အပိုင်း (၄၀၆) – အားလုံးအား သတိမေ့အောင် လုပ်ခြင်း
Vol. 005 Ch. 406
“ယူယူ သူတို့အားလုံး ဘာဖြစ်သွားကြတာလဲ” ရှီမာတိုင်သည် မြေပေါ်တွင် သတိမေ့နေသော လူများ ကိုကြည့်ကာ တုန်လှုပ်စွာ ပြောလေသည်။
“ရှီမာတိုင် မင်းငါတို့ကို ဘာလုပ်လိုက်တာလဲ” သတိရနေသေးသော လူတစ်ယောက်သည် ရှီမာတိုင် အား အော်ပြောလေသည်။ ရှီမာတိုင်သည်လည်း ထိုအဖြစ်အပျက်ကို ရှုပ်ထွေးသွားကာ ရှီမာယူယူအား အံ့သြစွာ ကြည့်လေသည်။ တစ်ချိန်တည်းမှာပင် ဝေကျိရွှီနှင့် ရှီမာယူယန်တို့သည် လူအုပ်ထဲတွင် ရှိနေကာ ဆေးပါသော ပုလင်းငယ်များကို ထုတ်ကာ ဖွင့်လိုက်သည်။
ဘုတ်
ဘုတ်
လူများသည် တစ်ယောက်ချင်းစီ လဲကျသွားကာ နောက်ကျလာမည့် အကြောက်တရားကို မခံစား နိုင် တော့ပေ။ အကယ်၍ ရှီမာမိသားစုသည် သူတို့ကို ထိုနေရာတွင်ပင် တစ်စုံတစ်ရာလုပ်ပါကာ တိုက်ခိုက်ရန် သူတို့ တွင် အားမရှိပေ။
ရှီမာယူယူသည် ဒေါသထွက်နေသော မိသားစု ခေါင်းဆောင်များကို ကြည့်ကာ ပြောလေသည် “မစိုးရိမ် ပါနဲ့ လူကြီးမင်းတို့ နိုးလာတာနဲ့ ကျွန်တော်တို့ မှီခိုကင်းတိုင်းပြည်ကို ရောက်လောက်ပါပြီ၊ ဒါပေမဲ့ ဒါကို လျှို့ဝှက်ထားချင် လို့ ဒုက္ခတော့ နည်းနည်းပေးပါမယ်” မိသားစု ခေါင်းဆောင်များသည် ကာကွယ်ရန် လုပ်သော်လည်း ဆေး၏ စွမ်းအားကို မခုခံနိုင်သဖြင့် လဲကျသွားကာ ယွန်ရိနှင့် အဘိုးနတ်ဆိုးသာ ကျန်ခဲ့ လေသည်။ အဘိုးနတ်ဆိုးသည် လူတစ်အုပ်ကြီးအား ကြည့်ကာ ပြောလေသည် “မင်းအဲလူတွေအားလုံးကို ဘယ်လို ခေါ်သွားမှာလဲ”
“လွယ်ပါတယ်” ရှီမာယူယူ လက်ဝေ့ရမ်းလိုက်သည်နှင့် လူတစ်အုပ်ကြီးသည် သူမ ဝိညာဉ်စေတီ အတွင်းရောက်သွားလေသည်။
“အဲဒါ ဘယ်လိုရတနာမျိုးလဲ” အဘိုးနတ်ဆိုးသည် အံ့သြစွာ မေးလေသည်။
ရှီမာယူယူပြုံးပြီး လူအားလုံးကို အထဲထည့်လိုက်လေသည်။ အဘိုးနတ်ဆိုး ဝိညာဉ်စေတီအတွင်း ဝင် ချိန်တွင် ထိုနေရာသို့ ပထမဆုံးဝင်ဖူးသည့် သူများကဲ့သို့ပင် အံ့သြလေသည်။ သို့သော် သူသည် လျင်မြန်စွာ သတိ ပြန်ဝင်လာကာ ရှီမာယူယူအား ကြည့်ပြီး ပြောလေသည် “မင်းမှာ ဒီလိုရတနာရှိမယ်လို့ ငါထင်မထားဘူး မဆိုးဘူး မဆိုးဘူး”
“ဒုတောင်ကြားသခင်၊ မသိလို့ ဒီမှာ အချိန်ကုန်တာ အပြင်ကထက်မြန်တယ်၊ အပြင်က ၁ရက်က ဒီမှာ ၁၀ရက်ပဲ” ယွန်ရိသည် ထိုအချက်အား အလွန်စိတ်လှုပ်ရှားကာ ပြောပြလေသည်။ အဘိုးနတ်ဆိုးသည် မျက်ခုံး များတွန့်ကာ… ဒီလိုစွမ်းအင်မျိုးလည်း ရှိတာလား။
“ဆရာ့ကို ပတ်ပြပေးမယ်လေ” ရှီမာယူယူ ပြုံးပြီး ပြောလေသည်။
“ကောင်းပြီ”
ရှီမာယူယူသည် သူမ နေထိုင်သောနေရာများ သိုလှောင်ရုံများကို ခေါ်သွားပြရာ အဘိုးနတ်ဆိုး သည် အံ့သြလေသည်။ အထူးသဖြင့် ထိုစေတီသည် အဆင့် ၇ဆင့်ရှိသည်ကို မြင်သောအခါ အလွန်အံ့သြသွား လေ သည်။
“ဒီအဆင့်၇ဆင့် အဆောက်အဦးက အထက်က ရတနာတစ်ခုပဲ ပျောက်သွားတာ ကြာပြီ၊ မင်းလက်ထဲ ရောက်နေမယ်လို့ ထင်မထားဘူး”
“ဆရာ လှည့်ပတ်ကြည့်ပြီးပြီဆိုတော့ သွားကြမလား” ရှီမာယူယူ ပြောလိုက်သည်။
“ကောင်းပြီ” အဘိုးနတ်ဆိုး ပြန်ဖြေကာ ရှီမာယူယူ သူ့အားတိုက်တွန်းနေသည်ကို ခံစားမိသည်။ ရှီမာယူယူ သူ့အား ခေါ်ထုတ်ပြီးနောက် သူသည် ကောင်းကင်တွင် ဝင်ပေါက်ဖန်တီးလိုက်သည်။ သူတို့ ထွက်သွား ချိန်တွင် လူရိပ်တစ်ခုသည် သူတို့ဆီသို့ ပျံလာလေသည်။
“ခဏစောင့်ဦး” ကောင်းကင်မှ လူတစ်ယောက်သည် အော်လိုက်သည်။ ရှီမာယူယူသည် လာနေသော လူအား ကြည့်လိုက်ရာ အံ့သြသွားသဖြင့် ဝူရန်ဖေအား ခေါ်ထုတ်လိုက်သည်။ ဝူရန်ဖေသည် ထိုလူအား ကြည့် ပြီးအော်လေသည် “အမေ”
ဆန်းမူယုသည် ပျံလာကာ ဝူရန်ဖေရှိနေသေးသည်ကို ကြည့်ပြီး ပျော်ရွှင်စွာ ပြောလိုက်သည် “သား မသွားသေးတာ တော်သေးတယ်”
“အမေ ဘာလို့ရောက်လာတာလဲ” ဝူရန်ဖေ ပြောလိုက်သည်။
ဆန်းမူယုသည် သူမ သားအား ချစ်ခင်စွာ ကြည့်ကာ ပြောလေသည် “အမေ့ မိဘတွေမှာ သားသမီးတွေ အများကြီးရှိတယ် ဒါပေမဲ့ အမေ့မှာက သားတစ်ယောက်ပဲရှိတယ်၊ ငါ့ရဲ့ သားလေး”
“အမေ သားနဲ့ လိုက်မလို့လား” ဝူရန်ဖေသည် စိတ်လှုပ်ရှားစွာ မေးလေသည်။ ဆန်းမူယု ခေါင်းညိမ့် ကာ ပြုံးလေသည်။ ဝူရန်ဖေ သူမအား ပထမပြောစဉ်က သူမ မိသားစုသည် ထွက်မသွားလိုသဖြင့် သူမလည်း မသွားဟု ဆ့ုးဖြတ်ခဲ့သည်။ သို့သော် ဝူရန်ဖေထွက်သွားချိန်တွင် သူမသည် သူမသားအား ထပ်မတွေ့ရတော့ မည်ကို တွေးမိသောအခါ ဆုံးဖြတ်အား နောင်တရကာ အပြေးလာခဲ့သည်။ ကံကောင်းစွာပင် သူမ အချိန်မှီလိုက် သည်။ သူမ ဝူရန်ဖေအား မြင်လိုက်ချိန်တွင် သူမစိတ်ထဲတွင်တွေးမိသည်မှာ သူမ မှန်ကန်သော ဆုံးဖြတ်ချက် ချမိသည်ကို သိလိုက်သည်။
“ယူယူ” ဝူရန်ဖေသည် ရှီမာယူယူအား စိတ်လှုပ်ရှားစွာ ကြည့်လေသည်။
ရှီမာယူယူ သွားဖြဲကာ ပြောလေသည် “အဒေါ်က ငါတို့နဲ့လိုက်ချင်မှာတော့ အကောင်းဆုံးပေါ့ ဒီလို ဆိုရင် ငါ သူမကို အထဲထည့်လိုက်မယ်”
ဝူရန်ဖေသည် သူမအား တခြားသူများကဲ့သို့ သတိမေ့အောင်လုပ်မည်လားဟု မေးချင်သော်လည်း သူမ ပြောလိုက်သည်မှာ “အခုတော့ အဒေါ်က မင်းနောက်လိုက်မှာဆိုတော့ ဒါသိတာက အဆန်းမဟုတ်ပါဘူး ဝင်သွားတော့” သူမသည် ဝူရန်ဖေနှင့် ဆန်းမူယုကို ဝိညာဉ်စေတီအတွင်းထည့်လိုက်သည်။ ဆန်းမူယုသည် ရှီမာယူယူ ပြောသောစကားများကို နားမလည်လိုက်ခင်မှာပင် ပတ်ဝန်းကျင်မှာ ပြောင်းသွားကာ နောက် နေရာ တစ်ခုရောက်သွားသည်ကို သိလိုက်ရသည်။
ဝေကျိရွှီနှင့် တခြားသူများသည် ဆန်းမူယုအား မြင်သည်နှင့် အံ့သြသွားကာ အရိုအသေပေးနှုတ်ဆက် ကြလေသည် “အဒေါ်ကို နှုတ်ဆက်ပါတယ်”
ဆန်းမူယုသည် အနည်းငယ်ကြောက်ရွံ့သွားကာ ဝူရန်ဖေ၏ လက်ကို ဆုပ်ကိုင်ပြီး ပြောလေသည် “ဖေ လေး ဒါက..”
“အမေ မကြောက်ပါနဲ့ ဒါက ယူယူရဲ့ နေရာပါ ကျွန်တော်လိုက်ပြပြီး ဘာတွေဖြစ်နေလဲ ဆိုတာ ရှင်းပြ မယ်” ဝူရန်ဖေသည် သူ့အမေ၏ လက်ကိုကိုင်ကာ ပြောလေသည်။
“ကောင်းပြီ”
အပြင်တွင် အဘိုးနတ်ဆိုးသည် ရှီမာယူယူအား ကြည့်ကာ ပြောလေသည် “သွားရအောင် မဟုတ်ရင် ငါတို့မသွားခင်ကို အပေါက်ပိတ်သွားလိမ့်မယ်”
“ဆရာအရင်သွားပါ” သူတို့နှစ်ယောက် အဝင်ပေါက်သို့ ဝင်သည်နှင့် တစ်ပြိုင်နက် လူအနည်းစုသည် အဝေးမှ ပြေးလာကာ ဝင်ပေါက်အား ဝင်ရန် ကြိုးစားလေသည်။ သို့သော် သူတို့ ဝင်ပေါက်အား ဝင်သည်နှင့် တိုက်ခိုက်ခံရလေသည်။
ဘုတ် ဘုတ် ဘုတ်
လူများသည် မြေပေါ်သို့ ကျသွားကာ သူတို့မျက်နှာများနှင့် ခန္ဓာကိုယ်များ ဒဏ်ရာရကာ ဝင်ပေါက်များ ပိတ်သွားသည်ကို မြင်လိုက်ရသည်။
“ငါတို့လည်း ဝင်ပေါက်ဝင်ဖို့ ကြိုးစားကြည့်တာပဲ ဘယ်လိုလုပ်နှင်ထုတ်ရတာလဲ၊ အဲဒီ အဘိုးကြီး ကတော့” နာလန်မျိုးနွယ်ခေါင်းဆောင်သည် ကျောကို ထုကာ ထလေသည်။ ကျန်သောသူများသည် နာလန်၏ အကြီးအကဲများ မျိုးနွယ်ခေါင်းဆောင်များ ဖြစ်ကြသည်။ သူတို့သည် ကောင်းကင်တွင် ဝင်ပေါက်ပွင့်သည်နှင့် ကျေနပ်သွားလေသည်။ သို့သော် သူတိုပျံလိုက်သောအခါ သန်မာသော ဝိညာဉ်လက်တစ်စုံသည် သူတို့အား အပေါက်မှ ဆွဲထုတ်သောကြောင် နာလန်မျိုးနွယ်ခေါင်းဆောင်မှာ မြေပေါ်သို့ ကျကာ သွေးအိုင်အတွင်း ကျလေသည်။ သည်လိုနှင့် ဝင်ပေါက်မှာ ပြန်ပိတ်သွား လေ သည်။
နာလန်မိသားစုအကြီးအကဲများသည် မိသားစုခေါင်းဆောင်ရှိသော နေရာအား ကြည့်လိုက်ရာ သွေးအနံ့ ရဖြင့် ကြည့်လိုက်ရာ တုန်လှုပ်သွားကြလေသည်။
“ငါတို့မျိုးနွယ် ခေါင်းဆောင် သေသွားပြီ…”
မှီခိုကင်းတိုင်းပြည်၏ တောင်တန်းတစ်ခု၏အပေါ် ကောင်းကင်တွင် ဝင်ပေါက်ပေါ်လာသည် လူသား ပုံရိပ်နှစ်ခုသည် ပေါ်လာသည်။
“ကောင်းပြီ ငါပြန်တော့မယ်” အဘိုးနတ်ဆိုးသည် ဝင်ပေါက်မှ ထွက်ရင်း ပြောလေသည်။
ရှီမာယူယူ အဘိုးနတ်ဆိုးအား အရိုအသေပေးကာ ပြောလိုက်သည် “ဂရုစိုက်ပါ ဆရာ”
“အဲဒါ.. မင်းမှာ နီရဲပျားဘယ်လောက်ရှိလဲ ဒီတစ်ခါ သွားပြီးရင် ဘယ်တော့မှ တွေ့မလဲမသိဘူး၊ ငါ့ကို နည်းနည်းပေး ငါ အဂ္ဂိရတ်ပညာအတွက် သုံးချင်လို့” အဘိုးနတ်ဆိုးသည် ရှီမာယူယူ သူ့အား အလွယ်တကူ လွှတ်ပေးသည်ကို အံ့သြကာ သူမအား ကြည့်ပြီး မေးလေသည်။
“ဆရာ့မှာ နီရဲပျားတွေအများကြီးရှိတယ်မလား” ရှီမာယူယူသည် အဘိုးနတ်ဆိုးအား မျက်လုံးလှန်ကာ ကြည့်လိုက်သည်။ ဆရာတစ်ယောက်အနေနဲ့ တပည့်ကို လက်ဆောင်ပေးရမှာ မဟုတ်ဘူးလား။ သို့သော် သူသည် လက်ဆောင်တောင်းနေသည်။ ရှက်စရာကောင်းလိုက်တာ။
“ငါအဲလောက်နည်းနည်းလောက်နဲ့ ဘယ်လိုလုပ်လောက်မှာလဲ” အဘိုးနတ်ဆိုး ပြောလိုက်သည်။
“ကျွန်တော်သိပါပြီ” ရှီမာယူယူသည် နီရဲပျားများပါသော ပုလင်းအားထုတ်ကာ အဘိုးနတ်ဆိုးအား ပေးလိုက်သည်။ “ကျွန်တော် ဆရာ့အတွက် ပြင်ထားပြီးသားပါ”
“ဒီလောက်ပဲလား” အဘိုးနတ်ဆိုးသည် သူမအား စိုက်ကြည့်လိုက်သည်။
“ဒါက ဖက်တီးကျူ သင်ပြီးလုပ်ထားတဲ့ ပုလင်းပါ၊ ဒါကို နည်းတယ်ထင်ရင် ပြန်ယူလိုက်ပါမယ်” ရှီမာယူယူ သည် ပြန်ယူချင်ယောင်ဆောင်လိုက်သည်။
အဘိုးနတ်ဆိုးသည် သူ၏ ဝိညာဉ်စွမ်းအင်အားသုံးကာ ပုလင်းအတွင်းကြည့်ရာ ထိုပုလင်းအတွင်း တွင် နေရာကျယ်ကာ နီရဲပျားများသည် ပုလင်းအပြည့်ဖြစ်လေသည်။ သူသည် ပျော်ရွှင်စွာ ရယ်မောကာ ဝင်ပေါက် အားဖွင့်ပြီး ထွက်သွားလေသည်။
“မင်းအံ့ဖွယ်အဆင့်ရောက်ရင် တက်လာခဲ့၊ ဟိုကောင် တစ်စုက မင်းကိုတွေ့ချင်နေကြတယ်” အဘိုး နတ်ဆိုးသည် အပေါက်ထဲမှ အော်လေသည်။