အပိုင်း (၄၁၂) – ပထမဆုံးအကြိမ် အမျိုးသမီးအဝတ်အစားဝတ်ခြင်း
Vol. 005 Ch. 412
ရှီမာယူယူ ထွက်သွားသည်နှင့် ယွန်ရိနှင့် တွေ့လေသည်။
“ဘာလို့လာတာလဲ” သူမ မေးလိုက်သည်။
“ငါမင်းကို လာနှုတ်ဆက်တာ” ယွန်ရိ ပြောလိုက်သည်။ ရှီမာယူယူသည် အံ့သြသွားသည်။ ထိုသည်မှာ သူမအတွက် သတင်းဖြစ်လေသည်။
“ပြန်သွားတော့မလို့လား”
“အင်း” ယွန်ရိ ခေါင်းညိတ်ကာ ပြောလိုက်သည် “ငါ အံ့ဖွယ်နတ်ဆိုးတောင်ကြားမှာ မရှိတာ ကြာနေပြီ၊ ငါ့ မြန်မြန်ပြန်မလာရင် ငါ့ဆရာက ဖမ်းပြီး အပြစ်ပေးတော့မယ်”
သူ၏ ဆရာသည် အံ့ဖွယ်နတ်ဆိုးတောင်ကြား၏ အကြီးအကဲတစ်ဦးဖြစ်ကာ အားကောင်းသည်ကို ရှီမာယူယူ သိသည်။ ထို့အပြင် သူစကားပြောနေချိန်တွင် အနည်းငယ် ထူးဆန်းနေသည်။
“ဒါဆို ဘယ်တော့ သွားမှာလဲ” သူမ မေးလိုက်သည်။
“ငါ မင်းကိုနှုတ်ဆက်ပြီးရင် သွားတော့မှာ” ယွန်ရိသည် ရှီမာယူယူအား ကြည့်ကာ ရုတ်တရက် ထွက် သွားလေသည်။ တောင်ကြားသခင်လေးနောက်လိုက်ရသည်မှာ ကောင်းသည်။ တစ်ခါတစ်ရံကြောက်ဖို့ ကောင်း သည်မှာ လွဲလို့….
“ခရီးသွားရင် ဂရုစိုက်ပါ” ရှီမာယူယူ ပြောလိုက်သည်။
“ဂရုစိုက်ပါမယ်” ယွန်ရိ ခေါင်းညိတ်လိုက်သည်။
“ဟုတ်သားပဲ ခဏလေး” ရှီမာယူယူသည် ကျောက်စိမ်းဆွဲသီးကို ထုတ်ပြီး ပြောလေသည် “ဒီ ကျောက်စိမ်းဆွဲသီးကို မှတ်မိလား”
ယွန်ရိသည် ဆွဲသီးယူကာ ပြောလိုက်သည် “ဒီဆွဲသီးပုံစံကတော့ ရင်းနှီးနေတယ်၊ ဒါပေမဲ့ အရင်က မမြင်ဖူးတာတော့ သေချာတယ်၊ ဒါဘာလဲ”
“ဒီကျောက်စိမ်းဆွဲသီးက ငါ့ဆရာက မသွားခင်ပေးထားခဲ့တာ၊ ငါသွားတဲ့အချိန် ဒါကိုယူပြီ သူ့ကိုလာရှာ လို့ပြောတယ်” ရှီမာယူယူသည် ဖန်ကျိရှင်းကို တွေလိုက်ရာ သူမ ခံစားချက်များသည် ဆန္ဒပြင်းပြခြင်းနှင့် စိုးရိမ် ခြင်းများ ရောထွေးနေလေသည်။
“မင်းဆရာရဲ့နာမည်က ဘာလဲ၊ ဘယ်မိသားစုကလဲ” ယွန်ရိသည် ကျောက်စိမ်းဆွဲသီးအား သေချာ စွာ ကြည့်လိုက်သည်။ သူကြည့်ရင်ကြည့်သလောက် ရင်းနှီးလာသည်။
“ငါ့ဆရာရဲ့ နာမည်က ဖန်ကျိရှင်း”
“ဖန်မိသားစုပဲ” ယွန်ရိသည် ခဏမျှစဉ်းစားပြီးနောက် မသေချာစွာ ပြန်ဖြေလေသည် “ဖန်မိသားစုက ဘယ်မှာလဲဆိုတော့ ငါလည်း မသေချာဖူး၊ ဒါပေမဲ့ ဒီလိုပစ္စည်းတွေယူပြီးသွားရင် နေလို့ရတဲ့ နေရာတွေတော့ ရှိ တယ်၊ အဲလိုလုပ်ငန်းတွေမှာ အရမ်းအားကောင်းတဲ့ နောက်ခံရှိတယ်လို့ကြားတယ်၊ သူတို့က သူတို့အင်အားကို ဖြစ်ကတက်ဆန်းမသုံးတတ်ဘူး၊ သူတို့က အတွင်းပိုင်းက မိသားစုဖြစ်မယ်ထင်တယ်”
“အတွင်းပိုင်း…” ရှီမာယူယူသည် ခေါင်းငုံ့လိုက်သည်။ ဖန်ကျိရှင်းသာ အတွင်းပိုင်းဒေသမှ ဖြစ်ပါက သူ နှင့် အတူကြီးပြင်းခဲ့သော သူမ အဖေသည်လည်း အတွင်းပိုင်းဒေသမှဖြစ်မလား…
အဖေ…အမေ…
“မင်းဖြစ်စေချင်တယ်ဆိုရင် ငါရောက်တာနဲ့ တောင်ကြားအသင်းကို ပြောပြီး သွား
ရှာပေးမယ်” ယွန်ရိ သည် ရှီမာယူယူ သူပြောလိုက်သောစကားကို တွေးနေသည်ကို သိသဖြင့် ကမ်းလှမ်းလိုက်သည်။
ရှီမာယူယူ ခေါင်းညိတ်ကာ ပြောလိုက်သည် “ကောင်းပြီ”
အဘိုးနတ်ဆိုးသည် အလျင်စလိုပြန်သွားသဖြင့် သတင်းစကားပါးလိုက်ရန် သူမ မေ့လျော့နေခဲ့သည်။ အဘိုးနတ်ဆိုးသည် အပေါ်ရှိကိစ္စ တော်တော်များများကို သိသဖြင့် ဒီနေရာတွင် ၁၀နှစ်နီးပါးနေခဲ့သော ယွန်ရိ ထက်ပင် သတင်းစုံနိုင်သည်။
“ငါအရင်သွားနှင့်မယ်” ယွန်ရိပြောလိုက်သည် “မင်းလည်းသွားသင့်ပြီ ငါက အခုမင်းပိုင်ဆိုင်မှုထဲက တစ် ယောက်ဆိုတာမမေ့နဲ့နော်..” ရှီမာယူယူ အံ့သြသွားကာ သူ့အား ချက်ချင်းပင် ကန်ထုတ်လိုက်လေသည်။ ယွန်ရိသည် ဘေးသို့ခုန်ကာ ရှောင်လိုက်ကာ အိမ်မြောင်ကဲ့သို့ အရာကိုထုတ်ကာ ဝင်ပေါက်အား ဖွင့်ပြီး ထွက်သွား ချိန်တွင် ပြုံးသွားလေသည်။
“မင်းစောင့်နေ ယွန်ရိ ငါအဲကိုရောက်ရင် ပညာပေးမယ်” ရှီမာယူယူသည် အပေါက်ပိတ်သွားသည့်နေရာ သို့ အော်လိုက်သည်။ သူမ အော်သံအားကြားသောအခါ ခြံဝန်းမှ လူများသ်ည ရှီမာယူယူအား ရူးနေသကဲ့သို့ လှည့်ကြည့်ကြလေသည်။
သူတို့နှစ်ယောက်က ဘာလဲ… သူက ရှီမာယူယူ ပိုင်ဆိုင်မှုထဲက တစ်ခုလား… ယောကျ်ားနှစ်ယောက် ကြားမှာ အဲလိုစကားတွေပြောတာက သူတို့က ပိတ်ပင်ထားတဲ့ ဆက်ဆံရေးမျိုးများလား..
ရှီမာယူယူ သတိရသဖြင့် လှည့်ကြည့်ရာ သူမအား ထူးဆန်းစွာ ကြည့်နေသည့် အကြည့်များကို တွေ့ လိုက်ရသည်။ သူမသည် အလျင်စလိုထွက်သွားကာ လျှောက်ရင်းနှင့် စိတ်ဆိုးစွာ ရေရွတ်မိလေသည်။
ရှီမာယူယူထွက်သွားပြီးနောက်တွင် တစ်စုံတစ်ယောက် ပြောလိုက်သော စကားများကြောင့် အားလုံး ၏ရှုပ်ထွေးနေသော အကြည့်များသည် အံ့သြခြင်းသို့ ပြောင်းလဲကာ “သခင်လေး၅က ယောက်ျားလေးတွေကို စိတ်ဝင်စားတတ်တယ်လို့ ပြောကြတယ်မလား…”
ထိုအချက်တွင် အားလုံးသည် ဒုံချန်းတိုင်းပြည်တွင် ရှီမာယူယူသည် ယောက်ျားများကိုကြိုက်သည်.. ထို့နောက် အချစ်အတွက်သာသိသော အမှိုက်ဟု လူအများအမည်တပ်ခဲ့သည်ကို သတိရသွားလေသည်။ သူသည် အရည်အချင်းရှိသော ပါရမီရှင်၊ သတ္တိရှိသောသူ ဟူသည့်ဂုဏ်သတင်းများထွက်လာသဖြင့် ထို ကောလ ဟလများကို မေ့ပျောက်သွားကြလေသည်။ သို့သော် ဒီနေ့လိုအခြေအနေမျိုး ဖြစ်လာသဖြင့် ဒုံချန်းတိုင်းပြည်မှ လူများသည် ထိုသတင်းကို ပြန်အမှတ်ရသွားကြလေသည်။ သူတို့သည် အန္တရာယ်အငွေ့အသက် ရလာကြ သည်။ သခင်လေး၅က သူတို့ကို ပညာပေးမှာတော့ မဟုတ်ဘူးမလား။
ထို့နောက်တွင် ခြံဝန်းရှိလူများသည် သခင်လေး ၅နှင့် ဖြစ်နိုင်သလောက် ခပ်ခွာခွာနေရန် သဘောတူ လိုက်ကြသည်။ သခင်လေးယွန်ရိကို ကြည့်လိုက်ဦး… သူက အရမ်းကို ချောမောလွန်းတယ်။ ရှီမာယူယူသာ သူတို့ ထင်သည့်အတိုင်းဖြစ်ပါက သူဒေါသထွက်ကာ ယွန်ရိနှင့် ပတ်သတ်ရမည့် သူ့အနာဂတ်ကို ဆွေးနွေးကြ လိမ့်မည်။
နောက်ရက်များတွင် ရှီမာယူယူသည် သူမ အလုပ်တွင် စိတ်နှစ်ထားလေသည်။ ခြံဝန်းသို့ လူအနည်းငယ် သာဝင်ထွက်ကြသောကြောင့် ဝေကျိရွှီနှင့် တခြားသူများသည် ထိုလူများသည် ခြံဝန်းအတွင်း မလိုအပ်ပါက မလာရန် ရှောင်ရှားနေသည်ကို သတိပြုမိကြလေသည်။ သူတို့ခြံဝန်းအတွင်းရှိနေစဉ်တွင် တစ်စုံတစ်ရာ ဖြစ် သွားမည်ကို ကြောက်ရွံ့နေကြသည်။ ဘယ်လောက်တောင် အဆင်မပြေလိုက်လဲ။
အဲလူတွေက ဘာဖြစ်နေကြတာလဲ။ သူတို့ သူ့ကို ဘယ်လိုများကြည့်လိုက်လို့လဲ။ သူတို့မျက်လုံးထဲမှာ ဘာလို့ အဲလိုထူးဆန်းတဲ့အကြည့်တွေ ဖြစ်နေရတာလဲ။
သူတို့သည် စုံစမ်းရန် ဆုံးဖြတ်လိုက်ကြသည်။ သူတို့သည် သူ့အား ထူးဆန်းသောအကြည့်ဖြင့် ကြည့် သည်ကို ရပ်တန့်ရန်နှင့် နှုတ်ပိတ်နေရန် သဘောတူခဲ့ကြသည်။ ရှီမာယူယန် တစ်ယောက်သာလျှင် ထိုထူးဆန်း သော အမူအကျင့်နောက်ကွယ်မှ ဖြစ်ရပ်ကို သိသွားလေသည်။ အကြောင်းအရင်းအား ကြားသောအခါ ဝေကျိရွှီ သည် ရယ်မောလေတော့သည်။
အဲဒါကြောင့် သူတို့က အဲလိုထူးဆန်းတဲ့အကြည့်နဲ့ ကြည့်နေကြတာကိုး။ သူတို့သည် ရှီမာယူယူသည် ယောက်ျားများကို နှစ်သက်သည်ဟု တွေးထင်ကြသည်။ သူတို့သည် ရုပ်ရည်ချောမောကြကာ အချိန်များလည်း အတော်ကြာအောင် အတူတကွ ကုန်ဆုံးခဲ့သဖြင့် သူတို့အပေါ်တွင် ရှီမာယူယူ ခံစားချက်ရှိသည်ဟု ထင်ကြ သည်။
ဖက်တီးကျူ ဒေါသထွက်ကာ အော်လေသည် “ငါကပဲ သူမနဲ့ တစ်ခုခုဖြစ်ရဦးမယ်.. နှမြောစရာပဲ ငါက သူမကို သူငယ်ချင်းလို့ပဲ မြင်တယ်၊ ဟူး…” ပြောရမည်ဆိုလျှင် ထိုဆက်ဆံရေးမှာလည်း ရှီမာယူယူကိုယ်တိုင် သတ်မှတ်ထားခြင်းဖြစ်သည်။
“သူတို့ အမြဲတမ်းဒီလို အထင်လွဲနေတာတော့ မကောင်းဘူး” ဘေဂုံထန် ပြောလိုက်သည် “အထူးသဖြင့် သူတို့က မိသားစုဖြစ်နေပြီလေ”
“ဒါဆို ဘာလုပ်ကြမှာလဲ၊ ယူယူက မိန်းကလေးဆိုတာကို ပြောပြမှာလား” ဖက်တီးကျူ မျက်လုံးပြူး လာသည်။ သူသည် ထိုအကြံအား သဘောတူသည်။
သူတို့သည် ရှီမာယူယူအား အမျိုးသမီးအဝတ်အစားဖြင့် မမြင်ဖူး၍ဖြစ်မည်။ သူမသည် ယေဘုယျ အားဖြင့် ကြည့်ကောင်းသောသူဖြစ်ရာ သူမသာ အမျိုးသမီးအဝတ်အစားဝတ်လိုက်ပါက သူမသည် မျက်စိကျ လောက်စရာ မိန်းမလှပင်ဖြစ်လိမ့်မည်။
ရှီမာယူယူသည် ထိုပြဿနာကို အလေးအနက် မစဉ်းစားဘူးပေ။ သို့သော် အားလုံးသည် သူမအား ကြောက်သည်ဟု သိသောအခါ သူတို့ကို လေ့ကျင့်ပေးရာတွင် သက်ရောက်မှုဖြစ်လာနိုင်သည်။ အဘိုးကြီး ရှီမာ တိုင် ပင်လျှင် သူမအား သံသယမျက်လုံးများဖြင့် ကြည့်လာသည်။
ရှီမာယူယူသည် စကားမပြောပဲ ကောင်းကင်အား ကြည့်နေသည်။ နောက်ဆုံးတွင် မိသားစု ညစာစားပွဲ တွင် သူမသည် အမျိုးသမီးဝတ်စုံဝတ်ကာ အားလုံးရှေ့တွင် ရောက်လာလေသည်။
ထိုသည်မှာ သူမသည် ဒီကမ္ဘာသို့ ရောက်လာသည့်အချိန်မှစ၍ အမျိုးသမီးအဝတ်အစားဝတ်သည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ သူမသည် ဘေဂုံထန်၏ အဝတ်အစားကို ဝတ်ပြီးနောက် မှန်ကြည့်ရာ သူမ ပုံစံကို ပင် သူမ အံ့သြမိနေသည်။ ဘေဂုံထန်သည်လည်း ရှီမာယူယူအား ကြည့်ကာ အံ့သြမိလေသည်။ သူမသည် ရှီမာယူယူ သည် မိန်းမလှတစ်ယောက်ဖြစ်မည်ဟု အမြဲတမ်းသိခဲ့သည်။ အခုတော့ သူမ အလှတရားကို ဖော်ပြ ရန် မည်သို့ စကားလုံးသုံးရမည်ကို မသိတော့ပေ။
“လှလိုက်တာ” သူမ သက်ပြင်းချမိသည်။
ရှီမာယူယူ မတ်တတ်ရပ်လိုက်ရာ ပတ္တမြားအနီရောင် ဝတ်ထားပြီး သူမ ဆံပင်တွင် ကျောက်စိမ်းဆံထိုး ထိုးထားရာ သူမ နောက်ကျောတွင် တွဲလွဲကျနေလေသည်။ သူမ နားများတွင် အနီရောင်ကာနေလီယာ ကျောက် နားဆွဲများ ဆင်မြန်းထားရာ သူမ၏ ဝင်းလက်သော အသားအရည်နှင့် လိုက်ဖက်ညီကာ အလွန်ပင် လှပသွား စေသည်။
တံခါးဖွင့်ပြီး သူမ ထွက်လာရာ အားလုံးသည် သူမအား အံ့သြစွာ ကြည့်ကြလေသည်။ ခြံဝန်း တစ်ခုလုံးသည် တိတ်ဆိတ်သွားရာ ဖက်တီးကျူ၏ တံတွေးမျိုချသံကို ကြားရလုနီးပါးပင်ဖြစ်သည်။
ရှီမာယူယူသည် ထိုကဲ့သို့ တုန့်ပြန်မှုများကို အံ့သြမနေတော့ပါ။ သူမ ပြုံးကာ ပြောလိုက်သည် “သွားရ အောင် ငါတို့ကြာနေပြီ အခုမသွားရင် နောက်ကျလိမ့်မယ်” ထိုစကားပြောလိုက်မှပင် အားလုံးသည် အသိ ပြန်ဝင် လာလေသည်။ သူတို့သည် ဘာမှမပြောခင်တွင် ရှီမာယူလင်း အသံကို ကြားလိုက်လေသည်။
“မင်းတို့ဘာလို့..”
သူသည် တံခါးတွင် ရပ်လိုက်သည်နှင့် အနီရောင်ဝတ်ထားသော ပုံရိပ်တစ်ခုအား ကြည့်ကာ ပြောမည့် စကားများ မေ့သွားလေသည်။