← Chapters

အပိုင်း(၅၆၀)

Vol. 38 Ch. 560

အပိုင်း(၅၆၀)

Vol. 38 Ch. 560

အဆုံးမဲ့လူစီးကြောင်းအလယ်တွင်   လူသုံးယောက်မှာ သူတို့၏လမ်းကြောင်းကိုရပ်တန့်ထားသည်။  နှစ်ယောက်မှာ တစ်ယောက်မျက်နှာကိုတစ်ယောက်စိုက်ကြည့်နေကြသည်။  သဏ္ဍန်မဲ့ သတ်ဖြတ်ခြင်း စိတ်ဆန္ဒတို့က   သူတို့၏ကိုယ်များမှမြင့်တက်လာပြီး အချိန်မရွေးတိုက်ခိုက်ကြတော့မည့်ပုံများဖြစ်နေသည်။

ရှစ်ကျင်းရွှိုက်မှာ ရှေ့၌ရှိနေသော ဗိုလ်ချုပ်ကျိရှောင်းအားလည်းကြည့်လိုက်ပြီး ဗိုလ်ချုပ်ကျိရှောင်းမှာလည်း   မျက်နှာထက်၌ အေးစက်သော အသွင်တစ်ခုရှိနေသည်ကို တွေ့လိုက်ရသည်။  ယခင်က ရှစ်ဖုန့်မှာ အကယ်၍ ပြိုင်ပွဲအတွင်း၌ ကျိရှောင်းနှင့်များတွေ့ဆုံခဲ့လျှင် သူ့အနေဖြင့် ၎င်းအားသတ်ပစ်မည်ဟုပြောခဲ့သည်ကို ရှစ်ကျင်းရွှိုက်ကြားဖူးသည်ဖြစ်သည်။

ယခုရှစ်ဖုန့်နှင့် နှစ်ယောက်သား တွေ့ကြသောအခါတွင်၎င်းတို့၌ တစ်ယောက်ကိုယ်တစ်ယောက် နက်ရှိုင်းသော အာဃာတတရားများရှိပုံပေါ်၏။

ဤလူငယ်အနေဖြင့် ဤထိပ်တန်းစွမ်းအားရှင်များအားမည်ကဲ့သို့များစော်ကားခဲ့ပါသနည်း။ ထူးကဲလှသောပါရမီရှင်ပါတကား။

လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ရှစ်ဖုန့်အား  ထျန်းလျန်အင်ပါယာတော်ဝင်မြို့တော်တစ်ဝိုက်အတွင်း စွမ်းအားကြီးလူနှစ်ယောက်က လိုက်ဖမ်းခဲ့သည်ဖြစ်သည်။  အစောပိုင်းက   ရှစ်ဖုန့်မှာ သူ့အနေဖြင့် လုံဟူဂိုဏ်းမှ ဒုတိယသခင်လေး  ဝမ့်ပိုင်ကိုသတ်ဖြတ်ခဲ့ပြီး လုံဟူဂိုဏ်းနှင့်  အာဃာတရားများကိုစိုက်ထူခဲ့သည်ဟုဆို၏။

ယခု ဗိုလ်ချုပ်ကျိရှောင်းနှင့်တွေ့ချိန်တွင် လည်း ၎င်းအားသူ့အားသတ်ချင်နေသည်မှာသိသာ၏။ ပြဿနာကိုမီးခွက်ထွန်းရှာတတ်သောသူပါတကား။

“ပြိုင်ပွဲစင်ပေါ်မှာ ငါမင်းကို သေချာပေါက်သတ်မယ်..”

ကျိရှောင်းက ရှစ်ဖုန့်အားအေးစက်စွာပြောလိုက်သည်။

“မင်းမှာအဲ့လိုလုပ်နိုင်မဲ့စွမ်းရည်ရှိမလားဆိုတာကိုကြည့်ကြသေးတာပေါ့”

ရှစ်ဖုန့်ကလည်းအေးစက်စွာပြောလိုက်သည်။  ထို့နောက်   သူတို့နှစ်ယောက်လုံးလှုပ်ရှားလိုက်ပြီး တစ်ယောက်ရှေ့တစ်ယောက်လျှောက်လာကြ၏။ လူအုပ်အတွင်း တစ်ယောက်ကိုယ်တစ်ယောက်ဖြတ်ကျော်လိုက်ကြပြီး    လူအုပ်နောက်သို့လိုက်ပါသွားကြသည်။

ရှစ်ကျင်းရွှိုက်မှာလည်း ရှစ်ဖုန့်နှင့်အတူ လူအုပ်ထဲသို့လိုက်ပါလာသည်။  ရှစ်ကျင်းရွှိုက်က သူ့ဘေး၌ရှိသော ရှစ်ဖုန့်အား မေးလိုက်သည်။

“ညီလေးရှစ်.. ကျိရှောင်းလိုပါရမီရှင်တစ်ဦးကိုမင်းဘယ်လိုများစော်ကားခဲ့တာလဲ..သူကမင်းကိုသတ်ဖို့အတွက်ဆုံးဖြတ်ပြီးပြီလို့ငါထင်တယ်.. မင်းနဲ့သူပြိုင်ပွဲထဲမှာမတွေ့ရင်တောင် .. ထျန်းလျန်အင်ပါယာအတွင်း သူ့ရဲ့အာဏာစွမ်းအားနဲ့ သူသေချာပေါက်မင်းကိုသတ်နိုင်စွမ်းရှိလိမ့်မယ်.. မင်းအတွက် ထျန်းလျန်အင်ပါယာထဲကနေ ထွက်သွားဖို့တောင်ခက်ခဲမယ်လို့ငါထင်တယ်”

“ဒီသခင်လေးအတွက် ထျန်းလျန်အင်ပါယာထဲကနေထွက်သွားဖို့ ခက်ခဲတယ်တဲ့လား..”

ရှစ်ကျင်းရွှိုက်၏ စကားအားကြားပြီးနောက်ရှစ်ဖန့်က အေးစက်စွာပြောလိုက်သည်။

“ပြိုင်ပွဲထဲမှာ ဒီသခင်လေးသတ်တာကိုထာဝရခံရမဲ့သူကသူပဲ”

“ထပ်ပြီးလာပြန်ပြီဟ.”

ရှစ်ဖုန့်၏ စကားအားကြားပြီးနောက် စိတ်ထဲမှနေ၍ ညည်းညူလိုက်သည်။ဤလူမှာ ယခင်အတိုင်းမူလမပျက်ရှိနေဆဲဖြစ်သည်။  ကိုယ့်ကိုယ်ယုံကြည်မှုလွန်ကဲလွန်ပြီး မာနကြီးမောက်မာလွန်းသည်။

သူ၏ရန်သူက မဟာသူတော်စင်နယ်ပယ်သို့ဝင်ရောက်ပြီးဖြစ်သည်။ကျင့်ကြံခြင်းလောကတွင် မဟာသူတော်စင်နယ်ပယ်အောက်အားလုံးမှာ ပုရွတ်ဆိတ်များသာဖြစ်သည်။

ဘေးတွင်ရှိနေသောရှစ်ဖုန့်အားကြည့်၍ ရှစ်ကျင်းရွှိုက်စိတ်ထဲမှတီးတိုးရေရွတ်လိုက်သည်။

“မင်းကိုမင်းပိုပြီးဂရုစိုက်တာကမှပိုကောင်းမှာ.. မင်းရဲ့မာနကြီးတဲ့စရိုက်နဲ့ ငါပြောတာကိုလည်းမင်းနားထောင်မှာမဟုတ်ပါဘူး”

ရှစ်ကျင်းရွှိုက်မှာ အခြားဘာကိုမှပြောဆိုခြင်းမရှိချေ။ ရှစ်ဖုန့်ကသူ၏စကားအားနားထောင်မည်မဟုတ်သည်ကိုသူသိသည်ဖြစ်သည်။  ပျားပန်းခက်လှုပ်ရှားနေသောတော်ဝင်မြို့တော်လူအုပ်အတွင်းရှစ်ဖုန့်၏နောက်သို့သာ  သူဆက်လိုက်လာလိုက်သည်။

သို့သော်   ခဏမျှကြာအောင်လမ်းလျှောက်ပြီးသည့်နောက် ရှစ်ဖုန့်ထပ်မံရပ်တန့်လိုက်သည်ကို ရှစ်ကျင်းရွှိုက်တွေ့လိုက်သည်။  သူ၏ရှေ့တွင် သူ့အားရန်သူတစ်ယောက်ကဲ့သို့ကြည့်နေသော အေးစက်သောမျက်နှာထားနှင့်လူငယ်တစ်ယောက်ရှိနေပြန်သည်။အတိအကျပြောရလျှင် ထိုလူက သူ့ဘေးတွင်ရှိနေသော ရှစ်ဖုန့်အားကြည့်နေခြင်းဖြစ်၏။

“ရန်သူတစ်ယောက်ပဲလား”

ထိုလူ၏အသွင်အပြင်အားတွေ့ရသောအခါတွင် ရှစ်ကျင်းရွှိုက်လျှင်မြန်စွာတွေးလိုက်သည်။

“ဒီလူက.. “

ထို့နောက်ရှစ်ကျင်းရွှိုက်ဤလူ၏သရုပ်မှန်အားလျှင်မြန်စွာမှတ်မိသွားသည်။  ဤလူမှာ ထျန်းလျန်အင်ပါယာအတွင်းမျိုးဆက်သစ် ပါရမီရှင်လူငယ်များထဲ၌   သိုင်းပညာရော အဂ္ဂရိတ်သန့်စင်ပညာကိုပါနှစ်ခုလုံးကိုလိုက်စားသည့် ပါရမီရှင် ယန်ကျုံးပင်ဖြစ်သည်။

ဤလူငယ်မှာနှစ်ခုလုံးတွင်ထူးချွန်သူဖြစ်ပြီး ပါရမီရှင်တစ်ဦးအဖြစ်သတ်မှတ်နိုင်သောသူဖြစ်သည်။ လွန်ခဲ့သောအချိန်အချို့က အဂ္ဂရိတ်သန့်စင်ဆရာသခင်များအဖွဲ့အစည်းတွင်ပြိုင်ပွဲတစ်ခုကျင်းပခဲ့သည်။ ဤလူငယ်က ဘက်ပေါင်းစုံမှပါရမီရှင်များအားတစ်ယောက်တည်းအနိုင်ယူခဲ့ပြီး အနိုင်ရရှိကာချန်ပီယံဖြစ်လာခဲ့၏။

၎င်းမှာ အဂ္ဂရိတ်သန့်စင် အဂ္ဂရိတ်သန့်စင်ဆရာသခင်အစည်းအရုံး ဥက္ကဋ္ဌ၏ နှစ်ထောင်မှတစ်ယောက်သာပေါ်ထွန်းနိုင်သောရှားပါးပါရမီရှင်တစ်ဦးဟု တန်ဖိုးတွက်ချက်ခံထားရသောသူဖြစ်သည်။

ရှစ်ဖုန့်မှာထိုသို့သောပါရမီစွမ်းရည်ရှိသည့်ပါရမီရှင်နှင့်မှတကယ်ကြီးအာဃာတတရားတို့ရှိနေသည်လော။

အေးစက်သောမျက်နှာနှင့်ယန်ကျုံးကရှစ်ဖုန့်အားသတ်ဖြတ်ချင်သောစိတ်ဆန္ဒများဖြင့်ကြည့်နေသည်ကိုတွေ့ရသောအခါ တွင်   ရှစ်ကျင်းရွှိုက်မှာအနည်းငယ်ပြောစရာစကားမဲ့မှုကို ဤအချိန်၌ခံစားလိုက်ရသည်။ ဤကဲ့သို့အသက်ငယ်ငယ်လေးနှင့် ရန်သူများအားရှာဖွေချင်သည်ဆိုလျှင်အဘယ်ကြောင့်များဤကဲ့သို့ ကြမ်းတမ်းသောလူများကိုမှ ရွှေးချယ်ရပါသနည်း။

“ရှစ်….ဖုန့်..”

ယန်ကျုံးက ရှစ်ဖုန့်အား ကြည့်ပြီး နမည်ကိုထပ်မံခေါ်လိုက်သည်။ ဤလူနှင့်တွေ့လိုက်သည့်အချိန်တိုင်းတွင်   ယန်ကျုံးအနေဖြင့်ဤနမည်အားမရေတွက်နိုင်အောင် ထုတ်ခေါ်ခဲ့ပြီးလေသံမှာလည်းအမြဲတမ်းဤကဲ့သို့တစ်ပုံစံတည်းသာဖြစ်သည်။

“ပြိုင်ပွဲမှာမင်းနဲ့တွေ့တဲ့အခါကြရင်.. ဒီသခင်လေးကိုစိတ်ပျက်အောင်မလုပ်ပဲနဲ့ ဒီသခင်လေးနဲ့မတွေ့ခင်ဖယ်ထုတ်မခံရဖို့မျှော်လင့်တယ်”

ရှစ်ဖုန့်ကယန်ကျုံးအား ဂရုမစိုက်ဟန်ဖြင့်ပြောလိုက်သည်။ ထို့နောက် ထပ်မံစတင်လျှောက်လှမ်းသွားလိုက်သည်။

“မပူပါနဲ့.အချိန်ကြလာရင်..ငါမင်းကိုသတ်မှာ”

ယန်ကျုံးက မလှုပ်ရှားပေ။ထိုစကားများအားအေးစက်စွာမပြောခင်အထိ ရှစ်ဖုန့်သူ့အနားသို့ရောက်အလာကိုစောင့်နေခဲ့သည်။

“ဒီသခင်လေးမင်းကိုစောင့်နေမယ်.. “

ရှစ်ဖုန့်က ယန်ကျုံးအားတစ်ချက်ကြည့်ပြီးပြန်ပြောလိုက်သည်။ ထို့နောက်ယန်ကျုံးအား လျစ်လျူရှုလိုက်ပြီး၎င်းအားကျော်ဖြတ်၍ လူအုပ်အတွင်းဝင်ရောက်သွားသည်။ျ

“ဝမ့်ကုန်း..ဝမ့်ကျုံး.. ကျိရှောင်း..ယန်ကျုံး”

ရှစ်ဖုန့်၏ဘေးမှလိုက်ပါလာရင်း  ရှစ်ဖုန့်ကြုံတွေ့ရင်ဆိုင်ရမည့် အစွမ်းထက်ရန်သူများကို ရှစ်ကျင်းရွှိုက်တစ်ယောက်စာရင်းပြုစုနေမိသည်။ဤနမည်လေးခုတွင် တစ်ခုစီတိုင်းက ထျန်းလျန်အင်ပါယာတစ်ခွင်လုံးအားလှုပ်ခတ်သွားစေနိုင်သောနမည်များဖြစ်သည်။

၎င်းတို့ထဲကတစ်ဦးကိုစော်ကားခြင်းက ကြီးမားသောကိစ္စတစ်ခုမဟုတ်သော်လည်း   ဤငတိကတော့တစ်ကြိမ်တည်းတွင်လေးယောက်လုံးအား စော်ကားခဲ့သည်။  ဤရန်သူလေးယောက်၏နမည်နှင့်ဆိုလျှင် အကယ်၍ ဤကိစ္စသာ သတင်းပျံ့နှံ့သွားခဲ့ပါက ဤလူငယ်အနေဖြင့်ထျန်းလျန်အင်ပါယာတစ်ခွင်လုံးအားလှုပ်ခတ်သွားစေလိမ့်မည်ဖြစ်သည်။

ဤကယ်၍ ဝမ့်ကုန်းနှင့်ဝမ့်ကျုံးတို့သာ ဤလူက ဝမ့်ပိုင်ကိုသတ်ခဲ့သည်ကိုသိလျှင်ဘာဖြစ်မည်ကိုသူသိချင်မိသည်။

သူနှင့်ရှစ်ဖုန့်တို့ကမိတ်ဆွေများဖြစ်ကြပြီး ၎င်းကသူ၏အသက်အားအကြိမ်များစွာကယ်တင်ခဲ့ဖူးသည်ဖြစ်သည်။ ၎င်းကြောင့်သာမဟုတ်ခဲ့လျှင်  ကုန်သည်သင်္ဘောမှာ အမှောင် ဟင်းလင်းပြင်အတွင်းသို့ စုပ်ယူခံလိုက်ရမည်သာဖြစ်၏။

ရှစ်ဖုန့်ကသူ့အားကယ်တင်ခဲ့သည်များနှင့် အားကောင်းသောရန်သူများအား ပြုလုပ်ခဲ့ပုံများကို  စဉ်းစားမိသောအခါတွင် ဤလူငယ်အတွက်ရှစ်ကျင်းရွှိုက်စတင်စိုးရိမ်လာသည်။

“ထားလိုက်ပါ..ဒါကိုဘာလို့စဉ်းစားနေရမှာလဲ. ငါ့အကြံလည်းသူနားမှမထောင်တာ..အခုငါလုပ်နိုင်တဲ့တစ်ခုတည်းသောအရာက ထျန်းလျန်အင်ပါယာတော်ဝင်မြို့တော်ထဲမှာသူ့ကိုကောင်းကောင်းဆက်ဆံဖို့ပဲ”

ရှစ်ကျင်းရွှိုက်ကထပ်မံတီးရေရွတ်လိုက်သည်။

ထို့နောက်ရှစ်ကျင်းရွှိုက် ခေါင်းကိုအနည်းငယ်မော့လိုက်ပြီး ပတ်ဝန်းကျင်အားမျက်စိကစားလိုက်၏။  ထို့နောက်  လေးဆယ့်ငါးဒီဂရီထောင့်ချိုးတွင် အသစ်ဆက်ဆက်မြင့်မားသော ခမ်းနားသည့် အဆောက်အဦးတစ်လုံးက သူ၏မျက်လုံးအတွင်းဝင်ရောက်လာသည်။

အဆောက်အဦး၏ထိပ်ပိုင်းတွင်   ကြီးမားသောအလျှားလိုက်ဘုတ်ပြားကြီးတစ်ခုအား ချိတ်ဆွဲထား၏။ ဘုတ်ပြားပေါ်တွင် “ကောင်းကင်ဘုံ အချစ် ဥယျဉ်”ဟုသော စာလုံးတို့အား  ဝင့်ကြွားစွာရေးထိုးထားသည်။

ကောင်းကင်ဘုံ အချစ် ဥယျဉ် မှာ နမည်အတိုင်း နတ်ဘုရားများပင်ထွက်သွားရန်ဝန်လေးသော နေရာတစ်ခုဖြစ်သည်။အထဲရှိကုန်ကျစရိတ်မှာလည်း အံ့ဖွယ်ကောင်းလောက်အောင် ကုန်ကျသည်ဖြစ်၏။

ထို့နောက် ရှစ်ကျင်းရွှိုက်က “ကောင်းကင်ဘုံ အချစ် ဥယျဉ်” အား ထိုးညွှန်ပြပြီး  ရှစ်ဖုန့်ကို ပြောလိုက်သည်။

“ညီလေးရှစ်. ဒီကောင်းကင်ဘုံ အချစ် ဥယျဉ်က  သွားဖို့ကောင်းတဲ့နေရာတစ်ခုပဲ”

“အိုး..ကောင်းကင်ဘုံအချစ်ဥယျဉ်လား”

ကောင်းကင်ဘုံအချစ်ဥယျဉ်အား  ကြည့်၍   ရှစ်ဖုန့် မျက်မှောင်ကြုတ်ပြီး နားလည်ရခက်နေသော အမူအယာတစ်ခုဖြစ်ပေါ်လာသည်။ အပေါ်ယံမျက်နှာပြင်ရှိ ခမ်းနားသောအဆောက်အဦးနှင့် ဆိုင်းဘုတ်တို့အားကြည့်၍တော့အထဲရှိအရာအားပြောနိုင်မည်မဟုတ်ပေ။

ရှစ်ဖုန့်မျက်နှာထက်ရှိ နားလည်ရခက်နေသောအမူအယာအားကြည့်၍  ရှစ်ကျင်းရွှိုက်က ပြုံး၍ပြောလိုက်သည်။

“မင်းကအခြားနေရာကလာတာဆိုတော့ ကောင်းကင်ဘုံအချစ်ဥယျဉ်အကြောင်းကိုသိမှာမဟုတ်ဘူး.. ကောင်းကင်ဘုံအချစ်ဥယျဉ်က ထျန်းလျန်အင်ပါယာတစ်ခွင် ပျံ့နှံ့ကျော်ကြားတယ်..ထျန်းလျန်အင်ပါယာထဲက လူတွေက အဲ့တာကို နတ်ဘုရားတွေတောင်မှ ဒီနေရာရဲ့ စားကောင်းသောက်ဖွယ်အရသာမွန်တွေကို မြည်းစမ်းအရသာခံပြီးနောက် ထွက်ခွာသွားဖို့ဝန်လေးကြတဲ့နေရာလို့ပြောကြတယ်..”

ဤနေရာ၏ စားကောင်းသောက်ဖွယ်အရသာမွန်များက တကယ့်ကို   ထူးခြားသည့်ပုံပေါ်သည်။

“အိုး.”

ရှစ်ကျင်းရွှိုက်၏ စကားများအားကြားပြီးနောက်   ရှစ်ဖုန့်ကပြောလိုက်သည်။

“သွားပြီးမြည်းစမ်းတာပေါ့.. အဲ့မှာရှိတဲ စားကောင်းသောက်ဖွယ်အရသာမွန်တွေက မင်းပြောသလိုကောင်းလားဆိုတာ ဒီသခင်လေးတွေ့ချင်မိတယ်”

“ငါ့ကိုယုံလိုက်ပါ..ကောင်းကင်ဘုံအချစ်ဥယျဉ်ကိုမင်းတစ်ကြိမ်ဝင်ပြီးတာနဲ့ စိတ်မပျက်စေရဘူး.. “

ရှစ်ကျင်းရွှိုက် က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ဖြင့်  ရှစ်ဖုန့်အားပြောလိုက်သည်။သူ့အနေဖြင့် ကောင်းကင်ဘုံအချစ်ဥယျဉ်၌  ယခင်က မြည်းစမ်းဘူး၏။ထို့ကြောင့်ဤနေရာရှိအစားအသောက်များနှင့်ပက်သက်ပြီး အကြွင်းမဲ့ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိနေခြင်းဖြစ်သည်။

ထိုထက်ပိုသည်ကား ကောင်းကင်ဘုံအချစ်ဥယျဉ်၏ စားကောင်းသောက်ဖွယ်များအပြင်   အထဲရှိအလှလေးများကလည်း ကမ္ဘာပေါ်၌ အကောင်းဆုံးဖြစ်သည်။

စားကောင်းသောက်ဖွယ်များနှင့်အလှကလေးများ။ဤကဲ့သို့သောစွဲဆောင်မှုအား   ဤကမ္ဘာပေါ်ရှိ မည်သည့်ယောက်ျားကများတောင့်ခံနိုင်စွမ်းရှိပါမည်နည်း။

နတ်ဘုရားများပင် ထွက်ခွာရန်အတွက်ဝန်လေးရလိမ့်မည်ဖြစ်သည်။

ဆက်ရန်………

ဘာသာပြန်သူ-ARISE

All Chapters