← Chapters

မင်းကဓားသိုင်းနှစ်ကွက်ပေါင်းစည်းပြရင် ငါကဓားသိုင်းသုံးကွက်ပေါင်းစည်းပြမယ်

Vol. 13 Ch. 177

မင်းကဓားသိုင်းနှစ်ကွက်ပေါင်းစည်းပြရင် ငါကဓားသိုင်းသုံးကွက်ပေါင်းစည်းပြမယ်

Vol. 13 Ch. 177

အခန်း (၁၇၇) မင်းကဓားသိုင်းနှစ်ကွက်ပေါင်းစည်းပြရင် ငါကဓားသိုင်းသုံးကွက်ပေါင်းစည်းပြမယ်

“ထိပ်တန်းမိုးကြိုးသွားသိုင်းပညာ (၃)ရပ်” ဟု လူသိများသည့် သိုင်းပညာရပ်သည် ကောင်းကင်မိုးကြိုးနန်းတော်၏ အလှည့်အပြောင်းပြင်းထန်ပြီး ပြီးပြည့်စုံသော သိုင်းပညာတစ်ခု ဖြစ်သည်။

ယခင်သိုင်းပညာ (၂)ခုဖြစ်သည့် မိုးကြိုးသွားလျှပ်စီးဓားသိုင်းနှင့် မိုးကြိုးသွားငလျှင်ဓားသိုင်းအပြင် နောက်ဆုံးဓားသိုင်းဖြစ်သော မိုးကြိုးသွားပေါင်းစည်းခြင်းဓားသိုင်းသည် ကောင်းကင်မိုးကြိုးခန်းမ၏ ဓားသိုင်းအမွေအနှစ်ဖြစ်ပြီး နက်ရှိုင်းသည့်အနှစ်သာရများ ပါဝင်သည်။

ဓားသိုင်းစွမ်းအားမြင့်မားသလောက် လေ့ကျင့်ရန်လည်း အလွန်ခက်ခဲသည်။

သိုင်းဆရာသခင်များပင် ထိုဓားသိုင်းကို အောင်မြင်အောင် မလေ့ကျင့်နိုင်ခဲ့ကြပေ။ ကောင်းကင်မိုးကြိုးခန်းမ၏သမိုင်းတစ်ခုလုံးတွင် ထိုသိုင်းပညာကို လေ့ကျင့်နိုင်သည့် သိုင်းဆရာသခင်ဆို၍ လက်ချိုးရေတွက်၍ရသည်။

ရှဲ့ကျစ်ယီကို ကောင်းကင်ချိတ်ဆက်အဆင့်အောက် ကျင့်ကြံသူများတွင် နံပါတ် (၁)ဟု ခေါ်ဆိုခြင်းမှာ ထို မိုးကြိုးသွားပေါင်းစည်းခြင်းဓားသိုင်းကို တတ်ကျွမ်းခြင်းက အကြောင်းရင်းတစ်ခု ဖြစ်သည်။

ထို ဓားသိုင်းကိုတွေ့သည်နှင့် ရှဲ့ယိုချန် အနည်းငယ် ခေါင်းခါယမ်းလိုက်သည်။

စောစောက သူမနှင့် ရှဲ့ကျစ်ယီ တိုက်ခိုက်စဉ် မိုကြိုးသွားပေါင်းစည်းခြင်းဓားသိုင်းကိုပင် အသုံးမပြုရဘဲ သူမ ရှုံးနိမ့်သွားခဲ့သည်။

သူမနှင့် လျိုရှန်းဖုန်း ရင်ဆိုင်ရလျှင်လည်း ရလဒ်က အတူတူပင် ဖြစ်နိုင်သည်။ ရှဲ့ကျစ်ယီ၏ နောက်ဆုံးဝှက်ဖဲ မထုတ်ရသေးခင် သူမက ရှုံးနိမ့်ခဲ့ရသည် မဟုတ်လား။

ရှဲ့ကျစ်ယီက မိုးကြိုးသွားပေါင်းစည်းခြင်းဓားသိုင်းကို ထုတ်ဖော်လိုက်သည့်အခါ ရွှီဖေး ၊ ထန်ယုံဟောင်နှင့် စုန့်ချောင်တို့ တိုက်ပွဲကို ပိုပြီးအာရုံစိုက်လာကြသည်။

ရွှီဖေးနှင့် အခြားသော သက်တူရွယ်တူများနောက် ခြေတစ်လှမ်းနောက်ကျကျန်ခဲ့ခြင်းက ရှဲ့ကျစ်ယီကို များစွာစိတ်အနှောက်အယှက်ဖြစ်စေသည်။ သူသာ အတွင်းဒဏ်ရာမရခဲ့လျှင် ရွှီဖေးနှင့် ထန်ယုံဟောင်တို့ထက် လုံးဝမညံ့နိုင်ပေ။

မိုးကောင်းကင်ပေါင်းစည်းခြင်းဓားသိုင်းက ထိုသူများကို စိန်ခေါ်ရာတွင် ဝှက်ဖဲအဖြစ်အသုံးပြုရန် ချန်ထားသော တိုက်ကွက်ဖြစ်သည်။

ယခုတော့ ရန်ကျောက်ကဲကို ရင်ဆိုင်ရာတွင် အသုံးပြုနေရသည်။ ရန်ကျောက်ကဲဆိုသည့်ကောင်အား စွမ်းအားကုန်သုံးမတိုက်ခိုက်ဘဲ အနိုင်ယူနိုင်မည်မဟုတ်ကြောင်း နားလည်ထားသည်။

ရှဲ့ကျစ်ယီက တုံ့ဆိုင်းမနေဘဲ ဓားသိုင်းနှစ်ကွက်ပေါင်းစပ်ကာ ရန်ကျောက်ကဲဆီသို့ ဦးတည်ခုတ်ပိုင်းချလိုက်သည်။

သူ၏မှော်ဝင်လက်နက်ဖြစ်သော ငွေ့ရိပ်တံဆိပ်ခတ်ဓားက ဓားဝိညာဉ်နှင့်ပေါင်းစပ်ကာ ခရမ်းရောင် လျှပ်စီးနှစ်ချက်လင်းလက်သွားပြီး “ကြက်ခြေခတ်” သဏ္ဌန် ဓားခုတ်ရာနှစ်ချက်က မိုးမြေကိုထိုးဖောက်သွားသည်။

“......”

ထိုဓားကွက်ကိုတွေ့မြင်သည်နှင့် ရန်ကျောက်ကဲ ပြုံးလိုက်သည်။ သူ့လက်ထဲမှ ကျောက်စိမ်းနဂါးဓားက အနည်းငယ်တုန်ခါသွားပြီး စိမ်းပြာရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။ နဂါးဟိန်းသံတစ်သံနှင့်အတူ ဓားဝိညာဉ်က ရှဲ့ကျစ်ယီ၏ မိုးကြိုးသွားပေါင်းစည်းခြင်းဓားသိုင်းနှင့် ထိပ်တိုက်ဆုံတွေ့သွားသည်။

စိမ်းပြာရောင်အလင်းတန်းက လေထုအလယ်တွင် ကြက်ခြေခတ်သဏ္ဌန်ခရမ်းရောင်လျှပ်စီး (၂)ခု ဖြစ်တည်သွားစေသည်။ ပထမဓားချက်နှင့်ဒုတိယဓားချက်က နီးကပ်စွာပေါင်းစပ်သွားပြီး ရှဲ့ကျစ်ယီ၏ဓားကွက်ကို ချိုးဖျက်လိုက်ခြင်းပင် ဖြစ်၏။

ရှဲ့ကျစ်ယီ၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားပြီး...

“သူက ငါတို့ ကောင်းကင်မိုးကြိုးခန်းမက မိုးကြိုးသွားပေါင်းစည်းခြင်းဓားသိုင်းကို ဘယ်လိုတတ်မြောက်နေတာလဲ”

ချန်လင်းနှင့် အခြားသော ကောင်းကင်မိုးကြိုးခန်းမမှ တပည့်များအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။

ကောင်းကင်မိုးကြိုးခန်းမမှ သိုင်းဆရာသခင်က စူးရဲသည့်မျက်ဝန်းများဖြင့် ဖန်ကျွင်းကို စိုက်ကြည့်လိုက်သည်။

အခြားသူများမှာလည်း မှင်တက်သွားကြပြီး ပြောစရာစကားများ ပျောက်ရှသွားကြ၏။ သူတို့ သတိပြန်ဝင်လာချိန်တွင် ရန်ကျောက်ကဲက ပထမဓားကွက်နှင့် ဒုတိယဓားကွက်အပြင် တတိယဓားကွက်ကိုပါ ဆက်လက်ထုတ်ဖော်နေပြီ ဖြစ်သည်။

ရှဲ့ကျစ်ယီက ပါးစပ်အဟောင်းသားဖြင့်...

“ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ကောင်းကင်မိုးကြိုးခန်းမ၏ မိုးကြိုးသွားပေါင်းစည်းခြင်းဓားသိုင်းက ဓားကွက် (၂)ကွက်ကိုသာ ပေါင်းစည်းနိုင်သည်။

ဓားကွက် (၂)ကွက်ကို စွမ်းအားအပြည့်ဖြင့် ထုတ်ဖော်ပြီးဖြစ်ရာ တတိယဓားကွက် ထပ်မံထုတ်ဖော်မည်ဆိုပါက သိုင်းကျင့်ကြံသူတစ်ယောက်၏ သွေးကြောဆုံချက်များ ပေါက်ကွဲပျက်စီးကာ သတိလစ်သွားနိုင်သည်။

ရှဲ့ကျစ်ယီ လက်ခံရန်ခက်ခဲနေသည့်တိုင် သူ့မျက်စိ‌ရှေ့မှာပင် ရန်ကျောက်ကဲ၏ တတိယဓားချက်က ဓားခွင်းသံနှင့်တူ ထွက်ပေါ်လာပြီး သူ၏ကြယ်တာရာချီစွမ်းအား ပုံရိပ်ယောင်မိုးမြေကို အပိုင်းပိုင်းထိုးခုတ်ပစ်လိုက်သည်။

လောကတစ်ခုလုံးကို လွှမ်းမိုးထားသည့် ကြက်ခြေခတ်သဏ္ဌန်ဓားချက် (၂)ချက်သည် ရန်ကျောက်ကဲ၏ ဓားချက်အောက်တွင် ပြိုကျပျက်စီးသွားသည်။

ထို့နောက် ရှဲ့ကျစ်ယီ၏ အမြင်အာရုံအတွင်းသို့ ကြီးမားသည့် လက်သီးချက်ကြီးတစ်ချက် ဝင်ရောက်လာကာ သူ့ကမ္ဘာတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

လေထဲတွင် သွေးများလွင့်စင်ထွက်လာသည်ကို တွေ့မြင်လိုက်ရပြီး ရန်ကျောက်ကဲ၏ လက်သီးချက်က ရှဲ့ကျစ်ယီ၏ နှာခေါင်းရိုးကိုထိမှန်ကာ သွေးများဒရဟောထွက်လာသည်။

ရှဲ့ကျစ်ယီ ခန္ဓာကိုယ်တစ်ခုလုံး နောက်သို့လွင့်စင်သွားပြီး သူ့ခန္ဓာကိုယ်ထက်တွင် လျှပ်စီးရောင်များက တဖျတ်ဖျတ်ခတ်နေသည်။

သူ့လည်ပင်းတွင်ဆွဲထားသည့် ကျောက်စိမ်းပြားက အစိတ်စိတ်အမွှာမွှာကွဲကြေလျှက် ရှိ၏။ အဖိုးတန်ရတနာတစ်ခုဖြစ်သည့် ထိုကျောက်စိမ်းပြားသာ သူ့ကို အချိန်မီကာကွယ်မပေးနိုင်ခဲ့လျှင် ရန်ကျောက်ကဲ၏ လက်သီးချက်ဖြင့် သူ့ ဦးခေါင်းတစ်ခုလုံး အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားမည် ဖြစ်သည်။

ယခုတောင်မှ ရှဲ့ကျစ်ယီမှာ မြေပြင်ထက်မှ ထမလာနိုင်ဘဲ လဲကျလျှက် ရှိသည်။

လူတိုင်းမှာ ပုံပျက်ပန်းပျက်ဖြစ်နေသည့် ရှဲ့ကျစ်ယီကို စိုက်ကြည်နေကြသည်။ စောစောက မာန်မနအပြည့်ဖြင့် ဝင့်ကြွားနေသည့် ကောင်းကင်ဘုံမျက်နှာသာပေးခံရသည့်သားတော်က ဤသို့ရှုံးနိမ့်သွားသည်မှာ ယုံရခက်ခက်ပင်။

မကြာမီပင် လူတိုင်းက ရှဲ့ကျစ်ယီကို အာရုံမစိုက်တော့ဘဲ မယုံကြည်နိုင်‌သောမျက်ဝန်းများဖြင့် ရန်ကျောက်ကဲကို လှမ်းကြည့်လိုက်ကြသည်။

နေသူတော်စင်ဂိုဏ်းက တပည့်တစ်ယောက်က ထန်ယုံဟောင်ကို မေးလိုက်၏။

“ဂိုဏ်းတူအစ်ကို... စောစောက ရန်ကျောက်ကဲ အသုံးပြုလိုက်တဲ့ဓားသိုင်းက မိုးကြိုးသွားပေါင်းစည်းခြင်းဓားသိုင်းလား”

ထန်ယုံဟောင်က မျက်မှောင်ကြုတ်ရင်း ခေါင်းခါယမ်းသည်။

“မဟုတ်ဘူး... ၊ အဲဒီဓားသိုင်းက ကောင်းကင်မိုးကြိုးခန်းမက မိုးကြိုးသွားပေါင်းစည်းခြင်းဓားသိုင်းနဲ့ ဆင်တူသလိုရှိပေမယ့် တကယ်တမ်းမှာ လုံးဝမတူညီဘူး ၊ ဒါပေမဲ့ အဲဒီဓားသိုင်းက ဘာလဲဆိုတာကိုတော့ ငါလည်း အချိန်တိုအတွင်း အတိအကျ မသိနိုင်ဘူး”

ရန်ကျောက်ကဲက လက်သီးချက်ကို ပြန်ရုတ်သိမ်းလိုက်ပြီး...

“တစ်ချက်တည်းနဲ့... မိုးကြိုးတုန်လှုပ်သိုင်းကွက်ကို အသုံးပြုနိုင်ခဲ့တာပဲ...”

ဟု သံရှည်ဆွဲကာ ရေရွတ်လိုက်သည်။

သူက ကျောက်စိမ်းနဂါးဓားကိုကိုင်ထားရင်း ရှဲ့ကျစ်ယီကို အေးအေးဆေးဆေးပင်ကြည့်လိုက်၏။

“ငါ စောစောက ပြောခဲ့တယ် မဟုတ်လား ၊ မင်းလက်သီးချက်ကို ငါ ခံစရာမလိုဘူး ၊ ငါကပဲ မင်းကို လက်သီးနဲ့ထိုးမှာ...”

လောလောဆယ် ရှဲ့ကျစ်ယီမှာ ခေါင်းများမူးဝေနေသည့်အတွက် စကားပြန်မပြောနိုင်ပေ။ ကောင်းကင်မိုကြိုးခန်းမမှ တပည့်များမှာလည်း အတော်လေး မှင်တက်လျှက် ရှိကြသည်။ ကောင်းကင်မိုးကြိုးခန်းမ၏ အကြီးအကဲဖြစ်သူ သိုင်းဆရာသခင်သည်ပင် မျက်မှောင်တင်းတင်းကျပ်ကျပ် ကြုတ်ထားပြီး အတွေးနက်လျှက် ရှိ၏။

ရန်ကျောက်ကဲကိုကြည့်နေသည့် လူတိုင်း၏မျက်ဝန်းများထဲတွင် တုန်လှုပ်ခြင်းနှင့် လေးစားခြင်းများ ပေါင်းစပ်ပါဝင်နေကြသည်။

ချန်လင်းက သတိပြန်ဝင်လာသည်နှင့် ရန်ကျောက်ကဲကို စိုက်ကြည့်ရင်း...

“ရှင်က ကျွန်မတို့ ကောင်းကင်မိုးကြိုးခန်းမရဲ့ မိုးကြိုးသွားပေါင်းစည်းခြင်းဓားသိုင်းကို ဘယ်နေရာက ခိုးသင်ထားတာလဲ”

ရန်ကျောက်ကဲက သူမကို သနားစရာသတ္တဝါတစ်ကောင်အလား ကြည့်လိုက်သည်။

“ကောင်မလေး... မသိရင် မသိသလိုနေ ၊ ကိုယ်မသိတဲ့ကိစ္စတွေကို သိဟန်လည်းမဆောင်နဲ့ စကားကိုလည်းလျှော့ပြော ၊ မဟုတ်ရင် မင်းပဲအရူးဖြစ်လိမ့်မယ်”

သူက ဆက်ပြောသည်။

“မင်းတို့အကြီးအကဲကို သွားမေးလေ ၊ ငါ အသုံးပြုလိုက်တာ မင်းတို့ဂိုဏ်းရဲ့ မိုးကြိုးသွားပေါင်းစည်းခြင်းဓားသိုင်း ဟုတ်လား မဟုတ်လားဆိုတာ... ၊ တကယ်တမ်း သိုင်းပညာခိုးသင်တယ်ပြောရကြေးဆိုရင် မင်းတို့ဂိုဏ်းက လင်ကျိုးကမှ ကျောက်စိမ်းပင်လယ်မြို့တော်က ယဉ်စွန်းတန်းဓားသိုင်းကို ဘယ်နေရာက ခိုးသင်လာမှန်း မသိတာ...”

ချန်လင်းသည် အံကိုတင်းတင်းကြိတ်ထားပြီး ရန်ကျောက်ကဲကို သိုင်းပညာသူခိုးဟု မှတ်ယူထားဆဲ ဖြစ်သည်။

သို့သော် ယခုအချိန်ထိ သူမတို့အကြီးအကဲက မည်သည့်စကားမှ မဆိုသည့်အခါ သူမ အနည်းငယ် ယုံကြည်ချက်ကင်းမဲ့လာသည်။

ဖန်ကျွင်း ၊ ရှန်းရှီဝမ်နှင့် အခြားသောအကြီးအကဲများ မည်သည်စကားမှ မဆိုဘဲ ငြိမ်သက်နေကြသည်ကိုကြည့်ခြင်းအားဖြင့် ရန်ကျောက်ကဲ အသုံးပြုလိုက်သည့်ဓားသိုင်းမှာ မိုးကြိုးသွားပေါင်းစည်းခြင်းဓားသိုင်းမဟုတ်ကြောင်း ထင်ရှားသည်။

သို့သော် ချန်လင်းနှင့် ကောင်းကင်မိုကြိုးခန်းမမှ တပည့်များမှာ ထိုအချက်ကိုလက်ခံရန် ပိုပြီးခက်ခဲနေသည်။

အားဟူက အသံပို့လွှတ်စနစ်ဖြင့် ရန်ကျောက်ကဲကို တိတ်တဆိတ်မေးမြန်းလိုက်သည်။

“သခင်လေး... ၊ အဲဒီ ဓားကွက် (၃)ကွက် ပေါင်းစည်းထားတာ ဘာဓားသိုင်းလဲ...”

ရန်ကျောက်ကဲက အားဟူကိုတော့ ဖုံးကွယ်ထားခြင်း မရှိပေ။

“အဲဒါက ဓားသိုင်းမဟုတ်ဘူး ၊ ဒါပေမဲ့ မိုးကြိုးသွားပေါင်းစည်းခြင်းဓားသိုင်းလိုမျိုး သိုင်းပညာတစ်မျိုးပဲ ၊ ဓားသိုင်းမှမဟုတ်ဘူး ၊ လက်သီးသိုင်း ၊ လက်ဝါးသိုင်း ၊ တစ်ဖက်သွားဓားသိုင်း ဘယ်သိုင်းကွက်ကိုမဆို ပေါင်းစပ်အသုံးပြုလို့ရတယ်”

သူက ဆက်ပြောသည်။

“မိုးကြိုးသွားပေါင်းစည်းခြင်းဓားသိုင်းရဲ့ အနှစ်သာရက စွမ်းအားအပြည့်သုံးထားတဲ့ ပထမဓားကွက်ကို ထုတ်‌ဖော်ပြီးရင် ဒုတိယဓားကွက်က ချီစွမ်းအားပြန်ဖြည့်ပေးတယ် ၊ ဒါကြောင့် ဒုတိယဓားချက်ကလည်း ပထမဓားချက်ထက် နည်းနည်းလေးတောင် စွမ်းအားလျော့မသွားဘူး”

အားဟူ ခေါင်းညိတ်လိုက်သည်။ ကိုယ့်ထက် ကျင့်ကြံခြင်းအဆင့် အနည်းငယ်မြင့်မားသည့်ရန်သူနှင့် ရင်ဆိုင်ရသည့်အခါ ထိုသို့သောသိုင်းပညာမျိုး အသုံးပြုပြီး ရန်သူကို အနိုင်ယူနိုင်မည် ဖြစ်သည်။

ရန်သူက ကျင့်ကြံခြင်းအဆင့် တန်းတူ ၊ သို့မဟုတ် နိမ့်ကျမည်ဆိုလျှင် မိုးကြိုးသွားပေါင်းစည်းခြင်းဓားသိုင်းကြောင့် ချက်ချင်းအသက်ပျောက်သွားနိုင်သည်။

“မိုးကြိုးသွားပေါင်းစည်းခြင်းဓားသိုင်းကို လေ့ကျင့်မထားဘဲ ငါက အဲဒီဓားသိုင်းအကြောင်း ဘယ်လိုလုပ် အတိအကျ သိနိုင်မလဲ ၊ ဒါပေမဲ့ ငါက ချီစွမ်းအားစီးဆင်းခြင်းနဲ့ပတ်သက်တဲ့ နိယာမတွေကို နားလည်တယ်လေ ၊ စစ်မှန်တဲ့ချီစွမ်းအားဘယ်လို လှည့်ပတ်မလဲ ၊ ချီစွမ်းအားကို ဘယ်လိုတွန်းအားပေးမလဲဆိုတာတွေပေါ့”

ရန်ကျောက်ကဲက ရှင်းပြသည်။

“ငါအသုံးပြုတဲ့သိုင်းပညာက ခန္ဓာကိုယ်တွင်းက အတွင်းအားကို မြှုပ်နှံထားဖို့လိုအပ်တဲ့ သိုင်းပညာတစ်မျိုးပဲ ၊ အဲဒီပညာက စွမ်းအင်ဗဟိုချက်ကထွက်ပေါ်လာတဲ့ချီစွမ်းအားကို ခန္ဓာကိုယ်မွေးညင်းပေါက်လေးတွေကတောင် ထွက်ပေါ်လာစေနိုင်တယ်”

“ငါ ပထမဓားကွက်ကို ထုတ်ဖော်လိုက်တော့ စစ်မှန်တဲ့ချီစွမ်းအားက ခန္ဓာကိုယ်ရဲ့ သွေးကြောဆုံချက်တွေတစ်လျှောက် လှည့်ပတ်သွားပြီး စွမ်းအင်ဗဟိုချက်ကို ပြန်ရောက်သွားတယ် ၊ ပြီးတော့ စွမ်းအင်ဗဟိုချက်ကနေ နောက်တစ်ကြိမ် စွမ်းအားတွေ ထပ်ထွက်လာပြီး စစ်မှန်တဲ့ချီစွမ်းအားက သွေးကြောဆုံချက်တွေဆီ လှည့်ပတ်သွားတယ် ၊ စွမ်းအင်ဗဟိုချက်ကို စမှတ်လိုအသုံးပြုပြီး ချီစွမ်းအားကို လှည့်ပတ်လိုက်တာပဲ”

“ဒါပေမဲ့ မိုးကြိုးသွားပေါင်းစည်းခြင်းဓားသိုင်းကတော့ အဲဒီလို မဟုတ်ဘူး ၊ သူက ပထမဓားကွက်ထုတ်ပြီးတာနဲ့ စစ်မှတ်တဲ့ချီစွမ်းအား ပုံမှန်စီးဆင်းနေတာကို အတင်းအကျပ် ဖြတ်တောက်ပစ်လိုက်တယ် ၊ ပြီးတာ့ ကျန်ရှိနေတဲ့ချီစွမ်းအားတွေကို စွမ်းအင်ဗဟိုချက်ဆီ ပြန်ပြီးစီးဆင်းဝင်ရောက်သွားစေတယ် ၊ ပြောရရင် ချီစွမ်းအား‌ ပြောင်းပြန်စီးဆင်းသွားတာပေါ့ ၊ ပြီးမှ ဒုတိယဓားကွက်ထုတ်တဲ့အချိန်မှာ စွမ်းအင်ဗဟိုချက်ကနေ စစ်မှန်တဲ့ချီစွမ်းအားတွေ နောက်တစ်ကြိမ် ထွက်ပေါ်လာတယ်”

ရန်ကျောက်ကဲက ဆက်ပြောသည်။

“ဒီတော့ အဲဒီသိုင်းပညာကို အသုံးပြုမယ်ဆိုရင် ကြယ်တာရာချီစွမ်းအားတွေ ပြောင်းပြန်လှည့်ပတ်တာကို ကျင့်ကြံရတယ် ၊ ဒါပေမဲ့ ကြယ်တာရာချီစွမ်းအား ပြောင်းပြန်လှည့်ပတ်တယ်ဆိုတာက ခန္ဓာကိုယ်တစ်ခုလုံးနဲ့ အသားမကျတဲ့ကိစ္စပဲလေ ၊ ဒီတော့ သိုင်းကျင့်ကြံသူရဲ့ ခန္ဓာကိုယ်ကို ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးဖြစ်စေတယ် ၊ အတွင်းပိုင်းကြယ်တာရာချီအဆင့်နဲ့ အပြင်ပိုင်းကြယ်တာရာချီအဆင့်မပြောနဲ့ ၊ ရှန်ထျန်းအဆင့်နဲ့ ကောင်းကင်ချိတ်ဆက်အဆင့် သိုင်းပညာရှင်တွေတောင် အဲဒီသိုင်းပညာကို အောင်မြင်ဖို့ ခဲယဉ်းတယ်”

“ဒါကြောင့်... သိုင်းပညာရှင်အဆင့်ကျင့်ကြံသူ နည်းနည်းလောက်ကပဲ မိုးကြိုးသွားပေါင်းစည်းခြင်းဓားသိုင်းကို ကျင့်ကြံနိုင်ကြတယ်”

ရန်ကျောက်ကဲက ပခုံးတစ်ချက်တွန့်လိုက်ပြီး...

“ဒါပေမဲ့... ခပ်ရိုင်းရိုင်းပြောရရင်ကွာ... အဲဒီလို ချီစွမ်းအားပြောင်းပြန်စီးဆင်းစေတာက ကောင်းကင်မိုးကြိုးခန်းမက ကမ္ဘာကျော်သိုင်းပညာကြီးရဲ့ မဟာချို့ယွင်းချက်ကြီးပါပဲ”

All Chapters