အပိုင်း (၄၀၅) – ထွက်ခွာခြင်းမတိုင်မီ
Vol. 005 Ch. 405
ရှီမာယူယူသည် လူအုပ်အားကြည့်လိုက်ရာ ဟူ၊ ဆန်းနှင့် လီမိသားစုဝင်များပင် ပါဝင်ကာ သူတို့သည် ပြုံးပြီးကြည့်နေကြသည်။
ရှီမာမိသားစု သူတို့အထုတ်အပိုးများ ပြင်နေကြသည်မှာ လျှို့ဝှက်မထားပေ။ အစပိုင်းတွင် သူတို့ ဘာလုပ်သည်ကို နားမလည်ကြသော်လည်း ခဏအကြာတွင် ရှီမာမိသားစုသည် ယိလင်းတိုင်းပြည်မှ ထွက်ခွာရန် ပြင်ဆင်နေသည်ဟူသည့် သတင်းပျံ့သွားလေသည်။ သူတို့၏ အစီအစဉ်မှာလည်း မရိုးရှင်းနိုင်ပေ။
ဟူနှင့်ဆန်းမိသားစုများသည် ရှီမာမိသားစုနှင့် ကောင်းမွန်သောဆက်ဆံရေးရှိသဖြင့် အလွယ်တကူ ပင် ရောက်လာသည်။ လီမိသားစုသည် ရှီမာယူယူ၏ ချစ်ခင်မှုရှိခြင်းကို ခံစားမိသောကြော့် သူတို့သည် ဆက်ဆံ ရေးကောင်းမွန်လှသည် မဟုတ်သော်လည်း သူတို့ကိုတော့ ခေါ်သွားလောက်ပါတယ်။ နာလန်မိသားစု သည်လည်း အစပိုင်းတွင် အတူလိုက်ချင်သော်လည်း သွားပြောလျှင်လည်း အချည်းအနှီးပင်ဖြစ်မည်ကို သိ သည်။ ထို့အပြင် အားလုံးထွက်သွားပါက နာလန်မိသားစုသည် ယိလင်းတိုင်းပြည်တစ်ခုလုံးတွင် အင်အား ကြီးစိုး နိုင်မည်။
“မိတ်ဆွေလေး ယူယူ ကျွန်တော်တို့ မိသားစုတွေက မိတ်ဆွေဟောင်းတွေပါ၊ မင်းတို့ထွက်သွားမယ် ဆိုရင် ငါတို့ကိုလည်း ခေါ်သွားပေးပါ” ဟူမိသားစု ခေါင်းဆောင်သည် အားရပါးရပြုံးကာ ပြောလေသည်။
“ကျွန်တော် ဒီအဆုံးအဖြတ်ကို ကျွန်တော်တို့ မျိုးနွယ်ခေါင်းဆောင်ကို ပေးပြီးသားပါ၊ ကျွန်တော့်မှာ ဘာ ထင်မြင်ချက်မှမရှိပါဘူး၊ ဘယ်သူလိုက်ပြီး ဘယ်လိုအသက်ရှင်သွားမလဲဆိုတာတော့ ကျွန်တော့် ကိစ္စမဟုတ်ပါ ဘူး” ရှီမာယူယူ ပြောလိုက်သည်။ “မျိုးနွယ်ခေါင်းဆောင် ကျွန်တော် လုပ်စရာကိစ္စလေးတွေ ရှိသေးလို့ အရင် သွားခွင့်ပြုပါဦး” ပြောပြီးသည်နှင့် သူမ ခန်းမမှ ထွက်လာလေသည်။ သူသည် ထိုမြေခွေးအိုကြီး ရှီမာတိုင် ကို ယုံသည်။ သူသည် အကျိုးအမြတ်မရပဲ လုပ်မည်မဟုတ်ပေ။ ထိုလူများသည် လိုက်ချင်ပါက တန်ရာတန်ကြေး ပေးရမည်ဖြစ်သည်။ သူသည် ထိုအခြေအနေအား အသုံးချကာ အကျိုးအမြတ်ယူမည်ဖြစ်၍ စိုးရိမ်ရန် မလိုပေ။ မည်သို့ပင်ဖြစ်စေကာမူ လူတစ်ယောက်ဖြစ်ဖြစ် လူတစ်စုပဲဖြစ်ဖြစ် အတူတကွ ခေါ်သွားရမည်မှာတော့ ကြီးမားသော ကွာခြားချက်မဖြစ်ပေ။
ကျူနှင့် ဝေမိသားစုကိစ္စများ ဖြေရှင်းပြီးနောက် ရှီမာယူယူ၊ ဘေဂုံထန်နှင့် ဝူရန်ဖေတို့သည် တောင် နေကြတ်တိုင်းပြည်သို့ ပျံသန်းသွားလိုက်ကြသည်။ ဝူရန်ဖေသည် သူအမေ၏ ထင်မြင်ချက်ကို မေးလိုသဖြင့် သူတော်စင်မြို့တော်သို့ သွားလေသည်။ ရှီမာယူယူနှင့် ဘေဂုံထန်တို့သည် မြို့အတွင်းဝင်သည်နှင့် သူတို့ ကြုံ တွေ့ခဲ့ရသော အန္တရာယ်များသည် သက်ပြင်းချလောက်စရာဖြစ်သည်ကို တွေးမိကြသည်။ ထိုဖိအားပေး ထားသော သတ္တဝါသည် သူတို့နှင့် အဆက်အစပ်ရှိမည်ဟု သူမ ခံစားမိသည်။ သူမ၏ အလိုလိုသိစိတ်သည် ထိုနေရာသို့ ပြန်လာရမည်ဖြစ်ကြောင်းကို သူမအား ပြောပြခဲ့သည်။
သူတို့ သူတော်စင်မြို့တော်သို့ ဝင်လေသည်။ ရှီမာမိသားစုသည် အိမ်တော်မှ ထွက်ခွာသွားပြီ ဖြစ် သောကြောင့် မြို့အလယ်ရှိ လုမိသားစုအိမ်သို့ တည့်တည့်သွားလိုက်သည်။ တံခါးလာဖွင့်ပေးသူမှာ လုယွမ် ဖြစ်သည်။ ထို့နောက် သူမသည် ရှီမာယူယူနှင့် ဘေဂုံထန်အား မြင်သောအခါ မယုံနိုင်သဖြင့် အော်မိကာ သူမ အစ်ကိုနှစ်ယောက်သည် အိမ်ထဲမှ ထွက်လာလေသည်။
“မင်းတို့သုံးယောက်ပဲ အိမ်မှာရှိတာလား၊ လုမင်ရော” ရှီမာယူယူ ခြံဝန်းသို့ ဝင်သည်နှင့် ပြုံးပြီး မေးလေ သည်။
“အစ်ကို၂ကိုရှာတာလား သူက အသင်းမှာ သူ့ကိုခေါ်ပေးမယ်” လုယွမ် ပြေးထွက်လာကာ ပြောလိုက် သည်။
“သခင်လေးရှီမာ မိန်းကလေးဘေဂုံ ထိုင်ပါဦး” မိန်းကလေးယွမ်သည် နှစ်ယောက်စာ လက်ဖက်ရည်အပူ ကိုယူလာလေသည်။ ရှီမာယူယူနှင့် ဘေဂုံထန်တို့သည် ခြံဝန်းအတွင်းရှိ သစ်ပင်အောက်တွင် ထိုင်ကာ လုယွမ် နှင့် ကြုံတွေ့ခဲ့ရသမျှကို ပြောကြလေသည်။ ခဏအကြာတွင် လုမင်ပြန်လာကာ ရှီမာယူယူအား တွေ့ရသည်ကို အလွန်စိတ်လှုပ်ရှားလေသည်။
ရှီမာယူယူ ပြုံးပြီး ပြောလေသည် “မင်းတို့အားလုံး စုံပြီဆိုတော့ လာရတဲ့အကြောင်းကို ပြောတော့မယ်၊ မင်းတို့အားလုံး ရှီမာမိသားစုက သူတော်စင်မြို့တော်ကနေ ထွက်သွားမယ်ဆိုတာ ကြားကြတယ်မလား”
“ကြားပါတယ်” လုယွမ်နှင့် ကျန်သောသူများ ခေါင်းညိမ့်သည်။
“အဲအတိုင်းပဲ ငါတို့ ဒီတိုင်းပြည်ကထွက်သွားပြီး တခြားတိုင်းပြည်မှာ ပြောင်းနေတော့မှာ၊ မင်းတို့လည်း ငါတို့နဲ့ လိုက်ချင်လားလို့ မေးချင်တာ” ရှီမာယူယူ ပြောလိုက်သည်။
“ဒီနေရာကနေ ထွက်သွားမှာလား” လုမိသားစု မောင်နှမများသည် ရှီမာယူယူအား အံ့သြစွာ ကြည့် လေသည်။ သူတို့သည် တိုင်းပြည်မှ ထွက်သွားမည်ဟု တစ်ခါမှ မတွေးမိကြပေ။ ရှီမာယူယူသည် တိုင်းပြည် နှစ်ခု ကြားမှ ကွာခြားချက်ကို ရိုးရှင်းစွာ ရှင်းပြပြီးနောက် ပြောလေသည် “လုမင် မင်းကလည်း အဂ္ဂိရတ်ပညာရှင် ဆိုတော့ မင်း အဲဒီကိုသွားရင် ရှီမာမိသားစုနဲ့ နေလို့ရမယ်”
“ငါတို့်…. ငါတို့ စဉ်းစားဖို့လိုမယ်” လုမင်ပြောလိုက်သည်။ ထိုသည်မှာ သူတို့အတွက် အခွင့်အရေး ကောင်း တစ်ခုဖြစ်သော်လည်း သူတို့ကြီးပြင်းလာသည့် နေရာမှထွက်ခွာခြင်းသည် သူတို့အား စိုးရိမ်မှုများကို ဖြစ်စေသည်။
“မင်းတို့ သေချာစဉ်းစားကြည့်ပါ နှစ်ရက်ကြာရင် ငါတို့ပြန်လာမယ်” ရှီမာယူယူ ပြောပြီးသည်နှင့် ထကာ သူတော်စင်မြို့တော်မှ ဘေဂုံထန်နှင့်အတူ ထွက်ခဲ့လေသည်။ သူတို့နှစ်ယောက်သည် သားရဲတစ်သောင်း တောင် ဘက်မှ ပြန်ခဲ့ကာ သူတို့ထွက်သွားပြီးနောက် ဝိညာဉ်စေတီအတွင်းဝင်ကာ ဆယ်ရက်ကုန်ဆုံးလိုက်သည်။ သူတို့ လုမောင်နှမအိမ်သို့ သွားချိန်တွင် လုမင် ပထမဆုံးပြောသော စကားမှာ “ငါတို့ မင်းတို့နဲ့ လိုက်မယ်”
သူတို့သည် နေရာအား စွဲလမ်းခြင်းမဟုတ်ပဲ သူတို့မောင်နှမသာ အတူရှိမည်ဆိုလျှင် မည်သည့် နေရာ ပင်ဖြစ်စေကာမူ နေနိုင်သည်။
“ငါ အသင်းကို အသိသွားပေးလိုက်ပါမယ်” လုမင် ပြောလိုက်သည်။
“ကောင်းပြီ နောက်တစ်နာရီ နှစ်နာရီလောက်ဆို သွားမယ်” ရှီမာယူယူ ပြောလိုက်သည်။ လုယွမ်နှင့် တခြားသူများသည် အထုတ်အပိုးများ ထုတ်ပိုးကာ လုမင်သည် အသင်းကို သွားနှုတ်ဆက်လေသည်။ ရှီမာယူယူ နှင့် ဘေဂုံထန်တို့သည် သစ်ပင်အောက်တွင် နားကာ လက်ဖက်ရည်သောက်ပြီး စကားပြောနေကြသည်။ နာရီ အနည်းငယ်ကြာသောအခါ သူတို့သည် သူတော်စင်မြို့တော်မှ ထွက်ခွာကြလေသည်။
နဂါးတန်ပြန်တောင်အောက်တွင် အနက်ရောင်မြူခိုးလုံး၏ မျက်လုံးတစ်စုံသည် ရုတ်တရက် ပွင့်လာကာ ရှီမာယူယူနှင့် တခြားသူများ တောင်ကို ကျော်သွားမှပင် မျက်လုံးပြန်ပိတ်သွားလေသည်။
ရှီမာယူယူနှင့် အဖွဲ့သည် တောင်နေကြတ်တိုင်းပြည်သို့ ဝင်ကာ သူတို့အား တစ်ယောက်တည်း စောင့် နေသော ဝူရန်ဖေအား တွေ့လေသည်။ ဆန်းမူယုနှင့် သူ့အဘိုးတို့သည် တိုင်းပြည်မှ မထွက်ခွာလိုဟု ပြော သဖြင့် သူတို့ကို ဖိအားမပေးတော့ပဲ သူတစ်ယောက်တည်း ခရီးဆက်မည်ဖြစ်ကြောင်း ပြောလေသည်။
သူတို့အဖွဲ့ အန်ယန်းမြို့တော်သို့ ရောက်သောအခါ အားလုံးသည် သွားရန် အသင့်ဖြစ်နေကြသည်။ သူတို့သည် ရှီမာယူယူအား မြင်သောအခါ စိတ်လှုပ်ရှားမှုများဖြစ်ကြသည်။ သူမ ပြန်လာသည့်အခါတွင်မှပင် ရှီမာတိုင်သည် မျိုးနွယ်ခေါင်းဆောင်များ၏ တောင်းဆိုချက်များကို သဘောတူသော်လည်း လာသော မိသားစု များနှင့် သဘောတူညီချက်ယူထားသည်ကို သိလိုက်ရသည်။ သူတို့ ထိုနေရာသို့ ရောက်သည့်အခါတွင် ရှီမာ မိသားစုအား သစ္စာရှိရမည်ဖြစ်ကြောင်းနှင့် အဖွဲ့ခွဲမသွားပဲ ပူးပေါင်းရမည်ဖြစ်ကြောင်း သဘောတူထား ကြ လေသည်။ တခြားမိသားစုများတွင် လူနည်းသော်လည်း ထိုလူစုအသစ်သည် ရှီမာမိသားစု၏ ထိန်းချုပ်မှု အောက်တွင် ရှိသည်။
အားလုံး ပြင်ဆင်ပြီးချိန်တွင် ဘယ်အချိန်ထွက်ခွာမည်ကို ရှီမာယူယူအား မေးချင်သော်လည်း မေးရန် သတ္တိရှိသည့်သူမရှိပေ။ သို့သော် ရှီမာယူယူသည် အလောမကြီးပဲ ခြံဝန်းတွင် အနားယူကာ ဆေးဖက်ဝင်ပစ္စည်း များနှင့် ဆေးမှုန့်များ ဖော်နေကာ သူမအား စောင့်ကြည့်နေသော မျက်လုံးများကို လျစ်လျူရှုထား လေသည်။
ရက်များစွာ ကုန်ဆုံးပြီးနောက် အဘိုးနတ်ဆိုးသည် အေးဆေးစွာ လမ်းလျှောက်လာသည်။ သူရောက် သည်နှင့် ရှီမာယူယူနှင့် ခြံဝန်းထဲတွင် ကစားနေသော အိပ်မက်လေးကို ကြည့်လေသည်။ အိပ်မက်လေးသည် တစ်စုံတစ်ယောက်လာသည်ကို ခံစားမိသဖြင့် တိုက်ခိုက်မည် အလုပ်တွင် ရှီမာယူယူ တားကာ ပြောလေ သည် “အဲဒါ ငါ့ဆရာပဲ မကြောက်နဲ့”
အဘိုးနတ်ဆိုး ရှီမာယူယူဘေးလျှောက်လာချိန်တွင် သူသည် အိပ်မက်လေးအား ကြည့်ပြီး ပြောလေ သည် “မင်း ဒီအမှောင်နတ်ဆိုး သားရဲကို ဘယ်ကရလာတာလဲ”
“သမုဒ္ဒရာနယ်နိမိတ်ကာ” ရှီမာယူယူ ပြောလေသည် “ဘာလို့ စောစောပြန်မလာပဲ ကြာနေတာလဲ”
“ကိစ္စရှိလို့လေ” အဘိုးနတ်ဆိုး ပြောလိုက်သည် “အဆင်သင့်ဖြစ်ပြီလား”
“အဆင်သင့်ပဲ သွားရအောင် အားလုံးကိုတွေ့ဖို့ ခေါ်သွားပေးမယ်” ရှီမာယူယူသည် အိပ်မက်လေး လက် အားဆွဲကာ ရှီမာတိုင်အားလုံး စုထားသည့်နေရာသို့ သွားလေသည်။
အဘိုးနတ်ဆိုးသည် လူအုပ်ကြီးအား ကြည့်ပြီး သွားဖြဲပြီး ပြောလေသည် “ဒီလောက် အများကြီးလား ငါ့ ဝင်ပေါက်က တစ်ယောက်ချင်းစီကို ဘေးကင်းကင်းနဲ့ ရောက်သွားဖို့ တည်ငြိမ်မလားတောင် မသိတတ်တော့ ဘူး”
“ကျွန်တော်သိပါတယ်” ရှီမာယူယူ ပြောလိုက်သည်။ သူတို့ ဝင်ပေါက်သို့ ဝင်လိုက်ချိန်တိုင်းတွင် မြန်မြန် ပိတ်သွားကာ အချိန်အတော်ကြာ မခံနိုင်သည်ကို သိသည်။
“မင်းသိရဲ့သားနဲ့ ဒီလောက် လူအများကြီးခေါ်သွားရလား” အဘိုးနတ်ဆိုးသည် သူမအား စိုက်ကြည့် လေသည်။
“သူတို့အားလုံးကို ဝင်ပေါက်နဲ့ပဲ ခေါ်သွားမယ်လို့ ကျွန်တော် မပြောဘူးလေ” ရှီမာယူယူသည် ဆေး ထုတ်ကာ ပန်းအနံ့ဖြူးလိုက်သည်။ သူတို့သည် ထိုအနံ့အား ရှုရှိုက်မိသည်နျင့် မြေပေါ်တွင် သတိမေ့သွားကြ လေသည်။