← Chapters

အပိုင်း (၄၁၈) – မင်းသဘောကျတဲ့သူမရှိဘူးလား အဲဒါဆို ငါ့ကိုကြိုက်လိုက်ပါ

Vol. 005 Ch. 418

အပိုင်း (၄၁၈) – မင်းသဘောကျတဲ့သူမရှိဘူးလား အဲဒါဆို ငါ့ကိုကြိုက်လိုက်ပါ

Vol. 005 Ch. 418

သူ သူမကို သဘောကျတယ်တဲ့လား…

မဟုတ်ရင် လွန်ခဲ့တဲ့ နှစ်တွေကတည်းက စတင်ခဲ့တာလား…

မီးတောက်ရွှီလင်းရဲ့ စကားတွေက ဘာလို့ယုံဖို့ ခက်တယ်လို့ သူမ ခံစားနေရတာလဲ။

စဉ်းစားကြည့်လျှင် သူတို့နှစ်ယောက်သည် တွေ့ရုံမျှသာ တွေ့ခဲ့သည်။ ဘယ်လိုလုပ် ဒီလူက သူမကို သဘောကျသွားတာလဲ။ ပြီးတော့ သူမသည် သူနှင့်ယှဉ်လျှင် ဘာမှမဟုတ်ပေ။ သူမသည် သူ့အဆင့်သတ်မှတ် ချက်ထဲ မဝင်ပေ။

သို့သော် မီးတောက်ရွှီလင်းသည် စနောက်သွားသည့်ပုံမဟုတ်သည်ကိုလည်း ခံစားရသည်။

ပြီးတော့ သူ့ဝိဉာဉ်ကလည်း အမှန်တကယ်ပင် အားနည်းနေသည်။ မဟုတ်လျှင် သူ ဒေါသထွက်တာ  လောက်နဲ့တော့ ဒီလိုမဖြစ်နိုင်ပေ။

သူ ထိုနေရာတွင် ဒဏ်ရာရခဲ့၍ ဖြစ်မည်ဟု သူမ တွေးလိုက်သည်။ သူ ပြဿနာကြုံတွေ့ကာ ဝိဉာဉ် အရည် မသောက်ရမည်ဟု သူမ ထင်မထားခဲ့ပေ။

“ဟူး…” သူမ သက်ပြင်းရှည်ချမိသည်။ သူမသည် နေလာသည်မှာ နှစ်ပေါင်းများစွာကြာနေပြီ၊ တစ်စုံ တစ်ယောက်က သူမအား သဘောကျသည်ဟု ပြောခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။ ထို့အပြင် သူ၏ စာချုပ် သားရဲမှ ပြောပေးခြင်းဖြစ်သည်။

သူ့အကျင့်ရဆိုလျှင် သူမ သတိမထား မိမခြင်း လုံးဝ ပြောမည် မဟုတ်ပေ။

သို့သော် သူမသည် ထိုကဲ့သို့အရာများကို မခံစားဖူးပေ။ သူမ နေလာသည်မှာ ကြာသော်လည်း ဘယ်သူ့ ကိုမှ သဘောကျခြင်း မရှိပေ။

“တကယ်ပဲ၊ ဒီလိုစာအုပ်အတွက် အသက်ရင်းတာ၊ ဆရာသာ သိရင် ခင်ဗျားကို ရေခွံခွာပစ်လိမ့်မယ် သိရဲ့လား”

သူမ လက်ကိုဆန့်ထုတ်ကာ ဝူလင်းယူ၏ မျက်နှာကို ထိလိုက်သည်။ သူ့၏ မျက်နှာမှာ စာရွက်ဖြူ ကဲ့သို့ ပင်။

“ဟူး…”

သူမသည် မီးတောက်ရွှီလင်း ပြောသောစကားများကို တွေးရင်းနှင့် နောက်ထပ် သက်ပြင်းချမိပြန်သည်။

ဒီလိုအရာမျိုးကို သူမအရင်က မကြုံဖူးပေ။ သူ သတိပြန်ရလာရင် ဘယ်လိုမျက်နှာချင်းဆိုင်ရမှာလဲ။

အရင်ဘဝကဆိုလျှင် အချစ်နှင့်ပတ်သတ်သောအရာများကို သူမ ငြင်းပယ်မှာလား လက်ခံမှာလား။ သူမ ဘာကိုရွေးမိမှာလဲ။

သူ့ကို ငြင်းမှာလား။ ဒါပေမဲ့ ဒီလူက ဖွင့်တောင် မပြောရသေးဘူးလေ။

သူ့ကို လက်ခံမှာလား။ သူမ မလိုချင်သည်လည်း မဟုတ်ပေ။

“ဒါက တကယ်ကိုရှုပ်တာပဲ”

သူမ ခေါင်းပွတ်ပြီးနောက် ဝူလင်းယူအား မုန်းတီးစွာ ကြည့်လိုက်သည်။ သူ့ မျက်နှာကို မြင်လျှင် သူမ ပို၍ ရှုပ်ထွေးလာသောကြောင့် မကြည့်တော့ပေ။

“ငါ မသိသလိုဟန်ဆောင်နေလိုက်မယ်၊ အဲလိုဆိုရင် ဒီလူက ဘာမှပြောမှာမဟုတ်ဘူး၊ ဘာမှ မသိသလို ပဲနေလိုက်မယ်” သူမ ဆုံးဖြတ်လိုက်ပြီး ရေရွတ်ကာ နေဝင်သည့်ဘက်သို့ လှည့်လိုက်သည်။

“ဒီသခင်ကြီးက မင်းကိုသဘောကျနေတာ” သူမလှည့်၍ စကားဆုံးချိန်မှာပင် ဝူလင်းယူအသံသည် သူမ နောက်မှ ထွက်လာသည်။

“အာ”

သူမ လန့်သွားသဖြင့် ထခုန်လိုက်သည်။ သူမ တစ်မီတာ အကွာတွင် ရပ်ကာ ရုတ်တရက်နိုးလာသော လူအား ကြည့်လိုက်သည်။

“ခင်ဗျား..ဘယ်တုန်းက နိုးနေတာလဲ” သူမ ပြောပြီးနောက်တွင် တုန့်ဆိုင်းသွားသည်။

“မင်းဘာသာမင်း ရေရွတ်နေတုန်းကတည်းကလေ” ဝူလင်းယူသည် အခုမှ နိုးလာသောကြောင့် သူ့အသံ မှာ တိုးညင်းနေသည်။ ထိုအသံကြောင့်ပင် သူအားနည်းနေသည်ကို သိနိုင်သည်။

“ခင်ဗျားနိုးလာရင် တခြားတစ်ခုပြောရမှာမဟုတ်ဘူးလား” ရှီမာယူယူ သူ့အား စိုက်ကြည့်လိုက်သည်။

“ငါ တစ်ခုခုပြောလိုက်ရင် မင်းဘာတွေးနေလဲဆိုတာ ငါဘယ်လိုလုပ်သိတော့မလဲ” ဝူလင်းယူ ပြော လိုက်သည် “ဒီသခင်ကြီးက မင်းကို အခုဖွင့်ပြောပြီလေ၊ ဒီသခင်ကြီးက မင်းကို သဘောကျတယ်၊ မင်းကရော”

“ကျွန်တော်လား၊ ဘာကျွန်တော်ကလဲ” ရှီမာယူယူ မှင်တက်သွားသည်။

ဝူလင်းယူသည် ရှီမာယူယူ၏ တုန့်ပြန်မှုကို မြင်သောအခါ ချွေးအေးများပျံလာသည်။

ဒီကောင်မလေးကတာ့ တကယ်ပဲ….

သူမ ကိုယ်ကျင့်တရားက အရမ်းမကောင်းဘူး.. အဆင်ပြေတယ်၊ သူမ ဆက်ဆံရေးကတော့ အရမ်း ကောင်းတယ်၊ ဒါပေမဲ့ ဒီလို အချစ်ရေးမှာ သူမ ဘာမှမသိဘူးလား။

သို့သော် ဒီအဖြစ်အပျက်ကိုကြည့်ရင်း သူမ မိန်းကလေးအဝတ်အစားဝတ်သောကြောင့် ထွက်လာသော သူ့ဒေါသမှာ ပျောက်သွားလေသည်။

သူမက အချစ်ရေးမှာ နှေးကွေးနေရင် တခြားတစ်ယောက်ကို ဘယ်လိုများ သဘောကျနိုင်မလဲ။

“မင်းကရော ဒီသခင်ကြီးက မင်းကို ဖွင့်ပြောပြီးပြီ၊ မင်းကိုယ်မင်း နည်းနည်းလောက် မပြတ်သားနိုင်ဘူး လား” သူ မြေပေါ်တွင် ထထိုင်လိုက်သည်။

သူမကိုယ် သူမ ပြတ်သားရမယ်။

ရှီမာယူယူ မျက်တောင်ခတ်ကာ ဆိုလိုသည်ကို နားမလည်သေးပေ။ သူမ စဉ်းစားပြီးနောက် သူ့အား တိုက်ရိုက်ပင် ငြင်းလိုက်သည် “ကျွန်တော် ခင်ဗျားကို မကြိုက်ဘူး”

ဝူလင်းယူ မျက်လုံးမှ မျှော်လင့်ချက်များ မှေးမှိတ်သွားသည်။ ဒီကောင်မလေးက တကယ်ပဲ သူ့ကို မကြိုက်ဘူး လား။

“မင်းမှာ သဘောကျတဲ့သူရှိနေပြီလား”

ရှီမာယူယူ ခေါင်းရမ်းလိုက်သည်။

“မင်းမှာ သဘောကျတဲ့သူ မရှိသေးတော့ ငါ့ကိုပဲ ကြိုက်လိုက်လေ” ဝူလင်းယူသည် အလွန်  လေးနက်သော မျက်လုံးများဖြင့် သူမအား ကြည့်လိုက်သည်။

“ဟင်” ရှီမာယူယူ သူ့အားကြည့်လိုက်သည်။ သူမ ဘယ်သူ့ကိုမှမကြိုက်ရင် သူ့ကို ကြိုက်ရမှာလား။

ဒါဘယ်လို အတွေးအခေါ်လဲ။

“ဘယ်လိုလဲ” သူသည် သူ့အကြံကို အလွန်ကျေနပ်နေလေသည်။

ရှီမာယူယူ သူ့အား ကြည့်ပြီး ညင်သာစွာ ပြောလိုက်သည် “ခင်ဗျားက တကယ်အကောင်းမြင်တတ်တာပဲ ကျွန်တော့် နှလုံးသားက ကျွန်တော့်ဟာပဲ ကျွန်တော်ခင်ဗျားကို မကြိုက်တာက ကျွန်တော် ဘယ်သူ့ကိုမှ မကြိုက် လို့ပဲ၊ ခင်ဗျားခန္ဓာကိုယ်အခြေအနေ ဘယ်လိုလဲ”

“မင်းက သမားတော်ပဲ ငါ့ကို လာစမ်းကြည့်လေ” သူ ပြောပြီးသည်နှင့် တောင့်မခံနိုင်တော့ပဲ လှဲချလိုက် သည်။

ဒီကောင်မလေးက သူ့ကို အခု လက်မခံလည်း ဖြစ်သေးတယ်။ သူမ မသိသေးဘူးဆိုလည်း သူမအား ဖွင့် ပြောရမည်လေ။

ရှီမာယူယူ အနည်းငယ်တွေဝေသွားသည်။ သူ၏ ဖြူဖျော့သော မျက်နှာကို မြင်မှပင် လျှောက်လာလိုက် သည်။ သူမ ဆောင့်ကြောင့်ထိုင်ကာ သူ့လက်ကို ယူပြီး စမ်းသပ်လိုက်သည်။

“ဟူး.. ခင်ဗျားကတော့ တကယ်ပဲ…. ဝိဉာဉ်အရည်မသောက်ပဲနဲ့ ဒီလောက်အန္တရာယ်များတာကို သွား လုပ်တယ်၊ ဆက်ပြီးအသက်မရှင်ချင်တော့ဘူးလား” သူမ သူ့ခန္ဓာကိုယ်အား စမ်းသပ်လိုက်ချိန်တွင် မီးတောက် ရွှီလင်း ပြောခဲ့သည်များကို ပြန်ကြားယောင်ကာ ချက်ချင်းပင် ဒေါသထွက်ပြီး သူ့အား အပြစ်တင်လိုက်သည်။

ဝူလင်းယူသည် ဒေါသမထွက်ပဲ သူ့နှုတ်ခမ်းများသည် ပြုံးသွားသည်။

သူမ သူ့အား စိတ်ဆိုးခြင်းသည် သူသည် သူမအတွက် တစ်ခုခုအဓိပ္ပာယ်တော့ သက်ရောက်သည်။ သူ သည် သူမ ဂရုမစိုက်သောသူဖြစ်ပါက သူသေသွားလျှင်တောင် မျက်တောင်ခတ်မိမည်မဟုတ်ပေ။

“ငါက ဘယ်သူလဲ၊ အဆင်ပြေမယ်ဆိုတာ သိလို့သွားတာလေ” သူပြုံးပြီး ပြောလိုက်သည်။

ရှီမာယူယူသည် မဲ့ပြုံးပြုံးလိုက်သော သူ့အားတွေ့သောအခါ စူပုတ်သွားသည်။ သူမ ချက်ချင်းပင် သူ့အား တွန်းလိုက်ရာ သူသည် မြက်ပြင်ပေါ်သို့ ပြန်ကျသွားလေသည်။

“ငါ့ကို တွန်းလိုက်တာလား၊ ငါ့ခန္ဓာကိုယ်က အခြေအနေမကောင်းသေးပေမယ့် မင်းတွန်းချင်တယ် ဆို ငါ ခံနိုင်ပါတယ်” သူသည် မြက်ပြင်တွင် လှဲလိုက်ကာ သူမအား စနောက်သလိုကြည့်လေသည်။

လူမိုက်ကြီး…

လူမိုက်ကြီးက အလွန်ကို သန့်ရှင်းစင်ကြယ်တဲ့ အဝတ်အစားတွေ ဝတ်ထားတာပဲ။

“ခင်ဗျားလိုလူက ဘယ်လိုလုပ် ပညာရှိစံအိမ်တော်ရဲ့ မြင့်မြတ်သော သားတော်ဖြစ်လာတာလဲ ဆိုတာ နားမလည်နိုင်တော့ဘူး” ရှီမာယူယူသည် သူ့ခြေထောက်များကို တကယ်ပင် တက်နင်းချင်နေသည်။

“သူတို့က ငါ့ခန္ဓာကိုယ်ကို သဘောကျကြလို့လေ၊ ငါက သူတို့ရှေ့မှာ ဟန်ဆောင်ပေးရုံပဲ တယ်တော့ ငါ ဘာလုပ်လုပ် သူတို့ဂရုမစိုက်ပါဘူး” ဝူလင်းယူ ညင်သာစွာ ပြောလေသည်။

ရှီမာယူယူသည် ထက်မြက်သော အာရုံသည် သူ၏ အသံနေအသံထားနှင့် ခန္ဓာကိုယ်အကြောင်း  ပြောရာတွင် နစ်မြောသွားသည်။ သူမ မျက်မှောင်ကြုတ်ကာ ပြောလိုက်သည် “ဘာကိုပြောချင်တာလဲ”

“ငါပြောတဲ့အတိုင်းပဲလေ” ဝူလင်းယူသည် လက်နှစ်ဖက်ကို ခေါင်းအောက်ထားကာ ကြက်သွေးရောင်  ကောင်းကင်ကို ကြည့်နေလေသည်။ သူ ဘာစဉ်းစားနေသည်ကို ဘယ်သူမှ မသိနိုင်ပေ။

သူပြောလိုက်တာ ဘာအဓိပ္ပာယ်လဲ။

ရှီမာယူယူသည် မျက်မှောင်ကြုတ်ပြန်သည်။ သူမသည် ဝူလင်းယူအား ကြည့်ကာ သူဘာတွေးနေသည် ကို မသိတော့ပေ။

သူ လှဲလျောင်းကာ မလှုပ်နိုင်သည်ကို ကြည့်ရင်း သူမ သူ့ဘေးတွင် ထိုင်ကာ ကြက်သွေးရောင်  ကောင်းကင်ကို အတူကြည့်နေမိသည်။

ဒီကမ္ဘာသို့ရောက်လာသည်မှာ နှစ်ပေါင်းများစွာ ကြာသော်လည်း သူမသည် နေဝင်ခြင်းကို မကြည့်ဖြစ်  ပေ။

သူမသည် အမြဲတမ်းအရှေ့ကိုသာ သွားနေကာ ပတ်ဝန်းကျင်မှ သဘာဝအလှတရားကို ကြည့်ရန် မေ့  နေခဲ့သည်။

“ယူယူ ဒီသခင်ကြီးက နောက်ကိုလည်း မင်းနဲ့အတူ နေဝင်တာကို ကြည့်ပေးမယ်” ဝူလင်းယူသည် ရုတ်တရက် ခံစားချက်အပြည့်ဖြင့် ပြောလိုက်သည်။

“ဟင်” ရှီမာယူယူသည် နောက်ပြန်လှန်မကျအောင် လက်ဖြင့် ထောက်ထားလိုက်ရသည်။ သူမသည် ဝူလင်းယူ ပြောသောစကားများကို ကြားသောအခါ လှည့်ပြီး သူ့အား ကြည့်မိသည်။ သူ့မျက်လုံးမှာ လေးလေး နက်နက်ဖြစ်နေသည်ကို တွေ့သောအခါ သူမ ရုတ်တရက် ရင်ခုန်လာသည်။

သို့သော် သူမ ပြန်လှည့်ကာ နေကို ကြည့်ပြီးပြောလေသည် “ဘယ်သူမှ ကျွန်တော့်ကို နေဝင်တာ ကူ ကြည့်ပေးဖို့ မလိုဘူး၊ ပြီးတော့ လူတိုင်းကို ကျွန်တော့်ရင်ထဲ အဝင်ခံမှာမဟုတ်ဘူး”

အဘယ့်ကြောင့်ဆိုသော် သူတို့ဝင်လာပြီးလျှင် သူမသည် ထိုလူအား အထွက်မခံတော့သောကြောင့်ပင်။ မဟုတ်လျှင် ထိုလူသည် မည်သူပင်ဖြစ်စေကာမူ သူမ အားအကုန်သုံးပြီး သူ့အား ဖျက်ဆီးပစ်မည်။

“ဒီသခင်ကြီးက နေဝင်တာကို လူတိုင်းကို နေဝင်တာ ကူကြည့်ပေးတာမဟုတ်ဘူး၊ ပြီးတော့ ငါ့နှလုံးသား ထဲ ဝင်ချင်ရင်တောင် ဘယ်သူ့မှ အဝင်မခံဘူး” ဝူလင်းယူသည် စနောက်ကာ “ဒီသခင်ကြီးက သစ္စာမဖောက် တတ်ဘူး”

ရှီမာယူယူသည် သူအရင်ဘဝမှ စကားများကို စဉ်းစားနေလေသည်။ သူမ သူ့အား ကြည့်ကာ ပြောလိုက် သည် “ခင်ဗျားက သစ္စာဖောက်တတ်တဲ့သူမဟုတ်ဘူး၊ ဒါပေမဲ့ သစ္စာဖောက်လိုက်ရင် လူတစ်ယောက်ကိုတောင် မကြည့်တော့ဘူးမလား”

All Chapters