အပိုင်း (၄၀၉) – တကယ်အရေထူတာပဲ
Vol. 005 Ch. 409
“တောင်ကြားသခင်လေးရဲ့ အကြံမဆိုးဘူး၊ အဲလိုဆိုရင် အဲလူတွေ အချိန်မှီရောက်စရာ မလိုဘူး၊ ငါတို့ လည်း သူတို့ကို ကျန်မျိုးနွယ်နဲ့ ပညာရှိစံအိမ်တော်ရဲ့ နေရာကို ခေါ်သွားမယ်” ယွန်ဂျင်ဝေ၏ မျက်လုံးများ အရောင် တောက်လာသည်။
“ဒါဆို အဲလိုပဲဆုံးဖြတ်လိုက်မယ်၊ ငါ အချိန်မှီရောက်မလာနိုင်တဲ့ ငါ့လူတွေကို သတိပေးလိုက်ဦး မယ်” ဂေါင်ရှိမင် ပြောလိုက်သည်။
“အင်း လူကြီးမင်းတို့ သွားလိုက်ပါ တခြားသတင်းရှိရင်လည်း ပြောပါမယ်” ရှီမာယူယူ ပြောလိုက်သည်။
အစီအစဉ်အရ သူမသည် အင်အားဖြည့်ပေးရန်သာ လိုသည်။ တခြားသော ကိစ္စများအတွက် မျိုးနွယ် ၂ခု ဆွေးနွေးချက်များလိုသည်။ သူမအနေနှင့် ဘာမှလုပ်ပေးရန်မလိုပေ။
သူတို့သည် ရှီမာယူယူ၏ ဆိုလိုချက်ကို နားလည်သဖြင့် သူတို့ကိစ္စများကို စီစဉ်ရန် ထွက်သွားလေ သည်။
ရှီမာယူယူသည် ထိုရက်များတွင် ကျင့်ကြံခြင်းမပြုပဲ အဘိုးနတ်ဆိုး မသွားခင်ပေးခဲ့သော စာအုပ်များကို ကြည့်နေလေသည်။ ထိုစာအုပ်များသည် အဆင့်မြင့် ဆေးဖော်ရာတွင် တန်ဖိုးရှိသော စာအုပ်များဖြစ်သည်။ သူမ သည် နောက်ကျမှပင် ရခဲ့လေသည်။
ထိုရက်များတွင် ယွန်နှင့် ဂေါငမျိုးနွယ်မှ အံ့ဖွယ်အဆင့်လူများသည် မြို့အတွင်းဝင်လာကြသည်။ သို့သော် သူတို့သည် ဝိဉာဉ်သခင်အသင်းမှ ထွက်သွားချိန်မှစ၍ အခုမှပင် မြင်တွေ့ရခြင်းဖြစ်သည်။
စောင့်ကြည့်ရာတွင် တာဝန်ကျသော မျိုးနွယ်၂ခုမှ လူများသည် သူတို့မျိုးနွယ်များသို့ သတင်းပို့ကြလေ သည်။ ယွန်ဂျင်ဝေနှင့် ဂေါင်ရှိမင်နျင့် တခြားသူများသည် သတင်းများရသောအခါ ဝမ်းသာကြလေသည်။
ရှီမာယူယူ သူတို့အား အရင်ပေးခဲ့သော သတင်းကြောင့်ပင် မြို့အတွင်းတွင် ထူးခြားမှုကို သတိထားရန် မလိုတော့ပေ။ သူတို့သည် အစောင့်ထားရန်မလိုတော့ပေ။
ထိုအချိန်တွင် ရှီမာယူယူသည် စာအုပ်ကိုသိမ်းကာ အိမ်မှ ထွက်လာသည်။
သူမ ထွက်လာချိန်တွင် ယွန်ရိသည် အိမ်၏ ကြီးမားသော သစ်ပင်အောက်တွင် စောင့်နေသည်ကို တွေ့ လိုက်ရသည်။ သူမ လျှောက်လာသည်ကို ကြည့်ပြီး မတ်တတ်ရပ်ကာ ပြောလိုက်သည် “အဖေက မင်းကို အရှေ့ ကိုပဲ တိုက်ရိုက်ခေါ်ခဲ့လို့ပြောတယ်”
“ကောင်းပြီ” ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။
ဝေကျိရွှီနှင့် တခြားသူများသည်လည်း ပြင်ဆင်ပြီးကြလေပြီ။ သူတို့အဖွဲ့သည် အပြင်ဘက် အိမ်မှ ထွက်ကာ အတွင်းပိုင်း အိမ်သို့ ဝင်ခဲ့လေသည်။
သူမသည် လွန်ခဲ့သည့် ၂ရက်ကပင် နှင်းဝံပုလွေနှင့် အစွယ်ကွေးကျားမျိုးနွယ်များ၏ အထွတ်အထိပ် သားရဲများကို ထုတ်ထားပြီးဖြစ်လေသည်။ မျိုးနွယ်တစ်ခုချင်းစီတွင် ဝိဉာဉ်သားရဲမျိုးနွယ်များတွဲလိုက်သောအခါ နှင်းဝံပုလွေမျိုးနွယ်နှင့် ယွန်မျိုးနွယ်သာ ကျန်လေသည်။
ရှီမာယူယူနှင့် တခြားသူများ လျှောက်လာသောအခါ အိမ်မကြီးတွင် လူများပြည့်နေသည်ကို တွေ့လိုက် ရသည်။ ခြံဝန်းသည် အတွင်းတွင် ၁.၅ ကီလိုမီတာကျယ်ကာ အပြင်တွင် ၁.၅ ကီလိုမီတာကျယ်ပြီး ယွန်မျိုးနွယ် လူများ ဝန်းရံထားလေသည်။
ယွန်ဂျင်ဝေသည် အကြီးအကဲများကိုခေါ်ကာ အိမ်ရှေ့တွင် ရပ်နေလေသည်။ ရှီမာယူယူတို့ လျှောက် လာသည်ကို မြင်သောအခါ အရိုအသေပေးလိုက်သည်။
ရှီမာယူယူ ခေါင်းညိတ်ကာ အဖြူရောင်ဝတ်ထားသော လူတစ်ယောက်ဘက်လှည့်ကာ မေးလိုက်သည် “သူက ပညာရှိစံအိမ်တော်ကလူလား”
“ဟုတ်ပါတယ် တောင်ကြားသခင်လေး ကျန်မျိုးနွယ်က ဂေါင်မျိုးနွယ်ကိုသွားတော့ ပညာရှိစံအိမ်တော် က ဒီကိုရောက်လာတာပါ” ယွန်ဂျင်ဝေ ပြောလိုက်သည်။
“သူတို့က ဒီမှာတောင် တာဝန်ယူနေကြပြီလား” ရှီမာယူယူ မေးလိုက်သည်။
“သူတို့ စံအိမ်တော်သခင်ကြီးက မလာဘူး၊ ဒါပေမဲ့ လက်ထောင်စံအိမ်တော်သခင်က သူ့ရဲ့ မြင့်မြတ်တဲ့ သားတော်ကို ခေါ်လာတယ်” ယွန်ဂျင်ဝေ ပြန်ဖြေလေသည် “အလယ်က လူငယ်က သူပဲလေ”
ရှီမာယူယူ မြင့်မြတ်သော သားတော်ကို ကြည့်ပြီး ပြောလိုက်သည် “သူက စံတင်ဝိဉာဉ်အဆင့်ပဲ ရှိသေး တာ၊ သူက အဲလောက်အားနည်းတာကို အပျော်အနေနဲ့ ဝင်ပါရဲသေးတယ်”
မြင့်မြတ်သော သားတော်သည် ရှီမာယူယူလလျှောက်လာနှင့် ယွန်ဂျင်ဝေသည် သူမအား တလေးတစား ဆက်ဆံသည်ကို မြင်သောအခါ သူမ သရုပ်မှန်ကို သံသယဝင်မိသည်။ သူမသည် သူ့စွမ်းအားကို ကြည့်ရုံနှင့်ပင် ခန့်မှန်းနိုင်သည်။ သို့သော် သူမသည် သူ့အင်အားကို အထင်သေးမည်ဟု ထင်မထားမိပေ။ သူ ဒေါသထွက်ကာ “မင်းက ဘယ်သူမို့လို့ ငါ့လို မြင့်မြတ်တဲ့သားတော်ကို အထင်သေးရဲတာလဲ”
ရှီမာယူယူသည် တခြားသူများကို စကားပြောသကဲ့သို့ ကြည့်မနေပေ။ သူ ပျံသွားကာ “ငါသာ မင်းဆိုရင် လိုက်မလာပဲ ရှက်လွန်းလို့ ပုန်းနေပြီ မဟုတ်ရင် အကြောင်းအရင်းမသိလိုက်ရပဲ သေသွားမှာလေ”
“ဟင် မင်းဘယ်သူပဲဖြစ်ဖြစ် ယွန်မျိုးနွယ်နဲ့ တွဲတွေ့ရတာ မင်းအတွက် ကံဆိုးတဲ့နေ့ပဲ၊ ဒီနေ့တော့ ယွန် မျိုးနွယ်က ဒီကနေ ထွက်သွားဖို့ အိပ်မက်တောင် မမက်နဲ့” မြင့်မြတ်သော သားတော်သည် နှာမှုတ်လိုက်သည်။
“ဟီးဟီး ပညာရှိစံအိမ်တော်က သက်ရှိတွေကို ချစ်တဲ့ သူတော်ကောင်းလိုမျိုး ပြုမူကြတယ်မလား၊ လူသတ်တာက တကယ့်ကို ရက်စက်ပြီး ယုတ်မာတာပဲ” ရှီမာယူယူ ပြောလိုက်သည်။
“ဟင် မင်းယွန်မျိုးနွယ်က တိတ်တိတ်လေး ကျန်မျိုးနွယ်ကို အင်အားလုဖို့အတွက် လူသတ်ချင်နေပြီး အားဖြန့်ချင်နေတာ၊ တိုင်းပြည်ကို ကာကွယ်တဲ့အနေနဲ့ ငါတို့က တရားမျှတမှုကို ရအောင်လုပ်ရမှာပဲ၊ ငါတို့က လူတွေကို ထိခိုက်အောင် လုပ်တဲ့ မင်းတို့လူတွေကို ရှင်းရမှာပဲ” မြင့်မြတ်သော သားတော်ပြောလိုက်သည်။
ယွန်မျိုးနွယ်ခေါင်းဆောင်လည်း ရောက်လာသ်ည။ သူသည် ပညာရှိစံအိမ်တော်မှ လူများကို ကြည့် ကာ ပြောလိုက်သည်။ “မင်းတို့ ပညာရှိစံအိမ်တော်က ငါ့ယွန်မျိုးနွယ်ကို ရှင်းဖို့ ကျန်မျိုးနွယ်နဲ့ ပေါင်းလိုက်တာ၊ ငါတို့က လူတွေကို ထိခိုက်အောင် လုပ်တယ်လို့လည်း ပြောသေးတယ်၊ ဆင်ခြေရှာချင်တယ်ဆိုရင် ဒီ့ထက် ကောင်းတာလေးရှာပေး ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့် ဒီနေ့လာမှတော့ လက်ခံပေးပါတယ်၊ ဒီမှာ နေလို့ရ ပါတယ်”
“ယွန်ဂျင်ဝေ၊ မင်းတို့အမှောင်ထဲမှာ လှုပ်ရှားနေတာ ငါတို့ မသိဘူးများထင်နေလား” လက်ထောက် ပညာရှိစံအိမ်တော် သခင်သည် မြင့်မြတ်သော သားတော်ဘေးတွင် ရပ်ကာ ယွန်ဂျင်ဝေအား ကြည့်ပြီး ပြော လေသည် “မင်းတို့အားလုံး ကျန်မျိုးနွယ်ကို ရှင်းပြစ်ပြီး ငါတို့ ပညာရှိစံအိမ်တော်က အင်အားကို ယူချင် နေတာလေ၊ မင်းတို့ သူတော်စင်အဆင့်တွေ ပြန်လာဖို့ တိတ်တဆိတ်ခေါ်ထားတာကို ငါတို့သိပြီးပြီ၊ ဒါပေမဲ့ သူတို့က အချိန်မှီမရောက်ဘူး၊ မင်းတို့ ယွန်မျိုးနွယ်ကို ဒီနေ့အပြတ်ဖြုတ်ပြီး ကျန်တဲ့အဖွဲ့ဝင်တွေကို သတ်ပစ် မယ်”
“မင်းက မင်းတို့အင်အား တစ်ခုတည်းနဲ့ ငါတို့ယွန်မျိုးနွယ်ကို ရှင်းချင်တာလား၊ ရယ်စရာကောင်းလိုက် တာ” ယွန်ဂျင်ဝေသည် အကြောက်တရားကင်းစွာ ပြောလိုက်သည်။
“ဟင် ကျန်မျိုးနွယ်နဲ့ ပညာရှိစံအိမ်တော်မှာ မင်းတို့ စပိုင် ဘယ်လောက်ရှိတာလဲတော့ ငါမသိဘူး” လက်ထောက် ပညာရှိစံအိမ်တော် သခင်ပြောလုကိသည် “မင်းတို့ ကိုယ့်ကစားပွဲမှာကိုယ်ရှုံးနေတာ မသိသေး ဘူး၊ သူတို့က မင်းတို့ကို သတင်းအမှားတွေ ပေးနေတာ၊ အဲလိုပဲ ငါတို့စပိုင်ကလည်း မင်းတို့ မျိုးနွယ်မှာရှိ တယ် ပြီးတော့ မင်းတို့မျိုးနွယ်ကလူတွေ အချိန်မှီပြန်မလာနိုင်တာလည်း သိတယ်”
ယွန်ဂျင်ဝေသည် လက်ထောက်စံအိမ်တော်သခင်အား အထင်သေးစွာကြည့်ပြီး ပြောလိုက်သည် “မင်းတို့က ကစားပွဲကို ဘယ်လိုကစားမယ်ဆိုတာ သိတယ်ဆိုရင် ငါတို့နဲ့ တူနေတာပဲမလား၊ ငါတို့လည်း မင်းတို့ စပိုင်ကို စောစောကတည်းကသိပြီးပြီ အခုမင်းတို့ကို ပြန်ပေးမယ်”
သူ ပြောပြီးသည်နှင့် လူတချို့ကို ပစ်ပေးရာ သူတို့သည် သေပြီးသားဖြစ်လေသည်။
လက်ထောက်ပညာရှိစံအိမ်တော် သခင်သည် ခေါင်းငုံ့ကြည့်ရာ ထိုလူများသည် သူတို့၏ စပိုင် အမှန်ဖြစ် သည်ကို တွေ့လိုက်ရသည်။
သူ ယွန်ဂျင်ဝေ၏ မျက်နှာကို ထပ်ကြည့်ရာ သူသည် လုံးဝစိုးရိမ်မှုမရှိသည်ကို တွေ့လိုက်ရသည်။ သူ ရင်ခုန်လာကာ စိတ်ထင့်သွားသည်။
သို့သော် ယွန်မျိုးနွယ်ဝင်များ ပြန်မလာနိုင်သည့်သတင်းမှာ အမှန်ဖြစ်သဖြင့် စိတ်ပြန်ငြိမ်သွားရသည်။
သို့သော် ယွန်ဂျင်ဝေ၏ နောက်ဆက်တွဲ လှုပ်ရှားမှုများမှာ သူ့ကို ချွေးအေးများ ပြန်စေသည်။
ယွန်ဂျင်ဝေလက်ခုပ်တီးလိုက်ရာ အံ့ဖွယ်အဆင့် လူတစ်စုမျာ ပျံလာရာ သူတို့သည် ၁၀ယောက် သာ ရှိသည်။
“မင်းတို့မှာ အံ့ဖွယ်အဆင့် ၁၀ယောက်လောက်နဲ့ မတိုက်ချင်ပါနဲ့” မြင့်မြတ်သော သားတော်သည် ယွန်မျိုးနွယ်အား ဂရုမစိုက်ပေ။
ယွန်ဂျင်ဝေ ပြုံးပြီး ပြောလိုက်သည် “မင်းအနောက်ကို ကြည့်လိုက်ပါဦး”
ပညာရှိစံအိမ်တော်မှ လူများသည် လှည့်ကြည့်လိုက်ရာ အထွတ်အထိပ်အဆင့်နှင့် သူတော်စင် အဆင့်မြင့် သားရဲအုပ်များသည် မသိလိုက်ချိန်မှာပင် သူတို့အား ဝိုင်းထားကြလေသည်။
“အထွတ်အထိပ်သားရဲ အကောင် ၂၀” လက်ထောက် ပညာရှိစံအိမ်တော် သခင်၏ အမူအရာသည် ပျက် သွားလေသည်။
ထိုအထွတ်အထိတ်သားရဲနှင့်ပင်လျှင် သူတို့ကို အပြတ်ရှင်းပစ်နိုင်သည်။ ယွန်မျိုးနွယ်က တခြားသူတွေ ပြောတာထက် သာလွန်တာပဲ။
“ဘယ်လိုလုပ် အဲလောက် အထွတ်အထိပ်သားရဲအများကြီးရှိနေတာလဲ” မြင့်မြတ်သော သားတော်သည် နှင်းဝံပုလွေများ သူတို့အား ဝန်းရံလာသည်ကို မြင်သောအခါ ကြောက်သဖြင့် မိုးပေါ်မှ ကျလုနီးပါးဖြစ်သွား သည်။
“ကောင်းတယ် ယွန်မျိုးနွယ် မင်းတို့က ငါတို့ကို လှည့်စားပြီး ကိုယ့်အကွက်နဲ့ကိုယ် ချုပ်မိအောင် လုပ်ရဲ တယ်” လက်ထောက် ပညာရှိစံအိမ်တော်သခင်သည် အံကြိတ်ကာ ပြောလေသည်။
“အရေထူလိုက်တာ” ဖက်တီးကျူ မှတ်ချက်ပေးလေသည်။
ထိုလူများသည် ယွန်မျိုးနွယ်အား အမြစ်ဖြုတ်ရန်လာသော်လည်း နစ်နာသူမှာ သူတို့ဖြစ်သွားသည်။
သူသည် အရှက်မရှိတဲ့လူများကို တွေ့ဖူးသော်လည်း ဒီလောက် အရှက်မရှိသည့်သူကိုတော့ မမြင်ဖူးပေ။
“မင်း အဓိပ္ပာယ်မရှိတာတွေ ပြောနေဦးမှာလား၊ သူတို့ကို ဒီအတိုင်းရှင်းပစ်လိုက်တော့” ဖက်တီးကျူ ပြောလိုက်သည်။
“ယွန်မျိုးနွယ်တို့ ငါ့အမိန့်ကို လိုက်နာကြ ပညာရှိစံအိမ်တော်က ဘယ်သူမှ အသက်ရှင်လျက် ထွက် မသွားစေရဘူး” ယွန်ဂျင်ဝေ အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့” ယွန်မျိုးနွယ်ဝင်များ ပြန်ဖြေလိုက်ရာ သူတို့အသံသည် ထစ်ချုန်းသွားသည်။
ပညာရှိစံအိမ်တော်မှ လူများသည် ကြောက်လန့်ကာ လက်ထောက် စံအိမ်တော်သခင်သည် အော် လိုက်သည် “ယွန်ဂျင်ဝေ မင်း ငါ့လူတွေကို သတ်ဂင် ငါ့ပညာရှိစံအိမ်တော်က ပြန်လာပြီးလက်စားချေမယ်”
ယွန်ဂျင်ဝေ ဟားတိုက်ရယ်ကာ “ငါ့ယွန်မျိုးနွယ် အကြီးအကဲတွေက မင်းတို့ ပညာရှိစံအိမ်တော်ကို သွား နေပြီ၊ မင်းထက်အရင် စံအိမ်တော်သခင်ကြီး အသတ်ခံရမှာကိုတောင် ငါစိုးရိမ်နေမိပြီ… တိုက်တော့”