← Chapters

အပိုင်း (၄၁၇) – သူက မင်းကိုသဘောကျနေလို့ပဲ

Vol. 005 Ch. 417

အပိုင်း (၄၁၇) – သူက မင်းကိုသဘောကျနေလို့ပဲ

Vol. 005 Ch. 417

ဝူလင်းယူသည် ဘာမှမပြောပေ။ သူသည် သူမအား ကြည့်ရုံသာ ဆက်ကြည့်နေလေသည်။

ရှီမာယူယူသည် သူ့အား ဂရုစိုက်မနေတော့ပဲ သူ့အားဖြတ်ကျော်လျှောက်ရန် ပြင်ဆင်ကာ စာအုပ်များ နှင့် ဆေးဖက်ဝင်ပစ္စည်းများရှင်းလင်းရန် သူမအိမ်သို့ သွားလေသည်။ သူမ သူ့အား ဖြတ်လျှောက်လိုက်ချိန်တွင် သူ သူမ လက်မောင်းအား ဆွဲလိုက်သည်။ သူမ ဘာမှပြောနိုင်ခင်ပင် ခါးအား ဖက်ကာ သူမ တစ်ကိုယ်လုံးကို မိုး ပေါ်သို့ သယ်သွားလေသည်။

“ဝူလင်းယူ ဒါဘာလုပ်တာလဲ” သူ ပြန်ပြန်လာချင်း ဒီအပြုအမူမျိုးလုပ်လိမ့်မည်ဟု သူမ ထင်မထားပေ။ သူသည် သူမဂိုဏ်းနှင့် ဝေးရာကို ခေါ်လာခဲ့သည်။

ဂိုဏ်းသားများသည် သူမ အော်သံအားကြားသောအခါ ခေါင်းမော့လိုက်ရာ ယောက်ျားတစ်ယောက်မှ သူမကို ခေါ်သွားသည်ကို မြင်လိုက်ရသည်။

“မကောင်းတော့ဘူး ယူယူ ပြန်ပေးဆွဲခံလိုက်ရပြီ”

“သူမကို မြန်မြန်သွားကယ်ရအောင်”

“ဟင် ဘယ်ရောက်သွားတာလဲ”

ထိုလူများသည် စကားနှစ်ခွန်းပင် ပြောရသေးသည် သူတို့သည် မြင်ကွင်းရှေ့မှ ပျောက်သွားလေသည်။

“သူတို့ ဒီကနေပျံသွားတာလေ ဘယ်လိုလုပ် လုံးဝပျောက်သွားတာလဲ”

“သူတို့ ဘယ်ဘက်ကို ပျံသွားတာလဲ”

ဘေဂုံထန်သည် အခန်းထဲမှ ထွက်လာကာ ကောင်းကင်တွင် လူများပြည့်နေသည်ကို မြင်လိုက်ရသည်။ သူမ အော်လိုက်သည် “စိုးရိမ်စရာမရှိပါဘူး အားလုံးပြန်လာခဲ့ကြပါ”

“ယူယူကို ဘယ်လိုလုပ်မလဲ”

“သူမ အဆင်ပြေမှာပါ သူတို့ စကားပြောပြီးရင် ပြန်လာလိမ့်မယ်” သူမ ပြောပြီးနောက် အိမ်သို့ ပြန်ဝင် သွားလေသည်။

ထိုလူများသည် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သူမ ဘယ်ရောက်သွားသည်ကို မသိသောကြောင့် ဘယ်လိုလိုက်ရမည်ကိုလည်း မသိတော့ပေ။ သူတို့သည် ဘေဂုံထန်စကားကို နားထောင်ကာ ပြန်ဆင်းလာကြ သည်။

သို့သော် သူတို့ စိုးရိမ်နေဆဲပင်။ ရှီမာယူယူကို ယောက်ျားတစ်ယောက်က ပြန်ပေးဆွဲသွားသည်နှင့် တူ သည်။ သူမ အဆင်ပြေမှာပါနော်။

ရှီမာယူယူသည် ဝူလင်းယူလက်ထဲပါသွားကာ သူတို့သည် မျက်စိတစ်မှိတ်အတွင်းတွင် မှင်ရည်မြို့တော် မှ ပျံထွက်လာလေသည်။ သူသည် အရင်ကထက် ပိုသန်မာလာသည့်ပုံပင်။

“ကျွန်တော့်ကို ဘယ်ခေါ်သွားမလို့လဲ” သူမသည် သူ၏ မျက်နှာအမူအရာကို မြင်သောအခါ စောဒက တက်လိုက်သည်။

ဝူလင်းယူသည် ခေါင်းငုံ့ကာ သူမအား ကြည့်လိုက်သည်။ သူသည် စကားမပြောသေးပေ၊ အရှေ့သို့ ဆက်ပျံနေလေသည်။

ရှီမာယူယူသည် သူ့အား မုန်းတီးစွာ ကြည့်လိုက်ပြီး အတွေးတစ်ချက်နှင့်ပင် သူဖက်ထားသည်မှ  ပျောက်ကွယ်သွားသည်။ သူမသည် သုံးမီတာ အကွာတွင် ပေါ်လာသည်။

ရှီမာယူယူ ထိုကဲ့သို့ လုပ်မည်ဟု ဝူလင်းယူ ထင်မထားသဖြင့် ပြောလိုက်သည် “မင်းရှောင်ပို**လုပ်နည်း သိ တာလား”

“ဟင်း ဟင်း” ရှီမာယူယူသည် သူ့အား ပြန်မဖြေပေ။ သူမသည် သူ့ကိုမကြည့်ပဲ အဝေးကို ကြည့်ရုံသာ ကြည့်နေလေသည်။

ရှောင်ပိုသည် သင်လျှင်တောင် လုပ်နိုင်သည့် ပညာမဟုတ်ပေ။ နေရာတစ်ခု၏ အမြင့်ဆုံးအဆင့်ကို နားလည်ပြီး နောက်နေရာတစ်ခုကို ရှာပြီး တစ်ခုနှင့် တစ်ခု ဆက်သွယ်ခြင်းဖြစ်သည်။ ထိုအရာသည် ရှောင်ပို ဖြစ် သည်။

ရှောင်ပိုသည် လူတစ်ယောက်၏ အတွေးပေါ်မူတည်ပြီး အဘိုးမန်မို၏ ရှောင်ပိုမှာတော့ လူတစ်ယောက် ၏ အားအင်ပေါ်မူတည်သည်။

ရှီမာယူယူ ထိုကဲ့သို့ နေရာကို နားလည်နိုင်စွမ်းရှိပြီး ရှောင်ပိုလုပ်နိုင်မည်ဟု ဝူလင်းယူထင်မထားပေ။ သူမသည် မီတာအနည်းငယ်သာ ရှောင်ပိုလုပ်နိုင်သော်လည်း ထိုအရာသည် အစဖြစ်သည်။ သူမ ထိုပညာကို ခြေလှမ်းစတင်လိုက်ပါက နောက်အဆင့်များကို တစ်ဆင့်ခြင်းတက်သွားနိုင်သည်။

သူမ သူ့ကိုမကြည့်ပဲ အဝေးသို့ကြည့်နေသည်ကို မြင်သောအခါ သူဒေါသ ပိုထွက်လာသည်။ သူ သူမကို စွဲချက်တင်ပြီး ရင်ဖွင့်ချင်သည်။ သို့သော် သူ ရုတ်တရက် ကောင်းကင်မှ ဆွဲချခံလိုက်ရသည်။

အစတွင် သူ ဟန်ဆောင်နေသည်ဟု ရှီမာယူယူထင်သည်။ သို့သော် ကြိုးပြတ်သွားသော လေတံခွန် ကဲ့သို့ ဆက်လက်ကျနေသည်ကို မြင်သောအခါ သူမ မျက်မှောင်ကြုတ်ပြီး သူ့နောက်ကို လိုက်လိုက်သည်။ သူမ အချိန်မှီ ဖမ်းမိလိုက်နိုင်ပြီး သူ့လက်အား လက်တစ်ဖက်ဖြင့်ဆွဲကာ နောက်တစ်ဖက်ဖြင့် သူ့ခါးကို ဆုပ်ကိုင်လိုက် သည်။ သူမ သူ့အား ဖြေးညင်းစွာ ချပေးလိုက်သည်။

သူအမှန်တကယ်ပင် မေ့မြောသွားကာ သူ့ကိုယ်ရောင်ကိုယ်ဝါသည် မတည်ငြိမ်ဖြစ်သည်ကို သိလိုက် သောကြောင့် သူမ လျင်မြန်စွာ စစ်ဆေးလိုက်သည်။

“သေစမ်း”

သူမ မြက်ခင်းပြင်ပေါ်သို့ သူ့ခန္ဓာကိုယ်အား ချကာ ဆေးတိုက်လိုက်သည်။ ထို့နောက်တွင် သူမ ဘေး တင် ထိုင်ကာ သူနိုးလာသည်ကို စောင့်နေလိုက်သည်။

“မင်းထွက်မလာသေးဘူးလား” သူမ ရုတ်တရက် ပြောလိုက်သည်။ သူမ ဘေးတွင် လူတစ်ယောက်မှ ရှိ မနေပါ။

“မင်းဆိုတာ ငါသိတယ်၊ ဝူလင်းယူခန္ဓာကိုယ်ထဲက လူ” သူမသည် မျက်နှာချင်းဆိုင်မှ လူကို ကြည့်ပြီး  ပြောလိုက်သည်။

အလင်းတန်းပေါ်လာပြီးနောက်တွင် မီးတောက်ရွှီလင်းသည် ရှီမာယူယူရှေ့တွင် ပေါ်လာသည်။

“မင်းကိုယ့်ဘာသာ ထွက်လာနိုင်တာပဲ” ရှီမာယူယူသည် မီးတောက်ရွှီလင်းအား ကြည့်ပြီး ပြောလိုက် သည် “ငါသာ အခုသူ့ကို မကယ်နိုင်ရင် မင်း သူ့ကို အသေခံမှာမဟုတ်ပါဘူး”

မီးတောက်ရွှီလင်းသည် ရှီမာယူယူအား ကြည့်လိုက်သည်။ ဒီလူက သူမကို ဘာကြောင့် စိတ်ဆိုးနေလဲကို သူ တကယ်မသိတော့ပေ။ သူ ဒေါသထွက်လွန်း၍ သူ့ဝိဉာဉ် မတည်မငြိမ်ဖြစ်ကာ ဒီလိုအခြေအနေထိ ဖြစ်ရ သည်။

သို့သော် ဒီတစ်ကြိမ် သူမေ့လဲခြင်းသည် ပြီးခဲ့သည့်အခေါက်များနှင့် မတူပေ။ ဒီတစ်ခါ သူ့ခန္ဓာကိုယ်မှ ကိုယ်တိုင် ထွက်လာနိုင်သည်။ ပူလွောင်တောင်တန်းမှာရှိစဉ်က ကဲ့သို့မဟုတ်ပေ။

“မင်းဆရာက ဘာဖြစ်တာလဲ” ရှီမာယူယူ မေးလိုက်သည် “သူ အထက်မှာတုန်းက ဒဏ်ရာရခဲ့တာလား”

“ဟင်” မီးတောက်ရွှီလင်းသည် ရှီမာယူယူ ဘာကြောင့်မေးသည်ကို နားမလည်နိုင်ပေ။ သို့သော် သူ ရိုးသားစွာ ပြန်ဖြေသည် “မဟုတ်ပါဘူး ဘာလို့လဲ”

“မဟုတ်ဘူးလား” ရှီမာယူယူ မျက်မှောင်ကြုတ်လိုက်သည်။ ဒါဆို မိုရှားနဲ့ သူနဲ့ အကြာကြီးခွဲလိုက်လို့ များလား။

“ဘာလို့ ဒီလိုမေးတာလဲ” မီးတောက်ရွှီလင်းသည် ရှုပ်ထွေးသွားလေသည်။

“သူ့ဝိဉာဉ်မတည်ငြိမ်ဖြစ်တဲ့အခါကျရင် မေ့လဲသွားတတ်တယ်၊ သူ ဒဏ်ရာမရခဲ့ဘူးဆိုရင် ဘာလို့ မေ့လဲ သွားတာလဲ” ရှီမာယူယူ မေးလိုက်သည်။

“….”

ထိုလူသည် နားလည်ရန်နှေးကွေးနေသည်ကို မီးတောက်ရွှီလင်း မြင်လိုက်ရပြီ။ သူ ဝူလင်းယူအတွက် မတရားသလိုခံစားရသည်။

သူ့သခင်သည် ဟိုဟာ ဒီဟာစဉ်းစားရင်း ရောက်လာသည်။ သို့သော် သူမက ဘာမှမသိပေ။

“သူ့ဝိဉာဉ်ဘာလို့ မတည်ငြိမ်တာလဲဆိုတာ သိချင်လား” မီးတောက် ရွှီလင်းသည် သူမအား  ကြည့်လိုက် သည်။

မီးတောက်ရွှီလင်း သူမအား ကြည့်သောအကြည့်သည် ရှီမာယူယူကိုပင် လွင့်သွားနိုင်လေသည်။ သူ မပြောရန် သူမ မသိစိတ်မှ မျှော်လင့်နေမိသည်။ သူပြောလိုက်လျှင် တစ်စုံတစ်ခု ပြောင်းလဲသွားမည် စိုးသည်။

သို့သော မီးတောက်ရွှီလင်းသည် သူ့သခင်ဘက်မှရပ်တည်ကာ ပြောလေသည် “သူ့ ဝိဉာဉ်က အရမ်း အားနည်းနေသေးတယ်၊ သူဒဏ်ရာရလို့မဟုတ်ပဲ လိပ်ပြာအရည်မသောက်ရတာ ကြာလို့ဖြစ်မယ်”

“ဆရာက သူ့အတွက် လိပ်ပြာအရည်ယူသွားတယ်မဟုတ်ဘူးလား” ရှီမာယူယူ နားမလည်နိုင်ပေ။

“ဒါပေမဲ့ သူမသိဘူး၊ မင်းအတွက်နဲ့ သူ ထောင်ချောက်မိသွားတယ်” မီးတောက်ရွှီလင်း ပြောလိုက်သည်။

“ငါ့ကြောင့်လား” ရှီမာယူယူ ပိုရှုပ်ထွေးသွားလေသည်။ ဒီလူက ဘယ်လိုလုပ် သူမကြောင့်  ထောင်ချောက် မိသွားတာလဲ”

“ဟုတ်တယ် မင်းကြောင့်ပဲ” မီးတောက်ရွှီလင်း ဒေါသဖြင့် ပြောလေသည် “ပြီးခဲ့တဲ့တစ်ခေါက်က တောင် ကြားကလူတွေက မင်းမှာ တည်ဆောက်မှုနည်းလမ်းစာအုပ်တွေမရှိဘူးလို့ ပြောတယ်၊ သူက မင်းအတွက် အဲစာအုပ်တွေကို ယူပေးချင်တယ်၊ အရင်က အချိန်အတော်ကြာပျောက်နေတဲ့ တည်ဆောက်မှုနည်းလမ်း စာအုပ် က သုသာန်တစ်နေရာမှာ ရှိတယ်လို့ကြားတာနဲ့ မင်းအတွက်ယူပေးမလို့ပဲ၊ ဒါပေမဲ့ သူအဲ တည်ဆောက်မှုမှာ တစ်နှစ်လောက် ထောင်ချောက်မိသွားတယ်၊ သူဒီနေ့မှ ပြန်ထွက်လာနိုင်တာ၊ နောက်ဆုံးတော့ သူ့ရဲ့ ဝိဉာဉ် အရည်က ခမ်းသွားပြီ၊ အဲသတင်းရတာနဲ့ ငါတို့မင်းကို အရင်ရက်ကတည်းက လာရှာမလို့ပဲ”

ရှီမာယူယူ အမူအရာပြောင်းသွားသည်။ သူမ အော်လိုက်သည် “သူ ဝိဉာဉ်အရည်ကို တစ်နှစ်လုံး မသောက် ထားဘူးလား”

“ဟုတ်တယ်” မီးတောက်ရွှီလင်းသည် သူမ အမူအရာအား ကြည့်ကာ စိတ်အေးသွားလေသည်။ သူ ဆက် ပြောသည် “သူ တည်ဆောက်မှုကနေ ထွက်ထွက်လာချင်း မင်းဆီကို ချက်ချင်းပြေးလာတာ၊ ပြီးတော့ မင်းက မိန်းကလေးလိုဝတ်တယ်ဆိုတာ ကြားပြီး ဒေါသထွက်လာတာ၊ ပြီးတော့ သူ့ဒေါသကြောင့်ပဲ သူ့ဝိဉာဉ်က ခံနိုင်ရည်မရှိတာ၊ အဲဒါကြောင့် မေ့လဲသွားတာ”

“အဲစာအုပ်က တည်ဆောက်မှုသခင်ကြီးတစ်ယောက်က ထားခဲ့တယ်ဆိုမှာတော့ ကာကွယ်ရေး တည်ဆောက်မှုရှိမယ်ဆိုတာ သူသိမှာပဲ ဘာလို့ သွားပြီး ယူသေးလဲ” ရှီမာယူယူ စိတ်တိုလေသည်။ “ပြီးတော့ ဝိဉာဉ်အရည်ကို ဒီလောက်အကြာကြီးသောက်မထားတော့ အံ့ဖွယ်နတ်ဆိုးတောင်ကြားရဲ့ ခေါင်းဆောင် ဘယ် လိုဖြစ်နိုင်တော့မှာလဲ၊ သူ့အသက်ကို နောက်စရာများထင်နေလား”

“သူ မင်းကို သဘောကျလို့လေ၊ သူ ပူလွောင်တောင်တန်းက ပြန်လာကတည်းက မင်းကို မေ့မရခဲ့ဘူး” မီးတောက် ရွှီလင်း ပြောလိုက်သည် “ငါက သူ့စာချုပ်သားရဲဆိုပေမယ့် သူဘာလို့ မင်းကိုကောင်ကို သဘောကျ လည်း ငါနားမလည်ဘူး၊ မင်းအရဲ့ အရည်အချင်းက မဆိုးဘူးဆိုပေမယ့် မင်းက အဲဒီက မိန်းကလေးတွေနဲ့ အတူတူပဲ၊ ဟုတ်သားပဲ ပြောလက်စနဲ့ မင်းကြောင့် သူဒီလိုဖြစ်သွားတာဆိုတော့ သူ့ကို သေချာဂရုစိုက်ပေး”

ပြောပြီးနောက် သူသည် စာချုပ်နေရာသို့ လျှပ်တပြက် ပြန်ဝင်သွြးသည်။

ဝူလင်းယူ သူမအား ကြိုက်သည်ဟု မီးတောက်ရွှီလင်း ပြောသည်ကို ကြားသည်နှင့် ရှီမာယူယူ၏ ဒေါသ များ ပျောက်ကွယ်သွားသည်။ မီးတောက်ရွှီလင်း ထွက်သွားသည်နှင့် သူမသည် မေ့မြောနေသာ လူကို ရှုပ်ထွေး စွာ ကြည့်မိသည်။

စာကြွင်း - ရှောင်ပို**- လျင်မြန်စွာဖြင့် လျှပ်တပြက် ရှောင်ထွက်သောနည်းလမ်း

All Chapters