အပိုင်း (၄၁၉) – သူမအပြုံးက သူ့အတွက် ပျော်ရွှင်မှု
Vol. 005 Ch. 419
ရှီမာယူယူ ပြောသောစကားများကို ဝူလင်းယူကြားသောအခါ မဲ့ဲပြုံးပြုံးလိုက်သည်။
သူက သစ္စာမရှိတဲ့သူလား…
ဒီကောင်မလေးကတော့…
“ငါဗိုက်ဆာပြီ စွတ်ပြုတ်သောက်ချင်တယ်” သူ ဒီကောင်မလေးနဲ့ မငြင်းတော့ဘူး။
ကျင့်ကြံတဲ့ လူတစ်ယောက်က ဘယ်လိုလုပ်ဗိုက်ဆာမှာလဲ။ လူလိမ်ကြီး…
သို့သော် သူမ မေးလေသည် “ဘယ်လိုစွတ်ပြုတ်သောက်ချင်တာလဲ”
“မင်း ပူလွောင်တောင်တန်းတုန်းက လုပ်ပေးတဲ့ စွတ်ပြုတ်လိုမျိုး” ဝူလင်းယူ ပြန်ဖြေလေသည်။
ရှီမာယူယူ မျက်ဖြူလှန်လိုက်သည်။ သူမ သူ့ကို ထပ်မကြည့်ချင်တော့ပါ… သူမ မြေပြန့်အားရှာပြီး ချက်ပြုတ်ပစ္စည်းများကို ထုတ်လိုက်သည်။ ထို့နောက်တွင် သူမ စွပ်ပြုတ်ချက်တော့သည်။
အခုအချိန်တွင် သူ့ခန္ဓာကိုယ်သည် အလွန်အားနည်းနေသည်။ သူ့ကို တွေ့ကရာ မကျွေးနိုင်ပေ။ သူမ ချက်သော စွတ်ပြုတ်အပြင် အခုချိန်တွင် သူ့ခန္ဓာကိုယ်အတွက် အလိုအပ်ဆုံး အာဟာရဖြစ်သော ဟင်းသီး ဟင်းရွက် များကိုပါ ကြော်ထားရမည်။
အနံ့လိုက်ရသည်နှင့်ပင် သူမ အရင်က သူ့အတွက် ချက်ပေးသော စွတ်ပြုတ်မဟုတ်သည်ကို သူ သိ လိုက်သည်။ သို့သော် သူ အဆင်ပြေလားဟုသာ မေးသည်။ သူမ ချက်ပြုတ်ထားသည်ဆိုလျှင် ဘယ်လို အရသာ ပင် ဖြစ်စေကာမူ ကိစ္စမရှိပေ။၏
သူ ခေါင်းအောက်တွင် လက်နှစ်ဖက်ခုကာ လှဲနေလေသည်။ သူ ထိုနေရာတွင် တိတ်တဆိတ်လှဲနေကာ သူမ အလုပ်ရှုပ်နေသည်ကို ကြည့်နေလေသည်။
သူမတွင် ဆွဲဆောင်မှုတစ်ခုရှိသည်။ သူ သူမကို ကြည့်လိုက်တိုင်းတွင် အမြဲတမ်း အေးချမ်းမှုကို ခံစား ရသည်။
သူမှတ်မိသေးသည်။ သူငယ်ရွယ်စဉ်က ပညာရှိစံအိမ်တော်မှ စံအိမ်တော်ခေါင်းဆောင်က တိုင်းပြည်သို့ ခေါ်ဆောင်လာစဉ်ကဖြစ်သည်။ ထိုနေရာတွင် မကျင့်ကြံနိုင်သော အရွယ်အို စုံတွဲတစ်တွဲကို တွေ့ခဲ့သည်။ သူတို့ သည် အသက် ၁၀၀ မပြည့်သေးသော်လည်း တစ်ခေါင်းလုံး ဆံပင်ဖြူများဖြင့် ပြည့်နေလေသည်။
အမျိုးသားကြီး၏ ခန္ဓာကိုယ်မှ ဝိဉာဉ်စွမ်းအင်အငွေ့အသက်ကို သူ ခံစားရသော်လည်း အမျိုးသမီးကြီးထံ မှ မရပေ။ သူသည် ကျင့်ကြံခြင်းကို လက်လျော့ကာ သူမနှင့် အတူ အသက်ကြီးသွားသည်ကို ရွေးချယ်ခဲ့သည်ဟု သူ ခန့်မှန်းမိသည်။
ထိုအချိန်က သူ နားမလည်ခဲ့ပေ။ သူသည် ထို စီနီယာကြီးအား မေးခဲ့သည် “ဘာလို့ သူမအတွက် ကျင့်ကြံခြင်းကို လက်လျော့်ခဲ့တာလဲ”
ထိုအချိန်က စီနီယာကြီး ပြန်ဖြေခဲ့သည်မှာ “အားလုံးက သူတို့ဘဝမှာ ဆန္ဒတစ်ခုတော့ ရှိကြတယ်၊ တချို့ က ထိပ်ကိုရောက်ချင်တယ်၊ တစ်ချို့ကတော့ ပိုက်ဆံချမ်းသာချင်ကြတယ်၊ တချို့က စွမ်းအားရှိချင်တယ်၊ ငါ့ အတွက်ကတော့ သူမ ဆီကလာတဲ့ နွေးထွေးမှုကို ဆုပ်ကိုင်ချင်တာပဲ”
သူက ဒီဟာအတွက်နဲ့ အားလုံးကို လက်လျော့ခဲ့တာပေါ့။
သူ့မျက်လုံးထဲမှ ရှုပ်ထွေးမှုများကို စီနီယာကြီးမြင်သောအခါ အပြုံးဖြင့် ပြောလေသည် “မင်းဘေးမှာ မင်း ရဲ့ ဘဝကို ဆူညံစေပြီး အကူအညီဖြစ်စေတဲ့ မိန်းကလေးပေါ်လာပြီး မင်းရဲ့ စိတ်ဝိဉာဉ်အနက်ဆုံး နေရာတစ် နေရာမှာ အေးချမ်းမှုကို ခံစားရတဲ့တစ်နေ့မှာ ငါပြောတာကို မင်းနားလည်လာပါလိမ့်မယ်”
နောက်တွင် သူ မိန်းကလေးအများစုကို တွေကခဲ့သည်။ သူတို့သည် ရိုးရှင်းကာ သန့်စင်သော မိန်းကလေးများ၊ စွဲမက်စရာကောင်းပြီး လှည့်ဖျားတတ်တဲ့မိန်းကလေးများ၊ ဖြူစင်ပြီး ချစ်စရာကောင်းပြီး ဉာဏ် ထက်မြက်သော မိန်းကလေးများ၊ အရိပ်အကဲကြည့်တတ်သော မိန်းကလေးများ ဖြစ်ကြသည်။ သို့သော် ထို စီနီယာကြီးပြောသကဲ့သို့ သူ့အား ခံစားစေသော မိန်းကလေးမရှိပေ။
နောက်ပိုင်းတွင် သူ မိန်းကလေးများကို ထပ်တွေ့ရာ ထိုစီနီယာကြီး၏ စကားများကို သူ သံသယဝင်လာ သည်။ သူ့ စိတ်ဝိဉာဉ်အနက်ဆုံးတစ်နေရာမှာ အေးချမ်းမှုကို ဖြစ်စေတဲ့ မိန်းကလေးက တကယ်ရော ရှိရဲ့လား။
မရှိဘူး၊ အဲလိုမိန်းကလေးမျိုး တကယ်မရှိဘူး။
သို့သော် သူ နိမ့်ကျသော ယိလင်းတိုင်းပြည်တွင် ရှိစဉ်က ဆယ်ကျောက်သက် အရွယ်သာ ရှိသေးသော တစ်စုံတစ်ယောက်ကို တွေ့ခဲ့မည်ဟု ထင်မထားပေ။
သူမသည် ငယ်ရွယ်ကာ အတွေ့အကြုံမရှိသော်လည်း ပွင့်လင်းသည်။ သူမ မျက်လုံးများသည် ခေါင်းမာ ခြင်းနှင့် လက်မလျော့တတ်မှုကို ပြသနေသည်။ အလေးအနက်ပြောရမည်ဆိုလျှင် သူမသည် အရွယ်နှင့်မလိုက် အောင် ဖြတ်ကျော်ခဲ့ရသည်။
ဆယ်ရက်တာ အတူကုန်ဆုံးခဲ့သော်လည်း သူ့ရင်ထဲသို့ သူမ ဝင်လာခဲ့သည်။ သူမသည် သူ့ဘဝ ဖြစ်ခဲ့ ရသည်။
ရှီမာယူယူသည် သူ့အကြည့်ကို ခံစားမိကာ မကြည့်ပဲ ပြောလိုက်သည် “ကျွန်တော့်ကို ကြည့်တာနဲ့ပဲ ဗိုက်က မဆာတော့ဘူးလား”
“ငါ ဗိုက်ဆာလို့ မင်းကို ကြည့်နေတာလေ” ဝူလင်းယူသည် ပြုံးပြီးပြောလိုက်သည်။
ရှီမာယူယူသည် မျက်ဖြူလှန်ပြကာ သူ့အား စကားပြန်ပြောရင်ပင် ပျင်းသွားသည်။
ထိုလူသည် သူမအား ဖွင့်ပြောပြီးနောက်တွင် စကားပြောပုံမှာ မတူတော့သည်ကို သူမ သတိထားမိ သည်။ အရင်ကဆိုလျှင် သူမသည် သူ့ကို အမြဲတမ်းနတ်ဆိုး တစ်ကောင်ကဲ့သို့ ခံစားရသည်။ သူမ မထင်မှတ် ထားသည်မှာ သူသည် အရိုးထဲမှ လူမိုက်ကြီးဖြစ်နေလေသည်။
သူ ဟင်းသီးဟင်းရွက်များကို ကြော်ပြီးချိန်တွင် စားပွဲကို ထုတ်လိုက်သည်။ သူမသည် ဟင်းများကို စားပွဲ ပေါ်တင်ပြီး စွတ်ပြုတ်ကို သွားကြည့်လေသည်။ သူမ လှည့်ကြည့်ရာ ထိုလူသည် စားပွဲဘေးတွင် တိတ်ဆိတ်စွာ ထိုင်နေသည်ကို တွေ့လိုက်ရသည်။
ဒီလို လှုပ်ရှားမှုနဲ့ဆိုရင် သူ့ဝိဉာဉ် ဘယ်နေရာက အားနည်းနေတာလဲ။
စွတ်ပြုတ်ကျက်သည်ကို မြင်သည်နှင့် သူမ လူနှစ်ယောက်စာ ပန်းကန်လုံးကို ထုတ်လိုက်သည်။ သူမ သည် ပန်းကန်လုံးတစ်လုံးကို သူ့ရှေ့ချကာ နောက်တစ်လုံးကို ယူပြီး မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။
“စီနီယာ ခင်ဗျားက စံအိမ်တော်ရဲ့ မြင့်မြတ်တဲ့သားတော်မလား ဒီလောက်အကြာကြီး ပျောက်သွား တာတောင် ဘာလို့မရှာကြတာလဲ”
ဝူလင်းယူသည် ယောက်ချိုကို ကိုယ်ငကာ စွတ်ပြုတ်ထည့်ပြီး ချောင်းအနည်းငယ် ဟန့်ကာ စွတ်ပြုတ် ကို သောက်လေသည်။ နောက်မှပင် သူ ပြောလိုက်သည် “အဲအဘိုးကြီးက ငါ သေသေရှင်ရှင် ဂရုမစိုက် ဘူး၊ ပြီးတော့ ငါ့နာမည်ပြားကလည်း အဆင်ပြေနေတာလေ၊ အဲတော့ ငါ့ကို ဂရုစိုက်စရာအကြောင်းမရှိဘူး”
ရှီမာယူယူ သံသယဝင်သွားကာ ပြောလိုက်သည် “ခုနကပြောတာလေ အဲအဘိုးကြီးက ခင်ဗျားရဲ့ ခန္ဓာကိုယ်ကို လိုချင်တာဆို ဆရာရော အဲအကြောင်းသိလား”
ဝူလင်းယူသည် ဇွန်းကို ပြန်ချကာ ရှီမာယူယူအား ကြည့်လိုက်သည်။ သူမ မျက်လုံးထဲမှ စိတ်အား ထက်သန်မှုကို တွေ့သောအခါ ပြောလိုက်သည် “သူက င့ါခန္ဓာကိုယ်ကို ယူဖို့ အစီအစဉ်နဲ့ ပညာရှိစံအိမ်တော်ကို ငါ့ကို ခေါ်သွားတာ၊ ငါ့ ဝိဉာဉ်ကမပြည့်စုံသေးတော့ ငါအားနည်းနေတဲ့အချိန်မှာ ငါ့ဝိဉာဉ်ကို ဖျက်ဆီးပြီး သူ့ခန္ဓာ ကိုယ်နဲ့ ငါနဲ့ကို လဲချင်နေတာ၊ သူအခု င့ါကို အာဏာတွေပေးတယ်ဆိုတာကလည်း နောက်ကို အစီအစဉ်ရှိလို့”
ရှီမာယူယူ တုန်လှုပ်သွားကာ ပြောလိုက်သည် “အဲဒါကို သိမှတော့ ဘာလို့ ပညာရှိစံအိမ်တော်ကနေ ထွက်မလာတာလဲ၊ အံ့ဖွယ်နတ်ဆိုးတောင်ကြားက ပညာရှိစံအိမ်တော်ကို မဆန့်ကျင်နိုင်တာလည်း မဟုတ်ဘူး၊ ခင်ဗျား ပြန်သွားလည်း သူ ဘာမှလုပ်ရဲမှာ မဟုတ်ဘူး”
“ငါ့မှာ င့ါအစီအစဉ်နဲ့ငါရှိပြီးသားပဲ ပြန်မသွားချင်ဘူး” ဝူလင်းယူ ပြောလိုက်သည် “သူက လိုချင်တိုင်း ယူလို့ရမယ် ထင်နေလား”
သူ ညင်သာစွာ ပြောသော်လည်း ထိုစကားများထဲတွင် ခါးသီးမှုနှင့် ယုံကြည်ချက်ရှိနေမှုများ ပါဝင်နေ သည်ကို ရှီမာယူယူ သိသည်။
“ဒါဆို အခွင့်အရေးကို ရအောင် ယူရမယ်၊ အလျင်မလိုနဲ့” သူမ အများကြီးမပြောပေ “ဆရာရော သိလား”
“အသေအချာ မသိသေးဘူး၊ သူသာ သိရင် သေချာပေါက် ဒေါသထွက်မှာပဲ၊ ငါ ပညာရှိစံအိမ်တော် သွား တာကို ခွင့်ပြုခဲ့တာ မဟုတ်ဘူး၊ သွားချင်တဲ့သူက ငါလေ” ဝူလင်းယူ ပြောလိုက်သည် “အဲဒါကြောင့် ဒီဟာကို လျှို့ဝှက်ပေးထားပါလို့ ပြောတာ”
သူဘာလို့ ခေါင်းမာနေသည်ကို သူမ မသိသော်လည်း သူလုပ်နေသည့်အရာကိုတော့ သူမ ရှင်းရှင်းလင်း လင်းသိသည်။
“လျှို့ဝှက်ထားပေးရမှာလား၊ ရတယ်လေ တန်ရာတန်ကြေးတော့ပေးရမယ်” သူမ လူဆိုးတစ်ယောက် ကဲ့သို့ လက်ဖြန့်လိုက်လေသည်။
ဝူလင်းယူပြုံးကာ စာအုပ်တစ်စည်းထုတ်ပြီး စားပွဲပေါ်တင်လိုက်သည်။
“ဒါဆိုရပြီလား”
ရှီမာယူယူသည် စာအုပ်များကို မြင်သောအခါ မှင်တက်သွားသည်။ သူမ စာအုပ်များကို ကြည့်ရာ အများစုသည် တည်ဆောက်မှုများစာအုပ်ဖြစ်သည်။ အဂ္ဂိရတ်ပညာနှင့်ပတ်သတ်သော စာအုပ်အနည်းငယ် လည်း ရှိနေသည်။
သူမတွင် စာအုပ်လုံလောက်စွာ မရှိသည်ကို သူသိသဖြင့် သူမအတွက် စာအုပ်စုဆောင်းခဲ့သည်ဟု မီးတောက် ရွှီလင်း ပြောခဲ့သည်။ ဒီစာအုပ်တွေက သူမအတွက် စုဆောင်းခဲ့သည့် စာအုပ်များဖြစ်မည်။
သူမ အားလုံးကို မှော်ဝင်လက်စွပ်အတွင်းသိမ်းကာ ပြောလိုက်သည် “လုံလောက်ရုံပဲရှိသေးတယ်”
“ဒီစာအုပ် ထပ်ပေါင်းမယ်ဆိုရင်ရော” ဝူလင်းယူသည် နောက်စာအုပ်တစ်အုပ်ထုတ်ကာ သူမ ရှေ့တွင် ထားလိုက်သည်။
ထိုစာအုပ်သည် ရွှေရောင်အဖုံးနှင့်ဖြစ်ကာ ထောင့်များမရှိတော့သောကြောင့် ရှေးဟောင်းစာအုပ် ဖြစ်ရ မည်။
“ဒီစာအုပ်က ခင်ဗျားကို ထောင်ချောက်မိအောင်လုပ်လိုက်တဲ့ဟာလား” သူမ မေးလိုက်သည်။
“ဟုတ်တယ်” ဝူလင်းယူ ပြောလိုက်သည် “ဒီစာအုပ်က သူ့သခင်ရဲ့ ကမ္ပည်းကျောက်တိုင်အလယ်မှာ တည်ဆောက်မှုတံခါင်းရှိတယ်လို့ သတင်းရတယ်၊ ဒါပေမဲ့ အဲတံခါးကလည်း လွန်ခဲ့တဲ့ နှစ်တစ်ထောင်က ပွင့်ခဲ့ တာ၊ ဒီစာအုပ် ရှိမလားမရှိဘူးလားဆိုတာ ဘယ်သူမှမသိဘူး၊ အဲအုတ်ဂူကလည်း အဲဆရာရဲ့ အုတ်ဂူ ဟုတ်မဟုတ် ကို ဘယ်သူမှမသေချာဘူး”
ရှီမာယူယူ စာအုပ်အား ယူကာ ဖတ်လိုက်သည်။ သူမသည် ဖွင့်လိုက်သည်နှင့် နစ်မြောသွားလေသည်။
အထဲတွင် တည်ဆောက်မှုနည်းလမ်းများနှင့် ဖန်ကျိရှင်း သူမအား ပြောဖူးသော ပျောက်ဆုံးနေသော တည်ဆောက်မှုများအကြောင်းပါသည်။ တည်ဆောက်မှုတစ်ခုချင်းစီကို အသေးစိတ်ရှင်းပြထားပြီး နေရာများ အကြောင်းကိုလည်း အကျဉ်းချုပ် ပါဝင်လေသည်။ စာရွက်တစ်ခုချင်းစီသည် တည်ဆောက်မှု သခင်များအတွက် အဖိုးမဖြတ်နိုင်သော ရတနာများဖြစ်လေသည်။
သူမ မျက်လုံးများအရောင်တောက်လာကာ သူမမျက်နှာမှာ ပြုံးနေသည်ကို မြင်သည်နှင့် သူပါ အလိုလို ပြုံးမိသွားလေသည်။
အခုတော့ သူသည် ထိုစီနီယာကြီးပြောသော သူမ အပြုံးသည်သူ့ပျော်ရွှင်မှုဖြစ်လာသည် ဆိုသည့် စကားကို နားလည်သွားလေပြီ။