိုးတွေ သိမ်းခိုင်းလိုက်တော့ မလိုက်ချင်ဘူးဆိုရင်လည်း ငါတို့လုပ်ငန်းတွေ ပေးခဲ့လိုက်ပါ” ရှီမာလိုင် ပြော လိုက်သည် “ငါတို့ အချိန်သိပ်မရဘူး၊ ဖြစ်နိုင်သလောက် မြန်မြန်လုပ်ပါ”
“ဟုတ်ကဲ့သခင်၊ ကျွန်တော် သခင်တို့နားဖို့ နေရာစီစဉ်ပြီးတာနဲ့ ဒီကိစ္စကိုဖြေရှင်းလိုက်ပါမယ်” ဦးလေးဖူ ပြောလိုက်သည်။ ဦးလေးဖူသည် သူတို့အား နားနေရန် ခြံဝန်းသို့ ခေါ်သွားပြီးနောက် အင်ပါယာမြို့တော်ရှိ အားလုံးကို ချက်ချင်းပင် ပြန်ခေါ်လေသည်။
သုံးရက်အကြာတွင် ဝေကျိရွှီသည် ဝေမိသားစုအား ခေါ်လာလေသည်။ ကျူမိသားစုသည်လည်း ပစ္စည်း များ သိမ်းနေဆဲဖြစ်ကြောင်း သတင်းကြားရလေသည်။ နောက်ရက်အနည်းငယ်အကြာတွင် အားလုံးသည် ထွက် ခွာရန် ပြင်ဆင်ကြလေသည်။
ရှီမာယူယူနှင့် ရှီမာလိုင်သည် ကျောင်း၏ ကျောင်းအုပ်ကြီးကို သွားရှာကြလေသည်။ ကျောင်းအုပ် ကြီးသည် သူတို့အားတွေ့သည်နှင့် ဝမ်းသာသော်လည်း သူတို့၏ ကမ်းလှမ်းချက်ကို ငြင်းလေသည်။ သူသည် သူ့ကျောင်းသားများကို ချန်ထားခဲ့ကာ သူတစ်ယောက်တည်း ထွက်မပြေးလိုပေ။ ရှီမာယူယူသည် လူတစ်ယောက်၏ ဆုံးဖြတ်ချက်ကို လွတ်လပ်ခွင့်ပြုသောကြောင့် အတင်းအကြပ်မပြောပေ။ ထိုကျောင်းအုပ် သည် သူ့တပည့်သည် သူ့အား လေးစားစွာ လာဂါရဝပြုသည်ကို ကျေနပ်ဝမ်းသာ ဖြစ်မိလေသည်။
ထိုနေ့တွင် ဖက်တီးကျူသည် သူ့မိသားစုကို ခေါ်လာလေသည်။ ရှီမာယူယူသည် အစီအစဉ်ချကာ အားလုံးအား ခေါ်ထုတ်ရန် ငှက်လေးအား ပြောလိုက်သည်။ ဒုံချန်းတိုင်းပြည်…. သူမ ဘယ်တော့မှ ပြန်မလာ တော့မည့် နေရာဖြစ်သွားလေပြီ။
ကျူနှင့် ဝေမိသားစုအတွက် ဒုံချန်းတိုင်းပြည်မှထွက်ခွာခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ခဲ့သည်။ နောင် တစ်ချိန်တွင် သူတို့သည် အသက်ရှင်သန်လိုပါက ရှီမာမိသားစုကို မှီခိုရမည်ဖြစ်သည်။ ဖက်တီးကျူနှင့် ဝေကျိရွှီ တို့သည် ရှီမာမိသားစုသည် မိသားစုကောင်းဖြစ်ကြောင်း၊ သူတို့နှင့် ထွက်သွားလျှင် လုံခြုံသည်ဖြစ်ကြောင်းကို ရှင်းပြပြီး သူတို့မိသားစုများကို အာမခံထားရလေသည်။
သူတို့ အန်ယန်းမြို့တော်သို့ ရောက်သောအခါ ရှီမာမိသားစုသည် အထုတ်အပိုးများ ထုတ်ပိုးပြီးကာ အချိန်မရွေး သွားနိုင်ရန် ပြင်ဆင်ပြီးကြလေသည်။
“ယူယူ မင်းကိုရှာနေကြတယ်” သူမ ပြန်ရောက်သည်နှင့် ယူယန် သူမအားပြောလေသည်။
“ငါ့ကိုရှာတာလား ဘယ်သူလဲ” ရှီမာယူယူသည် သူမကို မည်သူရှာသည်ကိုမသိတော့ပေ။ သူမ ဆရာ ပြန်လာတာများဖြစ်မလား။ သူမသည် ရှီမာယူယန်ကို ကျူနှင့် ဝေမိသားစုကို နေရာချထားပေးရန် ပြောခဲ့လေ သည်။ သူမ အခန်းထဲသို့ဝင်သောအခါ အိမ်တွင် လူများရှုပ်နေသည်ကို တွေ့လိုက်ရသည်။ တချို့မှာ သူမ သိပြီး သားဖြစ်သော်လည်း တချို့မှာ သူစိမ်းများဖြစ်ကြသည်။ သူမ ဝင်လာသည်ကို အားလုံးသိကြသည်နှင့် စိတ်လှုပ် ရှားလာသည်။
“နှုတ်ဆက်ပါတယ်” ရှီမာယူယူသည် ရှီမာတိုင်အား အရိုအသေပေးလေသည်။
“ယူယူ ဒီလူတွေက ငါတို့နဲ့ သွားချင်တယ်လို့ ပြောနေတယ် မင်းဘယ်လိုထင်လဲ”