အပိုင်း (၄၀၈) – ကိုယ့်ကစားပွဲတွင် ကိုယ်ရှုံးခြင်း
Vol. 005 Ch. 408
အခြေအနေအမှန်က အဲလိုမဟုတ်ဘူးလား။
“တောင်ကြားသခင်လေး ငါတို့ရထားတဲ့ သတင်းက မှားနေတယ်လို့ ပြောနေတာလား” ယွန်ဂျင်ဝေ ပြော လိုက်သည်။
“ဟုတ်တယ်” ရှီမာယူယူ ပြောလိုက်သည် “ကျန်မျိုးနွယ်နဲ့ ပညာရှိစံအိမ်တော်က နောက်၅ရက်နေရင် လှုပ်ရှားမယ်လို့ ကျွန်တော် မနေ့ညက လွှတ်လိုက်တဲ့ပျားတွေဆီက သတင်းရတယ်၊ လူကြီးမင်းတို့ ရထားတဲ့ သတင်းထက် ၁၀ရက်ပိုစောလိမ့်မယ်”
“၅ရက်အတွင်းလှုပ်ရှားမယ်ဟုတ်လား၊ သူတို့ လူတွေစုရဦးမယ်မဟုတ်ဘူးလား” ဂေါင်ရှိမင် မေးလိုက် သည်။
“မဟုတ်ဘူး သူတို့က အရင်လတစ်ဝက်လောက်ကတည်းက လူတွေစုပြီးနေပြီ” ရှီမာယူယူ ပြောလိုက် သည် “သူတို့ထဲမှာ စပိုင်ရှိတာသိနေတော့ ကိုယ့်ရှုးကိုယ်ပတ်အောင် လုပ်နေတာ၊ သူတို့က အဲလူတွေကို လွှတ် ပြီး သတင်းအမှားပေးလိုက်တာပဲ၊ လူကြီးမင်းတို့ အေးအေးဆေးဆေး လှုပ်ရှားအောင် သတင်းအမှားပေး လိုက် တာပဲ၊ ပြီးတော့ သူတို့အရင်လှုပ်ရှားပြီး မပြင်ဆင်ရသေးခင်မှာပဲ သတ်လိမ့်မယ်”
“တကယ်လား” မျိုးနွယ်ခေါင်းဆောင် နှစ်ယောက်သည် တုန်လှုပ်သွားကြလေသည်။ ရှီမာယူယူ ပြော သကဲ့သို့ ဖြစ်ပါက တကယ်ပင် အန္တရာယ်များနေပြီ။
သူတို့တွင်ရှိသော အံ့ဖွယ်ဆင့်လူများသည် ၁၂ရက် ၁၃ရက်အတွင်း ပြန်လာနိုင်မည်။ ကျန်မျိုးနွယ်သာ ထိုနေ့မတိုင်ခင် တိုက်ခိုက်ပါက သူတို့အား ပြန်တိုက်ရန် အံ့ဖွယ်အဆင့်လူများ မလုံလောက်ပေ။ ထိုအံ့ဖွယ် အဆင့် လူတစ်ယောက်နှင့်ပင် အခြေအနေတစ်ခုလုံးကို ပြောင်းလဲအောင် လုပ်ပစ်နိုင်သည်။ တစ်ဖက်ပြိုင်ဘက် မှာ အံ့ဖွယ်အဆင့်လူများ အရေအတွက်များနေသည့်အခြေအနေတွင် ထိုအချက်သည် အရေးကြီးသည်။
“ဒါဆို သူတို့ကို မြန်မြန်လှုပ်ရှားခိုင်းလိုက်တော့၊ မြန်မြန် ပြန်လာခိုင်းလိုက်” ယွန်ဂျင်ဝေ ပြောလိုက် သည်။
“သူတို့ အချိန်မှီရောက်မှာမဟုတ်ဘူး” ဂေါင်ရှိမင် ပြောလိုက်သည် “ငါတို့ မျိုးနွယ်ဝင်တွေကလည်း အဝေး ရောက်နေကြတယ်၊ နီးတဲ့သူတွေကတော့ ပြန်လာနေကြပြီ အဝေးရောက်နေတဲ့သူတွေကတော့ ပြန်လာ ဖို့ ရက်နည်းနည်းကြာဦးမယ်…”
“သူတို့က ကစားပွဲကိုလှည့်ပစ်ချင်နေတာ၊ ငါတို့သိသွားမယ်လို့ ထင်မှာမဟုတ်ဘူး” ယွန်ဂျင်ဝေ ပြော လိုက်သည် “အခုဘာလုပ်ကြမလဲ”
“ဘာလုပ်နိုင်မှာလဲ သူတို့မှာ ငါတို့ထွက်အံ့ဖွယ် အဆင့်တွေများနေတာ၊ ငါတို့ အဖွဲ့တွေ ပြန်မလာခင် ကို သေဖို့ပဲ စောင့်နေရမှာပဲပေါ့” ဂေါင်ရှိမင်သည် ကျန်မျိုးနွယ်နှင့် ပညာရှိစံအိမ်တော်၏ သန်မာမှုကို ကောင်းစွာ သိ သည်။ သူတို့လူများ ပြန်လာလျှင်တော်သေးသည်၊ သို့သော် တစ်ဖက်အဖွဲ့မှာ သူတို့အား လက်နက် ပုန်းပစ် သောကြောင့် သူတို့သည် သေရန် ထိုင်စောင့်နေရပေမည်။
သူ ရေရွတ်ပြီးနောက် ပြောလိုက်သည် “ငါ မြင်ရသလောက်တော့ ငါတို့ခဏတော့ နောက်ဆုတ်ရမှာပဲ ဒီတစ်ခေါက် သူတို့တိုက်တာကို ရှောင်ပြီးမှ စဉ်းစားကြတာပေါ့”
“ဒါပေမဲ့ ငါတို့ ရှောင်လိုက်တာနဲ့ ပြန်တိုက်ဖို့ ခက်သွားပြီ” ယွန်ဂျင်ဝေ ပြောလိုက်သည်။
“လုံးဝ ကျရှုံးတာထက်စာရင်တော်သေးတယ်လေ” ဂေါင်ရှိမင်သည် ရှင်းလင်းစွာ သိနေသလိုပင် “ငါတို့ အသက်ရှင်နေသရွေ့တော့ မျှော်လင့်ချက်ရှိသေးတယ်လေ၊ ငါတို့ ဒီမှာသေသွားရင် အမျှော်လင့်ချက်လည်း မရှိ တော့ဘူး”
“ဒါဆို တခြားနည်းလမ်းရှိလို့လား” ယွန်ဂျင်ဝေသည် ခါးသီးစွာ ပြောလေသည်။
သူတို့သည် အစီအစဉ်များကို သေချာဆွဲထားသော်လည်း သူတို့ ရန်သူမှ တစ်ချက်ပြောင်းလဲလိုက် သည်နှင့် သူတို့ အစီအစဉ်တစ်ခုလုံး ရေစုန်မြောသွားမည်ဟု ထင်မထားကြပေ။
ရှီမာယူယူကြောင့်သာမဟုတ်လျှင် သူတို့သည် မပြင်ဆင်ထားသည့်အခြေအနေတွင် မိသွားမည်။
“ဟူး” ဂေါင်ရှိမင်သည် သက်ပြင်းချရုံအပြင် မတတ်နိုင်တော့ပေ။
ရှီမာယူယူသည် ထိုလူနှစ်ယောက်သည် သူတို့ဘာသာ စကားပြောကာ စိတ်ဓာတ်ကျကျသွားသည်ကို မြင်သောအခါ ချောင်းနှစ်ချက်ဟန့်ကာ ပြောလိုက်သည် “ကျွန်တော့်ကို မေ့နေကြတာလား၊ ကျွန်တော့်မှာလည်း လူတွေရှိပါတယ်”
ဂေါင်ရှိမင်သည် ခေါင်းရမ်းကာ ပြောလိုက်သည် “တောင်ကြားသခင်လေး အခြေအနေတွေက အခုနဲ့ မတူဘူး၊ အစတုန်းက ငါတို့ အံ့ဖွယ်အဆင့်ရောက်တဲ့ လူအသစ်တွေနဲ့ ပါမယ်ဆိုရင် ငါတို့က သူတို့နဲ့ အင်အားချင်းယှဉ်လို့ရတယ်၊ ဒါပေမဲ့ ငါတို့အံ့ဖွယ်အဆင့်တွေက သူတို့မျိုးနွယ်တွေကို ခဏပြန်သွားတယ် တချို့ က တခြားနေရာတွေသွားကြတယ်၊ သူတို့က ငါတို့အားရဲ့ ၃၀ရာခိုင်နှုန်းရှိတယ်၊ ငါတို့က ပြိုင်ဘက်တွေထက် သူတော်စင်အဆင့် ၁၀ယောက်စာလောက် နည်းသွားတယ်”
“အတိအကျပဲ” ယွန်ဂျင်ဝေသည် ဝမ်းနည်းသွားသည် “တောင်ကြားသခင်လေးမှာ အထွတ်အထိပ်သားရဲ ၂ ကောင်ရှိလဲ သူတို့နဲ့ယှဉ်ရင် အားနည်းနေသေးတယ်၊ သူတို့ကို နိုင်ဖို့ နည်းလမ်းမရှိဘူး”
“ကျွန်တော့်မှာ အထွတ်အထိပ်သားရဲ၂ကောင်ပဲ ရှိတယ်လို့ ဘယ်သူပြောလဲ” ရှီမာယူယူ ဖြေးညင်းစွာ ပြောလိုက်သည်။
“သခင်လေးမှာ ၂ကောင်ထပ် ပိုရှိနေလည်း အသုံးမဝင်ဘူး” ယွန်ဂျင်ဝေ ပြောလေသည်။
လူငယ်တစ်ယောက်အတွက် အထွတ်အထိပ် စာချုပ်သားရဲရှိနေသည်မှာပင် ရှားပါးလှသည်။ သူ့အတွင် အထွတ်အထိပ်သားရဲ ၂ကောင်တောင် ရှိနေသည်။ ရှီမာယူယူကဲ့သို့ သာမာန်ထက် သာလွန်သော လူ တစ်ယောက်အတွက် အထွတ်အထိပ်သားရဲ ၃ကောင်ရှိနေခြင်းမှာ သူတို့တွေးနိုင်သည့် ပြဇာတ်ထက် ကောင်း လွန်းနေမည်။
ရှီမာယူယူ ပြောသည့်အချိန်တွင် သူမတွင် အထွတ်အထိပ်သားရဲ ၃ကောင်ရှိသည်ဟာ ထင်နေကြသည်။
“ကျွန်တော့မှာ အထွတ်အထိပ်သားရဲ ၂ကောင်ပဲရှိတာတော့ အမှန်ပဲ” ရှီမာယူယူ ပြောလိုက်သည်။ “ဒါပေမဲ့ ကျွန်တော့်မှာ တခြားဝိဉာဉ်သားရဲတွေရှိနေသေးတယ်၊ သူတို့က ကျွန်တော်နဲ့ စာချုပ်မချုပ်ထားပေမယ့် ကျွန်တော့်ကို သစ္စာဆိုထားကြတယ်”
“အစွယ်ကွေးကျားနဲ့ နှင်းဝံပုလွေမျိုးနွယ်တွေ အကြောင်းကို ပြောနေတာလား” ယွန်ဂျင်ဝေ ပြောလိုက် သည်။
ဂေါင်ရှိမင်သည်လည်း မေးချင်နေသည်။
သူတို့နှစ်ယောက်သည် သူတို့သမီးပြောပြသော ရှီမာယူယူပိုင်ဆိုင်သော သားရဲအုပ်စုများအကြောင်းကို ပြန်တွေးနေမိသည်။
“ဟုတ်ပါတယ်” ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။
“သူတို့အများစုက စံတင်ဝိဉာဉ် အထွဋ်အထိပ်အဆင့် ရောက်နေပြီဆိုတာလည်း ကြားပါတယ်၊ ဒါပေမဲ့ သူတို့က လောကအသေးက ထွက်လာတာ ခဏပဲရှိသေးတာလေ၊ အထွတ်အထိပ်သားရဲအဖြစ် အဆင့်တက် ဖို့က မလွယ်လောက်ဘူး” ဂေါင်ရှိမင် ပြောလိုက်သည်။
“ကျွန်တော့်မှာ ဘာရှိလဲဆိုတာ လူကြီးမင်းတို့ မေ့နေကြတာလား” ရှီမာယူယူ ပြောလိုက်သည်။
“နတ်ဘုရားဆေး အကြောင်းကို ပြောနေတာလား” ယွန်ဂျင်ဝေ၏ မျက်လုံးများ အရောင်တောက်လာ ကာ ပြောလိုက်သည် “ဒါပေမဲ့ အဲဒီနတ်ဘုရားဆေးက လူတွေအတွက်မလား”
“ဝိဉာဉ်သားရဲတွေအတွက်လည်း အသုံးဝင်ပါတယ်” ရှီမာယူယူ ပြန်ဖြေလိုက်သည်။
ယွန်ဂျင်ဝေနှင့် ဂေါင်ရှိမင်တို့ မျက်လုံးများ အရောင်တောက်လာသည်။ သည်လိုဆိုလျှင် သူ့မှာ အထွတ်အထိပ်သားရဲ ဘယ်နကောင်တောင် ရှိတာလဲ။
“တောင်ကြားသခင်လေး နှင်းဝံပုလွေနဲ့ အစွယ်ကွေးကျားမျိုးနွယ်တွေမှာ အထွတ်အထိပ်သားရဲ ဘယ် နကောင်ရှိတာလဲ” ယွန်ရိဝေ ပြောလိုက်သည်။
“၃၈ကောင် ကျွန်တော့် နှစ်ကောင်ထပ် ပေါင်းလိုက်ရင် အကောင် ၄၀ရှိတယ်” ရှီမာယူယူ ပြောလိုက် သည် “ဒီလောက် အင်အားဆိုရင် ပြေးလို့လိုဦးမှာလား”
“ဒါ..”
ယွန်ဂျင်ဝေနှင့် ဂေါင်ရှိမင်တို့သည် အသက်ပြင်းပြင်းရှုမိကြသည်။ သူတစ်ယောက်တည်းကို အထွတ် အထိပ်သားရဲ အကောင် ၄၀ရှိနေတာလား။ ဒါက သူတို့ မျိုးနွယ် ၂ခုပေါင်း နတ်ဘုရားဆေးစားပြီးသည့် အင်အား ထက် ပိုအားကောင်းသည်။
“ဟားဟား မလိုတော့ပါဘူး” ဂေါင်ရှိမင်သည် ဟားတိုက်ရယ်လေသည်။
ထိုအဖြစ်အပျက်မှ မြန်လွန်းသဖြင့် သူတို့သည် ရိုလာကိုစတာစီးရသကဲ့ပင်။ အခုတော့ သူတို့ သည် တောင်ကြား၏ အနက်ဆုံးမှ တောင်ထိပ်သို့ ဆွဲတင်ခံလိုက်ရသကဲ့သို့ပင်။
ယွန်ဂျင်ဝေနှင့် ဂေါင်ရှိမင်တို့သည် ပျော်ရွှင်သော်လည်း ရှီမာယူယူ၏ ဝိဉာဉ်သားရဲများအကြောင်းကို သိသောအခါ မှင်တက်မိလေသည်။ ထိုအင်အားသည် မျိုးနွယ်တစ်ခုလုံးကို အမြစ်ဖြုတ်နိုင်ရန် အင်အား ဖြစ် သည်။
“ဒီလိုဆိုရင် ဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲဆိုတာကို ဆွေးနွေးကြအောင်” ရှီမာယူယူ ပြောလိုက် သည် “တစ်ဖက်လူက ကိုယ့်ကစားပွဲနဲ့ကိုယ် တိုင်ပတ်အောင်လုပ်မှတော့ အဲအရသာကို သူတို့ကိုလည်း ခံစား ခိုင်းရမှာပေါ့”
“ကောင်းတယ်” ယွန်ဂျင်ဝေ သဘောတူလေသည် “ငါတို့ အချိန်အတိုအတွင်း လူစုလို့မရဘူးဆိုတာ သူတို့သိတယ်၊ အဲတော့ သူတို့အံ့ဖွယ်အဆင့်တစ်ဖွဲ့လုံးကို ခေါ်ပြီးလာ တိုက်မှာပဲ၊ အခုတော့ ငါတို့မျိုးနွယ် ၂ခု လုံးအပါအဝင် ောတင်ကြားသခင်လေးရဲ့ အထွတ်အထိပ်သားရဲတွေက သူတို့ကို ဒီမှာနေပြီး တိုက်ဖို့ လုံလောက်ပါ တယ်”
“မဆိုးဘူး” ဂေါင်ရှိမင် သဘောတူလေသည် “ငါတို့ ဒီမှာပဲ သူတို့လာတာစောင့်ပြီး အားလုံးကို အမြစ် ဖြတ်ပစ်မယ် ဟားဟား”
အခြေအနေသည် လျင်မြန်စွာ ပြောင်းလဲသွားသည်။ သူတို့ပြိုင်ဘက်သည် ရောက်လာပြီး သူတို့ အင်အားကို တွေ့ချိန်ကို တွေးမိကာ အပျော်များဖြင့် ပြည့်နေလေသည်။
ဒီတစ်ကြိမ်တွင် သူတို့သည် သေချာပေါက် ကျန်မျိုးနွယ်နှင့် ပညာရှိစံအိမ်တော် အင်အား တစ်ခုလုံးကို သတ်ပစ်မည်။
“အဲဒါ အကုန်မဟုတ်သေးဘူး” ရှီမာယူယူ ပြောလိုက်သည် “ကျွန်တော် ရထားတဲ့ သတင်းအရ သူတို့က လူအင်အားတပ်စုကြီးတစ်စုကို ခေါ်လာမယ်၊ သူတို့က အစတုန်းက လူကြီးမင်းတို့ မျိုးနွယ်၂ခုလုံးကို အမြစ်ဖြတ် ချင်တာ၊ ဒါပေမဲ့ ဒါကပဲ အခွင့်အရေးပေးလိုက်တာပဲ”
“တောင်ကြားသခင်လေး စဉ်းစားနေတာက…”
ရှီမာယူယူ မဲ့ပြုံးပြုံးကာ “သူတို့က လူကြီးမင်းတို့ လူတွေအချိန်မှီရောက်မလာနိုင်ဘူးဆိုပြီး လူတွေခေါ် လာတာ အဲဒါကပဲ သူတို့ကို မလုံခြုံစေတာပဲ၊ သူတို့လာရင် အားလုံးကို တစ်ချက်တည်းနဲ့ ရှင်းပစ်မယ်”