အပိုင်း (၄၁၀) – ယိလင်းမိသားစု
Vol. 005 Ch. 410
ယွန်မျိုးနွယ်များသည် အထွတ်အထိပ်သားရဲများအကြောင်းကို မသိသောကြောင့် ပညာရှိစံအိမ်တော် မှ လူများရောက်လာချိန်တွင် အနည်းငယ်စိုးရိမ်နေခဲ့သည်။ သူတို့သည် ဒီတစ်ကြိမ်တော့ ယွန်မျိုးနွယ် အဆုံးသတ် ပြီဟု တွေးထားကြသည်။
အထွတ်အထိပ်သားရဲများ ဒီလောက်အရေအတွက် များလိမ့်မည်ဟု ထင်မထားခဲ့ကြပေ။ အားလုံး၏ တိုက် ပွဲအပေါ် စိတ်အားထက်သန်မှုမှာ ချက်ချင်းပင် မြင့်တက်ခဲ့ကြသည်။ သူတို့ မျိုးနွယ်ခေါင်းဆောင်၏ အမိန့်ကိုရ သည်နှင့် ပညာရှိစံအိမ်တော်ကို တက်ကြွစွာ တိုက်ခိုက်ကြသည်။
ပညာရှိစံအိမ်တော်မှ လူသည် အစပိုင်းတွင် တည်ငြိမ်စွာ ရပ်နေခဲ့သည်။ အထွတ်အထိပ်သားရဲများ သူတို့ နောက်ရောက်နေသည်ကို သိသောအခါ မှက်တက်သွားလေသည်။ သူ၏ တည်ငြိမ်မှုသည် ချက်ချင်းပင် လှုပ်ခတ်သွားလေသည။် ယွန်မျိုးနွယ်လူများ၏ ရှေ့တွင် သူသည် ခုခံကာကွယ်ရန်သာ တတ်နိုင်တော့သည်။
ထိုအံ့ဖွယ်အဆင့်ကျွမ်းကျင်သူများသည် အထွတ်အထိပ်သားရဲများ၏ လိုက်ခြင်းကိုခံရကာ လူတစ် ယောက်တွင် ပြိုင်ဘက်နှစ်ယောက်နှင့် တိုက်ခိုက်ရလေသည်။ သူတို့သည် အပြင်းအထန်တိုက်ခိုက်ကြသဖြင့် ပညာရှိစံအိမ်တော်မှ လူများသည် လုံးဝပင် သုတ်သင်ခံရတော့သည်။
ယွန်မျိုးနွယ်တစ်ခုလုံးတွင် သွေးမိုးများရွကြာ အိမ်အပြင်တွင် သွေးပင်လယ် ဖြစ်နေသည်။ လေထုတွင် လည်း သွေးညှီနံ့များ ပျံ့နှံ့နေသည်။
တိုက်ပွဲပြီးဆုံးသည့်အခါတွင် ယွန်ဂျင်ဝေသည် မီးအရည်အချင်း ဝိဉာဉ်သခင်များကို မီးတောက်ကို အသုံးပြုကာ အလောင်းများကို မီးရှို့စေသည်။ ထို့နောက်တွင် ရေအရည်အချင်း ဝိဉာဉ်သခင်များကို ထိုနေရာ အား ရှင်းလင်းစေသည်။
ပညာရှိစံအိမ်တော်မှ လူများ ယွန်မျိုးနွယ်ကို လာစဉ်က အရေအတွက်များသည်။ သူတို့သည် ထို တိုင်းပြည်မှ ယွန်မျိုးနွယ်များ ပျောက်ကွယ်သွားမည်ဟု ထင်ထားသော်လည်း တိုက်ပွဲမှာ အပြောင်းအလဲဖြစ် သွားပြီး သူတို့ ထင်မြင်ချက်နှင့် လွဲချော်သွားလေသည်။
ပညာရှိစံအိမ်တော်၏ တပ်သည် လုံးဝပင် သုတ်သင်ခံလိုက်ရတော့သည်။
အားလုံးသည် ထိုအဖြစ်အပျက်အား မြင်သောအခါ အလွန်အံ့သြသွားကာ ထိုရုတ်တရက်ပေါ်လာသော အထွတ်အထိပ်သားရဲများ အကြောင်းကို အလွန်သိချင်နေကြသည်။
ယွန်မျိုးနွယ်မှာ ဘယ်လိုလုပ် အထွတ်အထိပ်သားရဲအများကြီး ရှိနေတာလဲ။
ပညာရှိစံအိမ်တော် အမြစ်ပြတ်သွားသောအခါ တိုင်းပြည်တစ်ခုလုံးမှ အခြေအနေသည် ကြီးမားသော ပြောင်းလဲမှုဖြစ်လေသည်။
ယွန်မျိုးနွယ်နှင့် ပညာရှိစံအိမ်တော်တို့ တိုက်ခိုက်နေချိန်တွင် ဂေါင်မျိုးနွယ်သည်လည်း ကျန်မျိုးနွယ် နှင့် တိုက်ခိုက်နေလေသည်။
ကျန်မျိုးနွယ်များသည် ဂေါင်မျိုးနွယ်များကို သတ်ပြီး ဖမ်းဆီးနိုင်မည်ဟု အစက ထင်ထားကြသည်။ သို့သော် သူတို့သည် တစ်ဖက်လူကို မသတ်နိုင်သည့်အပြင် သူတို့လူများ ဆုံးရှုံးရလေသည်။
သူတို့လူများ ပြန်မလာသည်မှာ အခွင့်အရေးကောင်းဟု စဉ်းစားခဲ့ကြသည်။ သို့သော် အထွတ် အထိပ်သားရဲအုပ်နှင့်တွေ့သောအခါ အစီအစဉ်များပျက်တော့သည်။
သူတို့သေသွားချိန်တွင် ဘာဖြစ်နေသည်ကိုပင် နားမလည်ခဲ့ရပေ။
နှစ်ဖက်အဖွဲ့များသည် နေ့တစ်နေ့အတွင်းတိုက်ရာ အားသာသူတို့သည် တဟုန်ထိုးတက်ကာ နောက် တန်းထိ စိန်ခေါ်ကာ ဖြေရှင်းလေသည်။
အင်အားကြီး နှစ်ဖွဲ့ဖြစ်သော ပညာရှိစံအိမ်တော်နှင့် ကျန်မျိုးနွယ်တို့သည် ရက်အနည်းငယ်အတွင်း ပျက် သုဉ်းသွားတော့သည်။ ထိုသတင်းကြီးသည် တိုင်းပြည်တစ်ခုလုံးကို လှုပ်ခတ်စေသည်။
အင်အားကြီး နှစ်ခုပေါ့…
ယွန်မျိုးနွယ်နှင့် ဂေါင်မျိုးနွယ်တို့သည် အဆင့် ၁ အင်အားကြီးများဖြစ်သော်လည်း သူတို့အကြားတွင် ကွဲလွဲမှုများရှိသေးသည်။
ပထမဆင့် အင်အားကြီးသည် အဆင့်၂အင်အားကြီးကို ဝါးမျိုစေကာမူ အချိန်တော့လိုသည်။ အနည်း ဆုံးတော့ ကိုယ့်ထက်သန်မာသူဆီမှ ရှုံးနိမ့်မှုကို လက်ခံနိုင်ရန်လိုသည်။
နောက်မှပင် အထွတ်အထိပ်သားရဲများအကြောင်းသိမှပင် လူများသည် အဖြစ်အပျက်ကို နားလည်နိုင် လေသည်။ သူတို့သည် ထိုအထွတ်အထိပ်သားရဲများ မည်သည့်နေရာမှ လာသည်ကို သိချင်နေကြဆဲပင်။
ထို့အပြင် သူတို့သည် ယိလင်းဂိုဏ်းရုတ်တရက်ပေါ်လာသည်ကိုလည်း ပို၍သိချင်သွားသည်။
လူအများစုသည် ယိလင်းတိုင်းပြည်အကြောင်းကို သိကြသော်လည်း ယခုအခါ ယိလင်းဂိုဏ်း** ပေါ်လာသည်မှာ ပထမအကြိမ် ဖြစ်သဖြင့် သူတို့သည် အလွန်သိချင်ကြသည်။ အထူးသဖြင့် ထိုဂိုဏ်းဝင်များ သည် မတူညီသော မျိုးရိုးနာမည်များ ပိုင်ဆိုင်ထားကြသည်ကို ကြားရချိန်တွင် ပို၍ သိချင်ကြသည်။
ထို့အပြင် သူတို့သည် ရောက်ခါစရှိသေးသော်လည်း နောက်တွင် မျိုးနွယ်ကြီးနှစ်ခုဖြစ်သော ယွန်မျိုးနွယ် နှင့် ဂေါင်မျိုးနွယ်ရှိနေသည်။ သူတို့ကို ပို၍ သိချင်အောင် လုပ်သွားစေသည်မှာ သူတို့နေရာချသော နေရာသည် ကျန်မျိုးနွယ် ပိုင်ဆိုင်သော နေရာဖြစ်လေသည်။
အဲဒီအထွတ်အထိပ်သားရဲတွေက ယိလင်းဂိုဏ်းက သားရဲတွေလား။ အဲဒါကြောင့် သူတို့ကို ဦးစားပေး ဆက်ဆံတာလား။
သို့သော် အပြင်လူများသည် မည်မျှပင် သိချင်စေကာမူ ယိလင်းဂိုဏ်းအကြောင်းကို ထုတ်ဖော်၍မရပေ။
ထိုအချိန်တွင် မြို့နှင့်မနီးမဝေးရှိ ယွန်နှင့် ဂေါင်မျိုးနွယ်တို့ရှိနေရာတွင် ရှီမာယူယူနှင့် တခြားသူများသည် အိမ်တွင် ရှိနေကာ သူတို့ပိုင်ဆိုင်မှုများ အကြောင်းကို ဆွေးနွေးနေလေသည်။
ထိုအိမ်သည် မှင်ရည်မြို့တော်ရှိ ကျန်မျိုးနွယ်ပိုင်ဆိုင်သော အကြီးဆုံးအိမ်ဖြစ်သည်။
ထိုအိမ်မှာ ကျန်မျိုးနွယ်၏ ပိုင်ဆိုင်မှုထဲက တစ်ခုသာဖြစ်သည်။
သို့သော် ထိုအိမ်ကို ရှီမာယူယူနှင့် တခြားသူများ ပိုင်ဆိုင်သွားလေပြီ။ သူတို့သည် ထိုအိမ်အား ယိလင်း ဂိုဏ်း၏ ပင်မအိမ်အဖြစ် သတ်မှတ်ရန် စီစဉ်ထားကြသည်။
နေရာမှာလည်း ဂေါင်မျိုးနွယ်နှင့် ယွန်မျိုးနွယ်တို့နှင့် သိပ်မဝေးလှပဲ နေရာသုံးခုမှာ တြိဂံပုံသဏ္ဍာန် ဖြစ် လေသည်။ ယိလင်းဂိုဏ်းတွင် တစ်ခုခုဖြစ်ပါက ယွန်မျိုးနွယ်နှင့် ဂေါင်မျိုးနွယ်တို့ လာရောက် ကူညီနိုင်သည်။
ထို့ကြောင့်ပင် ထိုအိမ်အား ယိလင်းဂိုဏ်း၏ ပင်မအိမ်အဖြစ် ထားရှိရန် စီစဉ်လိုက်ကြသည်။
ထိုသို့သတ်မှတ်ပြီး ရက်အနည်းငယ်အကြာတွင် ရှီမာယူယူနှင့် ရှီမာယူလင်းတို့သည် မှင်ရည်မြို့တော် ၏ နေရာများသို့ သွားကြလေသည်။ ထို့နောက်တွင် အားလုံးကို ခေါ်လာတော့မည်ဖြစ်ကြောင်းကို ယွန်ဂျင်ဝေ နှင့် ဂေါင်ရှိမင်တို့ကို ပြောလိုက်လေသည်။ မြို့စွန်ရှိ ဂူတွင် ရှီမာယူယူ သတိမေ့အောင် လုပ်ခဲ့သော လူများကို ခေါ်ထုတ်လာလေသည်။
သူမသည် ဆေးတချို့ထုတ်ကာ လေတွင် ဖြူးလိုက်လေသည်။ ထိုအနံ့ရသည်နှင့် အားလုံး သတိပြန်ရ လာသည်။
“ရှီမာယူယူ ဒီမှာဘာတွေဖြစ်နေတာလဲ” ဟူမျိုးနွယ်နှင့် ကျန်မျိုးနွယ်ဝင်များနှိုးလာကာ ရှီမာယူယူအား မြင်မြင်ချင်းတွင် အော်ကြလေသည်။ အားလုံး၏ မှတ်ဉာဏ်များတွင် သူတို့အား အတင်းသတိမေ့အောင် လုပ် လိုက်သည့်အချိန်ကိုပင် မှတ်မိကြလေသည်။
“ကျွန်တော်အရင်ကလည်း ပြောပါတယ်၊ လူကြီးမင်းတို့ကို ဒီလိုခေါ်လာမယ့် နည်းက လျှို့ဝှက်ချက်ပါ၊ အဲဒါအပြင် ဘာမှမရှိပါဘူး” ရှီမာယူယူ ပြန်ဖြေလေသည်။
ထိုလူများသည် ရှီမာမျိုးနွယ်ဝင်များလည်း သူတို့ကဲ့သို့ပင်ဖြစ်သွားသည်ကို တွေ့မှပင် ကျေနပ်သွား လေ သည်။ သူတို့သည် ဝိညာဉ်ချီများ ပိုထူထပ်နေသော နေရာစိမ်းအားရောက်နေသည်ကို သတိပြုမိသောအခါ ပျော်ရွှင်စွာ မေးလေသည် “ဒီနေရာက မှီခိုကင်းတိုင်းပြည်လား”
“ဟုတ်ပါတယ်” ရှီမာယူယူ ခေါင်းညိတ်လေသည်။ ထို့နောက်တွင် ရှီမာယူယူသည် အခြေအနေတစ်ခု လုံးကို အားလုံးအား ရှင်းပြလိုက်သည်။
ထိုလူများသည် အဖြစ်အပျက်များကိုကြားသောအခါ ရှီမာယူယူအား မျက်လုံးပြူးများဖြင့် ကြည့်လေ သည်။ သူမသည် သူတို့အား ဒီနေရာသို့ ခေါ်လာရုံသာမက သူတို့နေထိုင်ရန်ပါ ဖြေရှင်းပြီးလေသည်။
အစပိုင်းတွင် သူတို့သည် ဒီနေရာအား ရောက်လာချိန်တွင် ခြေဦးတည့်ရာ သွားရဦးမည်ဟု ထင် ထားသော်လည်း အခုတော့ ငွေးရေးကြေးရေး လုံလောက်စွာရှိကာ အဆင့်၁အင်အားကြီးများ၏ ကာကွယ်မှု လည်း ရထားသဖြင့် ခြေချရန် အဆင်ပြေနေလေသည်။
“ဒီကိုရောက်တာနဲ့ ရှီမာယူယူရဲ့ စကားကို နားထောင်ဖို့ မျိုးနွယ်ခေါင်းဆောင်က ပြောထားတာ သိပါ တယ်၊ ဒါပေမဲ့ ကျွန်တော်အရင်ပြောပါမယ်၊ ကျွန်တော်တို့က ယိလင်းဂိုဏ်းတစ်ခုတည်းဖြစ်လာဖို့ အစီအစဉ် ရှိပါ တယ် အားလုံး အတူပေါင်းပြီး အင်အားသစ်တစ်ခုထောင်ပါမယ်၊ ဒါကလည်း ဒီလို သူစိမ်းတိုင်းပြည်မှာ ကျွန်တော် တို့ရဲ့ နောက်ခံအင်အားဖြစ်မှာပါ”
အားလုံးသည် အကြည့်ချင်းဖလှယ်ကာ အမူအရာများသည် တစ်ပုံစံတည်းဖြစ်နေကြသည်။ သူတို့သည် အရင်က ဒီအခြေအနေကို မသိခဲ့သဖြင့် ဆွေးနွေးကြလေသည်။
ရှီမာယူယူသည် လက်ဝေ့ရမ်းလိုက်ရာ အားလုံးငြိမ်ကျသွားလေသည်။ သူမ ဆက်ပြောလေသည် “ဒီက ပတ်ဝန်းကျင်က ယိလင်းတိုင်းပြည်ထက် ပိုပြီးကျင့်ကြံလို့ကောင်းတယ်၊ ဒါပေမဲ့ ဒီမှာ ပိုရက်စက်တယ်၊ ဒီမှာ နေချင်တယ်ဆိုရင် အတူစည်းလုံးမှရမယ် ဒါပေမဲ့ ကျွန်တော်တို့ မပြတ်သားတဲ့လူကို မထားချင်ပါဘူး၊ ထွက်သွား ဖို့ အခွင့်အရေးပေးပါမယ်၊ ပြီးတော့ ကျွန်တော်တို့ စည်းကမ်းကိုလည်း ဂရုစိုက်စရာမလိုပါဘူး လွတ်လွတ်လပ် လပ်သွားလို့ရပါတယ်၊ ဒါပေမဲ့ အဲနောက်ကို သေသေရှင်ရှင် ကျွန်တော်တို့နဲ့ မဆိုင်ပါဘူး”
သူမ ရပ်လိုက်ပြီး အားလုံး၏ တုန့်ပြန်မှုကို အကဲခတ်ကာ ပြောလိုက်သည် “အခုထွက်သွားမယ်ဆိုရင် ကျွန်တော်တို့ ဘာမှမပြောပါဘူး၊ ဒါပေမဲ့ အခုမသွားဘူးဆိုရင်တော့ နောက်မှ တစ်ခုခုလုပ်လာမယ်ဆိုရင် တော့ သေတာထက် ပိုဆိုးမယ့် အတွေ့အကြုံခံစားရမယ်ဆိုတာတော့ ကြိုတောင်းပန်ထားပါမယ်၊ သေဖို့အတွက်ပဲ တောင်းဆိုမယ့် အခြေအနေကိုသိကြမှာပါ”
သူမ အသံသည် ဒေါသအသံမပါပဲ ကျယ်လောင်စွာ ပြောသောကြောင့် သူမသည် လေးလေးနက်နက် ပြောနေသည်ကို အားလုံးသိကြသည်။ အကယ်၍ သူတို့သာ သူတို့မိသားစုအဖြစ်ရပ်တည်ပါက အနာဂတ်လှ မည် မဟုတ်ပေ။
“ကျွန်တော်တို့က အားလုံးနဲ့ တစ်ဖွဲ့တည်းဖြစ်ချင်ပါတယ်” လူအများသည် ရပ်နေရာမှ အသံထွက်လာ သည်။
သူတို့အားလုံးသည် ပါးနပ်သော လူများဖြစ်ကြသည်။ ဒီလိုနေရာမျိုးတွင် အပြင်မှလာသော လူများ အတွက် ရှင်သန်ရန်ခက်ခဲသည်ကို သူတို့သိကြသည်။
သူတို့သည် ဒီလောက်ကြိုးစားပြီးမှ နေရာကောင်းတစ်ခုကို ရလာပြီး ဘာလို့လက်လျော့ရမှာလဲ။
စာကြွင်း - ** ယိလင်းဂိုဏ်း - မျိုးနွယ်များမတူပဲ ဖွဲ့စည်းလိုက်ပါသောကြောင့် ဂိုဏ်းဟုသုံးနှုန်းသွားပါမယ်