← Chapters

အပိုင်း (၄၀၇) – အခြေအနေက ဒီလိုမဟုတ်ပါဘူး

Vol. 005 Ch. 407

အပိုင်း (၄၀၇) – အခြေအနေက ဒီလိုမဟုတ်ပါဘူး

Vol. 005 Ch. 407

ရှီမာယူယူသည် အဘိုးနတ်ဆိုးပြောစကားကို သိပ်တွေးမနေပေ။ ထိုလူများသည် သူမအား တွေ့ချင် သည့်အကြောင်းမှာလည်း ရင်ဘိုင်ချွမ်းကဲ့သို့ ဖြစ်နေမှာပင်။ သူတို့သည် သူမ တောင်ကြားသခင်လေး ဖြစ်သင့် မဖြစ်သင့်ကို ကြည့်ချင်နေကြသည်။

သူမသည် ထိုလူများအား သိပ်အာရုံမထားပေ။

သူမသည် လည့်ပတ်ကြည့်လိုက်ရာ ထိုနေရာသည် ယွန်မျိုးနွယ်နှင့် နီးသော တောင်ဖြစ်လေသည်။ ထိုအချိန်သည် သူတို့ ထွက်သွားသည်မှာ နှစ်တစ်ဝက်ကြာနေပြီဖြစ်သည်။

သူမ ယွန်ရိ၊ ဘေဂုံထန်နှင့် တခြားသူများကို ခေါ်ထုတ်လိုက်သည်။ သူတို့သည် ယွန်မျိုးနွယ်ဆီသို့ ပျံ သန်းသွားရာ မကြာမီတွင် ယွန်မျိုးနွယ်၏ အိမ်သို့ မြင်ရလေသည်။

သူတို့ ယွန်ရိ၊ ရှီမာယူယူနှင့် တခြားသူများလာနေသည်ကို မြင်သောအခါ ယွန်ဂျင်ဝေသည် ပီတိဖြစ် ကာ ပြောလေသည် “သခင်လေးက အချိန်ကိုက် တကယ်ရောက်လာတာပဲ၊ ကျန်မျိုးနွယ်နဲ့ ပညာရှိစံအိမ်တော် တို့ လှုပ်ရှားမှုက မင်္သကာစရာပဲ၊ သူတို့က ငါတို့ကို ဘယ်လိုဖိနှိပ်ရမလဲဆိုတာကို စဉ်းစားနေတာဖြစ်မယ်၊ ရှိမင်နဲ့ ငါတောင် သခင်လေးတို့ ပြန်မလာဘူးဆိုရင် အခွင့်အရေးလွဲသွားမှာဆိုပြီး ပြောနေကြတာ”

သူမသာ ပြန်မလာခဲ့ပါက ကျန်မျိုးနွယ်၏ ပိုင်ဆိုင်မှုများကို ချန်ထားရန် သဘောတူခဲ့ကြသည်။ သူမ ပြန်လာပါက သူတို့သည် ထိုဝေစုအား သူမအား ပေးမည်။

ထို့အပြင် သူမသည် သူတို့အား နတ်ဘုရားဆေးမပေးခဲ့ပါက သူတို့တွင် အံ့ဖွယ်အဆင့်သို့ ရောက်သည့် သူ အများအပြားရှိမည်မဟုတ်ပေ။

သူမ ပြန်လာပြီး တိုက်ပွဲတွင် ပါဝင်နိုင်သည်မှာ တော်သေးသည်။ ထိုမှသာလျှင် သူမသည် ထိုပစ္စည်းများ လက်ခံရာတွင် နေရမခက်မည်ဖြစ်သည်။

“မနေ့က အစီအစဉ်ဆွဲပြီးသွားပြီထင်တယ်” ရှီမာယူယူ ယုံကြည်ချက်ရှိစွာ ပြောလိုက်သည်။

“တောင်ကြားသခင်လေးက ဉာဏ်ကောင်းတယ်…. ကျန်မျိုးနွယ်နဲ့ ပညာရှိစံအိမ်တော် သတင်းကြားပြီး ငါတို့လည်း ရင်ဆိုင်ဖို့လုပ်နေပြီ” ယွန်ဂျင်ဝေ ပြောလိုက်သည် “ငါတို့ နောက်ဆုံး အစီအစဉ်၂ခုထွက်လာတယ်၊ တစ်ခုက သခင်လေးပြန်လာတာနဲ့ နောက်တစ်ခုက သခင်လေးပြန်မလာတဲ့အခြေအနေနဲ့၊ အခု သခင်လေး ပြန် လာပြီဆိုတော့ နောက်တစ်ခုက အသုံးမဝင်တော့ဘူး”

“ပညာရှိစံအိမ်တော်က တကယ်ပဲ ကျန်မျိုးနွယ်နဲ့ ရေစက်ရှိတာပဲ” ရှီမာယူယူ ပြောလိုက်သည်။

အထက်လောကသည် အအောက်မှ ကိစ္စများကို ဝင်ပါရန်မဖြစ်နိုင်ဟု သတင်းကြားပြီးသည်မှစ၍ သူမ သည် ပညာရှိစံအိမ်တော်အား တိုက်ခိုက်ရန် မကြောက်တော့ပေ။

သူတို့က တစ်ဦးနဲ့ တစ်ဦးဆက်သွယ်ပြီး အံ့ဖွယ်နတ်ဆိုးတောင်ကြားကလူတွေကို လိုက်သတ်ရဲ တယ် ဟုတ်လား။ အံ့ဖွယ်နတ်ဆိုးတောင်ကြားသည် ပညာရှိစံအိမ်တော်နှင့် ရှင်းရန် ကိစ္စများစွာ ရှိသွားသည်။

“ငါတို့ ဒီနေ့တော့ ဒီမှာပဲ နေပြီး သူတို့ကိုခေါ်ဖို့ လူလွှတ်လိုက်မယ်လေ” ယွန်ဂျင်ဝေ ပြောလေသည် “သူတို့က သခင်လေးပြန်လာတာကို သိရင် ဝမ်းသာမှာပဲ၊ ယွန်ဖန်.. အရင်ဆုံး တောင်ကြားသခင်လေးတို့ နားဖို့ သူတို့အိမ်ကို ခေါ်သွားလိုက်ပါ”

“ဟုတ်ကဲ့ အဖေ” ယွန်ဖန် ပြန်ဖြေလိုက်သည်။

ယွန်ဂျင်ဝေသည် ရှီမာယူယူအား အရိုအသေပေးကာ လှည့်ထွက်သွားလေသည်။

“တောင်ကြားသခင်လေး ဒီဘက်ကိုကြွပါ” ယွန်ဖန်သည် ဧည့်ဝတ်ကျေပွန်စွာ ရှီမာယူယူတို့အား ဦးဆောင် သွားလေသည်။

အိပ်မက်လေးသည် ရှီမာယူယူ၏ လက်အားကိုင်ကာ ပြောလေသည် “သခင် ဒီကအခန်းတွေက အရမ်း ကြီးတာပဲ ရှီမာမျိုးနွယ်အိမ်က အခန်းတွေထက် ပိုကြီးတယ်”

“အိပ်မက်လေးက အခန်းအကျယ်ကြီးမှာ နေရတာကြိုက်တာလား” ရှီမာယူယူသည် ခေါင်းငုံ့ကာ ပြုံးပြီး  မေးလိုက်သည်။

“အခန်းအကျယ်ကြီးတွေက ကောင်းတယ်လို့ အိပ်မက်လေးထင်တယ်” အိပ်မက်လေးသည် ဘယ်ညာ ကြည့်ကာ အလွန်စပ်စုနေလေသည်။

“ဒါဆို ငါတို့ပြန်ရောက်တာနဲ့ အိပ်မက်လေးအတွက် အခန်းအကျယ်ကြီးဆောက်ပေးရမလား”

“အိုခေ သခင်က အကောင်းဆုံးပဲ” အိပ်မက်လေးသည် ပြုံးပြီး ပြောလေသည်။

ရှီမာယူယူအနောက်မှ လမ်းလျှောက်နေသော ယွန်ဖန်သည် အိပ်မက်လေးက ရှီမာယူယူကို သခင်ဟု ခေါ်သည်ကို ကြားသောအခါ အိပ်မက်လေးအား နားမလည်စွာ ကြည့်လိုက်သည်။

သူမက ရှီမာယူယူကို သခင်လို့ခေါ်တယ်… ဒါဆိုရင် သူမက အသွင်ပြောင်းသားရဲလား။

ထိုသည်မှာ ငယ်ရွယ်သောအသွင်ပြောင်း သားရဲကို မြင်ဖူးခြင်းသည် သူ့အတွက် ပထမဆုံး အကြိမ်ပင်ဖြစ် သည်။

ရှီမာယူယူ ထွက်သွားချိန်တွင် သူမဘေးတွင် ထိုသားရဲမရှိသည်ကို သူမှတ်မိသည်။ ဒါဆို သူမ ဘယ်တုန်း က အိပ်မက်လေးကို ရလိုက်တာလဲ။

သူသည် ယွန်ရိအားကြည့်ရာ ယွန်ရိသည် မမေးရန် ခေါင်းရမ်းပြလေသည်။

ရှီမာယူယူနှင့် တခြားသူများသည် အရင်တစ်ခေါက် သူတို့နေခဲ့သော အိမ်တွင်ပင် နေကြလေသည်။ သူတို့ ပြန်လာမည်ကို သိကြသဖြင့် ထိုနေရာအား အဆင်သင့်ဖြစ်ရန် နေ့စဉ်သန့်ရှင်းရေး လုပ်ကြလေသည်။

ယွန်ရိနှင့် ယွန်ဖန်တို့သည် သူတို့ကို ပို့ပြီးသည်နှင့် ထွက်သွားကြသည်။

“ယူယူ မင်းအဲလူတွေကို ဘယ်တော့ ခေါ်ထုတ်မှာလဲ” ဝေကျိရွှီသည် အားလုံးထွက်သွားသည် ကို စောင့်ပြီး မေးလေသည်။

လျှို့ဝှက်ချက်အား ထိန်းသိမ်းထားနိုင်ရန် အားလုံးကို သတိမေ့အောင် သူမ လုပ်ခဲ့သည်။ သူတို့အား မထိ ခိုက်သောလ်ညး အားလုံးကို မြန်မြန်ထွက်လာစေချင်သည်။

“ကျန်မျိုးနွယ်နဲ့ ကိစ္စတွေရှင်းပြီးရင် ခေါ်ထုတ်မှာပါ” ရှီမာယူယူ ပြောလိုက်သည်။

လူအနည်းငယ်သာ ရောက်လာသည်။ အခုချိန်တွင် ယွန်နှင့် ဂေါင်မျိုးနွယ်သည် ကျန်မျိုးနွယ်နှင့် ပညာရှိစံအိမ်တော် တို့ကို တိုက်ခိုက်ရန် ရှိနေသေးသည်။ သူတို့သည် အလိုက်အထိုက်နေရန် မဖြစ်နိုင်သည်ကို သူမ ခန့်မှန်းမိသဖြင့် သူတို့ကို ဝိဉာဉ်စေတီအတွင်း ငြိမ်းချမ်းစွာ အိပ်နေခြင်းမှာ ပိုကောင်းသည်။

“အဲဒါကောင်းတယ်၊ အခုက ရှုပ်ထွေးနေတဲ့အချိန်၊ ပြီးတော့ သူတို့ ထွက်လာပြီး ကျန်မျိုးနွယ်ကြောင့် ဒါမှ မဟုတ် တခြားအကြောင်းကြောင့် ထိခိုက်သွားရင်လည်း မကောင်းဘူး” ဖက်တီးကျူ ခေါင်းညိတ်လိုက်သည်။

“ဂေါင်မျိုးနွယ်နဲ့ ယွန်မျိုးနွယ်ခေါင်းဆောင်တို့ ပြန်လာရင် သူတို့ အစီအစဉ်က ဘာလဲဆိုတာ မေးရမယ်” ရှီမာယူယူ ပြောလိုက်သည် “အခုတော့ ငါတို့ သတင်းစုံစမ်းဖို့ နည်းလမ်းအရင်ရှာရမယ်”

“ငါတို့ ဘယ်လိုသတင်းစုံစမ်းမှာလဲ” ဖက်တီးကျူ မေးလိုက်သည်။

“ငါတို့ အင်အားကို ကူညီပေးမယ့်သူကိုပဲ သုံးရမှာပေါ့” ရှီမာယူယူသည် အထာဖြင့် ပြုံးလိုက်သည်။

“နီရဲပျားတွေပဲမလား” ဘေဂုံထန် ပြောလိုက်သည်။

“အင်း” ရှီမာယူယူ ခေါင်းညိတ်သည် “အခုချိန်ကို ငါတို့ ယွန်မျိုးနွယ်ကို လူရှာခိုင်းလိုက်မယ်၊ နီရဲပျားတွေ ကို ကျန်မျိုးနွယ်နဲ့ ပညာရှိစံအိမ်တော်က သတင်းတွေကို စုံစမ်းခိုင်းလိုက်မယ်၊ အဲပျားတွေက စာချုပ်ချုပ်ပြီးမှ မွေး လာတာဆိုတော့ တစ်ကောင်နဲ့တစ်ကောင် အဝေးကြီးရောက်ရင်တောင် ပျားဘုရင်မကို ပြန်လာတာနဲ့ သတင်း  ပေးနိုင်လိမ့်မယ်”

“အဲပျားတွေကို မိမသွားနိုင်ဘူးလား” ဝူရန်ဖေသည် နီရဲပြားများ သတိပြုခံရမည်ကို စိုးရိမ်နေသည်။

ရှီမာယူယူသည် နီရဲပျားထုတ်ကာ အသွင်ပြောင်းစေသည်။ ထိုပျား၏ ခန္ဓာကိုယ်သည် လှုပ်ရှား ကာ သေးသေးသွားလေသည်။ နောက်ဆုံးတွင် သာမာန်ပျားကဲ့သို့ ဖြစ်သွားလေသည်။

“ဟီးဟီး မင်းတို့က ချောင်းနားထောင်တာ တကယ်ကျွမ်းတယ်” ဖက်တီးကျူသည် ပြောရင်းနှင့် လက်ချောင်းဆန့်ထုတ်ကာ နီရဲပျားကို စနောက်လိုက်သည်။

“ဟုတ်တယ်” ဝေကျိရွှီ သဘောတူလိုက်သည်။ “ပြီးတော့ အရေအတွက်များပြီး မြန်လည်းမြန်တယ်၊ အရေးအကြီးဆုံးက သူတို့ ဝိဉာဉ်စွမ်းအား အတက်အကျဖြစ်တာကို ဖုံးကွယ်နိုင်တယ်၊ သူတို့က သာမာန်ပျားလိုပဲ သူတို့ သတိထားမိမှာ မဟုတ်ပါဘူး”

ဝေဒနာမေ့ပျောက်ခြင်းကျွန်းတွင် ရှိစဉ်ကလည်း သူတို့သည် သတင်းစုံစမ်းရန် နီရဲပျားများကို အသုံးပြု ခဲ့သည်။ သူတို့သည် ထိုနည်းလမ်းသည် သတင်းထောက်လှမ်းရာတွင် အသင့်တော်ဆုံးဖြစ်မည်ဟု ဆုံးဖြတ် ခဲ့ကြသည်။

ခဏအကြာတွင် ဂေါင်ရှိမင်နှင့် ယွန်ဂျင်ဝေတို့ အတူရောက်လာသည်။ သူတို့ သူမအား မြင်သောအခါ ချက်ချင်းပင် အရိုအသေပေးကာ ပြောလေသည် “ကျွန်တော်တို့ကို နတ်ဘုရားဆေး ပေးတဲ့အတွက် တောင်ကြား သခင်လေးကို အများကြီး ကျေးဇူးတင်ပါတယ်၊ အဲဆေးကြောင့် ကျွန်တော်တို့ ဂေါင်မျိုးနွယ်က အဆင့်၅ အံ့ဖွယ် အဆင့် လူရသွားတာ”

“ဂေါင်မျိုးနွယ်ခေါင်းဆောင်က ယဉ်ကျေးလွန်းနေပါပြီ၊ ကျွန်တော်တို့က အလဲအလှယ်လုပ်ဖို့ သဘောတူ ခဲ့ကြတာပဲ ကျေးဇူးတင်ဖို့မလိုပါဘူး” ရှီမာယူယူ ပြန်ဖြေသည်။

“တန်ပြန်တိုက်ဖို့ မဆွေးနွေးခင် အခုအခြေအနေကို အရင်ပြောရအောင်” ယွန်ဂျင်ဝေသည် အကြံပေး လိုက်သည်။

“ကောင်းပါပြီ”

“အဲမတိုင်ခင် ကျွန်တော် ယွန်မျိုးနွယ်ခေါင်းဆောင်ကို အကူအညီတောင်းစရာရှိတယ်…” ရှီမာယူယူ  ပြောလိုက်သည်။

ဆယ်မိနစ်အကြာတွင် တပ်သားအုပ်စု တစ်စုသည် အဝတ်ဖြင့် အုပ်ကာ တစ်စုံတစ်ရာကို ယွန်အိမ်တော် မှ ထွက်ခွာသွားလေသည်။ သူတို့သည် ဖြတ်လမ်းတည်ဆောက်မှုကို သုံးကာ နောက်မြို့တစ်ခုကို ရောက်လေ သည်။

ဝိဉာဉ်သခင်အသင်းမှ လူများသည် ယွန်မျိုးနွယ်ဝင်များ အဝတ်များဖြင့် ဖုံးအုပ်ကာ သယ်ပြီးထွက်သွား သည်ကို မြင်လိုက်သော်လည်း အထဲတွင် ရှိသည့်အရာကိုတော့ မသိလိုက်ပေ။

ယွန်ဂျင်ဝေနှင့် တခြားသူများသည် ရှီမာယူယူ အပိုလုပ်သည်ဟု ထင်ထားသော်လည်း သူမ အမိန့်ပေး  သောအခါတွင် လူလွှတ်ကာ သူမ ညွှန်ကြားသည့်အတိုင်း လုပ်ပေးသည်။

ထို့နောက်တွင် နောက်တစ်နေ့တွင် ရှီမာယူယူသည် သူတို့နှင့်အတူ ဆက်ဆွေးနွေးလေသည်။

နောက်နေ့မနက်တွင် ယွန်ဂျင်ဝေနှင့် ဂေါင်ရှိမင်တို့သည် ပြန်လာကာ သူမအား လာရှာကြလေသည်။

“တောင်ကြားသခင်လေး ငါတို့ ရတဲ့သတင်းအရ ကျန်မျိုးနွယ်က နောက်လ တစ်ဝက်လောက် ကို အင်အားတွေစုစည်းလိမ့်မယ်၊ သူတို့က ငါတို့လိုပဲ တိုက်ပွဲအတွက် ပြင်နေကြတယ်” ယွန်ဂျင်ဝေ ပြောလိုက် သည်။

“ငါတို့လူတွေကလည်း နိုင်ငံအနှံ့မှာရှိတာပဲ၊ ငါတို့လည်း လူလွှတ်ပြီး ပြန်စုမှထင်တယ်၊ အသွားအပြန်ဆို ရင် လတစ်ဝက်လောက်တော့ကြာလောကမယ်၊ အချိန်ကိုက်ပါပဲ” ဂေါင်ရှိမင် ပြောလိုက်သည်။

ရှီမာယူယူ ပြုံးကာ ပြောလိုက်သည် “ဒါပေမယ့် တကယ့်အခြေအနေက အဲလိုမဟုတ်ဘူး…”

All Chapters