← Chapters

အပိုင်း (၄၁၆) – မိသားစုအတွက် တိုးတက်မှုများ (၂)

Vol. 005 Ch. 416

အပိုင်း (၄၁၆) – မိသားစုအတွက် တိုးတက်မှုများ (၂)

Vol. 005 Ch. 416

ရှီမာတိုင်သည် ရှီမာယူယူ မျက်နှာအားအကဲခတ်ရာ သူမ စိတ်ထဲတွင် တစ်စုံတစ်ရာရှိသည်ကို သိ  သော်လည်း လိုက်တွေး၍မမှီပေ။ ထိုနည်းလမ်းသည် အသုံးဝင်မည်ဖြစ်၍ သူမကိုယ်တိုင် ပြောခြင်းဖြစ်သည်။ အသုံးမဝင်ပါက သူမ ပြောမည်ကို မဟုတ်ပေ။

သူမသည် အေးစက်ပုံပေါက်သည်။ သူမသည် မိသားစုကိစ္စများကို အမြဲတမ်းမပါတတ်သော်လည်း သူမ ဝင်ပါလျှင်လည်း မိသားစုအတွက် အကူအညီပေးရန်သာဖြစ်သည်။ ထို့ကြောင့်ပင် သူမ ရှီမာမိသားစုဆီသို့ ပထမ ဆုံးအကြိမ်ဝင်လာစဉ်ကလည်း မိသားစုအကြောင်း မစုံစမ်းပဲနှင့် ဝင်မပါခဲ့ပေ။ သူမတွင် ဆန့်ကျင်ရေးဆေးတစ်ရာ ရှိသော်လည်း မပြောခဲ့ပေ။ အခု သူမသည် မိသားစုနှင့်အတူရှိခဲ့သည်မှာ ကြာပြီဖြစ်၍ ထိုမိသားစုအကြောင်းကို လည်း သိပြီးဖြစ်ရာ မိသားစု အနာဂတ်အတွက် မိသားစုအတွင်းရှိ အရည်အချင်းရှိသူများကို ပျိုးထောင်ရန် စဉ်းစားခဲ့သည်။

ရှီမာယူယူသည် ဆန့်ကျင်ရေးဆေးတစ်ရာဆေးနည်းကို အကြီးအကဲလီဆီသို့ ပေးပြီး မေးလိုက်သည် “လူကြီးမင်းတို့ မိသားစုမှာ အဂ္ဂိရတ်ပညာရှင် ဘယ်နယောက်ရှိလဲ”

အကြီးအကဲလီသည် ရှီမာယူယူမေးရသည့် အကြောင်းအရင်းကို မသိသော်လည်း စိတ်လှုပ်ရှားစွာ ပြန် ဖြေလေသည် “ငါ့မိသားစုမှာ အယောက် ၃၀၀လောက်ရှိတယ် အဂ္ဂိရတ်ပညာရှင်ကတော့ ၁၇၈ယောက် ရှိတယ်၊ တခြားမိသားစုတွေနဲ့ ပေါင်းလိုက်ရင်တော့ ၂၃၅ယောက်ရှိတယ်”

အဂ္ဂိရတ်ပညာ်ရှင် အယောက်၂၀၀ကျော်၊ ယွန်နှင့် ဂေါင်မိသားစု နှစ်ခုပေါင်းလျှင်ပင် ထိုအရေအတွက်  လောက်မများပေ။

“သူတို့အဆင့်တွေကရော” ရှီမာယူယူ မေးမြန်းလေသည်။

“အဆင့်၆က ၃ယောက်၊ အဆင့်၅က ၁ဝယောက် အဆင့်၄က အယောက်၃၀နဲ့ အဆင့်၃က ၇၀ရှိပြီး ကျန်တဲ့သူတွေက အဆင့် ၁နဲ့ ၂တွေပါ” အကြီးအကဲလီ ပြန်ဖြေလေသည်။

ရှီမာယူယူ မေးစေ့ပွတ်လိုက်သည်။ ဒီမိသားစုဂိုဏ်းကတော့ ကြောက်မက်ဖွယ်ဖြစ်လာမှာပဲ အဂ္ဂိရတ် ပညာရှင်နဲ့ သားရဲထိန်းကျောင်းသူ အရေအတွက်များစွာ ရှိသည်။ သူတို့အဖွဲ့သည် အားနည်းမနေပါ။ သူမ ထို အကြောင်းအား စိုးရိမ်ရန်မလိုပေ။ သူတို့သည် နောက်ကျမှ စတင်ခဲ့သည်ဖြစ်၍ ဖိအားများသည်။ အချိန်တန်ရင်  တော့ ပြဿနာမဖြစ်နိုင်တော့ပါဘူး။

“ကျွန်တော့်မှာ တခြားဆေးနည်းတွေရှိသေးတယ်၊ ကျွန်တော် စီစဉ်ပြီးရင် မိတ္တူကို သူတို့ကို ပေးမယ်၊ ကျွန်တော့် အဂ္ဂိရတ်ပညာသင်တုန်းက ကျွန်တော့်ဆရာဆီကရခဲ့တဲ့ အကြံနဲ့ သတိထားရမယ့် အချက်လေးတွေ ကိုလည်း ပြောပြမယ်၊ ကျွန်တော် ပြင်ပြီးလို့ စီစဉ်ပြီးရင် အားလုံးကို သူတို့သင်တဲ့နေရာမှာ ပြောပြပေးမယ်” ရှီမာယူယူ ပြောလိုက်သည်။

“တကယ်လား” အကြီးအကဲများသည် အလွန်စိတ်လှုပ်ရှားကြသည်။

“ကျွန်တော်တို့က တစ်ဖွဲ့တည်းဖြစ်သွားပြီဆိုတော့ ကောင်းတာတွေလည်း အကုန်အတူ မျှဝေရမှာပေါ့” ရှီမာယူယူ ပြောလိုက်သည်။

“ငါတို့က တစ်နေရာတည်းကလာခဲ့ဆိုတော့ အတူလျှောက်ရတော့မှာပဲလေ” အကြီးအကဲဟူ ပြောလိုက် သည်။ သူတို့သည် ရှီမာမိသားစုမှ ထွက်သွားရန် စဉ်းစားထားခဲ့သော်လည်း အားလုံးဖြစ်ပျက်ပြီးသည့်နောက် တွင်တော့ သူတို့သည် ရှီမာမိသားစုနှင့် တစ်လှေတည်းစီးခဲ့ကြသည်။ ရှီမာမိသားစုသည် သူတို့အား အစေခံကဲ့သို့ သဘောမထားပဲ သူတို့မိသားစုကဲ့သို့ ဆက်ဆံခဲ့သည်။

“ဟုတ်တယ်” ရှီမာယူယူ ပြောလိုက်သည် “ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် လူကြီးမင်းတို့ကိုပေးရင် ပြန်  တောင်းဖို့လည်း နည်းလမ်းတွေရှိတယ်၊ တစ်ယောက်နဲ့တစ်ယောက် ဆက်ပြီးကူညီရင်တော့ အားလုံးကို ဆက်  ပြီး သင်ပေးသွားမယ်”

အကြီးအကဲသုံးယောက်သည် ခါးသီးစွာ ပြုံးမိကြသည်။ ဒီကောင်လေးက ဘယ်လိုအညှာကိုင်ရမလဲ ဆိုတာ သိတာပဲ။

“ငါတို့နားလည်ပါတယ်” အကြီးအကဲဆန်း ပြောလိုက်သည်။

“ပြီးတော့ သားရဲထိန်းကျောင်းသူလည်း ဘယ်နယောက်ရှိလဲ” သူမ မေးလိုက်သည်။

“သားရဲထိန်းကျောင်းသူက နည်းတယ် အားလုံးပေါင်း အယောက် ၄၀လောက်ရှိမယ်၊ ပြီးတော့ သူတို့တွေ က ဝေမိသားစုက၊ အဆင့်တွေလည်း သိပ်မမြင့်ကြဘူး… သူတို့ထဲက အဆင့်အမြင့်ဆုံးက သူတော်စင်အဆင့် သားရဲကိုထိန်းကျောင်းနိုင်တယ်” အကြီးအကဲဟူ ပြန်ဖြေလေသည်။ အကြီးအကဲလီသည် အဂ္ဂိရတ်ပညာရှင်များ၏ တာဝန်ခံဖြစ်ပြီး အကြီးအကဲဟူသည် သားရဲထိန်းကျောင်းသူများနှင့် လက်နက်ပညာရှင်များ၏ တာဝန်ခံဖြစ်သည်။

“သားရဲထိန်းကျောင်းသူ အများစုက စိတ်စွမ်းအားကို မထိန်းနိုင်ကြသေးလို့ အဆင့်မတက်နိုင် ကြဘူး သူတို့ စိတ်ကိုထိန်းချုပ်နိုင်ရင် သူတို့ရဲ့ သားရဲထိန်းကျောင်းတဲ့အဆင့်လည်း တက်သွားမှာပဲ” ရှီမာယူယူ စဉ်းစား လိုက်သည် “ကျွန်တော်ပြန်သွားပြီး သူတို့ စိတ်စွမ်းအားတိုးဖို့ နည်းလမ်းစဉ်းစားလိုက်ဦးမယ်၊ .. အင်း အဲဒါက လက်နက်ပညာရှင်တွေနဲ့ အဂ္ဂိရတ်ပညာရှင်တွေ အတွက် အသုံးဝင်ပြီး သူတို့ရဲ့ စိတ်စွမ်းအားတွေ တိုးသွားတာနဲ့ သူတို့အဆင့်တွေလည်း တိုးဖို့ ကူညီပေးရာရောက်မှာပဲ”

“ဟုတ်သားပဲ ကျွန်တော့်မှာ ရှေးဟောင်းလက်နက် ကိရိယာတွေရှိတာပဲ၊ အဲဒါတွေက မဆိုးဘူးလို့ ဖက်တီးကျူ ပြောတယ်၊ ကျွန်တော် အားလုံးကိုယူပြီး စုစည်းပြီးတာနဲ့…”

“ပြီးတော့ သားရဲထိန်းကျောင်းခြင်း နည်းလမ်းလည်းရှိတယ်၊ သားရဲထိန်းကျောင်းသူတွေက အဲနည်းလမ်းနဲ့ သားရဲတွေကို ထိန်းကျောင်းမယ်ဆိုရင် သားရဲတွေနဲ့ အတူအဆင့်လည်းတက်နိုင်မယ်၊ အဲဒါနဲ့ဆိုရင်..”

“ပြီးတော့…”

အကြီးအကဲသုံးယောက်တင်သာမကပဲ ရှီမာတိုင်ပင်လျှင် အံ့သြသွားသည်။ သူတို့လေးယောက်သည် ရှီမာယူယူပြောသော စကားများကို နားထောင်ပြီး ခေါင်းမူးသွားလေသည်။ လူတစ်ယောက်မှာ ဘယ်လိုလုပ် အဲလောက် ရတနာတွေများနိုင်ရတာလဲ။ သူမက အဲဒါကြောင့် ပြိုင်ဖက်ကင်းဖြစ်ရသည်။ သူမတွင် လျှို့ဝှက်ချက် များစွာ ရှိသည်။ အကြီးအကဲသုံးယောက်သည် ရှီမာတိုင်အား ကြည့်လိုက်ကြသည်။ သူ့မျက်နှာ အမူအရာမှာ လည်း သူတို့နှင့်အတူတူပဲဖြစ်နေကာ ထိုပစ္စည်းများသည် ရှီမာအိမ်တော်မှ ပစ္စည်းများမဟုတ်သည်ကို သေချာ သွားလေသည်။ အဲလိုဆိုရင်တောင် သူတို့သည် ထိုကိစ္စကိုအလွန်သိချင်သွားသည်။ ထိုပစ္စည်းများသည် ရှီမာ မိသားစုက မဟုတ်ရင် အဲဒါတွေကို သူမ ဘယ်ကရတာလဲ၊ သူမရဲ့ အဖေအရင်းဆီကလား၊ မဟုတ်ရင် အံ့ဖွယ် နတ်ဆိုးတောင်ကြားကလား။

“တည်ဆောက်မှုတွေနဲ့ ပတ်သတ်လို့ကတော့ သိပ်မကူညီနိုင်သေးဘူး၊ ကိုယ့်ဘာသာကိုယ် ပြန်လေ့လာ ရဦးမယ်” ရှီမာယူယူသည် သူမ လုပ်ပေးရမည့်အရာများစားရင်းကို တွေးပြီးနောက် ကြည့်လိုက်ရာ သူတို့အကြည့် များကြောင့် လန့်သွားလေသည် “ဘာဖြစ်လို့လဲ”

“အင် ဘာမှမဟုတ်ပါဘူး” ရှီမာတိုင်သည် အကြိမ်အနည်းငယ် ချောင်းဟန့်ကာ “ငါတို့ မင်းညွှန်ကြား သလို ဆန့်ကျင်ရေးဆေးတစ်ရာကို ဝေပေးမယ်၊ မင်း ကိုယ့်ကိစ္စကိုယ် သွားလုပ်လိုက်ပါ”

ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။ သူမ ပြောလိုက်သောစကားများကြောင့် အားလုံးလန့်သွားသည်ကို သူမ သိသည်။ သို့သော် သူမတွင် တခြားရွေးချယ်စရာမရှိပေ။ သူမ၏ လက်ရှိစွမ်းအင်နှင့်ဆိုလျှင် နောက်နှစ် အနည်းငယ်အတွင်းကို အပေါ်သို့ တက်သွားကာ နှင်းဝံပုလွေများနှင့် အစွယ်ကွေးကျားများလည်း သူမနှင့်အတူ လိုက်ပါကြမည်။ ထိုသို့ဖြစ်လာပါက ရှီမာမိသားစုသည် ကိုယ်တိုင် ရပ်တည်ခြင်း မပြုလုပ်ပါက ယွန်နှင့် ဂေါင်မျိုးနွယ်၏ အကူအညီပါလျှင်တောင်မှ ကိုယ်တိုင် ကြာကြာရပ်တည် နိုင်မည် မဟုတ်ပေ။ သူမ မရှိစဉ်တွင် မိသားစုကို ကိုယ့်ဘာသာ ရပ်တည်နိုင်ရန် ကူညီပေးရမည်။ ကံကောင်းစွာပင် သူတို့သည် ယိလင်းတိုင်းပြည်တွင် ရှိစဉ်က အင်အားကောင်းသူများ ဖြစ်ကြသည်။ ကြီးထွားလာခြင်းမှာ သူတို့ ကျွမ်းကျင်ပြီးသားဖြစ်၍ ပြဿနာမဖြစ်နိုင်ပေ။ အကြီးအကဲများသည် ထိုအခြေအနေကို လျင်မြန်စွာ လက်ခံနိုင်ကြသည်။ သူမ ထိုအတွေးတွေးလိုက်သည်နှင့် သူတို့အား ကိုယ်တိုင် ရပ်တည်ရန် လုပ်ငန်းစဉ်ကို လုပ်ဆောင်ရန် အချိန်ပေးရမည်။

သူတို့လေးယောက်သည် ပုလင်းတစ်ခုတွင် ဆန့်ကျင်ရေးဆေးတစ်ရာ ဆေး ၁၀လုံး ပါဝင်သော ဆေး ပုလင်းများကိုင်ထားကြသည်။

အကြီးအကဲလီသည် ရွှေရောင်ဆေးများကို ကြည့်ကာ မျက်ရည်ကျမတတ် စိတ်လှုပ်ရှားကာ “ဒါပဲ ဒါပဲ ဒါက ဆန့်ကျင်ရေးဆေးတစ်ရာပဲ အကောင်းဆုံးထဲက အကောင်းဆုံးပဲ”

“ယူယူက အားလုံးကိုစီစဉ်ထားမှာတော့ သူမ အစီအစဉ်တိုင်းသွားကြတာပေါ့၊ ကလေးတွေကို ကူညီပေး ဖို့အတွက် ဒီဆေးကို ပေးလိုက်ကြအောင်” အကြီးအကဲဆန်းသည် စိတ်လှုပ်ရှားနေသော်လည်း ဖုံးဖိကာ တည်ငြိမ်စွာ ပြောလေသည်။

“ဟုတ်တယ် စောလေ ကောင်းလေပဲ” အကြီးအကဲဟူ ပြောလိုက်သည်။

“ရှီမာယူယူ ပြောတဲ့သူတွေကို အရင်ပေးလိုက်ရအောင်” ရှီမာတိုင် ပြောလိုက်သည်။

“ကောင်းပြီ”

ရှီမာယူယူ သူမ အိမ်သို့ ပြန်လာရာ ပင်မခြံဝန်းသို့ မရောက်ခင်တွင် ခြံဝန်းအပေါက်တွင် မျက်နှာဆူပုပ် ကာ စောင့်နေသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။

“စီနီယာအစ်ကို ဘာလို့လာတာလဲ” သူမသည် သူ့မျက်နှာမှ ဒေါသထွက်နေမှုကို လျစ်လျူရှုလိုက်သည်။

ဝူလင်းယူသည် သူမအား ဘာမှမပြောပဲ ကြည့်နေသော်လည်း သူ့မျက်နှာတွင် ဒေါသနှင့် မကျေနပ်ချက် များ ရောနေသည်။

မကျေနပ်ချက်လား…. ဘာလို့ဖြစ်ရတာလဲ.. ရှီမာယူယူ သူ့အားအနီးကပ်ကြည့်လိုက်သည်။ ထိုမျက်နှာ သည် မကျေနပ်သော မျက်နှာဖြစ်နေသည်မှာ အသေအချပင်။

“စီနီယာအစ်ကို ဆရာက ပစ်ထားလို့လား” သူမ ကံစမ်းကြည့်လိုက်သည်။

သူ ထိုစကားကြားသောအခါ ဝူလင်းယူ၏ မျက်နှာမှာ ပိုမည်းသွားသည်။ ဒီကောင်က သူဒေါသထွက်နေ တာကို သိနေတာတောင် ဘယ်လိုလုပ် ဒီလိုပြောနိုင်ရတာလဲ။

All Chapters