အပိုင်း (၄၁၁) – ရွေးချယ်မှုမှန်ခြင်း
Vol. 005 Ch. 411
ရှီမာယူယူသည် အားလုံး၏ သဘောထားကို သိပြီးနောက် အားလုံးသည် သူတို့၏ အခေါ်အဝေါ် အသစ် ကို ဆွေးနွေးကြလေသည်။ သူတို့သည် ယိလင်းတိုင်းပြည်မှဖြစ်သဖြင့် ယိလင်းဂိုဏ်းဖြစ်သင့်သည်ဟု ခံစားမိ ကြသည်။
ဆွေးနွေးမှုအပြီးတွင် ရှီမာတိုင်သည် ဂိုဏ်းခေါင်းဆောင်ဖြစ်ကာ တခြားသော မျိုးနွယ်ခေါင်းဆောင်များ သည် အကြီးအကဲရာထူးရကြလေသည်။ သူတို့သည် မမျှော်လင့်သော ဖြစ်လာမည့်အရာများကို ကာကွယ်ရန် အတွက် စီစဉ်ရန်သာလိုတော့သည်။
ပို၍အသေးစိတ်စီစဉ်နိုင်ရန် ရှီမာယူယူသည် ရှီမာတိုင်တို့အား သီးသန့်ဆွေးနွေးစေသည်။ သူမသည် အရင်ဆုံး ကျန်မျိုးနွယ်၏ ပိုင်ဆိုင်မှုများကို သူမ လူများကို ပေးရဦးမည်။
လူအများအပြား မြို့အတွင်းသို့ ဝင်လာသည်ကို မြင်သောအခါ မြို့အစောင့်သည် တုန်လှုပ်သွားကာ မြို့ အုပ်အား သတင်းပေးရန် လူလွှတ်လိုက်လေသည်။
မှင်ရည်မြို့တော်၏ မြို့အုပ်သည် ကျန်းမျိုးနွယ်မှလူဖြစ်ကာ အသတ်ခံလိုက်ရပြီဖြစ်သည်။ အခုအချိန် တွင် မှင်ရည်မြို့တော် မြို့အုပ်ချုပ်သူနေရာမှာ လစ်လပ်နေသည်။ လွန်ခဲ့သည့် ၂ရက်ကပင် မျိုးနွယ်ခေါင်းဆောင် များနှင့် အင်အားကြီးများမှ သဘောတူပြီး မြို့အုပ်အသစ်ခန့်ထားလေသည်။
ထိုလူများသည် ကျန်မျိုးနွယ်၏ ပင်မအိမ်သို့ သွားသည်ကို မြို့အုပ်သိသောအခါ ဘာမှမပြောပေ။ သူ သည် သူတို့အား မလိုအပ်ပါက မနှောင့်ယှက်ရန် အမိန့်ပေးထားလေသည်။ သူတို့အား ရန်စရန်လည်း မလိုပေ။
၂ရက်ကြာသောအခါ ယွန်ဂျင်ဝေနှင့် ဂေါင်ရှိမင်တို့သည် ရောက်လာကာ ယိလင်းဂိုဏ်း တည်ထောင်မှု ကို စိတ်ဝင်စားခြင်းကို ပြသလေသည်။ ထိုအချက်တွင် အပြင်လူများ မှင်တက်သွားကြသည်။
ဒီလောက် လူအများကြီး၊ သူတို့ဘယ်လိုလုပ် ဒီကိုရောက်လာတာလဲ။
ထိုမျိုးနွယ်နှစ်ခုသည် ကျန်မျိုးနွယ်၏ အင်အားကို ပြည့်စွက်လိုက်ရာ အချိန်ယူကာ စနစ်တကျ စီစဉ်ရန် လည်းလိုသည်။ ရှီမာယူယူသည်လည်း ထိုတစ်ကြိမ်တွင် ကျေးဇူးတင်ကြောင်း ပြောလေသည်။ သူမသည် ရှီမာတိုင်နှင့် တခြားသူများကိုပါ ခေါ်ကာ သူတို့နှင့် ဆွေးနွေးလေသည်။
ယွန်ဂျင်ဝေနှင့် ဂေါင်ရှိမင်တို့သည် ထိုလူများ၏ အင်အားမှာ မနိမ့်သည့်အပြင် ပါးနပ်သည်ကိုလည်း တွေ့လိုက်ရသည်။ သူတို့သည် တိုင်းပြည်သို့ အခုမှပင်ရောက်သော်လည်း နည်းစနစ်ကျကျ စီစဉ်ထားသည်။ တချို့နေရာများသည် တိုင်ပင်ရန်လိုအပ်သော်လည်း သူတို့သည် အများစုကို ဖြေရှင်းပြီးဖြစ်လေသည်။
သူတို့ နှစ်ရက်ကြာနေပြီးနောက်တွင် ပြန်သွားကာ ကူညီပေးရန် နောက်ထပ် လူလွှတ်ပေးလေသည်။
သူတို့နှစ်ယောက် ထွက်မသွားခင်တွင် ရှီမာယူယူသည် သူတို့အား နတ်ဘုရားဆေး ငါးလုံးပေးလေ သည်။
ကျန်နှင့် ယွန်မျိုးနွယ်တို့ ပြန်သွားပြီးမကြာခင်တွင် စာရင်းတစ်ခုကို ပေးပို့လာသည်။ ထိုစာရင်းတွင် ယိလင်းဂိုဏ်းမှ ကြီးကြပ်မည့် ဆိုင်အမည်များနှင့် လိပ်စာများရေးထားလေသည်။
ရှီမာယူယူ ကြည့်လိုက်ရာ ထိုဆိုင်များသည် မှင်ရည်မြို့တော်၏ အနီးအနားတွင်ပင် ဖြစ်လေသည်။ ထိုနေရာများသည် မျိုးနွယ်နှစ်ခုမှ ပေးထားသော နေရာများဖြစ်လေသည်။
သူမ မြင်ပြီးနောက် ကျေးဇူးတင်မိလေသည်။ သူတို့တွင် အင်အား အများအပြားမရှိသော်လည်း အနီးဆုံး နေရာများကို ပေးသည်ကို သူမ သိသည်။ ထို့ကြောင့်ပင် သူတို့အတွက် စီစဉ်ရသည်မှာ ပိုလွယ်ကူခဲ့သည်။
တစ်လအကြာတွင် ယိလင်းဂိုဏ်းသည် အခြေကျလာသည်။ အရာအားလုံးသည် နေရာတကျဖြစ်ကာ ဆိုင်အသစ်များလည်း ဖွင့်လှစ်ရန် စောင့်ဆိုင်းနေသည်ဖြစ်သည်။
သူတို့သည် နောက်ပိုင်းတွင် မျိုးနွယ်နှစ်ခု၏ အကူအညီကိုလည်း ယူခဲ့ရသည်။
ထိုရက်များတွင် ရှီမာယူယူ၊ ရှီမာတိုင်၊ ဟူမျိုးနွယ်ခေါင်းဆောင်နှင့် တခြားသော ဂိုဏ်းဝင်များသည် စံတင် ဝိဉာဉ်အထွဋ်အထိပ်ရောက်လေသည်။
“ယူယူ ငါ ဟိုမှာ ကိစ္စတွေရှင်းစရာတွေ အများကြီးရှိသေးတယ် ဘာလို့ခေါ်တာလဲ” ရှီမာတိုင်သည် ဆိုင် ထောင့်တွင် ပျင်းရိစွာထိုင်ကာ လက်ဖက်ရည်သောက်နေသော တစ်စုံတစ်ယောက်ကို မကျေနပ်စွာ ကြည့် လေသည်။
ဒီကောင်ကတော့လေ… သူမသည် ကိစ္စများကို မြန်ဆန်စွာနှင့် ပိုကောင်းအောင်လုပ်နိုင်သော်လည်း အားလုံးကို သူတို့အပေါ်လက်လွှဲထားသည်။ သူမသည် လုပ်ဆောင်ရန် ငြင်းဆန်နေသည်။ ဒါက သူတို့အားလုံး ကို မလေးစားရာရောက်သည်။
တခြားသူများ ရောက်လာသည်ကို ရှီမာယူယူ မြင်သောအခါ ရှီမာတိုင်အား လက်ဖက်ရည် ငှဲ့ကာ ပြော လေသည် “ကျွန်တော် အဘိုးကိုခေါ်တာ တစ်ခုခုအရေးကြီးတာဖြစ်လို့ပေါ့”
ရှီမာတိုင်သည် ရှေ့တွင် မျိုးနွယ်ခေါင်းဆောင်ဖြစ်ပြီး အာဏာကို ဆုပ်ကိုင်ထားသော်လည်း ပြောရေးဆို ခွင့် ရှိသူမှာ ရှီမာယူယူဖြစ်သည်။ သူမသည်လည်း သဘောတူသည်။
“ဘာလဲ ဘာလို့အားလုံးကို ခေါ်လိုက်တာလဲ” ရှီမာတိုင်သည် စိတ်မဆိုးတော့ပဲ လက်ဖက်ရည် သောက် လိုက်သည်။
ရှိမာယူယူသည် မြေခွေးအိုကြီး ကောက်ကျစ်သည်ကို ကြည့်ရသည်ကို နှစ်သက်ပြီး သူ့အား အနှောင့် အယှက်ပေးချင်မိသည်။
သူမသည် တွက်ကတ်တတ်သူဖြစ်လေသည်။
သူမ လက်ဝေ့ရမ်းလိုက်ရာ ပုလင်းတချို့သည် အားလုံးရှေ့တွင် ပေါ်လာလေသည်။
“အားလုံးရောက်နေမှတော့ ယွန်မျိုးနွယ်နဲ့ ဂေါင်မျိုးနွယ်နဲ့ ကျွန်တော်တို့ အခြေအနေကို သိကြမှာပဲ၊ ကျွန်တော်တို့ လက်ရှိအခြေအနေရောက်ဖို့ နတ်ဘုရားဆေးနဲ့ အလဲအလှယ်လုပ်ခဲ့တယ်” ရှီမာယူယူ ပြောလိုက် သည်။
ရှီမာတိုင်နှင့် ကျန်တဲ့သူတွေက ဘယ်သူတွေလဲ.. သူတို့က နတ်ဘုရားဆေးအကြောင်းကို သိပြီးသား လေ။ အဲဆေးကို ဂေါင်နဲ့ ယွန်မျိုးနွယ်တို့ ယူသွားတာကိုလည်း သိတယ်လေ။
“အဲဒါက နတ်ဘုရားဆေးတွေလား” ဟူမျိုးနွယ်ခေါင်းဆောင်သည် ကျောက်စိမ်းပုလင်းများအား စိတ် လှုပ်ရှားစွာ ကြည့်လေသည်။
“ဟုတ်ပါတယ်” ရှီမာယူယူ ပြောလိုက်သည် “ကျွန်တော်တို့မှာ အခု အထွတ်အထိတ်သားရဲတွေရှိတယ် ဒါပေမဲ့ အံ့ဖွယ်အဆင့်တော့ မရှိကြဘူး၊ ကျွန်တော်တို့ ဒီထက်ပိုရပ်တည်ချင်တယ်ဆိုရင် ပိုပြီးခက်လိမ့်မယ်”
“ဟုတ်တယ်” ဆန်းမျိုးနွယ်ခေါင်းဆောင် ခေါင်းညိတ်လေသည်။
သူတို့ တိုင်းပြည်သို့ရောက်လာချိန်တွင် မျိုးနွယ်သည် ရပ်တည်နိုင်ပါ့မလားဆိုသည်ကို သိချင်သည့် အပြင် တိုင်းပြည်အကြောင်းကိုလည်း နားလည်ချင်သည်။ သူတို့သည် ဒီက စည်းမျဉ်းဥပဒေများကို သိပြီးသား ဖြစ်လေသည်။
“အကြီးအကဲတွေအားလုံးက စံတင်ဝိဉာဉ်အထွဋ်အထိပ်တွေ ရောက်နေပြီဆိုတာ ကျွန်တော်သိပါတယ် အခု အားလုံးက တစ်ဖွဲ့တည်းဖြစ်သွားပြီဆိုတော့ ခွဲခြားနေစရာမလိုတော့ဘူ၊ ကျွန်တော် ဒီနတ်ဘုရားဆေးတွေ ကို လူကြီးမင်းတို့အားလုံးကို ပေးပါမယ်၊ ဒီဆေးကို သုံပြီး အံ့ဖွယ်အဆင့် ကျွမ်းကျင်သူတွေ ဖြစ်မယ်လို့ မျှော်လင့် ပါတယ်”
“အဲနတ်ဘုရားဆေးတွေက တကယ်ပဲ ငါတို့အတွက်လား” ဟူမျိုးနွယ်ခေါင်းဆောင်သည် စိတ်လှုပ်ရှားစွာ ပြောလေသည်။
ရှီမာယူယူ ခေါင်းညိတ်ကာ ပြောလိုက်သည် “ရှေ့လျှောက်ကို ကျွန်တော်တို့ ဂိုဏ်းမှာ စံတင်ဝိဉာဉ် အထွဋ်အထိပ်ရောက်တဲ့သူ မှန်သမျှကို ဒီနတ်ဘုရားဆေးပေးပါမယ်၊ မျိုးနွယ်ခေါင်းဆောင် ဒါ ကိစ္စမရှိဘူးမလား”
ရှီမာတိုင်သည် မျက်ခုံးပင့်ကာ ပြောလိုက်သည် “မင်းက အဂ္ဂိရတ်ပညာရှင်ပဲ မင်းကိစ္စမရှိဘူးလို့ ပြောရင် ကိစ္စမရှိဘူးပဲ”
“ကောင်းပါပြီ ဒါဆိုလည်း” ရှီမာယူယူသည် စာရွက်တစ်ရွက်ထုတ်ကာ လျှောက်လာရင်း အားရပါးရ ပြုံး လေသည်။
“ဒါဘာလဲ” ရှီမာတိုင် တစ်ချက်ကြည့်လိုက်ရာ အံ့သြလွန်းသဖြင့် သေသွားလောက်သည်။ “ဒါတွေက နတ်ဘုရားဆေးအတွက် ပါဝင်ပစ္စည်းတွေလား”
“ဟုတ်လည်းဟုတ်တယ် မဟုတ်လည်းမဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည် “ဒါတွေက နတ်ဘုရား ဆေးအတွက် လိုတာတွေဟုတ်တယ်၊ ဒါပေမဲ့ အကုန်တော့မဟုတ်ဘူး၊ ကျွန်တော် ပါဝင်ပစ္စည်းအများစုကို ပြင် ထားပြီးပါပြီ၊ ဒီပစ္စည်းတွေက ရှာဖို့ခက်လို့ ဒါတွေကို ရှာခိုင်းမလို့ပါ၊ တွေ့တယ်ဆိုရင် အဲဒါတွေကို စိုက်ပျိုးလို့ ရတာပေါ့”
“ဒါက အကုန်မဟုတ်ဘူးလား” မျိုးနွယ်ခေါင်းဆောင်များသည် ပါဝင်ပစ္စည်းစာရင်းအား ကြည့်ပြီး အသက်ရှှုရန်ပင် မေ့သွားလေသည်။ ဒါအကုန်မဟုတ်ဟုပင် သူမ ပြောသေးသည်။
“ဒီဆေးတစ်ဝက်လောက်တောင်မရှိသေးဘူး” ရှီမာယူယူ ပွင့်လင်းစွာ ပြောလေသည်။
“အဲဒါကြောင့် နတ်ဘုရားဆေးကို ဖော်ဖို့ခက်တာကိုး၊ ပါဝင်ပစ္စည်းတွေက ရှာရတာ ခက်တယ်” ဆန်းမျိုးနွယ်ခေါင်းဆောင် ပြောလိုက်သည်။
“ပစ္စည်းတွေကို ရှာရတာခက်တာလည်း တစ်ပိုင်း ဆေးဖော်ဖို့လည်း ခက်တယ်၊ နတ်ဘုရားဆေးက အဆင့် ၆ဆေးပေမယ့် လူတကာဖော်နိုင်တာမဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည်။
“ဟီးဟီး ပစ္စည်းအများစုက တန်ရာတန်ကြေးရှိပေမယ့် ဈေးကွက်မှာမရှိဘူး မဆိုးပါဘူး” ရှီမာတိုင်သည် ပြုံးပြီးပြောလေသည်။ “ဒီပစ္စည်းတွေကို အာရုံစိုက်ပြီး ရှာစေချင်ပါတယ်၊ တွေ့ရင် သေချာပေါက် အရယူရပါ မယ်”
“ဒါဆိုရင် ဒီနတ်ဘုရားဆေးတွေကို အားလုံးကို ပေးလိုက်ပါမယ်၊ အချိန်တိုအတွင်းကို အံ့ဖွယ်အဆင့် ကျွမ်းကျင်သူတွေပေါ်ထွက်လာမှာကို ကျွန်တော် စောင့်ကြည့်နေပါမယ်” ရှီမာယူယူ ပြောလိုက်သည်။
“ကျေးဇူးပဲ…ယူယူ” အားလုံးသည် စဉ်းစားပြီးမှ သူမ နာမည်အား ခေါ်လိုက်ကြသည်။
သူမသည် သူတို့ထက်အငယ်ဖြစ်လေသည်။ သူမ နာမည်ခေါ်ရန်အပြင် မရှိပေ။ သို့သော် သူမသည် တောင်ကြားသခင်လေးဖြစ်ကြောင်းနှင့် ရာထူးအား သိပြီးနောက် ဂေါင်မျိုးနွယ်၊ ယွန်မျိုးနွယ်နှင့် သူတို့သည် သူမအား အငယ်တစ်ယောက်ကဲ့သို့ မဆက်ဆံကြပေ။
သူတို့သည် ခဏတာမျှ ရပ်တန့်သွားသည်။
ရှီမာယူယူ ပြုံးပြီး ပြောလိုက်သည် “ကျွန်တော် ဒီနတ်ဘုရားဆေးတွေကို လူကြီးမင်းတို့ကို ပေးလိုက် ပြီနော်၊ နောက်ကိုလိုရင် ကျွန်တော် ထပ်ဖော်ပေးပါမယ်”
“ကောင်းပြီ”
အားလုံးသည် နတ်ဘုရားဆေးကို တစ်ယောက်ချင်းစီ ဝေပေးလေသည်။ သူတို့သည် စိတ်လှုပ်ရှားကြ သည်။
သူတို့သည် သက်တမ်းတစ်ဝက်ရောက်ကာ တချို့လူများသည် နောက်ဆုံး ကာလသို့ ရောက်နေပြီ ဖြစ်သည်။ သူတို့သာ အံ့ဖွယ်အဆင့် ရောက်ပါက နောက်ထပ် နှစ်၁၀၀ ထပ်နေနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ဒါ သည် သူတို့အတွက် အခွင့်အရေးကောင်းဖြစ်သည်။ သူတို့သည် အချိန်ဖြုန်းရန်အချိန်မရှိတော့ပေ။
“ယူယူ ယွန်ရိက မင်းကိုရှာနေတယ်” သူမသည် လှုပ်ရှားမှုတစ်ခုအား ခံစားမိလိုက်ပြီး မိခင်ကျောက်တုံး ကိုထုတ်လိုက်သည်။ ဘေဂုံထန်၏ အသံသည် အထဲမှ ထွက်ပေါ်လာသည်။