အပိုင်း(၅၆၁)
Vol. 38 Ch. 561
ထျန်းလျန်အင်ပါယာမြို့တော်၏
ကောင်းကင်ဘုံ အချစ် ဥယျဉ် ဆိုင်တွင်ဖြစ်သည်။
ရှစ်ကျင်းရွှိုက်က ရှစ်ဖုန့်အား ကောင်းကင်ဘုံအချစ် ဥယျဉ်၏ ခမ်းနားပြီး ကျယ်ဝန်းသော ခန်းမအတွင်းသို့ ခေါ်ဆောင်လာခဲ့သည်။
ခန်းမ၏ မျက်နှာကြက်တွင် လက်သီးဆုပ်အရွယ်ရှိသော နေပုလဲတစ်လုံးကို မြှုပ်နှံထားသည်။ ၎င်းက တောက်ပသော အလင်းတစ်ခုကို ထုတ်လွှတ်ပြီး ခမ်းနားသောခန်းမအားထွန်း
လင်းပေးထားသည်။
ရှစ်ကျင်းရွှိုက်နှင့်ရှစ်ဖုန့်တို့က ခန်းမအတွင်းဝင်ရောက်လာသည်။ ဤအချိန်တွင် ပန်းရောင်မျက်နှာလွှားဇာနှင့် သိမ်မွေ့လှပသော အမျိုးသမီး အကူတစ်ဦးက က သူတို့အား ကြိုဆိုရန်ထွက်လာသည်။ သူမကရှစ်ဖုန့်နှင့် ရှစ်ကျင်းရွှိုက်တို့အားဦးညွှတ်ဂါရဝပြုလိုက်ပြီး ညင်သာစွာပြောလိုက်သည်။
“ ကောင်းကင်ဘုံ အချစ် ဥယျဉ်ကနေပြီးတော့ ကြိုဆိုပါတယ် သခင်လေးတို့”
သူ့အားနှုတ်ဆတ်လာသောအကူမိန်း
ကလေးကိုကြည့်၍ ရှစ်ကျင်းရွှိုက်က စိတ်ကျေနပ်စွာဖြင့် ခေါင်းညိမ့်လိုက်သည်။ ကောင်းကင်ဘုံအချစ် ဥယျဉ်က ကောင်းကင်ဘုံအချစ်ဥယျဉ်ပင်ဖြစ်သည်။ သူတို့အား လာရောက်နှုတ်ဆက်သော အကူမိန်းကလေးသည်ပင် အရမ်းလှပနေ၏။
“ပထမတန်းစား သီးသန့်ခန်းတစ်ခုကို ငါတို့အတွက်ပြင်ဆင်ပေးပါ”
ရှစ်ကျင်းရွှိုက်က အကူမိန်းကလေးအား ပြောလိုက်သည်။
ရှစ်ကျင်းရွှိုက်ထိုသို့ပြောလိုက်သောအခါတွင် အကူမိန်းကလေးက အားတုံ့အားနာဖြစ်သောပုံစံဖြင့်
ပြောလိုက်သည်။
“ကျွန်မစိတ်မကောင်းပါဘူး သခင်လေးတို့.. ဒီအချိန်အတောအတွင်းမှာ ထျန်းလျန်အင်ပါယာတော်ဝင်မြို့
တော်ထဲကိုလာတဲ့လူတွေအရမ်းများနေပါတယ်. ကျွန်မတို့ရဲ့ကောင်းကင်ဘုံအချစ်ဥယျဉ်မှာ
လည်း အခု ပြည့်ကျပ်နေပါတယ်..သခင်လေးတို့အနေနဲ့ အဲ့အတွက်ကြောင့် နည်းနည်းလောက်ထပ်ပြီးစောင့်ရပါလိမ့်မယ်”
“ပြည့်နေတာလား”
အကူမိန်းကလေး၏ စကားအားကြားလိုက်ရသောအခါတွင် ရှစ်ကျင်းရွှိုက်က မျက်မှောင်ကြုတ်လိုက်ပြီး စိတ်ပျက်စွာကြည့်လိုက်သည်။ သူကပြောလိုက်သည်။
“တို့ကဘယ်လောက်စောင့်ရမှာလဲ”
“ဒါက.. ဒါက ပြောဖို့ခက်ပါတဘ်”
အကူမိန်းကလေးကညင်သာစွာပြန်ဖြေသည်။
“ထားလိုက်ပါ.သွားကြစို့”
ဤအချိန်တွင် ရှစ်ဖုန့်က ရှစ်ကျင်းရွှိုက်အားပြောလိုက်သည်။ ရှစ်ကျင်းရွှိုက်နှင့်နှိုင်းယှဉ်လိုက်လျှင် ရှစ်ဖုန့်က ကောင်းကင်ဘုံအချစ်ဥယျည်၏စား
ကောင်းသောက်ဖွယ်များအား မြည်းစမ်းရန်များစွာစိတ်မဝင်စားချေ။
“နေအုံး”
ရှစ်ဖုန့်ကထွက်သွားတော့မည်ကို တွေ့ရသောအခါတွင် ရှစ်ကျင်းရွှိုက်က အလျှင်အမြန်သူ၏လက်အားဆန့်ထုတ်လိုက်ပြီး ရှစ်ဖုန့်ကို တားလိုက်သည်။ ထို့နောက် အကူမိန်းကလေးထံသို့ ကြည့်ပြီးပြောလိုက်၏။
“မင်းတို့ရဲ မန်နေဂျာကိုငါတို့ကိုသီးသန့်ခန်း
တစ်ခုပေးဖို့ပြောလိုက်ပါ… .ကောင်းကင်ဘုံအချစ်ဥယျဉ်ကို
တန်ကြေးရဲ့သုံးဆငါပိုပေးမယ်”
“သုံးဆတောင်”
ရှစ်ကျင်းရွှိုက်၏ စကားအားကြားလိုက်ရသောအခါတွင် အကူမိန်းကလေး၏အမူအယာက အနည်းငယ်ပြောင်းလဲသွားပြီးအံ့အားသင့်စွာ ပြောလိုက်သည်။ ကောင်းကင်ဘုံအ
ချစ်၌ယျဉ်၏ အကူမိန်းကလေးတစ်ဦးအနေဖြင့် မတန်တဆတန်ကြေးများကို သိသည်ဖြစ်သည်။သို့သော် ဤလူက တကယ်ကြီး တန်ကြေး၏သုံးဆတောင်ပေး
မည်ဟုပြောနေ၏။
သို့သော်ထို့နောက်တွင် အကူမိန်းကလေးကခေါင်းခါယမ်းလိုက်ပြီး ရှစ်ကျင်းရွှိုက်အား အားတုံ့အားနာစွာပြောလိုက်သည်။
“သခင်လေးရှင့် ကျွန်မတို့ ကောင်းကင်ဘုံအချစ်ဥယျဉ်မှာ ကိုယ့်စည်းမျဉ်းနဲ့ကိုယ်ရှိပါတယ်..
ကျွန်မတို့မှာလူပြည့်နေရင် အခြားဧည့်သည်တွေအနေနဲ့ စောင့်စားရပါလိမ့်မယ်… ဒါကြောင့် သခင်လေးအနေနဲ့ ကျွန်မတို့ ကောင်းကင်ဘုံအချစ်ဥယျဉ်မှာ ငွေကြေးကိုသုံးစွဲချင်ရင် သခင်လေးစောင့်ဆိုင်းရပါလိမ့်မယ်”
“တန်းကြေးငါးဆ”
ရှစ်ကျင်းရွှိုက်မှာ သူဋ္ဌေးလက်သစ်တစ်ယောက်ကဲ့သို့ ထပ်မံတန်ကြေးကိုမြှင့်ပြောလိုက်သည်။
“ငါး..ငါးဆတောင်…ဒါက..”
ရှစ်ကျင်းရွှိုက်၏ တန်ကြေးငါးဆအားကြားသည်တွင် အကူမိန်းကလေး၏မျက်နှာထက်၌ တုန့်ဆိုင်းသောအမူအယာတစ်ခုဖြစ်
ပေါ်လာသည်။ ထို့နောက်သူမကရှစ်ကျင်းရွှိုက်ကိုပြောလိုက်၏။
“သခင်လေးရှင့်.. ဘာလို့များခဏလောက်မစောင့်စားရတာလဲ.. ကျွန်မမန်နေဂျာကိုသွားမေးပါအုံးမယ်”
ရှစ်ကျင်းရွှိုက်က ကောင်မလေးအား လက်ကိုဝေ့ယမ်းပြလိုက်ပြီးပြောလိုက်သည်။
“သွား”
ရှစ်ကျင်းရွှိုက်မှာ ထွက်ခွာသွားသော မိန်းကလေး၏ပုံရိပ်အားကြည့်၍ အထင်သေးစွာဖြင့် နှာခေါင်းရှုံ့လိုက်ပြီး ရှစ်ဖုန့်ကိုပြောလိုက်သည်။
“ညီလေးရှစ်.. စောင့်ပြီးကြည့်နေပါ.. ကောင်းကင်ဘုံ အချစ်ဥယျဉ်အနေနဲ့ ကမ္ဘာဦးကျောက်တုံးတွေရဲ့ စွဲဆောင်မှုကို တောင့်ခံနိုင်မယ်လို့ငါမယုံဘူး.. ငါ ရှစ်ကျင်းရွှိုက်က ဘာမှမဟုတ်ပေမဲ့ ချမ်းသာတယ်.. အကယ်၍ ငါးဆကမလုံလောက်ရင် . ဆယ်ဆပေးပစ်မယ်..ဟမ့်.. ငါဒါကိုမယုံဘူး”
ဤအချိန်တွင် ချမ်းသာကြွယ်ဝမှုအကြောင်းပြောချိန်၌ ရှစ်ကျင်းရွှိုက်မှာ စိတ်ဝိညာဉ်တို့
တွက်ကြွနေပြီး သူ့အနေဖြင့် ကမ္ဘာပေါ်၌ အရေးပါဆုံးလူတစ်ယောက်ကဲ့သို့ဖြစ်နေသည်။ အားလုံးအာသူ၏ခြေဖဝါးအောက်၌နင်းခြေရန်အတွက်ငွေကြေးကိုအသုံးပြုလို
သကဲ့သို့ဖြစ်နေသည်။
ဤအချိန်တွင် ရှစ်ကျင်းရွှိုက်နှင့်ရှစ်ဖုန့်အပြင် ခန်းမအတွင်း၌ လူများစွာစောင့်ဆိုင်းနေကြသည်ဖြစ်သည်။ ၎င်းတို့ထဲမှအများစုမှာ ကောင်းကင်ဘုံအချစ်ဥယျဉ်၏ ဂုဏ်သတင်းကျော်ဇောမှုကြောင့် အခြားနေရာများမှလာကြခြင်းဖြစ်သည်။
၎င်းကပြည့်နေသောကြောင့် သူတို့အားလုံးခန်းမအတွင်း
စောင့်နေကြခြင်းဖြစ်သည်။
“တန်….တန့်..တန်….တန်တန်တန်…တန်.တန့်..တန်….တန်.တန်….တန်..တန့်တန်တန့်တန်”
(AVICII WAKE ME UP သံစဉ် ဟီးဟီး.)
ရုတ်တရက်သာယာနာပျော်ဖွယ်ကောင်းသောဇီသာသံတစ်ခုက ကောင်းကင်ဘုံအချစ်ဥယျဉ်အတွင်းမှ ပဲ့တင်ထွက်ပေါ်လာသည်။သာယာနာပျော်ဖွယ်ဇီသာ၏အသံအားကြားလိုက်ရသော
လူများစွာတို့မှာ ယစ်မူးသောအမူအယာတစ်ခုဖြစ်
ပေါ်လာကြ၏။ သူတို့အားလုံး ဇီသာအသံကြောင့်ယစ်မူးနေကြခြင်းဖြစ်သည်။
စောင့်ဆိုင်းနေကြသော ရှစ်ဖုန့်နှင့်ရှစ်ကျင်းရွှိုက်တို့ကလည်း
လှပသော ဇီသာအသံအား စတင်နားထောင်နေကြသည်။ ၎င်းအားနားထောင်ပြီးနောက်ရှစ်
ကျင်းရွှိုက်မှာ မနေနိုင်ဘဲချီးမွှမ်းလိုက်၏။
“ဒါကတကယ့်ကိုသဘာဝရဲ့အသံပဲ…ဒီလိုအသံများက ကောင်းကင်ဘုံမှာသာရှိပြီးတော့ လူသားကမ္ဘာမှာကြားရဖို့ရှားပါးတယ်..
ဇီသာကိုတီးနေတဲ့သူက လှပတဲ့လူတစ်ယောက်ပဲဖြစ်ရမယ်”
ရှစ်ကျင်းရွှိုက်၏စိတ်ထဲတွင် လှပသော သံစဉ်နှင့်အတူ ဇီသာအားတီးခတ်နေသည့်လှပသော အသွင်အပြင်လေးတစ်ခုပေါ်လာသည်။
သို့သော်ရှစ်ဖုန့်၏ စကားများက ရှစ်ဖုန့်၏ နှလုံးသားအား ရုတ်တရက်ပတ်လိုက်သောရေအေး
ကဲ့သို့နှယ်ဖြစ်၏။
“မင်းတွေးတာများနေပြီ… ဇီသာကိုတီးနေတဲ့သူက ယောက်ျားတစ်ယောက်ပဲ”
“ယောက်ျာဟုတ်လား”
ရှစ်ဖုန့်၏စကားအားကြားပြီးနောက် ရှစ်ကျင်းရွှိုက်၏ မျက်လုံးတို့ ဖြည်းဖြည်းချင်း ပြူးကျယ်လာပြီး အံ့အားသင့်သောအမူအယာ
တစ်ခုဖြစ်ပေါ်လာသည်။
“ဒီလိုမျိုးသိမ်မွေ့ညင်သာပြီး
စွဲမက်ဖွယ်ကောင်းတဲ့ ဇီသာသံကို ယောက်ျားတစ်ယောက်ကတီးခတ်တာလား..
ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ.. ညီလေးရှစ် မင်းဂီတနဲ့ပက်သက်ပြီးဘာမှမသိဘူးနဲ့တူတယ်…ဂီတလိုမျိုးအရာမျိုးမှာ နားလည်သဘောက်နိုင်စွမ်းရှိဖို့သေချာတဲ့အဆင့်တစ်ခုလိုအပ်တယ်”
ရှစ်ကျင်းရွှိုက်၏ စကားများအားကြားပြီးနောက် ရှစ်ဖုန့်ကဘာမှမပြောပေ။ ထိုအစားဇီသာသံကိုနားထောင်ပြီးအသံလာရာဘက်သို့ကြည့်လိုက်သည်။သံစဉ်၏ အသံက ရှစ်ဖုန့်အတွက်ရင်းနီးသော်လည်းအသံနှင့်စည်းချက်မှာ သူတီးခတ်သကဲ့သို့မဟုတ်သည်
ကိုရှစ်ဖုန့်ပြောနိုင်၏။
သိပ်မကြာခင်တွင် အကူမိန်းကလေးကပြန်လည်ထွက်ခွာလာပြီး ရှစ်ဖုန့်နှင့်ရှစ်ကျင်းရွှိုက်တို့အား အားတုံ့အားနာဟန်ဖြင့်ပြောလိုက်သည်။
“စိတ်မကောင်းပါဘူးသခင်လေးတို့ …ကျွန်မ မန်နေဂျာကိုမေးခဲ့ပေမဲ့ ….ကောင်းကင်ဘုံအချစ်ဥယျဉ်ရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ဖို့မဖြစ်နိုင်ပါဘူလို့သူကပြောပါတယ်”
“ဘာ.. ငါးဆကမလုံလောက်သေးဘူးလား”
အကူမိန်းကလေး၏ ပြန်ဖြေကြားမှုအားကြားပြီးနောက် ရှစ်ကျင်းရွှိုက်၏မျက်နှာထက်၌ အနည်းငယ်ဒေါသထွက်မှုဖြစ်ပေါ်လာပြီး ပြောလိုက်သည်။
“မန်နေဂျာကို ပြောလိုက် ငါဆယ်ဆပိုပေးမယ်လို့”
“မဟုတ်ဖူး သခင်လေး”
ရှစ်ကျင်းရွှိုက်၏ စကားအားကြားပြီးနောက် အကူမိန်းကလေးက ခေါင်းယမ်းလိုက်ပြီးပြောလိုက်သည်။
“မန်နေဂျာကို သခင်လေးတို့ကို တန်ကြေးကြောင့်မဟုတ်ဖူးလို့ပြောခိုင်းလိုက်ပါတယ်.. ကောင်းကင်ဘုံအချစ်ဥယျဉ်ရဲ့ စည်းမျဉ်းကြောင့်ပါတဲ့.. အဲ့တာကသခင်လေး ဘယ်လောက်ပဲပေးပါစေ ချိုးဖျက်လို့မရနိုင်ပါဘူး”
“ထားလိုက်ပါ”
ရှစ်ကျင်းရွှိုက်က ဆက်သွားချင်နေသည်အားတွေ့
ရသောအခါတွင် ရှစ်ဖုန့်က အလျင်အမြန်တားလိုက်ပြီးပြောလိုက်သည်။
“မင်းမှာအခွင့်အရေးရှိတဲ့အချိန်ကြပြန်
လာတာပေါ့…ဒီသခင်လေးလည်းဒီနေရာကို အရမ်းစိတ်မဝင်စားပါဘူး”
“ကောင်းပါပြီ”
ရှစ်ကျင်းရွှိုက်က သက်ပြင်းချ၍ပြောလိုက်သည်။
မူလကရှစ်ဖုန့်အား ပျော်ရွှင်ဖို့အတွက် ခေါ်လာခဲ့သော်လည်း ဤကဲ့သို့သောအခြေအနေမျိုးနှင့်
ပက်ပင်းတိုးရလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။အကယ်၍
သူစောင့်မည်ဆိုလျှင်ပင် ခန်းမအတွင်းလူများများပြားလှသောကြောင့် မည်မျှအထိစောင့်ဆိုင်းရမည်ကို သူမသိပေ။
ထို့နောက်ရှစ်ဖုန့်က အကူမိန်းကလေးဘက်သို့လှည့်ပြီး သူမအားမေးလိုက်သည်။
“ဇီသာကိုတီးနေတာဘယ်သူလဲဆို
တာကိုမင်းသိလား.. “
ဤအချိန်တွင် ဇီသာ၏လှပသောအသံက ခန်းမအတွင်းပဲ့တင်ထပ်နေဆဲဖြစ်သည်။
ရှစ်ဖုန့်၏ စကားအားကြားပြီးနောက် အကူမိန်းကလေးကပြောလိုက်သည်။
“သခင်လေးပြောတာက အဲ့သခင်လေးကိုလား”
အကူမိန်းကလေး၏ စကားအားကြားပြီးနောက် ရှစ်ကျင်းရွှိုက်မှာတုန်လှုပ်
အံ့အားသင့်သွားသည်။
“ဘာ..ဘာကြီး..တကယ်ပဲယောက်ျားကြီးလား”
အကူမိန်းကလေးက ဆက်ပြောသည်။
“သခင်လေးကျွန်မသူ့ရဲ့မယုံနိုင်လောက်စရာ ပုံရိပ်ကိုကြားခဲ့တယ်.. သူက ကမ္ဘာပေါ်က အကောင်းဆုံးဆေးဝါးဖော်စပ်သူ သခင်ချင်ယူဖန်းရဲ့ တပည့်တဲ့..
လူတွေကသူ့ကို ဖုန်း. ဟွာ…ရွှယ်..ယွဲ့ထဲက သခင်လေးရွှယ်ဝူဟမ်လို့ခေါ်တယ်”
“ဖုန်း..ဟွာ.. ရွှယ်…ယွဲ့… ရွှယ်ဝူဟမ်..”
ရှစ်ဖုန့်တီးတိုးရေရွတ်လိုက်သည်။
ဆက်ရန်…….
ဘာသာပြန်သူ-ARISE