အပိုင်း (၄၁၄) – ဂယက်များနှင့် အံ့သြခြင်းများ
Vol. 005 Ch. 414
ဝင်ပေါက်တွင် လှုပ်လှုပ်ရှားရှားဖြစ်ခြင်းများသည် အားလုံး အာရုံစိုက်စရာဖြစ်ခဲ့သည်။ ရှီမာတိုင်နှင့် အကြီးအကဲများသည် တအံ့တသြအော်သံများနှင့်၊ ကျယ်လောင်လာသော တီးတိုးပြောသံများ ရေရွတ်သံများ ကို ကြားလိုက်ရသည်။ လူတစ်စုသည် မတ်တတ်ရပ်ကာ တချို့သည် ဝင်ပေါက်အား ပိတ်ပြီး ဂယက်များ ထနေသည် ကိုလည်း တွေ့ရလေသည်။
“တစ်ယောက်ယောက်တော့ ရောက်နေပြီထင်တယ်” ဟူကျိယန်သည် သတိပြုပြီးနောက် ပြောလိုက် သည်။
“တစ်ယောက်ယောက် ရောက်တာနဲ့ ဒီလောက်ဖြစ်စရာလား” လီမိသားစုခေါင်းဆောင် (ယခု တတိယ အကြီးအကဲ) ဖြစ်သူက ဒေါသဖြင့် ပြောလေသည်။
“ညီအစ်ကို ယူလင်းနဲ့ ကျန်တဲ့သူတွေ ရောက်ပြီထင်တယ်” ဟူကျိယန်သည် ရှီမာယူလင်း လူအုပ်ထဲမှ ထိုးထွက်နေသည်ကို မြင်သောအခါ ပြောလိုက်သည်။
“ငါ ယူယူရဲ့ အသံကြားါတယ်၊ သူတို့ရောက်လို့ ဝိုင်းနေတာထင်တယ်” ရှီမာလင်း ပြောလိုက်သည်။
“သူတို့က ယူယူကို ကြောက်တယ်မဟုတ်ဘူးလား၊ သူတို့ရောက်တာနဲ့ ဘာလို့ လူအုံနေတာလဲ၊ သူတို့ မျက်မှန်းတန်းမိမှာကို ကြောက်တာမဟုတ်ဘူးလား” အကြီးအကဲဟူသည် ရယ်မောကာ ဟူကျိယန်အား ထိုင်ရန် အချက်ပေးလိုက်သည်။ သူတို့အားလုံး ရောက်လာချိန်တွင် သူတို့အား ရှာရန်မလိုအပ်ခဲ့ပေ။
“ဒါက..” အကြီးအကဲဆန်းသည် ကြည့်လိုက်ရာ လူအုပ်သည် နှစ်ခြမ်းကွဲသွားပြီး လျှောက်လမ်းပေါ်လာ ရာ ရှီမာယူလင်းနှင့် ကျန်သောသူများ လျှောက်လာသည်ကို မြင်လိုက်ရသည်။ အားလုံး၏ မျက်လုံးများသည် အနီရောင်ဝတ်ထားသော လူအား ကြည့်နေကြသည်။ ထိုမိန်းမလှလေး ထိုအရောင်ဝါနှင့်သူ… အဲဒါက ရှီမာယူယူ မဟုတ်ရင် ဘယ်သူရောဖြစ်မှာလဲ။ သို့သော် ထိုလူသည် အနီရောင်ဝတ်ထားသော အမျိုးသမီးတစ်ယောက် ဖြစ် သည်။ ထိုပုံရိပ်… ဒါက ရှီမာယူယူပဲ ဖြစ်နိုင်သည်။
“ငါ အမြင်မမှားဘူးမလား” တချို့လူများသည် လျှောက်လာသော မိန်းမလှလေးကို မြင်သောအခါ အော် လိုက်မိကြသည်။
“သူမက ဘာလို့ ယူယူနဲ့ အဲလောက် တူနေရတာလဲ”
“အဲဒါ ယူယူမလား”
“ဘယ်လိုဖြစ်နိုင်မှာလဲ ယူယူက ယောက်ျားလေးပဲကို ဒါပေမဲ့ ဒါက မိန်းမလှလေးလေ၊ ယောက်ျားလေး နဲ့ မိန်းကလေးကိုတောင် မခွဲတတ်ဘူးလား”
“အမှန်ပဲ သူတို့က ဘယ်လိုလုပ် တစ်ယောက်တည်းဖြစ်နိုင်မှာလဲ”
“ဒါပေမဲ့ သူတို့က အရမ်းတူတယ်၊ သူ့မှာ အမွှာညီမရှိတယ်လို့များ ကြားဖူးကြလား”
“မကြားဖူးဘူး”
“ဒါဆို… သူတို့က တကယ်ပဲ လူတစ်ယောက်တည်းလား”
“ဟုတ်တာ မဟုတ်တာ ကိစ္စမရှိဘူး၊ အရေးကြီးဆုံးက ဒီမိန်းမလှလေးကို ငါတို့ လိုက်ခွင့်ရှိမလား မသိ ဘူး”
“သူမက ယူယူသာဆိုရင် မင်းလိုက်ဖို့ အရည်အချင်းရော မှီရဲ့လား”
“အင်.. မမှီဘူး”
“ဒါဆို မဖြစ်နိုင်ဘူး”
“ဒါပေမဲံ သူမက တကယ်ကြည့်လို့ကောင်းတယ်”
“….”
ရှီမာယူယူသည် ထိုမှတ်ချက်များကြားပြီး သူတို့အမူအရာများကို မြင်သောအခါ သူမ၏ ယောကျ်ားလေး အသုံးအဆောင်များကို တွေးမိပြန်သည်။ သူမ ရှီမာယူလင်းနှင့် တခြားသူများနှင့်အတူ လျှောက်သွားကာ ရှီမာတိုင် နှင့် တခြားသော အကြီးအကဲများရှေ့ရောက်သောအခါ အရိုအသေပေးလိုက်ကြသည်။
“မင်းက တကယ်ပဲ ယူယူလား” ဟူကျိကျောင်သည် ရှီမာယူယူအား ကြည့်ပြီး ရုတ်တရက် ပြာသွားလေ သည်။
“ဂိုဏ်းခေါင်းဆောင်” ရှီမာယူယူသည် သူမအား မဖြေပဲ ရှီမာတိုင်အား ခေါ်လိုက်သည်။ ရှီမာတိုင်သည် အလွန်အံ့သြသွားရာ သူဂရုစိုက်ခဲ့သော မြေခွေးလေးသည် မိန်းကလေးဖြစ်လိမ့်မည်ဟု ထင်မထားခဲ့ပေ။ ရှီမာလိုင် နှင့် ရှီမာမင်တို့ မအံ့သြသည်ကို တွေ့သောအခါ သူတို့သည် သိနှင့်ပြီးသားဟု သူ ကောက်ချက်ချ လိုက် သည်။
ဒုံချန်းတိုင်းပြည်မှလူများသည်လည်း အံ့သြသွားကြလေသည်။ ဆိုလိုသည်မှာ ရှီမာမိသားစုမှလွဲ၍ ကျန် သော တခြားသူများသည် ရှီမာယူယူ မိန်းကလေးဖြစ်သည်ကို မသိခဲ့ကြပေ။
“အဲတော့ မင်းက မိန်းကလေးပေါ့” သူ သက်ပြင်းချလိုက်သည် “မင်းကိုမင်းကြည့်ဦး မင်းက ဒီနေရာ တစ်ခု လုံးကို လှုပ်လှုပ်ရှားရှားဖြစ်အောင် လုပ်သွားတာပဲ လူတွေ စိတ်လွတ်သွားကြပြီ”
ရှီမာယူယူသည် ရှီမာတိုင်အား အကူအညီမဲ့စွာ ကြည့်ပြီး ပြောလိုက်သည် “သမီးလည်း ဒီလိုမဖြစ်စေချင် ပါဘူး၊ ဒါပေမဲ့ ဒီလိုရှင်းရှင်းလင်းလင်း လုပ်မထားရင် အကုန်လုံးက သမီးကို အန္တရာယ်ရှိတဲ့ သတ္တဝါလို မြင် နေကြပြီ”
“အဲတော့ သူမက မိန်းကလေးပေါ့” ဆန်းချောင်လီသည် သူကြုံတွေ့ရသော အံ့သြမှုကို မဖုံးဖိနိုင်ပဲ ရှီမာယူယူအား ကြည့်လိုက်သည်။
ဆန်းချောင်လီဘေးတွင် ရပ်နေသော ယောက်ျားတစ်ယောက်သည် ထိခိုက်လောက်အောင် ကြည့်ကာ ထုတ်ဖော်ပြောလေသည် “သူမက လှပြီး အဂ္ဂိရတ်ပညာ၊ သားရဲထိန်းကျောင်းမှုပညာ၊ တည်ဆောက်မှုတွေ အားလုံး မှာတော်တယ်၊ သူမက ငါ့အိပ်မက်ထဲက မိန်းကလေးပဲ” လူအများသည် သဘောတူသည့်သဘောနှင့် ခေါင်း ညိမ့်ကြသည်။ ဟုတ်သည် သူမသည် ပြည့်စုံလွန်းသည်။
ရှီမာတိုင်သည် ဆူညံနေသော လူအုပ်အား ကြည့်ကာ ပြောလိုက်သည် “မင်းက ဒီလိုဖြစ်အောင် လုပ် ထားတော့ မင်းပဲရှင်းလိုက်တော့”
“ကောင်းပါပြီ” ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။ သူမသည် စင်မြင့်ပေါ် ပျံသွားလိုက်ပြီး လက်ဝေ့ရမ်း လိုက်သည်။ နေရာတစ်ခုလုံး ငြိမ်ကျသွားလေသည်။ ထိုသည်မှာ သူမသည် လှပသောကြောင့် မဟုတ်ပဲ ဂိုဏ်း တွင် ပြောရေးဆိုခွင့်ရှိသူတစ်ယောက် ဖြစ်သောကြောင့်ဖြစ်လေသည်။ အားလုံးသည် သူမအား ကြောက်ရွံ့ သော်လည်း သူမ မရှိလျှင် သူတို့သည် ယိလင်းတိုင်းပြည်မှာပင် ရှိနေကာ ဒီလိုပတ်ဝန်းကျင်တွင် နေရမည် မဟုတ်ဆိုသည်ကို ကောင်းကောင်းနားလည်ကြသည်။
“ယူယူ မင်းကတကယ်ပဲ မိန်းကလေးလား” တစ်စုံတစ်ယောက်သည် အားလုံးစိတ်ထဲတွင် ရှိနေသော စကားကို လူအုပ်ထဲမှ မေးလိုက်လေသည်။
ရှီမာယူယူ ပြုံးပြီး ပြောလိုက်သည် “ကျွန်မက မိန်းကလေးဖြစ်ကြောင်း ထင်ရှားနေပြီပဲ”
“အိုး… မင်းက တကယ်ပဲ မိန်းကလေးလား”
“အမလေး တကယ်ပဲ သူမက မိန်းကလေးပဲ”
“အားလုံးရဲ့ အိပ်မက်ထဲက မိန်းကလေးပဲ” တချို့သော မိန်းကလေးများသည် စိတ်ထိခိုက်ကြသည်။
ရှီမာယူယူ လက်ဝေ့ရမ်းလိုက်ရာ အားလုံး ငြိမ်ကျသွားမှပင် သူမ ထပ်ပြောလေသည် “အမှန်ကတော့ အားလုံးမြင်တဲ့အတိုင်းပါပဲ၊ ကျွန်မက မိန်းကလေးပါ၊ တချို့သော အကြောင်းတွေကြောင့် ယောက်ျားလေးလို ဝတ်စားထားတာပါ ဒီနေ့တော့ အခုတလောဖြစ်နေတဲ့ ကောလဟလတွေအကြောင့် ကျွန်မရဲ့ ပုံစံအစစ်အမှန်ကို ပြဖို့ ဆုံးဖြတ်လိုက်တာပါ.. အဟွတ်.. အဲဒါက.. အားလုံး ကျွန်မကိုထင်နေတာကို ဒီနေ့အားလုံး ရှင်းသွားမယ် ထင် ပါတယ်၊ အားလုံး အေးအေးချမ်းချမ်းနဲ့ လေ့ကျင့်ကြပါ၊ ကျွန်မ တစ်ခုခုလုပ်မှာကို မကြောက်ကြပါနဲ့” သူမသည် ထိုမျှသာ ပြောသော်လည်း သူမဆိုလိုသည့်အချက်ကို အားလုံးနားလည်ကြသည်။ အမျိုးသမီးများသည် ရယ်ကြ ကာ အမျိုးသားများသည် အနည်းငယ် စိတ်ပျက်မိကြသည်။ သူတို့သည် သူမ သူတို့အား မျက်မှန်းတန်းမိရန် ဆုတောင်းမိသော်လည်း အခုတော့ သူမရှေ့တွင်ပင် မျက်နှာမပြရဲတော့ပေ။
“ကျွန်မမိန်းကလေး ဖြစ်တယ်ဆိုတဲ့အကြောင်းက ဒီနေရာမှာပဲ ပြီးသွားမယ်လို့ မျှော်လင့်ပါတယ်၊ တစ်ယောက်ယောက်က ဒီသတင်းကို အပြင်ကို ဖြန့်တယ်ဆိုရင် ဘာဖြစ်လာမလဲဆိုတာ ကျွန်မ သတိမပေးဘူး လို့မပြောပါနဲ့” ရှီမာယူယူ၏ မျက်လုံးများသည် မထီမဲ့မြင်အကြည့်များ ပြည့်နေကာ ထိုနေရာရှိလူအားလုံးကို ကြောက်သွားစေသည်။ သူတို့သည် ထိုအကြောင်းအရာသည် သူမအတွက် မည်သို့သက်ရောက်မည်ကို မသိသော်လည်း သူမ သရုပ်မှန်၏ လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားရန် သဘောတူလိုက်သည်။ သူမသည် သူတို့ အတွက် ကံကောင်းစေသော အဆောင်ဖြစ်သည်မှာတော့ အမှန်ပင်။ သူမသာ မရှိလျှင် သူတို့သည် ပြတ်သုန်း သွားနိုင်သည်။
“ကောင်းပါပြီ ဒီနေ့ အစီအစဉ်တွေဆက်လုပ်သွားပါမယ် တင်ဆက်သူဘယ်ရောက်သွားလဲ” ရှီမာယူယူ သည် စင်အောက်ကို ကြည့်ပြီး မေးလေသည်။
လူငယ်တစ်ယောက်သည် ပေါ်လာကာ ရှီမာယူယူအား နှုတ်ဆက်ပြီး ပြန်ဖြေလေသည် “သခင်လေး ၅ ဒီနေ့ ကျွန်တော်က တင်ဆက်သူပါ”
“ကောင်းပြီ ဒါဆိုလည်း ဆက်လုပ်တော့” ရှီမာယူယူ သူ့အား ခေါင်းညိတ်ပြီး စင်ပေါ်မှ ဆင်းသွားလေ သည်။
ရှီမာယူယူလျှောက်သွားကာ ရှီမာယူလီနှင့် တခြားသူများ ဘေးတွင် ထိုင်လိုက်သည်။ အနီရောင် ဝတ်ရုံ အရှည်နှင့် မိန်းကလေးအား အစ်ကိုများသည် မှင်တက်စွာ ကြည့်မိကြသည်။
“ငါတို့ ညီလေး၅က မိန်းကလေးလိုဝတ်လိုက်တာနဲ့ ဒီလောက်လှသွားမယ်လို့ ဘယ်သူထင်မိမှာလဲ” ရှီမာယူလီ ပြုံးပြီးပြောလိုက်သည်။
“အစ်ကိုကတော့ နောက်ပြီ” ရှီမာယူယူ ရှီမာယူလီအား ကြည့်လိုက်သည်။
ရှီမာလိုင်သည် ရှီမာယူယူအား ကြည့်ကာ စိုးရိမ်စွာ ပြောလေသည် “ယူယူ မင်းရဲ့ အဖေက မိန်းကလေး ဖြစ်ကြောင်းကို မပြောခိုင်းဘူးလေ၊ အခုဒါက ပြဿနာမဖြစ်နိုင်ဘူးလား”
“အဘိုး မစိုးရိမ်ပါနဲ့ သမီးမှာ အစီအစဉ်ရှိပါတယ်” ရှီမာယူယူ ပြောလိုက်သည်။ “ဒီသတင်း အပြင်ကို မပျံ့ သွားနိုင်ဘူး၊ ပြီးတော့ နှင်းဝံပုလွေနဲ့ အစွယ်ကွေးကျားတွေရဲ့ ကာကွယ်မှုနဲ့ဆိုရင် သမီးကို ဘယ်သူမှ မထိရဲပါ ဘူး၊ သမီးသွားရင်လည်း ဘယ်သူမှ မိန်းကလေးဆိုတာ သိမှာမဟုတ်ပါဘူး”
“အားလုံး စီစဉ်ပြီးပြီပေါ့” ရှီမာလိုင် ပြောလိုက်သည်။
ရှီမာယူယူသည် သူမလက်မှ လက်စွပ်အား ထိလိုက်သည်။ ထိုလက်စွပ်သည် မိသားစု အမွေဖြစ်ကြောင်း သူမ အဖေပြောခဲ့သည်။ သူမအား ထင်ယောင်ထင်မှားလက်စွပ်ကိုလည်း ပေးခဲ့သည်။
အဖေ… ဘာလို့ သမီးက ယောက်ျားလေးလိုဝတ်ရမှာလဲ။