အငြိုးအတေးများကို သန့်စင်ခြင်း
Vol. 20 Ch. 276
၁၅မိနစ်အကြာတွင် ကျန်းယန်ယွီသည် ပျံသန်းထွက်ခွာသွားသည်။
ဟန်မူယဲ့က သူနှင့် စကားသိပ်မပြောခဲ့ပေ။
သူက ကျန်းယန်ယွီလိုချင်သော မဟာမိတ်အကြောင်းကို စိုးရိမ်စရာမလိုပေ။
ကျန်းယန်ယွီကလည်း ဟန်မူယဲ့ဆီသို့ သတင်းပါးရန်နှင့် သဘောထားကိုဖော်ပြရန် ရောက်လာခြင်းဖြစ်သည်။
အစပိုင်းတွင်တော့ ကျန်းယန်ယွီက ဟန်မူယဲ့၏ကျင့်ကြံခြင်းကိုစစ်ဆေးပြီး လုံလောက်အောင်သန်မာမှုမရှိလျှင် ခဏတာကာကွယ်ပေးမည်ဟု တွေးထားခဲ့သည်။ ထိုသို့ဖြင့် ဟန်မူယဲ့က သူ့အပေါ်မှာ အကြွေးတင်သွားပေမည်။
အဆုံးမှာတော့ ထိုအတွေးက မလိုအပ်ကြောင်း သူခံစားမိသည်။
သူတို့ အမှန်တကယ်တိုက်ခိုက်လျှင် သူက ဟန်မူယဲ့၏ပြိုင်ဘက် မဖြစ်နိုင်ပေ။
မျိုးဆက်သစ်၏ နံပတ်တစ်ကျွမ်းကျင်သူဖြစ်သော ဟန်မူယဲ့၏ဓားနည်းစနစ်က စိတ်ကူးမယဉ်နိုင်လောက်အောင် သန်မာသည်။
ကျန်းယန်ယွီထွက်သွားသောအခါတွင် တာအိုဆရာတယန်က ဓားဆေးလုံးကို ဟန်မူယဲ့ဆီသို့ ပေးလိုက်သည်။
“ဒီဓားဆေးလုံးကို စစ်ကင်းတဲလို့ခေါ်တယ်။ ဒါက သူ့ရဲ့ကောင်းကင်စက်ဝန်းဓားဝင်္ကပါထဲမှာ တစ်ခုအပါအဝင်ပဲ”
တာအိုဆရာတယန်က ရှုပ်ထွေးနေသောမျက်နှာထားဖြင့် တီးတိုးပြောသည်။
“အမှန်အတိုင်းပြောရရင် အနောက်ဘက်နယ်စပ်ကုန်းမြေမှာ ဓားဆေးလုံးတွေအများကြီးမရှိဘူး။ သူကလွဲပြီး ဓားဆေးလုံးတွေကို အသွင်ပြောင်းအဆင့်အထိ ထိန်းချုပ်နိုင်တဲ့လူက နည်းနည်းပဲရှိတယ်”
ဓားဆေးလုံးကိုပျိုးထောင်ရန်အတွက် ချီစွမ်းအားနှင့် ဓားဆန္ဒ အများအပြားကုန်သည်။ သာမန်ကျင့်ကြံသူများသင်ယူရန် ခက်ခဲသည်။
လူအများစုက ကျင့်ကြံခြင်းအဆင့်မြင့်လာသောအခါတွင် ဓားဆေးလုံးများကို လက်လျှော့လိုက်ကြသည်။
ဓားဘုရင်ယွမ်ထျန်းလို ကျွမ်းကျင်သူမျိုးသည်သာ ဓားဝင်္ကပါဖြင့် ဖိနှိပ်ထားနိုင်ခြင်းဖြစ်သည်။
သူ့လက်ထဲတွင်ရှိသောဓားဆေးလုံးက နှစ်တစ်သောင်းကြာသည်အထိ ပျက်စီးမသွားသေးသောကြောင့် အတော်လေးအဆင့်မြင့်နေပြီဖြစ်သည်။
ဟန်မူယဲ့က ဓားဆေးလုံးကို လှမ်းယူသည်။ ဓားဆေးလုံးက ကျောက်စိမ်းကဲ့သို့ နွေးထွေးပြီး လုံးဝိုင်းနေသည်။ ဓားဆေးလုံးပေါ်တွင် သဘာဝစွမ်းအင်အလင်းတချို့ ပေါ်ထွက်နေသည်။
သူက ဓားဆေးလုံးကိုကိုင်ထားပြီး ဓားချီများထည့်သွင်းလိုက်သည်။
ဟန်မူယဲ့၏စိတ်ထဲတွင် ပုံရိပ်များပေါ်လာသည်။
ဓားဆေးလုံးကို ဖန်တီးပြီးသန့်စင်သောနည်းလမ်းက တခြားဓားဆေးလုံးများနှင့် အတူတူပင်ဖြစ်သည်။
ဓားဆေးလုံးသည် ဓားဘုရင်ယွမ်ထျန်းနောက်သို့ လိုက်သွားခဲ့ပြီး နေရာအနှံ့သို့ရောက်ခဲ့သည်။
သူက ဓားဘုရင်ယွမ်ထျန်း၏ ဘဝမြင်ကွင်းများကို မြင်လိုက်ရသောအချိန်တိုင်းမှာ ဆူပွက်လာသောသွေးများကို ခံစားမိသည်။
သူ့ဓားနည်းစနစ်က လွှမ်းမိုးနိုင်စွမ်းရှိပြီး လောကထဲရှိ နေရာတိုင်းကို သွားနိုင်သည်။
ထိုကျင့်ကြံသူမျိုးက အလွတ်လပ်ဆုံးကျင့်ကြံသူဖြစ်သည်။
ထိုလူမျိုးက အစစ်အမှန်ဓားကျင့်ကြံသူဖြစ်သည်။
ဟူး…
ဓားဆေးလုံးက အသံပေးလိုက်ပြီး ဓားချီတချို့လှည့်ပတ်နေသည်။
ကျန်းယန်ယွီက ဓားဆေးလုံးကို နှစ်ပေါင်းများစွာကြာအောင် ပျိုးထောင်ပေးခဲ့ပြီး ဓားချီအများအပြား ထည့်သွင်းထားခဲ့သည်။
ဤဓားဆေးလုံးကို ကင်းစောင့်တောင်ကုန်းတာအိုဂိုဏ်း၏ တခြားလူတစ်ယောက်က ပျိုးထောင်ခဲ့ဖူးသည်။
မြင်ကွင်းများ ဖြတ်ပြေးသွားသည်။ ဓားဘုရင်ယွမ်ထျန်း၏ ဓားဆေးလုံးနှင့် လူသတ်သောနည်းလမ်းကို ဟန်မူယဲ့နားလည်လိုက်သည်။
သူက ကြယ်အမှတ်ဓားနည်းစနစ်ကို တတ်မြောက်သွားသည်။
“ဝှစ် ....”
ဟန်မူယဲ့က လက်မြှောက်လိုက်သည်။ ဓားဆေးလုံးက ဖျတ်ခနဲထွက်ပြေးသွားပြီး ပေတစ်ရာအကွာကို တိုက်ခိုက်လိုက်သည်။
“ဘန်း ....”
ပေတစ်ရာအကွာတွင်ရှိသော အမှောင်ထုထဲတွင် ပုံရိပ်တစ်ခုသည် ပေတစ်ထောင်အကွာအထိ လွင့်စင်သွားသည်။
ဓားနည်းစနစ် ကြယ်အမှတ်…
ဓားဆေးလုံးက မိုင်တစ်ရာအကွာသို့ ချက်ချင်းသွားနိုင်သည်။ ဓားချက်က ကြယ်တစ်စင်းကဲ့သို့ လေးလံသည်။
တာအိုဆရာတယန်က ဖြတ်ပြေးသွားဓားအလင်းကို ရှုပ်ထွေးသောမျက်နှာထားဖြင့် ကြည့်ပြီး ရေရွတ်သည်။
“ဒါက ကြယ်တစ်လုံးလား။ သူက တကယ်ပဲ သူ့ရဲ့ဓားနည်းစနစ်တွေကို နားလည်နိုင်တာလား”
ပေတစ်ထောင်အကွာတွင် လွင့်စင်သွားခဲ့သော အစိမ်းရောင်ဝတ်စုံနှင့်လူအိုကြီးက လေထဲမှာလွင့်မျောနေသောဓားဆေးလုံးကို ထိတ်လန့်စွာကြည့်သည်။
“အင်မော်တယ်ဟန်ရဲ့နည်းလမ်းတွေက ဒဏ္ဍာရီတွေအတိုင်း ထူးခြားတာပဲ”
“သူက ဖုန်းလင်ဓားဂိုဏ်းရဲ့ ရန်သူကြီးတစ်ယောက်ပဲ”
“ဂိုဏ်းချုပ်ကျန်းချန်က ငါ့ကိုအကူအညီတောင်းခဲ့တာ မထူးဆန်းတော့ပါဘူး”
ဖုန်းလင်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်ကျန်းချန်…
ဟန်မူယဲ့က ရှေ့တွင် ရှိနေသောလူအိုကြီးကို မော့ကြည့်သည်။
“အကြီးအကဲက ဂိုဏ်းချုပ်ကျန်းချန်ရဲ့နာမည်ကိုတောင် ထုတ်ပြောရဲတယ်ဆိုတော့ ကျုပ်ကိုသတ်နိုင်မယ်လို့ ယုံကြည်ချက်ရှိနေတာလား”
“ပြီးတော့ တကယ်သိချင်မိတယ်။ လင်တောက်တာအိုဂိုဏ်းရဲ့ အမိန့်တော်က အသုံးမဝင်ဘူးလား”
ဓားဆေးလုံး၏ ကြယ်အမှတ်တိုက်ခိုက်မှုကို တားဆီးလိုက်သောလူသည် ရွှေအမြုတေအဆင့် ကျွမ်းကျင်သူဖြစ်သည်။
ထိုကျွမ်းကျင်သူက ဟန်မူယဲ့အားသတ်ဖို့ ဆုံးဖြတ်ထားသကဲ့သို့ ကြောက်ရွံ့စိတ်ကင်းမဲ့နေသည်။
ရွှေအမြုတေအဆင့်တစ်ဦးက လင်တောက်တာအိုဂိုဏ်း၏တားမြစ်ချက်ကို ချိုးဖောက်ပြီး တိုက်ခိုက်ခဲ့လျှင် စုံးစမ်းစစ်ဆေးမှုကို မကြောက်သောကြောင့်ဖြစ်ပေလိမ့်မည်။
“အင်မော်တယ်ဟန်က ပြင်ပလူတစ်ယောက်ကြောင့်သေသွားရင် လင်တောက်တာအိုဂိုဏ်းက ဝမ်းသာနေမှာပါ”
လူအိုကြီးက တည်ငြိမ်နေသောမျက်နှာထားဖြင့် ဖြည်းဖြည်းချင်းလျှောက်လာသည်။
“မင်းကို သတ်နိုင်မလားဆိုတာကတော့ မင်းရဲ့စွမ်းရည်အပေါ်မှာပဲ မူတည်နေတယ်”
ထို့နောက် လူအိုကြီးက လက်မြှောက်လိုက်သည်။ အစိမ်းရောင်ချီစွမ်းအင်အလင်းတစ်ခုသည် သူ့လက်ဝါးကို လွှမ်းခြုံထားသည်။
ထိုဝိညာဉ်အလင်းက အလွန်တောက်ပနေပြီး အလင်းတန်းတစ်ခုအသွင်ပြောင်းလျက် ဟန်မူယဲ့ကို လွှမ်းခြုံသွားသည်။
“တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်လား”
ဟန်မူယဲ့က မျက်မှောင်ကြုတ်လိုက်ပြီး ပျံသန်းသွားတော့မည့်အချိန်မှာ သူ့ခန္ဓာကိုယ်က တောင့်တင်းသွားကြောင်း ခံစားရသည်။
သူက ထပ်ကြည့်လိုက်သောအခါတွင် မှောင်မည်းနေသောချောက်နက်ထဲသို့ ရောက်နေကြောင်း မြင်လိုက်ရသည်။
ထိုချောက်နက်ကို မတ်စောက်သောချောက်ကမ်းပါးများဖြင့် ဝိုင်းရံထားပြီး အရိုးများနှင့် ပြည့်နေသည်။
ဟန်မူယဲ့က ချောက်နက်ထဲကို ဆင်းသက်လိုက်သောအခါတွင် အရိုးများကြားတွင် အစားအသောက်ရှာဖွေနေသော ဝံပုလွေရိုင်းနှင့် ကြွက်များက နီရဲနေသောမျက်လုံးများဖြင့် လှည့်ကြည့်လာကြသည်။
“ဝေါင်း ....”
ဝံပုလွေရိုင်းတစ်ကောင်က ဟန်မူယဲ့ကို ခုန်အုပ်လိုက်သည်။
“ရွှပ် ....”
ဓားအလင်းတစ်ခုပေါ်လာပြီး ဝံပုလွေရိုင်းမှာ နှစ်ပိုင်းဖြစ်သွားသည်။
ထို့နောက် ပြင်းထန်သောအငွေ့အသက်များက ဟန်မူယဲ့၏ကိုယ်ထဲသို့ ဝင်လာသည်။ ဟန်မူယဲ့၏မျက်နှာထားက အနည်းငယ်ပြောင်းလဲသွားသည်။
“သတိထား။ ဒီနေရာမှာရှိနေတဲ့အရာအားလုံးက အငြိုးအတေးကြောင့် ဖြစ်ပေါ်လာတာ”
တာအိုဆရာတယန်က ဟန်မူယဲ့၏ဘေးမှာပေါ်လာပြီး လေးနက်သောမျက်နှာထားဖြင့် ပြောသည်။
သူက ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး တီးတိုးပြောသည်။
“မင်းက မတိုက်ခိုက်တာ ကောင်းလိမ့်မယ်။ မဟုတ်ရင် အငြိုးအတေးစွမ်းအားတွေကြောင့် မင်းဝိညာဉ်က ပြဿနာတက်သွားနိုင်တယ်”
အငြိုးအတေးစွမ်းအား…
ထိုဝံပုလွေရိုင်းသည် အစစ်အမှန်မဟုတ်ဘဲ အငြိုးအတေးစွမ်းအားများကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
သူက ဝံပုလွေကို သတ်လိုက်သောအခါတွင် သူ့ခန္ဓာကိုယ်ထဲသို့ အငြိုးအတေးများ စိမ့်ဝင်လာသည်။
သာမန်လူသားများက ထိုအငြိုးအတေးစွမ်းအားကို တောင့်ခံနိုင်မည် မဟုတ်ပေ။ ခန္ဓာကိုယ်ထဲသို့ဝင်လာလျှင် စိတ်လွတ်ပြီး ရူးသွပ်သွားပေမည်။
ကျင့်ကြံသူတစ်ယောက်သည်ပင် မချင့်မရဲဖြစ်လာလိမ့်မည်။
ထို့ကြောင့် တာအိုဆရာတယန်က စိုးရိမ်နေခြင်းဖြစ်သည်။
အငြိုးအတေးစွမ်းအားကို ဖြေရှင်းရန်မလွယ်ပေ။
သို့သော်လည်း ဟန်မူယဲ့အတွက်တော့ အငြိုးအတေးထက် မပိုပေ။
သူ့စိတ်နယ်ပယ်ထဲတွင် ရှိနေသော လူသားလောကမန္တန်က အလင်းများထွက်လာပြီး သမာဓိစွမ်းအားသည် တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။
အငြိုးအတေးများအားလုံး သန့်စင်ခံရပြီး ရွှေရောင်ဖျော့ဖျော့သန်းနေသော အမှန်တရားချီအဖြစ် ပြောင်းလဲသွားသည်။
ကံမကောင်းစွာဖြင့် ထိုချီစွမ်းအင်က အလွန်နည်းနေသည်။
ဆံချည်မျှင်ထက်သေးငယ်သော အမျှင်တန်းတစ်ခုသာဖြစ်သည်။
ဟန်မူယဲ့က အဝေးသို့လှမ်းကြည့်လိုက်သောအခါတွင် ဝံပုလွေရိုင်းများတင်မကဘဲ လှုပ်ရှားလာသော ကျိုးပဲ့နေသည့်အလောင်းများကိုလည်း မြင်လိုက်ရသည်။
အလောင်းတချို့က မိစ္ဆာသားရဲဖြစ်ပြီး တချို့က လူသားများဖြစ်ကြသည်။
သူတို့အားလုံးက မီးခိုးရောင်နှင့် အနက်ရောင်သန်းနေပြီး မျက်လုံးများနီရဲနေကြသည်။
ဟန်မူယဲ့က တောက်ပနေသောမျက်လုံးများဖြင့် ဓားကို ညင်သာစွာမြှောက်လိုက်သည်။
“မင်းက ....”
တာအိုဆရာတယန်က ထိတ်လန့်စွာအသံပြုမိသည်။ သူ ပြော၍မပြီးသေးခင်တွင် ဟန်မူယဲ့က ပြေးထွက်သွားခဲ့သည်။
“ရွှပ် .... “
သူက ဓားကိုဝှေ့ယမ်းသည်။ ဓားအလင်းက ကြည်လင်ပြီး ထက်မြက်နေသည်။
ဓားအလင်းဖြတ်သန်းသွားပြီး အငြိုးအတေးကြောင့်ဖြစ်လာသော အလောင်းများအားလုံးကို အမှုန့်ဖြစ်သွားစေသည်။
ထို့နောက် မီးခိုးရောင်နှင့် အနက်ရောင်သန်းနေသော အငြိုးအတေးစွမ်းအားများက နဂါးတစ်ကောင်ကဲ့သို့စုစည်းလာပြီး ဟန်မူယဲ့ကို ရစ်ပတ်လိုက်သည်။
“သွားပြီ ....”
တာအိုဆရာတယန်က စိတ်ရှုပ်ထွေးနေပြီး တီးတိုးရေရွတ်လိုက်သည်။
သူက ရွှေရောင်တောက်နေသော ဟန်မူယဲ့၏မျက်လုံးများကိုတော့ မမြင်နိုင်ခဲ့ပေ။
“ကျင့်ကြံခြင်းလောကမှာ ဓားတာအို၊ ဓားလမ်းစဉ်က ထက်မြက်တယ်။ ဝိညာဉ်လမ်းစဉ်က တည်ငြိမ်တယ်။ ဗုဒ္ဓဂိုဏ်းမှာ အကြီးကျယ်ဆုံးဆုတောင်းရှိပြီး ကွန်ဖျူးရှပ်တာအိုကတော့ လောကကို အုပ်စိုးတယ်”
“မိစ္ဆာဆန်တဲ့နတ်ဆိုးနဲ့တစ္ဆေတွေက ကွန်ဖျူးရှပ်တာအိုအောက်မှာ လိမ်လိမ်မာမာ ဦးညွှတ်ရမယ်”
“အမတ်ချုပ်ကြီးဝမ်က အလယ်ပိုင်းကုန်းမြေကို နှစ်တစ်သောင်းကြာတဲ့အထိ အုပ်စိုးထားနိုင်တာ မထူးဆန်းတော့ပါဘူး”
ဟန်မူယဲ့က လက်မြှောက်လိုက်သောအခါတွင် လက်ချောင်းထိပ်တွင် ရွှေရောင်အမှန်တရားချီများ ပေါ်ထွက်လာသည်။
“ကျင့်ကြံသူတစ်ယောက်အနေနဲ့ ငါတို့က မိစ္ဆာတွေအားလုံးကို ကြောက်ဖို့မလိုဘူး။ ငါတို့ရဲ့နှလုံးသားထဲမှာ ယုံကြည်မှုနဲ့ အမှန်တရားရှိရမယ်”
သူက လက်မြှောက်လိုက်ပြီး လက်ချောင်းထိပ်တွင် ရှိနေသော သမာဓိစွမ်းအားက စာကြောင်းတစ်ခုအဖြစ် ပြောင်းသွားသည်။
‘ယခုဘဝမှာ နောင်တမရှိ၊ နောင်ဘဝအတွက် အပြစ်တင်ခြင်းမရှိ’
ဝုန်း...
ထိုစကားလုံးများက ချက်ချင်းပေါက်ကွဲသွားပြီး အမည်းရောင်အငြိုးအတေးများအား ဖြိုခွဲလိုက်သော ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် အသွင်ပြောင်းသွားသည်။
ရွှေအလင်းက အငြိုးအတေးများကို ဝါးမြိုလိုက်ပြီး သမာဓိစွမ်းအားအဖြစ် ပြောင်းလဲလိုက်သည်။
အငြိုးအတေးများက ဆူပွက်နေပုံပေါ်ပြီး ကျောက်စိမ်းဖြူရောင်တစ်ခု လွင့်ပျယ်သွားသည်။
ထိုအလင်းရောင်ထဲတွင် ပုံရိပ်များရှိနေသည်။
လူများ၊ သားရဲများ၊ နတ်ဆိုးနဲ့ မိစ္ဆာများ
“ဘန်း ....”
အလင်းရောင်ပျောက်ကွယ်သွားသောအခါတွင် အငြိုးအတေးများက ရွှေအလင်းအဖြစ်ပြောင်းသွားပြီး ဟန်မူယဲ့ကိုယ်ပေါ်သို့ ပြန်ရောက်လာသောကြောင့် တစ်ကိုယ်လုံးကို ရွှေရောင်သန်းနေစေသည်။
“သမာဓိစွမ်းအား ....”
တာအိုဆရာတယန်က မျက်လုံးပြူးသွားပြီး မယုံကြည်နိုင်စွာရေရွတ်သည်။
“သူက သမာဓိစွမ်းအားကို ဒီအဆင့်အထိရောက်အောင် လေ့ကျင့်နိုင်တယ်။ သူက အမတ်ချုပ်ကြီးဝမ်ရဲ့ တပည့်တစ်ယောက်ဖြစ်လာချင်တာလား”
ယခင်က သူနှင့် ဝမ်မော့ရှန်တို့ နှစ်ပေါင်းများစွာကြာအောင် တိုက်ခိုက်ခဲ့ကြသည်။ ယခုအချိန်တွင် သူ့အမွေဆက်ခံသူက သမာဓိစွမ်းအားကို ကျင့်ကြံနေသည်။ ထိုအရာက ကံကြမ္မာဖြစ်နိုင်သည်။
တာအိုဆရာတယန်က ညင်သာစွာသက်ပြင်းချလိုက်သည်။ သူ့ခန္ဓာကိုယ်က တုန်ခါသွားပြီး လေပြေလေညင်းတစ်ခုအဖြစ် ပြောင်းသွားသည်။
သူ့ပတ်ဝန်းကျင်တွင်ရှိသော ရွှေအလင်းများပျောက်ကွယ်သွားသောအခါတွင် ဟန်မူယဲ့က ခေါင်းမော့ကြည့်သည်။ သူက တောအုပ်ထဲမှာပဲ ရှိနေသေးသည်။ သူ့ရှေ့တွင်ရှိသောမီးပုံက ငြိမ်းသက်မသွားသေးပေ။
တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်လည်း မရှိခဲ့ဘဲ ဝင်္ကပါတစ်ခုသာဖြစ်သည်။
အနောက်ဘက်နယ်စပ်ကုန်းမြေမှာ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို တည်ဆောက်နိုင်သော ဝင်္ကပါအစီအရင်ကျွမ်းကျင်သူ မရှိပေ။
ကောင်းကင်အံ့ဖွယ်ကမ္ဘာတစ်ခုလုံးမှာ ထိုစွမ်းရည်မျိုးရှိနေသောလူက ရှားပါးသည်။
သို့သော်လည်း ဤဝင်္ကပါက သာမန်မဟုတ်ပေ။
ဟန်မူယဲ့က ခေါင်းမော့ကြည့်သည်။
ထိုအချိန်၌ သူ့ကိုတားဆီးခဲ့သောလူအိုကြီးသည် သူ့ရှေ့တွင် တင်ပျဉ်ခွေထိုင်လျက် ရှိနေသည်။ သူ့တစ်ကိုယ်လုံးက အစိမ်းရင့်ရောင်သန်းနေပြီး သေဆုံးသွားပြီဖြစ်သည်။
ထိုအရာက အငြိုးအတေးများ၏ တန်ပြန်သက်ရောက်မှုဖြစ်သည်။
သို့သော်လည်း သူက ထိုအကြောင်းအရင်းကြောင့် သေဆုံးသွားခြင်းမဟုတ်ပေ။
သူ့ရင်ဘတ်မှာ အရိုးထဲအထိအေးစက်သွားနိုင်သော ဓားဒဏ်ရာတစ်ခု ရှိနေသည်။
ပေသုံးဆယ်အကွာတွင် အဖြူရောင်နဲ့ အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးကျင့်ကြံသူတစ်ယောက်က ကြိုးကြာတစ်ကောင်သဖွယ် တင့်တယ်စွာရှိနေသည်။