← Chapters

ပြန်လည်ကြိုဆိုပါတယ်။

Vol. 36 Ch. 489

ပြန်လည်ကြိုဆိုပါတယ်။

Vol. 36 Ch. 489

မြွေငယ်လေး၏ ပြောင်းလဲပြုမူပုံကြောင့် နန်းကုန်းဟန်၏ စကားတို့ လည်ချောင်းထဲတွင် ပျောက်သွားတော့သည်။ သူသည် ခဏတာမှင်တက်မိသွားပြီး ခေါင်းကိုဖျတ်ခနဲလှည့်ကာ မြွေငယ်လေး၏ ခက်ထန်မှုအကြောင်းရင်းရှိရာသို့ ကြည့်လိုက်သည်။ ထိုချိပ်ပိတ်ထားသော ဂူအိမ်ကို တွေ့မြင်ချိန်တွင် နန်းကုန်းဟန်မျက်လုံးများထဲတွင် အရောင်တစ်ချက်လက်သွားသည်။

စုမင်က မျက်လုံးများမှေးကြုတ်လိုက်ပြီး ချိပ်ပိတ်ထားသောဂူထံသို့ ကြည့်လိုက်သည်။ သူပခုံးပေါ်ရှိ မြွေငယ်လေး၏ အော်သံတို့သည် ပိုမိုကျယ်လောင်လာသည်။ ၎င်း၏ မျက်လုံးထဲရှိ အမုန်းတို့တွင် မြင်သူတိုင်း ကြောက်စိတ်တို့ ဖြစ်လာမိကြသည်။

“အဲဒါက စီနီယာဟေးယာရဲ့ ဂူအိမ်ပါ။..”

နန်းကုန်းဟန်က ခပ်တိုးတိုးရေရွတ်လိုက်သည်။

တည်ငြိမ်သော ဟန်ပန်ဖြင့် စုမင်းက ညာလက်ကိုမြှောက်လိုက်ပြီး လေကို ဖမ်းဆုပ်လိုက်သည်။ သူ့လက်ထဲတွင် အစိမ်းရောင်အခိုးငွေ့တစ်စ ချက်ချင်းထွက်ပေါ်လာသည်။ ထိုမီးခိုးငွေ့က သူ့လက်ပတ်လည်တွင် လည်ပတ်ရင်း အရိပ်ပမာ ဂူအိမ်ထံသို့ ဆွဲငင်ခံရသည့်အလား လွင့်ပျံသွားသည်။ ထိုအရိပ်သည် အတိတ်တစ်ချိန်၌ စုမင်းအား ဆန့်ကျင်အကွက်ဆင်ခဲ့သော ဝတ်ရုံနက်အဘိုးကြီးအသွင်ဖြစ်နေသည်။

အစိမ်းရောင်မီးခိုးသည် စုမင်က မသေမပျက်လောကတွင် ရှိနေခဲ့ချိန်တွင် အဘိုးကြီး၏ နတ်အာရုံတစ်စမျှ ထုတ်ယူထားခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က ပြင်ပသို့ရောက်လျှင် ၎င်းမီးခိုးမျှင်ကို သုံးကာ အဘိုးကြီးအား ရှာရန်ကြံစည်ထားခဲ့သည်။ မြွေငယ်လေး၏ ဟန်ပန်ကို တွေ့ရလျှင် သူက ခဏအတွေးနက်သွားပြီးနောက် အစိမ်းရောင်မီးခိုးမျှင်အား ထုတ်ကာ စမ်းကြည့်လိုက်ခြင်းဖြစ်ပြီး ထိုချက်ချင်းတွင် သူမျက်လုံးများထဲတွင် အေးစက်သော သတ်ဖြတ်လိုစိတ်တို့တော့ ထင်ဟပ်လာတော့သည်။

“ဒီမှာပုန်းနေတာကိုး။”

စုမင်က အေးစက်စွာပြုံးလိုက်ပြီး ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။ သူ့ပခုံးပေါ်က မြွေငယ်လေးက ပြေးထွက်သွားပြီး ချိပ်ပိတ်ထားသည့် ဂူထံသို့ အပြေးတိုးဝင်သွားသည်။

စုမင်ထိုသို့ရှေ့တက်လှမ်းလိုက်သည့် တစ်ခဏတွင်ပင် ချိပ်ပိတ်ဂူထဲမှ ဟိန်းသံတစ်ခု ခပ်သဲ့သဲ့ထွက်လာတော့သည်။ ဂူတံခါးမှာ ဝုန်းခနဲပွင့်ထွက်လာပြီး အတွင်းမှ အနက်ရောင်ကိုယ်ရိပ်တစ်ခု ပျံထွက်လာသည်။

ထိုအနက်‌ရောက်အရိပ်သည်ပေါ်ထွက်လာသည်နှင့် သူ့ထံသို့ ပြေးဝင်လာသည့် မြွေငယ်လေးအား ချက်ချင်းရင်ဆိုင်တွေ့မိလေသည်။  မီးပွင့်များ လေထဲပျံသွားပြီး အနက်ရောင်လူရိပ်သည် ညည်းသံတစ်ချက်ပြုလိုက်ရသည်။ သို့သော် သူက နတ်အတတ်တစ်ခု ထုတ်သုံးကာ မြွေငယ်လေးအား ယာယီအေးခဲနိုင်လိုက်သေးသည်။

ထိုမြွေလေး၏ကိုယ်အေးခဲသွားချိန်တွင်ပင် အနက်ရောင်အရိပ်က ကောင်းကင်သို့ ပျံတက်သွားသည်။

စုမင်က အေးစက်စက်တစ်ချက်အော်လိုက်ပြီး ရှေ့သို့ တစ်လှမ်းလှမ်းကာ ပျောက်ထွက်သွားသည်။ သူက ထိုအနက်ရောင်အရိပ်၏ အပေါ်တည့်တည့် လေထဲတွင် ရပ်လျက်ပြန်ပေါ်လာသည်။ သူက ညာလက်ကိုမြှောက်ကာ ဖိချလိုက်ရာ ထိုအနက်ရောင်လူရိပ်သည် ဟိန်းသံတစ်ချက်ပြုလိုက်တော့သည်။ ၎င်းကလည်း ညာလက်ကိုပြန်မြှောက်လိုက်ရာ ၎င်းတို့၏ လက်များသည် လေထဲတွင် ရင်ဆိုင်ရိုက်ခတ်သွားကြတော့သည်။

ဝုန်းခနဲမြည်သံတစ်ခု ထွက်ပေါ်လာသည်။ စုမင်က တစ်လက်မပင်မရွေ့သော်လည်း အနက်ရောင်လူရိပ်ကတော့ သွေးတစ်ပွက်ကြီးအန်ကာ ကိုယ်လည်း မြေပြင်သို့ တန်းကျဆင်းသွားတော့သည်။ ထိုအချိန်တွင် ၎င်း၏သွင်ပြင်မှာ ထင်ရှားစွာပေါ်လာတော့သည်။

ထိုအနက်ရောင်အရိပ်သည် ဝတ်ရုံကိုဝတ်ထားပြီး စုမင်သတ်ဖြတ်ချင်နေသည့် အဘိုးကြီးပင် မှန်နေသည်။ ၎င်းက မြေပြင်သို့ကျဆင်းလာစဉ် ခေါင်းအားဖုံးကွယ်နေသည့် ခေါင်းစွပ်လည်း ပြင်းထန်သော လေများတိုက်ခတ်ကာ လွင့်ပျံသွားပြီး ပုပ်ဆွေးနေသည့် အသားများပြည့်နေသည့် မျက်နှာတစ်ခု ပေါ်လာတော့သည်။

ထိုမျက်နှာသည် လွန်စွာအကျည်းတန်လှသည်။ အများစုသော အသွေးအသားတို့သည် ပုပ်ဆွေးနေပြီး မျက်နှာအချို့သော အပိုင်းတို့တွင် အရိုးများကိုပင် မြင်နိုင်ပေသည်။

“ကံကြမ္မာ။”

အဘိုးကြီးက စူးရှစွာ ဟိန်းအော်လိုက်ပြီး စုမင်အား မျက်ထောင့်နီဖြင့်ကြည့်လိုက်သည်။ သူက မီးအိမ်အောက်ရှိ အမှောင်ထုကဲ့သို့ပင် စုမင်၏ နတ်အာရုံမှ ပုန်းခိုနိုင်ကာ လွတ်နိုင်လောက်သည်ဟု တွေးထင်ထားခဲ့သည်။ သို့သော် သူက မြွေငယ်လေးကို မေ့နေခဲ့သည်။

ထိုမြွေငယ်လေးသူ့လက်ထဲတွင် ရှိနေခဲ့စဉ်က ၎င်းအားသုံးကာ သူက မီးတောက်နဂါးနှင့် စုမင်တို့အား ခြိမ်းခြောက်ခဲ့သည်။ ထိုအချိန်တွင် ၎င်းမြွေငယ်လေးသည် သတိမေ့နေဟန်ရှိသော်လည်း အမှန်တွင် နိုးထနေခဲ့သည်သာ။ ထို့ကြောင့် ၎င်းသည် အဘိုးကြီး၏ အားရှိန်ကို သူ့မှတ်ဉာဏ်များထဲတွင် နက်ရှိုင်းစွာမှတ်သားထားခဲ့သည်။

ထိုအားရှိန်သည် နတ်အာရုံတစ်စ၏အားရှိန်သာဖြစ်သော်လည်း မြွေငယ်လေးသည် မီးတောက်နဂါးထံမှ အမွေအနှစ်ကို လက်ခံရရှိခဲ့ပြီးနောက်တွင် ယခင်အတိတ်က မြွေငယ်လေးနှင့်မတူတော့ပေ။ ထို့ကြောင့် ၎င်းသည် စုမင်၏ နတ်အာရုံကိုပင် ပုန်းနိုင်ခဲ့သည့် ဂူထဲက ထိုအဘိုးကြီး၏ အားရှိန်ကို မှတ်မိနိုင်ခဲ့ခြင်းဖြစ်သည်။

“မင်းက မသေမပျက်လောကထဲက လွတ်လာနိုင်လည်း ဘာအရေးလဲ။ ငါ့ဆရာရဲ့အကွက်ထဲကနေတော့ မလွတ်မြောက်နိုင်သေးဘူးမလား။ မင်းက မင်းကံကြမ္မာကနေ မလွတ်မြောက်နိုင်ပါဘူး။”

အဘိုးကြီးက ဆိုးရွားစွာရယ်မောလိုက်သည်။ ၎င်းက သေခြင်းမှ မလွတ်မြောက်တော့ကြောင်းကို သိနေပြီပင်။ ထို့ကြောင့်ပင် သူက ယခုကဲ့သို့ ထွက်ခွာခြင်းမပြုခင် ဆေးအမြုတေတစ်လုံးသောက်ခဲ့ခြင်းဖြစ်သည်။

ထိုဆေးအမြုတေက ကျိန်စာအား ချိုးဖျက်နိုင်ချေ တစ်ဆယ်ရာနှုန်းပေးနိုင်သည်။ သို့သော် သူ့စိတ်တို့လွတ်ထွက်ကာ၊ မှတ်ဉာဏ်တို့ ပျက်ယွင်းကုန်ပြီး သားရိုင်းကောင်ကဲ့သို့ ဖြစ်ရန် ကိုးဆယ်ရာနှုန်းရှိနေသေးသည်။

စုမင်၏မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်တို့ တောက်ပလာသည်။ မူကတွင် သူက ထိုအဘိုးကြီး၏ ဇစ်မြစ်အား သံသယရှိနေခဲ့သော်လည်း ယခုတော့ ထိုသံသယများရှိရန်မလိုတော့ပေ။ ထိုလူက တိထျန်း၏ နောက်လိုက်ခွေးအမှန်ပင် ဖြစ်နေသည်။

သူက ဖျတ်ခနဲရှေ့သို့ တက်လိုက်ပြီး အဘိုးကြီးရှေ့သို့ ချက်ချင်း‌ရောက်လာသည်။ ထိုအဘိုးကြီး မျက်လုံးများတွင် ရူးသွပ်မှုတို့ ထင်ဟပ်လာပြီး သူက လက်ဟန်တစ်ခုပြုကာ နတ်အတတ်တစ်ခု ပြုရန်ပြင်လိုက်သည်။ သို့တိုင်အောင် သူ့ကိုယ်သည် လွန်စွာအားနည်းနေပြီးဖြစ်ပေသည်။

သူက ထိုနတ်အတတ်အား ပြီးစီးနိုင်ခြင်းမရှိသေးခင် ရွှီချင်း၏ ညာလက်က သူ့လက်တို့အား တွန်းဖယ်လိုက်သည်။ ရွှီချင်းက ၎င်း၏ ဝတ်ရုံနက်အား ဆွဲကာ အဘိုးကြီးကိုယ်မှ ဆုတ်ဖြဲလိုက်သည်။

ထိုဝတ်ရုံနက်ကျွတ်သွားသည်နှင့် အဘိုးကြီး၏ ကျုံလှီသော ကိုယ်မှာ ထွက်ပေါ်လာပြီး အပုပ်နံ့သည်လည်း ကောင်းကင်တွင် အတန်ကျယ်သော နေရာထိပြန့်ထွက်လာတော့သည်။

“လူမဟုတ် တစေမဟုတ်နဲ့။”

စုမင်က အဘိုးကြီး၏ ရင်ဘတ်ကို လက်ချောင်းဖြင့် ထိုးလိုက်တော့သည်။ သူ့လက်ချောင်းက ၎င်းအား ထိမိသည်နှင့် အဘိုးကြီးသည် တုန်ယင်သွားပြီး နောက်သို့ ခြေလှမ်းအချို့ဒယိမ်းဒယိုင်ဆုတ်ကာ ၎င်း၏ မျက်လုံး၊ နားရွက်၊ နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးမည်းများ ယိုစီးကျလာတော့သည်။

“ငါသေလည်း ဘာဖြစ်လဲ။ အနည်းဆုံးတော့ ငါ့မှာ မှတ်ဉာဏ်အားလုံးရှိနေသေးတယ်။ မင်းကတော့ ဘယ်လိုလဲ။ အဲဒီ မပြည့်စုံနဲ့ မှတ်ဉာဏ်နဲ့ ရှုပ်ထွေးမှုတွေကို မင်းရဲ့ ကံကြမ္မာဆိုတဲ့ လမ်းကြောင်းထဲအတူခေါ်သွားလိုက်တော့။”

အဘိုးကြီးမှာ လွန်စွာအားနည်းနေပြီး စုမင်ရှေ့တွင် ခုခံနိုင်ခြင်းအလျင်းမရှိတော့သည့်တိုင် သူ၏ ရူးသွပ်မှုအားလုံးပါဝင်နေသည့် ရယ်သံမှာတော့ လေထဲတွင် ဆက်လက်မြည်ဟိန်းနေပြီး နေရာတစ်ခုလုံး ပျံ့နှံ့ရိုက်ခတ်သွားသေးသည်။

စုမင်က နှုတ်ဆိက်လျက်သာ နေလိုက်သည်။ သူက ရှေ့သို့ ခြေလှမ်းအချို့တက်လိုက်ပြီး ညာလက်ကိုမြှောက်ကာ အဘိုးကြီး၏ ရင်ဘတ်အား ထိုးဆွလိုက်ပြန်သည်။

၎င်း၏ကိုယ်နေရာအချို့အား သူထိုးဆွလိုက်ချိန်တွင် အဘိုးကြီး၏ရင်ဘတ်မှ အနက်ရောင်မီးခိုးစများ ချက်ချင်းထွက်လာပြီး ၎င်းအဘိုးကြီး၏ညာလက်သို့ တိုးဝင်သွားရာ ညာလက်တစ်ခုလုံး မည်းနက်သွားတော့သည်။ ထိုညာလက်သည် လျင်မြန်စွာပုပ်ဆွေးလာတော့သည်။

“ကံကြမ္မာ မင်းက မင်းတစ်သက်မှာပဲ ကံကြမ္မာဖြစ်နှိင်မှာပဲ။ ငါမင်းကို ငရဲမှာ စောင့်နေမယ်။”

စုမင်ထိုနေရာအချို့အား ထိုးဆွလိုက်ချိန်တွင် အဘိုးကြီး၏ ကျိန်စာသည် ပေါက်ကွဲထွက်လာတော့သည်။ ၎င်းက နာကျင်မှုကြားတွင် ‌အော်လိုက်ရင်း ရူးသွပ်တော့မည့်ဟန်ဖြစ်နေသည်။

သို့ရာတွင် ၎င်းစတင်အော်ဟစ်လိုက်ချိန်တွင် စုမင်က ၎င်း၏ညာလက်ဘေးတွင် ‌ရောက်ရှိလာပြီး ၎င်းလက်အားဆုပ်ကိုင်ကာ သူ့ဘယ်လက်ကို ဓားကဲ့သို့ တန်းကာ ခုတ်ချလိုက်သည်။ လေထဲတွင် ဖြောင်းခနဲမြည်သံတစ်ခု ထွက်လာပြီး အဘိုးကြီး၏ မည်းနက်နေသော ညာလက်သည် ချက်ချင်းပြုတ်ထွက်သွားတော့သည်။

အဘိုးကြီးသည် ပြင်းထန်သော နာကျင်မှုတွင် ပိုမိုရူးသွပ်လာတော့သည်။ ကျိန်စာရှိနေသဖြင့် သူ့သန္ဓေနတ်အားသည် ကိုယ်မှထွက်ခွာနိုင်ခြင်းမရှိဘဲ ကိုယ်ကိုယ်ကိုယ်ပင်ဖောက်ခွဲခြင်းမပြုနိုင်ပေ။ ထိုနာကျင်မှုကြားတွင် သူ့အော်သံတို့ ပိုမိုပြင်းထန်လာ‌တော့သည်။

“ဆရာ့ကိုယ်ပွားက အချိန်မရွေးရောက်လာတော့မယ်။ မင်းသူ့ကို ဘယ်လိုရင်ဆိုင်မလဲ ငါကြည့်ချင်သေးတယ်။ …ကံကြမ္မာ…ဟားဟား နောက်ဆုံးတော့ မင်းက မင်းသွားရမယ့်လမ်းအတိုင်း လျှောက်နေသေးတာပဲ။..”

အဘိုးကြီး‌အော်ပြောနေဆဲတွင်ပင် စုမင်၏ ညာလက်ညိုးက ၎င်း၏ ရင်ဘတ်ပေါ်က နေရာအချို့အား တဖတ်ဖတ်ထိုးလိုက်ပြီး သူ့ဘယ်လက်ကိုလည်း မည်းနက်လာစေတော့သည်။ ထို့နောက် စုမင်က ထိုအဘိုးကြီး၏ ဘယ်လက်မောင်းကိုလည်း ဖြတ်လိုက်တော့သည်။

လက်နှစ်ဖက်လုံးပြတ်သွားသည့် အဘိုးကြီးကနာကျင်စွာအော်ရင်း ကျိန်ဆဲမှုများ ဆက်လက်ပြုနေတော့သည်။

“မင်းက မသေမပျက်လောကထဲကနေ ထွက်လာခဲ့ပေမဲ့ ဆယ့်ငါးနှစ်ကုန်သွားပြီပဲ။ ဆယ့်ငါးနှစ်…မင်းကို ငါ ဆယ့်ငါးနှစ် လှောင်ပိတ်ထားနိုင်ခဲ့ပြီ။ ဒါဆို လုံလောက်ပြီပဲ။”

“ငါက ဆရာ့အတွက် အသက်ပေးခဲ့တာပဲ။ သူ့နတ်အတတ်တွေနဲ့ဆို သူက တစ်ချိန်မှာအောင်မြင်မှုရလာပြီး ငါကို သေချာပေါက်ပြန်အသတ်သွင်းနိုင်မှာပဲ။ ငါကဘာလို့ သေမှာကို ကြောက်နေရဦးမှာလဲ။ ဒါပေမဲ့ ကံကြမ္မာမင်းကတော့ မင်းရဲ့မှတ်ဉာဏ်တွေက ဘာလဲဆိုတာ နဲ့ ဘယ်နေရာတွေ လိုအပ်နေတာလဲဆိုတာ မင်းဘယ်တော့မှ သိမှာမဟုတ်ဘူး။”

အဘိုးကြီးက အော်ဟစ်လိုက်ပြီးနောက် သူမျက်လုံးများနှ အသိဉာဏ်အလင်းတို့ တဖြည်းဖြည်းပျောက်ကွယ်သွားကာ သားရိုင်းကောင်အလား အူဟိန်းလာတော့သည်။

၎င်း၏ကိုယ်သည် တုန်ယင်လာသည်။ ၎င်းကိုယ်ထဲတွင် ကျိန်စာအားတို့အားလုံး ပေါက်ကွဲထွက်ရုံတင်မက ၎င်းကျိန်စာအားတို့က သူ့အသက်အားတို့ကို အလျင်အမြန်ဝါးမျိုနေသည်။

“ဟားဟား ငါမင်းလက်မှာ မသေဘဲ ကျိန်စာလက်ချက်နဲ့ သေရမှာပဲ…အခုငါလွတ်လပ်ပြီပဲ။ ဒါပေမဲ့ မင်းက မင်းညီမလေးဘယ်မှာလဲဆိုတာ ဘယ်တော့မှ သိမှာမဟုတ်ဘူး။ မင်းအနားမှာ ဘယ်လိုဆန်းကြယ်လျို့ဝှက်မှုတွေရှိနေလဲဆိုလည်း မင်းမသိနိုင်တော့ဘူး။ မင်းက အဲဒီလိုဝိုးတဝါးဖြစ်နေရင်း လမ်းပျောက်သွားမှာပဲ။”

အဘိုးကြီးသည် စကားမဆုံးနိုင်ခင်ပင် မျက်လုံးတို့တွင် အရောင်တို့ပျောက်ကွယ်သွားကာ အသိဉာဏ်ကင်းမဲ့သော သားရိုင်းတောကောင်ပမာ ပြောင်းလဲသွားတော့သည်။

“ဒီလောက်လွယ်လွယ်သေလို့ရမလား။”

စုမင်က တည်ငြိမ်စွာပြောလိုက်သည်။ အဘိုးကြီးသည် သိစိတ်လွတ်သွားပြီး သားရိုင်းကောင်အဖြစ်ပြောင်းလဲသွားချိန်တွင် သူက လက်ချောင်းများဆန့်ထုတ်လိုက်ပြီး အဘိုးကြီးရင်ဘတ်ပေါ်သို့ လက်ဝါးဖြင့် ဖျတ်ခနဲဖိအုပ်လိုက်သည်။

အဘိုးကြီးရင်ဘတ်မှ အနက်ရောင်မီးခိုးများ ပန်းထွက်လာပြန်ကာ ၎င်း၏ခြေထောက်များထံသို့ တိုးဝင်သွားပြန်သည်။ သူ့လက်အား တစ်ချက်ယမ်းလိုက်ရာ အဘိုးကြီး၏ ခြေထောက်များ ချက်ချင်းပေါက်ကွဲထွက်သွားပြီး ၎င်း၏ကိုယ်မှ ကျိန်စာလျင်မြန်စွာ ပျောက်ကွယ်လာကြောင်း တွေ့မြင်နိုင်ပေသည်။

၎င်း၏ကျိန်စာသည် မီးတောက်နဂါးထံမှ လာခြင်းဖြစ်သည်။ စုမင်းသည် မသေမပျက်လောကတွင် နှစ်ကာလပေါင်းများစွာ နေထိုင်လာခဲ့ပြီး မြွေငယ်လေးက သူ့အား ဆရာသခင်အဖြစ် အသိအမှတ်ပြုခဲ့ပြီဖြစ်သည်။ ထိုကျိန်စာအပေါ် သူ့အသိနှင့် နားလည်မှုတို့သည် ယခင်နှင့် များစွာခြားနားလာပြီဖြစ်သည်။

သူက အဘိုးကြီးရင်ဘတ်အား ဖိလိုက်ချိန်တွင် အဘိုးကြီးကိုယ်ထဲတွင် အသက်စွမ်းအားတို့သည် လှုံ့ဆော်မှုကြီးတစ်ခု ရရှိလာသည့်အလား အဘိုးကြီး၏ မှေးမှိန်နေသည့် မျက်လုံးတို့သည် တဖြည်းဖြည်းတောက်ပလာသည်။

သို့ရာတွင် အဘိုးကြီး၏မျက်လုံးတို့ တောက်ပလာသည်နှင့် သူ့အသိဉာဏ်တို့လည်းပြန်ရကာပြီးနောက် ပတ်ပတ်လည်တွင် ဖြစ်ပျက်နေသည်တို့အား ရှင်းလင်းစွာမြင်လာရချိန်တွင် သူ့ဟန်မူရာတို့ များစွာ ပြောင်းလဲလာတော့သည်။

သူက အစတွင် သေဆုံးခဲ့ရပြီဟု ထင်ထားသော်လည်း သူ့မျက်စိရှေ့တွင်ပင် စုမင်က သူ့ကို ကယ်တင်လိုက်သည်။ ထိုကိစ္စသည် သူပျော်ရွှင်ရမည်ဖြစ်သော်လည်း သူ့အတွက်တော့ သေခြင်းထက်ပင် ကြောက်မက်ဖွယ်ကိစ္စဖြစ်နေသည်။

သူက ကျိန်စာအောက်မှကင်းလွတ်ကာ အားနည်းနေချိန်တွင် စုမင်လက်ထဲဖမ်းချုပ်ခံရလျှင် မည်ကဲ့သို့သော ဒဏ်ခတ်မှုနှင့် နာကျင်မှုမျိုးတွေ့ကြုံရမည်ကို သူကြိုမှန်းဆနိုင်နေပြီပင်။ သူခေါင်းထဲရှိသမျှ မှတ်ဉာဏ်အားလုံးကိုပင် စုမင်က တွေးနိုင်သမျှနည်းလမ်းမျိုးစုံသုံးကာ ဆွဲထုတ်နိုင်လောက်သေးသည်။

သူ့အတွက် ထိုသို့သော ကိစ္စမျိုးသည် သေခြင်းထက်ပင် ဆိုးရွားနေပေသည်။ သူက ယခုသေဆုံးသွားလျှင် ဆရာဖြစ်သူအတွက် သေခြင်းဖြစ်မည်ဟုတော့ သူနားလည်ထားနိုင်သည်။ နောက်တစ်ချိန်တွင် ပြန်လည် အသက်သွင်းပေးခံရနိုင်ချေရှိနေသေးသည်။

သို့သော် စုမင်က နည်းလမ်းတစ်မျိုးမျိုးသုံးကာ သူ့ထံမှအရာအားလုံးသိရှိသွားနိုင်လျှင် သူက တကယ်သေဆုံးရပေမည်။ သူဆရာက နောင်တစ်ချိန်တွင် အသက်ပြန်မသွင်းပေးရုံတင်မက သူဆရာက ဒေါသထွက်ကာ အင်မော်တယ်နယ်မြေက မိသားစုတစ်ခုလုံးကိုပါ အဘိုးကြီးကိုယ်တိုင်စွဲချသလိုဖြစ်ပေတော့မည်။

“မင်း…မင်း…”

အဘိုးကြီးက ရင်တွင်တုန်လှုပ်နေပြီး မျက်လုံးများတွင် ခြောက်ခြားမှုတို့ ပြည့်နေသည်။ သူကိုယ်အား စုမင်တဖတ်ဖတ်ပုတ်နေသည်ကို ကြည့်ရင်း သူက အားနည်းနေသည့်တိုင် ကိုယ်တွင်းရှိ ကျိန်စာတို့ လျော့ပါးပျောက်ကွယ်လာကြောင်း ခံစားနိုင်လာပေသည်။

ထိုဆယ့်ငါးနှစ်အတွင်းတွင် သူက အမြဲရုန်းကန်နေခဲ့ရသည်။ သူက သေရမည်ကို ကြောက်နေခဲ့သော်လည်း စုမင်အားတွေ့ရချိန်တွင်တော့ သူကြောက်ရွံခြင်းမရှိတော့သည်။ သူက သေဆုံးရန်ပင် စိတ်စောနေခဲ့သည်။

သို့သော် သူမသေနိုင်တော့ကြောင်းသိရလျှင်တော့ သေခြင်းကို ကြောက်လန့်မှုထက်ပင် ပိုကြီးသည့် ကြောက်စိတ်တို့ ဖြစ်လာတော့သည်။

မကြာသေးခင်က စုမင်အား ရန်စလှောင်ပြောင်ခဲ့သည့် စကားလုံးတို့သည် ယခုသူ၏ ကြီးစွာသော ထိတ်လန့်ခြောက်ခြားမှုတို့၏ အကြောင်းရင်းဖြစ်လာသည်။

ဝတ်ရုံနက်အဘိုးကြီးကို စုမင်းကယ်တင်နေသည့် မြင်ကွင်းသည် ပတ်ပတ်လည်လူတို့အားလုံးမျက်လုံးတန်း ထင်ဟပ်နေပေသည်။

နန်းကုန်းဟန်သည်လည်း ထိုအရာအားလုံးကို မြင်တွေ့နေပေသည်။ ထိုမြင်ကွင်းတွင် ၎င်းတို့အားလုံး၏ စိတ်နှလုံးများ တုန်လှုပ်နေကြပြီး ရင်ထဲတွင် အေးစက်မှုပြင်းထန်စွာဖြစ်လာကြသည်။

လူတစ်ယောက်က အမုန်းစိတ်ကျေလည်နိုင်ရန် ရန်သူအား သတ်ရုံနှင့် မလုံလောက်သေးဘဲ ပြန်ကယ်တင်ရသည်အထိ မည်သို့သော မုန်းတီးမှုမျိုး ရှိနေနိုင်သေးသနည်း။

သေခြင်းဖြင့် မလုံလောက်ဘဲ ရှင်သန်ခြင်းက အကြီးမားဆုံးနှိပ်စက်မှုအဖြစ် သဘောထားရသည်အထိ မည်သို့သော အငြိုးအတေးမျိုးရှိနေသနည်း။

ထိုသို့လုပ်နိုင်ရန် မည်သို့သော စိတ်ထားခိုင်မာမှုမျိုးရှိရမည်နည်း။ ထိုသို့ တစ်ဖက်ရန်သူအား သေခွင့်ပင်မပေးနိုင်သည့်အထိ ဖြစ်အောင်။ သို့ဖြစ်လျှင် ထိုဝတ်ရုံနက်အဘိုးကြီးအား မည်သို့သော ငရဲမျိုးက စောင့်ကြိုနေသနည်း။

နန်းကုန်းဟန်က စုမင်အား ကြည့်လိုက်သည်။ ထိုသို့သော အရာအားလုံးကို တည်ငြိမ်အေးဆေးစွာ ပြုလုပ်နေသည့် စုမင်အားကြည့်ကာ သူ့ရင်ထဲတွင် အေးစက်မှုများစွာ ပြည့်နှက်လာသည်။ သူက ပင့်သက်တစ်ချက်ရှိုက်လိုက်တော့သည်။

“ပြန်လည်ကြိုဆိုပါတယ်။”

အဘိုးကြီး၏ မျက်လုံးများ ရှင်းလင်းကြည်လင်လာချိန်တွင် စုမင်က ညာလက်ကို မြှောက်လိုက်ပြီး အဘိုးကြီး၏ခေါင်းထိပ်တွင် ဖိလိုက်သည်။ သူ့စွမ်းအားတို့ ထိုးဝင်သွားပြီး အဘိုးကြီး၏ စွမ်းအားအကုန်လုံးကို ပိတ်ဆို့လိုက်တော့သည်။ ထို့သို့ပြုလိုက်ပြီးသော် သူက အဘိုးကြီး၏ ခြောက်ခြားနေသည့် မျက်လုံးများကို ကြည့်ကာ ထိုသို့ညင်သာစွာပြောလိုက်တော့သည်။

All Chapters